သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။
အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













