• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လောက်ကိုင်မြို့ခံတချို့ လေကြောင်းရန် ကြောက်၍ ဝနယ်သို့ တိမ်းရှောင်

by ဧရာဝတီ
5 July 2024
in သတင်း
A A
လောက်ကိုင်မြို့ခံတချို့  လေကြောင်းရန် ကြောက်၍ ဝနယ်သို့ တိမ်းရှောင်

ပြီးခဲ့သည့် ဇွန် ၂၆ရက်က အထူးဒေသ(၁) ကိုးကန့်ခရိုင်တွင် တွေ့ရသည့် MNDAA စစ်သားများ(The Kokang)

1.6k
VIEWS
Share on FacebookShare on Twitter

“၁၀၂၇” စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲများကြောင့် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည် စိုး၍ လောက်ကိုင်မြို့ခံ တချို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်ဘက်သို့ တိမ်းရှောင်မှုများ ရှိလာကြောင်း ဒေသခံ တဦးကပြောသည်။

၎င်းက “ဒီနေ့ မနက်ပဲ ရွေ့ပြောင်းတဲ့သူတွေ ရှိလာတယ်၊ သူတို့လည်း လေကြောင်းရန်ကြောက်လို့ ပြေးလာကြတာ လို့ပြောတယ်၊ အခုလောလောဆယ် ဖွင့်ထားတဲ့ကျောင်းတွေလည်း ယာယီပိတ်ထားတယ်။ ဒီမနက် ဝ နယ်ထဲက ဟိုပန်ကို တဖွဲ့နှစ်ဖွဲ့ ရွှေ့လာတာတွေ့ရတယ်။ အများကြီးတော့ မဟုတ်သေးဘူး၊ အသက်ကြီးသူတွေ၊ အလုပ်သွား လုပ်ကြသူတွေ ရွှေ့ကြတာ” ဟု ပြောသည်။

ထို တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ကောင်စီက မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) သိမ်းပိုက်ထားသည့် မြို့များအား လေကြောင်းမှ ဗုံးကြဲလာနိုင်သဖြင့် လောက်ကိုင်မြို့ရှိ စာသင်ကျောင်းများအား ယာယီ ပိတ်ထားရန် MNDAA က ညွှန်ကြားထားကြောင်းလည်း ဒေသခံများကပြောသည်။

ယမန်နေ့ မနက်ပိုင်းကမူ စစ်တပ်က MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်သို့ ဗုံးကြဲသဖြင့် နေအိမ်တချို့ထိ ခိုက် ပျက်စီးခဲ့ရသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကိုယ်တွေ့ကြုံသူတဦးက “မနက် ၁နာရီက ကြဲတာ၊ သိန္နီမြို့ရဲစခန်းအနီးရှိ နေအိမ်တွေ နားကျတာ၊ ရဲစခန်းနားအိမ်တော့ တော်တော်ပျက် စီးတယ်။ ကျမတို့အိမ်ရဲ့ ရေချိုးခန်းပျက်စီးသွားတယ်၊ လူတော့ နည်းနည်းပဲထိတယ်” ဟု ပြောသည်။

ယမန်နှစ် အောက်တိုဘာလက စခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးအတွင်း မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)က ကိုးကန့်ဒေသမြို့တော် လောက်ကိုင်အား စစ်တပ်လက်မှ သိမ်းယူပြီး ၎င်းတို့ကို ကိုယ်တိုင် မြို့ကို စီမံခန့်ခွဲ အုပ်ချုပ်နေသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်များအကြား တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့ပြီး လောက်ကိုင်ဒေသအပါအဝင် ရှမ်းမြောက်တွင် တိုက်ပွဲများ ၅ လ ကျော်ကြာ တိုက်ပွဲများ ရပ်စဲခဲ့ သော်လည်း ဇူလိုင် ၃ ရက်ကစ၍ MNDAA အပါအဝင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလာရာ အရှေ့မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့နယ် သို့ပါ ကူးစက်လာနေသည်။

လက်ရှိတွင် လောက်ကိုင်ဒေသခံများမှာ စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန် ဝယ်ယူစုဆောင်းမှုများ လည်းရှိ နေပြီး ဆိုင်တချို့၌ စက်သုံးဆီပြတ်လပ်မှုများရှိလာကြောင်းလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းပြီးကတည်းက လောက်ကိုင်မြို့တွင် ဖုန်းလိုင်းနှင့်လျှပ်စစ်မီးများ ပြတ်တောက်နေခဲ့ရာမှ မကြာသေးမီက လျှပ်စစ်မီး ပြန်ရခဲ့သော်လည်း ယမန်နေ့ကစ၍ ပြန်လည်ပြတ်တောက်နေကြောင်း ဒေသခံတဦး ကပြောသည်။

လောက်ကိုင်ဒေသလျှပ်စစ်ဓာတ်အားသည် တရုတ်ဘက်ခြမ်းက ဝယ်ယူသုံးစွဲနေရခြင်းဖြစ်ပြီး မည်သည့်အကြောင်းပြ ချက်ဖြင့် ဖြတ်တောက်လိုက်သည်ကို မသိရကြောင်းလည်း ၎င်းကပြောသည်။

လတ်တလော ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲအတွင်း လေကြောင်းမှ တိုက်ခိုက်ခြင်း၊ အပြန်အလှန် လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လားရှိုးမြို့ပေါ် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲမှုများရှိနေပြီး အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိနေသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
118
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
33

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
52

တိုက်ပွဲစတင်သည့် ဇူလိုင် ၃ ရက်နေ့က လားရှိုး ၁ ရပ်ကွက် အိမ်တအိမ်ပေါ်သို့ လက်နက်ကြီးကျသဖြင့် မိသားစုဝင် ၆ ဦး သေဆုံးခဲ့ရသည့်အပြင် နမ့်ပေါင်ကျေးရွာတွင်လည်း လက်နက်ကြီးကျရောက်၍ အမျိုးသမီးတဦးသေဆုံးခဲ့ရသည်။

ယနေ့ ဇူလိုင် ၄ ရက်တွင်လည်း လားရှိုးမြို့ ၉ ရပ်ကွက်နှင့် ၁၁ ရပ်ကွက်တို့ထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးငယ်တဦးအပါ အဝင် ၆ ဦးသေဆုံးခဲ့ရပြီး အဆောက်အဦးအချို့လည်း ပျက်စီးခဲ့ရသည်။

ဤသတင်းကို ခေါက်တွေတိုက် ပူးပေါင်းရေးသားသည်။

You may also like these stories:

ရှမ်း-မန်း စစ်ရေးလှုပ်ရှားမှုနှင့် လားရှိုး စစ်မျက်နှာ

လားရှိုးတိုက်ပွဲ မြို့နှင့် ပိုမိုနီးကပ်လာ

လားရှိုးကို မြောက်ပိုင်းညီနောင် ပိတ်ဆို့ထား

၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း

Your Thoughts …
Tags: ၀MNDAAကိုးကန့်စစ်ကောင်စီလောက်ကိုင်ဟိုပန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွိုင်ကော်မြို့ကို ကရင်နီတပ်တွေ ထိုးစစ်ဆင် ( ရုပ်/သံ )

လွိုင်ကော်မြို့ကို ကရင်နီတပ်တွေ ထိုးစစ်ဆင် ( ရုပ်/သံ )

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

လေးဖြူကို ပရိသတ်တွေ သပိတ်မှောက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved