• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ

by ရိုးကျော်
8 July 2024
in သတင်း
A A
သံတွဲမြို့ မကျရေး စစ်ကူ အလုံးအရင်း ဖြည့်တင်းနေ

သံတွဲမြို့နယ် ငပလီလေဆိပ်(မဇင်)ကို ဇူလိုင် ၅ရက်က AA တပ်များက သိမ်းပိုက်ခဲ့သည်(AA info desk)

5k
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် AA က ငပလီအခြေစိုက် ခလရ ၅၅၊ ခမရ ၅၆၆ နှင့် အရေးပါသော မဇင်လေဆိပ်ကို ထိန်းချုပ်လိုက် သော်လည်း ၁၂ မိုင်ရှည်လျားသည့် ကမ်းခြေတလျှောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီကလည်း သံတွဲမြို့မှ ခုခံရန် ပြင်ဆင်နေသည်ဟု သိရသည်။

လက်ရှိ ငပလီတိုက်ပွဲများမှာ ခလရ ၅၅ အခြေစိုက်ရာ နေရာမှကျော်လွန်၍ တောင်ဘက် ၂မိုင်ခန့်ဝေးသည့် လင်းသာနဲ့ မြပြင်ရပ်ကွက်နောက်ကျောက စန်းတောင်ကြီး၊ ကျင်းကန်ကြီးနဲ့ မြို့ရှောင်လမ်းတဝိုက်တွင် ဖြစ်ပွားနေပြီး သပြုချိုင်ရှိ ရေတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးနေသည့်အတွက် ယနေ့တိုင်တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။

အာရက္ခတပ်တော် AA ၏ ရည်ရွယ်ချက်မှာ ခရိုင်မြို့ဖြစ်သည့် သံတွဲကို သိမ်းရန်ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီ သံတွဲဒေသရှိ တပ်များသာမက တပ်မ ၁၀၁အပါအဝင် တခြားတပ်များကို ထည့်သွင်းကာ အပြင်းအထန် ခုခံနေသဖြင့် သံတွဲမြို့ သိမ်းရန်မှာ မလွယ်ကူကြောင်း ယမန်နေ့ သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

AA၏ ထုတ်ပြန်ချက်တွင် သံတွဲဒေသသို့ ဝင်ရောက်နေသည့် တပ်များမှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် တပ်မ ၉၉ မှ ခမရ ၃၁၅၊ ကလေးမြို့ အခြေစိုက် စကခ ၁၀ မှ ခမရ ၃၆၆ အပါအဝင် ဧရာဝတီတိုင်းမှ တပ်ရင်းအချို၊ ဒေသခံ ပြည်သူ့များလည်း ပါဝင်ကြောင်း သိရသည်။

စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦး၏ အဆိုအရ စစ်ကူများကို သံတွဲမှ မိုင် ၈၀ခန့်ဝေးသည့် ဂွမြို့မှ တဆင့်ပို့ ဆောင် ပေးနေခြင်းဖြစ်ကြောင်း၊ ဂွမြို့ရှိ ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ ၅၆၂၊ ၅၆၃ တို့ကို နောက်တန်းစခန်းများအဖြစ် သုံးကာ သယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီသိုလှောင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

၎င်းက “ဧရာဝတီတိုင်းက တပ်တွေ ရခိုင်ကို ဆင်းလာတယ်။ တပ်တွင်းသတင်း အရ စစ်ကူ ၁ ထောင်နဲ့ ၁၅၀၀ ကြား ပို့တယ်ဆိုတော့ ပြည်သူ့စစ်တွေ စစ်သားသစ်တွေများမယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ငပလီဒေသတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာပြ မြေပုံ(ဧရာဝတီ)

စစ်ကူတပ်များကို ဂွဖောင်တော်ဆိပ်မှနေ၍ ရေလမ်းမှ ပို့ဆောင်သလို၊ ရခိုင်ရိုးမပေါ်ရှိ လမ်းများတွင်လည်း တွေ့ရကြောင်း ဂွမြို့ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးများက လက်နက်သံ များကြားပါက မစိုးရိမ်ကြရန် ရပ်ကွက်နေပြည်သူများအား အသိ ပေးထားကြောင်း ဂွမြို့ ဒေသခံများကလည်းဆိုသည်။

သံတွဲမှ ဂွမြို့သို့ ထွက်ပြေးလာသည့် ဝန်ထမ်းတဦးက “မနေ့က အစည်းအဝေးမှာ စစ်ကောင်စီဒေသအာဏာပိုင်တွေက ပညာရေးဝန်ထမ်းတွေကိုဆို ကျောင်းသာ တက်ပါ၊ လုံခြုံရေးကို တာဝန်ယူပါတယ်၊ ဧရာဝတီတိုင်းကတပ်တွေ အလုံးအရင်း ရှိတယ်လို့ ပြောတယ် ”ဟု ပြောသည်။

ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ရိုးမဖြတ်ကျော် ဂွတောင်ကြားလမ်းမှလည်းကောင်း၊ ကမ်းခြေပတ်လမ်းတခုဖြစ်သည့် ငွေသောင်ယံမြို့နယ်ခွဲဘက်ကလည်းကောင်း ဝင်ထွက်နိုင်သည်။

ထိုသို့ စစ်ကောင်စီအနေဖြင့် သံတွဲမြို့ကို ကာကွယ်ရန် စစ်ကူများ စေလွှတ်နေသည်မှာ မှန်ကန်ကြောင်း အာရက္ခ တပ်တော် AA၏ ပြောခွင့်ရသူ ဦးခိုင်သုခကလည်း ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

“ငပလီတဝိုက် တိုက်ပွဲပြင်းထန်နေတာက လွန်ခဲ့တဲ့တပတ်ကတည်းကနောက်ဆုံးကျန်တဲ့ ခလရ ၅၅ ကိုတိုက်နေတယ်၊ ၁၀၁ တပ်မနဲ့ စကခ ၁၀က တပ်တွေလည်း အင်အားဖြည့်နေတယ်၊ သူတို့အဓမ္မစုဆောင်းထားတဲ့ တပ်တွေများမယ်၊ နောက် ကွမ်းဝိုင်းရေတပ်စခန်းကနေလည်း အတွဲလိုက် ဒုံးတွေနဲ့ တောက်လျှောက်ပစ်နေတာ ရှိတယ်” ဟု ဆိုသည်။

တပ်မ ၁၀၁မှာ မကွေးတိုင်း ပခုက္ကူ၊ ရေစကြိုနှင့် စလင်းရှိ ခြေလျင်တပ်ရင်းများနှင့် ဖွဲ့စည်းထားပြီး အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ ကျီးကုန်ဒေသတွင် အခြေစိုက်သည်။

စစ်ကောင်စီတပ်များသည် သံတွဲမြို့ အကျဉ်းထောင်၊ သာသနာဗိမ္မာန်၊ လျှပ်စစ်ရုံး၊ ကမော္ဘဇဘဏ်နှင့် ငပလီကမ်းခြေမြို့ ဂျိတ္တောရပ်ကွက်ရှိ ပုလဲကျွန်းအနီးမှ Daimond Ngapali ဟိုတယ် တွင် တပ်စွဲထားပြီး ယခုရက်ပိုင်း ငပလီကမ်းခြေမှ ခလရ ၅၅ တပ်ရင်းနှင့် သံတွဲမြို့ကြားရှိ တောအုပ်များတွင် ပုန်းခိုနေသည့် စစ်သားများလည်း မြို့တွင်း ဝင်ရောက်ပူးပေါင်း နေကြောင်း သိရသည်။

“စစ်သားတွေရော၊ မိသားစုတွေရော၊ ကလေးတွေလည်းပါတယ်၊ နန်းချောင်းရွာဘေးက တောထဲကနေ ထွက်ပြေးလာ တယ် လို့ ထင်တယ်၊ သံတွဲကို ဝင်ဝင်လာကြတယ်၊ တချို့ကလက်နက်လည်းပါတယ်၊ တချို့က ဒဏ်ရာတွေနဲ့” ဟု သံတွဲမြို့ပေါ်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

လတ်တလော သံတွဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း ယမန်နေ့ညကမူ သံတွဲထောင် တပ်စွဲထားသည့် စစ်တပ်က တိုက်ပွဲများ ပြင်းထန်နေသည့် ငပလီကမ်းခြေနေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ထိုနေ့ ညနေမှာပင် လေတပ်ကလည်း ငပလီကမ်းခြေ မြို့ ရှောင်လမ်းတဝိုက်ကို ဗုံးကြဲကြောင်းသိရသည်။

သံတွဲမြို့ပေါ်ရပ်ကွက်မှ မြို့ခံတဦးက “ဖြစ်နေတဲ့နေရာက မြို့ပေါ်နဲ့ ၄ မိုင် ကွာတယ်လို့ ဆိုပေမယ့် ညဘက်ဆို ပစ်တဲ့ အသံ တွေက မြို့နားကနေ ကြားနေရသလိုပဲ၊ အရင်ရက်တွေကထက် ပိုနီးလာတယ်။ ပစ်တဲ့အသံ၊ သွားတဲ့အသံ၊ ကျတဲ့အသံတွေ ကို အတိုင်းသား ကြားနေရတယ်” ဟု ပြောသည်။

လက်ရှိ သံတွဲဒေသတွင် လျှပ်စစ်မီးများ ပြတ်တောက်နေသည်မှာ ၁ လခွဲခန့် ကြာမြင့်နေပြီဖြစ်ပြီး၊ အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ပြတ်တောက်လုနီးပါးဖြစ်ကာ၊ အဝေးရောက် မိသားစုဝင်များနှင့် စစ်ဇုန်အတွင်း ကျန်နေခဲ့သည့် မိသားစုဝင် များကြား အဆက်အသွယ် ပြတ်တောက်နေသလို ဆေးဝါးများလည်း ပြတ်တောက်နေပြီဟု သိရသည်။

သံတွဲမြို့ပေါ်နှင့် မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများမှာလည်း သံတွဲ- ဂွ အဝေးပြေးလမ်းမပေါ်ရှိ ကျေးရွာများ၌ စစ်ရှောင်လျက်ရှိကြသည်။

You may also like these stories:

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

သံတွဲလေဆိပ် AA သိမ်းပိုက် ဟုဆို

ငပလီလေဆိပ်နှင့် ၁ မိုင်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်

Your Thoughts …
Tags: AAငပလီကမ်းခြေတိုက်ပွဲစစ်ကူပြည်သူ့စစ်သံတွဲ
ရိုးကျော်

ရိုးကျော်

ရိုးကျော်သည် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားဟောင်းတဦးဖြစ်ပြီး ယခုအခါ အမျိုးသမီးအရေးကဏ္ဍနှင့် ဒေသတွင်း သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
လားရှိုးမြို့ပေါ် အခြေအနေဆိုးရွားနေ (ရုပ်/သံ )

လားရှိုးမြို့ပေါ် အခြေအနေဆိုးရွားနေ (ရုပ်/သံ )

ရခိုင်က စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို AA ပိတ်ဆို့ (ရုပ်/သံ)

ရခိုင်က စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို AA ပိတ်ဆို့ (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved