ပြည်ပအလုပ်အကိုင် နိုင်ငံကူးလက်မှတ် (PJ) နဲ့ အလုပ်သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေဟာ ပြည်တွင်းကို ခေတ္တပြန်လည်ဝင်ရောက်ပြီးနောက် လုပ်ငန်းခွင်ရှိရာ ပြည်ပနိုင်ငံတွေကို ပြန်လည်ထွက်ခွာဖို့ ကြိုးပမ်းရာမှာ လေဆိပ်မှာတင် တားဆီး ပိတ်ပင်ခံနေရပါတယ်။
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်း စနစ်သစ်အရ OWIC ကိုင်ဆောင်ထားသူတွေဟာ ပြည်ပကို ပြန်လည်ထွက်ခွာမယ်ဆိုရင် နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီကနေ ကြိုတင်ခွင့်ပြုမိန့် ရယူရမှာဖြစ်ပြီး၊ ခွင့်ပြုမိန့်ရရှိမှသာ ထွက်ခွာခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
အဲ့ဒီစည်းမျဉ်းသစ်ကြောင့် အလုပ်သမား အများအပြား နိုင်ငံအတွင်း ပိတ်မိနေတဲ့ အခြေအနေဖြစ်တယ်လို့ အေဂျင်စီတွေနဲ့ မြန်မာအလုပ်သမား အရေး တက်ကြွလှုပ်ရှားသူတွေက ဧရာဝတီကို ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy











