• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
in ဆောင်းပါး
A A
ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို မောင်တောမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစည်း အဝေးတခုတွင် တွေ့ရစဉ် / MOI

24.7k
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA) က အရှင်ဖမ်းမိထားသော အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မူးယစ်ဆေးဝါး အပါအဝင် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေသော မွတ်ဆလင် စီးပွားရေး လုပ်ငန်းရှင်ကြီးအချို့နှင့် အလွန်ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် ရင်းနှီးကာ မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်းများ၊ စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ လုပ်ပိုင်ခွင့်ရသည့် မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်များထဲတွင် မောင်တော အခြေစိုက်အုပ်စု၊ ဘူးသီးတောင် အခြေစိုက်အုပ်စု၊ ရန်ကုန်နှင့် မန္တလေးအခြေစိုက် အုပ်စုတို့ ရှိသည်။

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် (Dil Marmud) မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ကာ မောင်တောအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒိလ် မာမတ်နှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ အဆင့်မြင့်ဇိမ်ခံကားတစီး၏ နောက်ခန်းတွင် အတူထိုင်ကာ ခရီးသွားနေသည့်ဓာတ်ပုံကို ဧရာဝတီက လွန်ခဲ့သည့် သုံးလခန့်ကတည်းက ရရှိထားသည်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ကာ မောင်တောအခြေစိုက် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော ဒိလ် မာမတ်နှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ အဆင့်မြင့်ဇိမ်ခံကားတစီး၏ နောက်ခန်းတွင် အတူထိုင်ကာ ခရီးသွားနေသည့်ဓာတ်ပုံကို ဧရာဝတီက လွန်ခဲ့သည့် သုံးလခန့်ကတည်းက ရရှိထားသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အခြေစိုက် ဒုက္ခသည်စခန်းတခုတွင် ဒိလ် မာမတ်က မွတ်ဆလင်လူငယ်များအား ‘ရခိုင်တွေကို တိုက်ဖို့ အသက်သေချင်လည်းသေ’၊ ‘ရခိုင်တွေကို တိုက်ဖို့ အလ္လာရှင်မြတ်က ဖန်ဆင်းပေးထားတာ’ စသည့် စကားလုံးများပါသော ဟောပြောနေသည့် ဗီဒီယိုတခုကိုလည်း ဧရာဝတီက ရရှိထားသည်။

ဒိလ် မာမတ်သည် မူးယစ်ဆေးဝါး ရောင်းဝယ်သည့်လုပ်ငန်းများ လုပ်ကိုင်သူဟု နာမည်ကြီးပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းအတွက် မွတ်ဆလင်လူငယ်များအား အဓိက စစ်သားစုဆောင်းပေးသူဖြစ်သည်။ ဒိလ် မာမတ်သည် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ မွတ်ဆလင်လူငယ်များအား စစ်တပ်အတွက် စစ်သားစုဆောင်းပေးခဲ့သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။

စစ်ထဲမဝင်ချင်သော မွတ်လဆင်လူငယ်များအနေဖြင့် ဒိလ် မာမတ်ကို တဦးလျှင် မြန်မာငွေ ကျပ် ၆ သိန်း ပေးရကြောင်း မောင်တောဒေသခံ မွတ်ဆလင်အချို့က ပြောသည်။

AA က မောင်တောမြို့အား မသိမ်းပိုင်ခင် နှစ်ရက်အလိုခန့်မှစ၍ ဒိလ် မာမတ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း မောင်တောဒေသခံတဦးက ပြောသည်။

စစ်သင်တန်း နှစ်ပတ်ပေးပြီး ရိုဟင်ဂျာများကို ရှေ့တန်းသို့ စေလွှတ်သည် / BBC

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို AA က သိမ်းယူပြီး ရက်ပိုင်းအတွင်းမှာပင် Arakan National Defence Force (ANDF) ဟု အမည်ခံထားသော မွတ်ဆလင် လက်နက်ကိုင်အဖွဲ့သစ်တဖွဲ့ ပေါ်ပေါက်လာခဲ့ကြောင်း ဒေသခံမီဒီယာအချို့တွင် ရေးသားထားသည်။

အဆိုပါအဖွဲ့၏ ခေါင်းဆောင် လေးဦးထဲတွင် စစ်ကောင်စီနှင့် ညှိနှိုင်းရေးတာဝန်ခံအဖြစ် ဒိလ် မာမတ်က တာဝန် ယူထားသည့်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ထို့ပြင် ဘူးသီးတောင် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များထဲတွင် ကမ္ဘာညီအကိုမှာလည်း ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အရင်းနှီးဆုံး စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။

ကမ္ဘာညီအကိုသည် နွားမှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းချသည့်လုပ်ငန်း၊ စစ်တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်ပေါင်းကာ မြန်မာနိုင်ငံမှ နွားနှင့် မူးယစ်ဆေးဝါးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သည့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ကမ္ဘာညီအကိုသည် နွားမှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းချသည့်လုပ်ငန်း၊ စစ်တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်ပေါင်းကာ မြန်မာနိုင်ငံမှ နွားနှင့် မူးယစ်ဆေးဝါးများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သည့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု ဧရာဝတီက စုံစမ်းသိရှိရသည်။

ကမ္ဘာညီအကို အနေဖြင့် ထိုကဲ့သို့ လုပ်ပိုင်ခွင့်များရရန် ဗိုလ်မှူးချုပ် သူရိန်ထွန်းအတွက် မွတ်ဆလင်လူငယ်များအား စစ်သားစုဆောင်းပေးရသည်။

ကမ္ဘာညီအကိုကဲ့သို့ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် ရင်းနှီးသော ဘူးသီးတောင် အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် နောက်နှစ်ဦးမှာ ဦးအောင်မြင့်နှင့် ဦးအောင်မြင့်၏သားတို့ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည့် မွတ်ဆလင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်ကြပြီး စစ်တပ်နှင့်ပေါင်းကာ ကြီးပွားချမ်းသာခဲ့သူများ ဖြစ်ကြသည်။

ဦးအောင်မြင့်သည် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းရောင်းချသည့်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်သူဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွားမှောင်ခို အပါအဝင် အကျိုးအမြတ်များသည့် မှောင်ခိုလုပ်ငန်းအားလုံး လုပ်ကိုင်သည့်အပြင် စစ်ကောင်စီအတွက် လိုအပ်သော ဒေါ်လာငွေကြေးအား ဝယ်ပေးသူအဖြစ် နာမည်ကျော်ကြားသူ ဖြစ်သည်။

အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (ပုံဟောင်း)

စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မြင့်သည့် ရန်ကုန်မြို့တွင်လည်း စီးပွားရေးလုပ်ငန်းများရှိပြီး ဗိုလ်မှူးချုပ် သူရိန်ထွန်းအတွက် မွတ်ဆလင်လူငယ်များအား စစ်သားစုဆောင်းပေးရသူ ဖြစ်သည်ဟုလည်း ဒေသခံအချို့က ဆိုသည်။

ဦးအောင်မြင့်သည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များနှင့် ရှေးယခင်ကပင် ဆက်ဆံရေးကောင်းများ ရှိခဲ့ပြီး နေပြည်တော်အထိ ပေါက်ရောက်သည့် လုပ်ငန်းရှင်အဖြစ် ထင်ရှားသူဖြစ်သည်။ လက်ရှိ စစ်ကောင်စီ၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးတာဝန် ယူခဲ့သူဖြစ်သည်။

ထို့ကြောင့်လည်း ဘူးသီးတောင်မြို့ မကျခင် ဦးအောင်မြင့်နှင့် သူ့သားဖြစ်သူတို့ စစ်တပ်အကူအညီဖြင့် ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောရှိ စီးပွားရေးလုပ်ငန်းရှင် အများစုသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်မှစ၍ စစ်တပ်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အထူးသဖြင့် စကခ ၁၅ တွင် တာဝန်ကျ စစ်ခေါင်းဆောင်များနှင့် ပေါင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခိုပစ္စည်း တင်သွင်းခြင်းနှင့် မူးယစ်ဆေးဝါး ရောင်းချခြင်းများ လုပ်ကိုင်ခဲ့ကြသည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင်ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် ပုဇွန်ကန်၊ ငါးကန်များအား မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်များက အဓိက လုပ်ဆောင်ကြသည်။ ရခိုင်ပြည်နယ်တွင် တာဝန်ကျသည့် စစ်ခေါင်းဆောင်များက ငှားရမ်းခဲ့ကြခြင်းဖြစ်သည်။

ဘူးသီးတောင်၊ မောင်တောဒေသတွင်ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပိုင် ပုဇွန်ကန်၊ ငါးကန်များအား မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်များက အဓိက လုပ်ဆောင်ကြသည်။ ရခိုင်ပြည်နယ်တွင် တာဝန်ကျသည့် စစ်ခေါင်းဆောင်များက ငှားရမ်းခဲ့ကြခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် နဝတခေတ်တွင် ရခိုင်တိုင်းမှူးနှင့် ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မောင်ဦး၏ တပည့်တဦးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အရာရှိငယ်ဘဝက တာဝန်ကျခဲ့ဖူးသည်။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ရင်းနှီးခဲ့သည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
77
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1k
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
294

ရခိုင်ပြည်နယ်တွင် တာဝန်ကျသော စစ်ဗိုလ်ချုပ်များထဲတွင် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တပ်မမှူး၊ ဘူးသီးတောင် အခြေချစစ်ဗျူဟာမှူးနှင့် ကျီးကန်ဒေသတွင်ရှိသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်မှူးတို့သည် ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပါဝင်ပတ်သက်ကြသူ များသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ဘူးသီးတောင်အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၅) မှူး ဖြစ်လာသည့်အချိန်တွင် ဘူးသီးတောင်၊ မောင်တောရှိ မွတ်ဆလင် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် ပေါင်းကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးတင်ပို့ခြင်းနှင့် မွတ်ဆလင်လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းရန် ဆောင်ရွက်ခဲ့သူဖြစ်သည်။

You may also like these stories:

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)

ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်

မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူ‌စောထီး ပြဿနာ

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂

Your Thoughts …
Tags: AAANDFကမ္ဘာညီအကိုစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးဒိလ် မာမတ်ဒုက္ခသည်စခန်းနခခ ၅ဘင်္ဂလားဒေ့ရှ်မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းရိုဟင်ဂျာသူရိန်ထွန်းအတင်းအကျပ် စစ်သားစုဆောင်းမှုအာရက္ခတပ်တော်ဦးအောင်မြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နပခ တပ်တွေ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)

နပခ တပ်တွေ အလံဖြူထောင် လက်နက်ချ (ရုပ်/သံ)

တိုက်ပွဲပြင်းထန်နေချိန် မင်းတပ်နှင့် ဖလမ်းတွင် စစ်သားနှင့်ရဲ ၁၆၀ ကျော် လက်နက်ချ

တိုက်ပွဲပြင်းထန်နေချိန် မင်းတပ်နှင့် ဖလမ်းတွင် စစ်သားနှင့်ရဲ ၁၆၀ ကျော် လက်နက်ချ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved