• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
in သတင်း
A A
စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ

16.7k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များအား အားကောင်းရာ စစ်ကိုင်းအတွင်း ရန်သူသစ်မမွေးမိစေရန်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တွေ့ဆုံရာတွင်လည်း လူပုဂ္ဂိုလ်နိုင်ငံရေးကိုကျော်လွန်ကာ အမြော်အမြင်ကြီးသည့် နိုင်ငံတည်ဆောက်ရေးကို ဆွေးနွေးကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားလိုက်သည်။

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့်ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

KNU နှင့် ဆက်ဆံရေး ကိစ္စ

ယာယီသမ္မတအနေဖြင့် KNU နှင့်ဆွေးနွေးရာတွင် ပုဂ္ဂိုလ်နိုင်ငံရေးကျော်လွန်စဉ်းစားရန် သတိပေးပြောကြားမှုမှာလည်း လက်ရှိမြေပြင်တွင် ဖြစ်ပျက်နေသည့် အခြေအနေပေါ်တွင် ထင်ဟပ်နေကြောင်းလည်း KNU အဆင့်မြင့်အရာရှိတဦးက ထောက်ပြသည်။

နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ယခင်ကလည်း NUG နှင့် KNU တို့တွေ့ဆုံဆွေးနွေးမှုများတွင် KNU ခေါင်းဆောင်ပိုင်းအချို့နှင့် NUG တာဝန် ရှိသူများအကြား အဆင်မပြေမှုများရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင်လည်း အဆိုပါလူပုဂ္ဂိုလ်များသည် KNU ခေါင်းဆောင်ပိုင်းတွင် ဆက်လက်တာဝန်ယူထားသည့်အတွက် ယာယီသမ္မတအနေဖြင့် အမြော်အမြင် ကြီးစွာ ဆောင်ရွက်ရန်သတိပေးခြင်း ဖြစ်နိုင်ကြောင်းလည်း KNU သတင်းအရင်း အမြစ်ကပြောသည်။

ယခုစက်တင်ဘာလဆန်းပိုင်းကလည်း KNU တပ်မဟာ-၆ နယ်မြေတွင် လမ်းတံတားပျက်စီးမှုများအား KNU ခွင့်ပြုချက်ဖြင့် ပြုပြင်ခဲ့သည့် ကုမ္ပဏီမှ စက်ယန္တရားများအား တပ်မဟာ-၆ နယ်မြေအတွင်းရှိနေသည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အချို့က တားဆီးသိမ်းဆည်းမှုရှိခဲ့ သည့်အတွက် KNU ဗဟိုထံသို့ ဖြေရှင်းပေးရန် တိုင်ကြားမှုရှိခဲ့ကြောင်းလည်း သိရသည်။

KNU အရာရှိတဦးက “နယ်မြေထဲမှာ အုပ်ချုပ်ရေးက နှစ်ခုလိုဖြစ်နေတာပေါ့၊ ကျနော်တို့နားလည်တာက သူတို့(PDF)က ဧည့်သည်ပဲလေ၊ လာပြီးတည်းခို တဲ့သဘောပဲပေါ့၊ ကျနော်တို့ နယ်မြေခံအုပ်ချုပ်ရေး ယန္တရားက အုပ်ချုပ်ရေး၊ စစ်ရေး၊ တရားစီရင်ရေး အားလုံးကျနော်တို့မှာရှိတယ်လေ။ အခုလို ပြဿနာ လေးတွေ သူတို့ဘက်က အပေါ်ကိုပြန်တင်ပြတာမျိုး ရှိလို့ ယာယီသမ္မတအနေနဲ့ ဒီလိုပြောလာတာမျိုးလည်းဖြစ်မှာပါ၊ တအိမ်တည်းမှာ အမိန့်က နှစ်ခုဖြစ် နေတဲ့သဘော ဖြစ်နေတယ်” ဟု ပြောသည်။

အခြားသော ကိစ္စရပ်တခုအနေဖြင့်လည်း NUG နှင့် KNU ဗဟိုတာဝန်ရှိသူအချို့က စစ်ကောင်စီနှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အကြား လက်မှတ်ရေးထိုးထားသည့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) အား ပျက်ပြယ်ပြီဖြစ်ကြောင်း အစဉ်တစိုက်ပြောဆိုနေချိန်တွင် KNU တပ်မဟာ-၇၊ ဘားအံခရိုင်ဥက္ကဌဖြစ်သူ စောအောင်မော်ဧက NCA အား အခြေခံကာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက “ကျနော်တို့က အဖွဲ့အစည်းရဲ့ ရပ်တည်ချက်၊ သဘောထား၊ ဆုံးဖြတ်ချက်နဲ့ပဲ ရှေ့ဆက်သွား နေတာဖြစ်ပါတယ်၊ ဒီလောက်တောင် အလုပ်တွေရှုပ်ပြီးတော့ များမြောင်နေတဲ့အချိန်မှာ ဒီမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးအမြင်တွေနဲ့ ကျနော်တို့ အချိန်ကုန်မခံနိုင် ဘူးဆိုတာပဲ ပြောချင်ပါတယ်” ဟု တုံ့ပြန်ခဲ့သည်။

ယာယီသမ္မတ ဒူဝါလရှီးလ ၏ ပြောကြားချက်ထဲတွင် နွေဦးတော်လှန်ရေးအား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း (၁) နှင့် (၂) အပေါ် တွင် ဆုံချက်ထားလုပ်ဆောင်ကြရန်နှင့် ပြည်နယ်/လူမျိုးစုအလိုက်ရည်မှန်းထားသည့် အမျိုးသားရေး ဦးတည်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေမှုများအား အထူးသတိပြုရှောင်းရှားကြရန် လိုအပ်ကြောင်းလည်း ထောက်ပြသည်။

စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့်ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေး

ယင်းအပြင် နွေဦးတော်လှန်ရေးနှင့်အတူ ပူးတွဲလုပ်ဆောင်နေသည့် နိုင်ငံရေးတည်ဆောက်ရေး (Nation Building) ကိစ္စတွင်လည်း တန်းတူညီမျှရေး၊ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် လူမျိုးစုလွတ်မြောက်ရေးစသည့် အခြေခံအချက်သုံးရပ်နှင့် အစဉ်တစိုက်ယှဉ်တွဲတည်ဆောက်ကြရန်လည်း ပြောခဲ့သည်။

NUG ယာယီသမ္မတ၏ ပြောကြားမှုနှင့်ပတ်သက်ပြီး သမိုင်းကြောင်းနောက်ခံမတူညီသည့် အဖွဲ့အစည်းများကြားတွင် မတူကွဲပြားများအား ကျော်လွှားရ မည်ဖြစ်သော်လည်း နိုင်ငံတည်ဆောက်ရေးတွင် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အား မဖြေရှင်ဘဲ ယနေ့ဖြစ်ပေါ်နေသည့် ပြဿနာများအား ကျော်လွှာနိုင် မည်မဟုတ်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောသည်။

၎င်းက “ရှေ့ဆက်သွားမယ့်ခရီးလမ်းမှာ အမျိုးသားစည်းလုံးညီညွတ်ရေးက အင်မတန်အရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်ကလည်း Nation Building ကို ဥပေက္ခာပြုခဲ့တယ်လို့ပဲပြောပါရစေ၊ အဲဒါကြောင့် ပြည်တွင်းစစ်မီးက ခုချိန်ထိတောက်လောင်နေတာ။ ဒီမိုကရေစီရေးကို ဦးစားပေးခဲ့တယ် ဆိုပေမယ့် Nation building ထဲမှာပါတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဥပေက္ခာပြုထားတဲ့အခါ ဒီဟာကိုတော့ မဖြေရှင်းပဲဘဲနဲ့တော့ ရင်ဆိုင်နေရ တဲ့ပြဿနာတွေကို ဘယ်လိုမှ ကျော်လွှားလို့မရဘူး”ဟု ပြောသည်။

စစ်ကိုင်းတိုင်းအရေး

စစ်အာဏာရှင်စနစ် ခုခံတော်လှန်မှုအားကောင်းပြီး ဒေသတွင်အခြေစိုက် ကာကွယ်ရေးအဖွဲ့များစွာရှိနေသည့် စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေးညီညွတ်မှု ဖော်ဆောင်ရာတွင်လည်း “မိတ်ဆွေများအား ရန်သူမလုပ်ရေးမူ” အပေါ်တွင် အခြေခံသင့်ပြီး မိတ်ဖက်အစုအဖွဲ့များကြားတွင် ရန်သူအသစ်မမွေးမိရန် နိုင်ငံရေးသဘောထားကြီးဖို့ လိုအပ်ကြောင်းလည်း ယာယီသမ္မတက သတိပေးထားသည်။

ယာယီသမ္မတက “တော်လှန်ရေးအင်အားစုအသီးသီးရဲ့ အင်အားတွေကို စုစည်းယူရမှာဖြစ်ပါတယ်၊ ဒါကြောင့် မိမိတို့နဲ့ မိတ်ဖက်အစုအဖွဲ့တွေထဲမှာ ရန်သူအသစ် မမွေးမိဖို့လိုပါတယ်၊ ဒါဟာအထူး သတိထားရမယ့်ကိစ္စလို့ယူဆပါတယ်၊ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံရေးသဘောထား ကြီးမှုကို ထင်ထင်ရှားရှားပြသရပါလိမ့်မယ်၊ ဒါ့အပြင် မိမိတို့ရဲ့ စိတ်ကိုဖွင့်ထားပြီး ဒေသတွင်း အင်အားစု အသီးသီးကို လက်ကမ်းကြိုဆိုဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

စစ်ကိုင်းနှင့် ပတ်သက်ပြီး ယာယီသမ္မတ၏ ပြောကြားချက်သည် မြေပြင်အခြေအနေမှန်အပေါ် ထင်ဟပ်နေပြီး NUG လက်အောက်ခံ အဖွဲ့အစည်းများ အနေဖြင့် သမ္မတ၏ လမ်းညွှန်မှုအား အပြည့်အဝလိုက်နာဖော်ဆောင်မည်ဆိုပါက စစ်ကိုင်းတိုင်းအတွင်း နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးကပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
15
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

၎င်းက “ယာယီသမ္မတကြီးရဲ့ ရန်သူမမွေးမိစေနဲ့ဆိုတဲ့စကားကို NUG အောက်မှာရှိတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ အထူးသဖြင့် ပ.က.ဖ၊ ပ.အ.ဖ တွေအနေနဲ့ လိုက်နာမယ်ဆိုရင် စစ်ကိုင်းတိုင်းရဲ့ တော်လှန်ရေးအရွေ့က ပိုပြီးတော့ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် တော်လှန်ရေးအင်အားစုများနှင့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ) တို့အကြား မကြေလည်မှုများရှိနေပြီး ပ.က.ဖ အဖွဲ့အဖြစ်က နုတ်ထွက်မှုများလည်းရှိနေသည်။

စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများအနက် မကြာသေးမီက ဖွဲ့စည်းတည်ထောင်လိုက်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) ခေါင်းဆောင် ဗိုလ်နဂါးနှင့် NUG တို့အကြား ပြဿနာရပ်များမှာ လူသိများထင်ရှားသည်။

တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များမှာ NUG မဖွဲ့စည်းခင်ကတည်းက ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နေခဲ့ကြပြီး ထိုကဲ့သို့ မတူကွဲပြားခြားသည့် အဖွဲ့အစည်းများ၏ဖြစ်တည်မှုအပေါ် မျက်ကွယ်ပြုဆောင်ရွက်မည်ဆိုပါက စစ်မှန်သည့်ဖြေရှင်းမှုတခု ဖြစ်မလာနိုင်ကြောင်း လည်း စစ်ကိုင်းဖိုရိမ်၏ ပြောခွင့်ရှိသူ ကိုစိုးဝင်းဆွေက ထောက်ပြသည်။

၎င်းက “တော်လှန်ရေးအရ အကွဲအပြဲဆိုတာထက် မတူခြားနားမှုတွေက အရမ်းများတဲ့တိုင်းဖြစ်တယ်၊ ဒါက NUG မဖွဲ့ခင်ကတည်းက ဖြစ်နေတဲ့ကိစ္စ၊ ဒါကိုက အညာဒေသရဲ့အခင်းအကျင်းပဲ၊ မြေပြင်ရဲ့ ဖြစ်တည်မှုအရှိတရားတွေကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီးတော့မှ နိုင်ငံရေးအရ သဘောထား ယူတာ တွေ၊ စစ်ရေးအရ စုဖွဲ့တာတွေလုပ်မှသာ မှန်ကန်တဲ့စုဖွဲ့မှု၊ လမ်းကြောင်းကိုရောက်မယ်” ဟု ပြောသည်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇောကတော့ ယာယီသမ္မတကြီးအနေဖြင့် တော်လှန်ရေးအင်အားစုများအကြား ရှိပြီးသားညီညွတ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများအား ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်ရေးနှင့် မဟာမိတ်များနှင့်ဆက်ဆံဆွေးနွေးရာတွင် နိုင်ငံရေးသဘောကြီးကြီးထားကာ ဆောင်ရွက်ကြရန် သတိပေးပြောကြားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

၎င်းက “စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တောင်ပိုင်းမှာ အစဉ်အလာကြီးမားတဲ့ KNU အဖွဲ့နဲ့ ဆွေးနွေးဆက်ဆံတဲ့အခါတွေမှာ သတိချပ်ခြင်းအားဖြင့် ဒီနှစ်နေရာတင်မကဘဲ နိုင်ငံအနှံ့မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်ဆံဆွေးနွေးလုပ်ကိုင်ကြတဲ့အခါ နိုင်ငံရေးအမြင်သဘောထား ကြီးကြီးထားပြီးလုပ်ဆောင်ဖို့ တိုက်တွန်းပြောကြားတာဖြစ်ပါတယ်၊ ကျနော်တို့မှာရှိပြီးသား ညီညွတ်ရေးနဲ့ ပူးပေါင်းဆောင် ရွက်ရေးကို ပိုမိုခိုင်မာကျစ်လစ်စွာ ဆက်လက်လုပ်ဆောင်ဖို့ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် အင်အားစုအသီးသီးက ကြိုးပမ်းလျှက်ရှိရာတွင် အရေးကြီးသည့်အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် မတူညီသည့်အပြင် သဘောများအပေါ် အချိန်ယူညှိနှိုင်းဖြေရှင်းကာ ရှေ့ဆက်သွားရမည်ဖြစ်ပြီး KNU အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားကြရန် သဘောတူညီမှုရှိထားကြောင်းလည်း ပဒိုစောတောနီးက ပြောသည်။

Your Thoughts …
Tags: KNUNUGစစ်ကိုင်းတိုင်းဒူးဝါးလရှီလမြန်မာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကုသိုလ်ဆက်

ကုသိုလ်ဆက်

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved