မြန်မာပြည်မြောက်ပိုင်း စစ်မြေပြင်တခု ဖြစ်သည့် ကချင်ပြည်နယ်တွင် တိုက်ပွဲများကို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး လပိုင်းအတွင်း အလောဘွမ် တိုက်ပွဲမှ စတင်တွေ့ရှိရ၏။
ကချင်ပြည်နယ်တွင် မူလ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KIA အကူအညီနှင့် ဖွဲ့စည်းထားသည့် အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ ရှိ၏။
၂၀၂၁ ခုနှစ်ခုနှစ်မှစ၍ ကချင် ပြည်သူ့ ကာကွယ်ရေး တပ် (KPDF) ပါ ဖွဲ့စည်းလာသည့် အပြင် ပြည်မမှ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များကိုပါ လေ့ကျင့်ဖွဲ့စည်းပေးပြီး အညာဒေသတွင်ပါ ကချင်တပ်မှူးများက ပါဝင်လေ့ကျင့် တိုက်ပွဲဝင်သည်ကို တွေ့ရ သကဲ့သို့ PDF တပ်ဖွဲ့များလည်း ကချင်စစ်မျက်နှာတွင် တိုက်ပွဲဝင်လာသည်ကို တွေ့ရ၏။
၂၀၂၁ ခုနှစ်ခုနှစ်မှစ၍ ကချင် ပြည်သူ့ ကာကွယ်ရေး တပ် (KPDF) ပါ ဖွဲ့စည်းလာသည့် အပြင် ပြည်မမှ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) များကိုပါ လေ့ကျင့်ဖွဲ့စည်းပေးပြီး အညာဒေသတွင်ပါ ကချင်တပ်မှူးများက ပါဝင်လေ့ကျင့် တိုက်ပွဲဝင်သည်ကို တွေ့ရ သကဲ့သို့ PDF တပ်ဖွဲ့များလည်း ကချင်စစ်မျက်နှာတွင် တိုက်ပွဲဝင်လာသည်ကို တွေ့ရ၏။
ကချင် စစ်မျက်နှာတွင် တွေ့ရသည့် အဓိက စစ်မျက်နှာ (ဝါ) တိုက်ပွဲများမှာ အောက်ပါအတိုင်း ဖြစ်၏။
၁။ ဗန်းမော် တိုက်ပွဲ
၂။ ဖားကန့် စစ်မျက်နှာ
၃။ ဝိုင်းမော် စစ်မျက်နှာ
၄။ ခေါင်လန်ဖူး စစ်မျက်နှာ
၅။ တနိုင်း စစ်မျက်နှာ
၆။ သံလမ်းရိုး စစ်မျက်နှာ
၇။ ဆွမ်ပရာဘွမ် စစ်မျက်နှာ တို့ဖြစ်၏။
၂၀၂၅ ခုနှစ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာ သုံးခုတွင် တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပြီး အပြန်အလှန် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။
ကျန်စစ်မျက်နှာ လေးခုတွင်တော့ တိုက်ပွဲ အသင့်အတင့် ရှိသည်ကို တွေ့ရ၏။

၁။ ဗန်းမော် တိုက်ပွဲ
ကချင်ပြည်နယ်တွင် KIA နှင့် ပူးပေါင်း တပ်ဖွဲ့များ အဓိက ထိုးစစ်ဆင်နေသည်မှာ ဗန်းမော်မြို့ ဖြစ်၏။
စကမ စစ်တပ်က စကခ ၂၁ ၊ တပ်မ ၈၈ နှင့် အမြောက်၊ သံချပ်ကာ စသည့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်း တပ်များအပြင် အခြားတပ်များမှ တပ်ရင်းများပါ ထုတ်နုတ်ပို့ပြီး ခံစစ်ဆင်နေသည်။
ဒေါ်ဖုန်းယန်၊ မြို့သစ်၊ မန်ဝိန်း၊ မန်စီတို့မှ ဆုတ်လာကြသည့် စစ်အင်အားများ စုစည်းထားရာ စစ်အင်အား ၂၅၀၀ မှ ၃၀၀၀ ခန့်ထိ ရှိနိုင်၏။
ဗန်းမော် စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က စတင်ခဲ့ပြီး ယခုအခါ တနှစ်နှင့်တလ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ဗန်းမော် စစ်မျက်နှာသည် မိုင် ၂၀ ခန့် ကျယ်ဝန်းပြီး နှစ်ဖက် အသေအပျောက် အကျအဆုံး များသည်ဟု သိရ၏။
ပထမ နှစ်ဝက်တွင် တော်လှန် ရေးတပ်ဖွဲ့များက ဗန်းမော်မြို့ပေါ်ရှိ စကမ တပ်၏ အမှတ် ၇၀၀၆ သံချပ်ကာ တပ်ရင်း၊ တင့်ကား တပ်ရင်း၊ အမြောက်တပ် ၃၆၆ နှင့် ဗန်းမော် လေဆိပ်တို့ကို KIA ပူးပေါင်းတပ်ဖွဲ့များဘက်မှ သိမ်းပိုက်နိုင်ခဲ့၏။
ဗန်းမော် မြို့တွင်း တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်နိုင်ရန် ကျန်ရှိနေသည့် တပ်စခန်းများမှာ စစ်အုပ်စုတပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂၁၊ ခြေလျင်တပ်ရင်း ခလရ ၄၇၊ အမှတ် ၉၁၄ စစ်အင်ဂျင်နီယာ တပ်၊ အမှတ် ၉၃၃ ထောက် ပံ့ပို့ဆောင်ရေး တပ်၊ အမှတ် ၁၁ စစ်မြေပြင် ဆေးတပ်ရင်း၊ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများ အခြေပြုသည့် တပ်စခန်းများ ဖြစ်၏။
စစ်ကော်မရှင်က စကခ ၂၁ ဌာနချုပ်နှင့် ခလရ ၄၇ ဌာနချုပ်တို့မှ ခံစစ်ဆင်နေသည်။ စစ်ကော်မရှင်က အဆင့်မြင့် ဒရုန်းများ အသုံးပြုနိုင်သည်ဟု ဆိုကြသည်။
တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရဟတ်ယာဉ် နှစ်စီး ပစ်ချနိုင်ခဲ့၏။ ပထမ နှစ်ဝက်တွင် ဗန်းမော် စစ်မျက်နှာသို့ မြေပြင် စစ်ကူပစ်ကူ ပေးနိုင်ခြင်း မရှိဘဲ လေကြောင်းမှသာ ပစ်ကူစစ်ကူ ပို့နိုင်သော်လည်း မြန်မာစစ်တပ် ခံစစ်ဆင်နိုင်ဆဲ ဖြစ်သည်ကို တွေ့ရ၏။
တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရဟတ်ယာဉ် နှစ်စီး ပစ်ချနိုင်ခဲ့၏။ ပထမ နှစ်ဝက်တွင် ဗန်းမော် စစ်မျက်နှာသို့ မြေပြင် စစ်ကူပစ်ကူ ပေးနိုင်ခြင်း မရှိဘဲ လေကြောင်းမှသာ ပစ်ကူစစ်ကူ ပို့နိုင်သော်လည်း မြန်မာစစ်တပ် ခံစစ်ဆင်နိုင်ဆဲ ဖြစ်သည်ကို တွေ့ရ၏။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် မန္တလေးမှ ဧရာဝတီမြစ် အတိုင်း ရိက္ခာ၊ ခဲယမ်း၊ တပ်သားသစ်များ တင်ဆောင်သည့် စစ်သင်္ဘောအုပ်စု ထွက်ခွာလာခဲ့၏။
လမ်းခရီးတွင် စစ်သင်္ဘော ၆ စီးခန့် ဖျက်ဆီးနိုင်ခဲ့သော်လည်း ၁၁ စီးမှာ ဩဂုတ်လ ၁ ရက်ခန့်တွင် ဗန်းမော်သို့ ဆိုက်ကပ် နိုင်ခဲ့၏။
လက်နက်ခဲယမ်း၊ ဒရုန်း၊ ရိက္ခာနှင့် စစ်သည်အင်အား တထောင်ခန့် ရောက်ရှိလာခဲ့ပြီး ဩဂုတ်လဆန်းမှ စ၍ စကမ စစ်တပ်က ပြန်လည် ထိုးစစ်ဆင်နိုင်ခဲ့သည်ကို တွေ့ရ၏။
စကမ ၏ ပြန်လှန် ထိုးစစ်ကြောင့် ဩဂုတ်လကုန် စက်တင်ဘာ လဆန်းတွင် KIA ခြောက်လကြာ ထိန်းချုပ်ထားသည့် အမှတ် ၂၃၆ ခြေလျင်တပ်ရင်း၊ အမှတ် ၅၀၁၄ တင့်ကားတပ်၊ အမတ ၃၆၆ တို့ကို စစ်တပ်က ပြန်ရသွားသည်။
ဗန်းမော် လေယာဉ်ကွင်း တခြမ်းကိုလည်း စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး ဗန်းမော်မြို့ရှိ ဆက်သွယ်ရေး၊ ထောက်ပို့ရေး စသည့် လက်ရုံးတပ်များနှင့် မြို့တောင်ဘက်တွင် ရှိသည့် ခလရ ၄၇ တပ်ရင်း တို့ကိုလည်း စစ်တပ်က ဆက်လက် ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရ၏။
အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို ထိုးစစ်ဆင်ရန် အနီးဆုံးနေရာများ ဖြစ်သည့် တပ်ရင်း နှစ်ခု လက်လွှတ် လိုက်ရသည့် အတွက် KIA အတွက် စကခ-၂၁ ထိုးစစ်မှာ ပိုမိုခက်ခဲသွားနိုင်သည်။
KIA ဘက်ကမူ လေယာဉ်ကွင်း တခြမ်း၊ အမှတ် ၇၀၀၆ သံချပ်ကာတပ် တို့နှင့် နေရာအချို့တွင် ဆက်လက် ထိန်းချုပ်ထား ဟု သိရသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ ၃ မိုင်စခန်း၊ ရွှေပြည်သာစခန်းနှင့် KBC ဘုရားကျောင်းကုန်း တို့ကိုပါ စကမ ဆက်လက် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့၏။
သို့ဖြစ်ရာ ဩဂုတ်လ၊ စက်တင်ဘာလတွင် စကမ တပ်က ပြန်လည် ထိုးစစ်ဆင်ပြီး တပ်စခန်း အချို့အပြင် မြို့ဧရိယာ အချို့ပါ ပြန်လည် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့၏။
ဗန်းမော် တိုက်ပွဲတွင် ပြန်လည် ထိုးစစ်ဆင်လာနိုင်ပြီး အောင်မြင်မှုအချို့ ရရှိသည့်အတွက် စကခ ၂၁ မှူးနှင့် တပ်မ ၈၈ တပ်မမှူး တို့ကို တိုင်းမှူးများ အဖြစ် ရာထူးတိုးပေးပြီး တပ်တွင်း ဝါဒဖြန့်မှုနှင့် စိတ်ဓာတ်မြှင့်တင်မှုများ ပြုလုပ်လာသည်ကို တွေ့ရ၏။
တိုက်ပွဲများသည် ၃ မိုင်၊ ၄ မိုင်၊ ၅ မိုင်တို့ အထိ ပျံ့နှံ့လာပြီး ဗန်းမော် မြို့ပြင်အထိ တိုက်ပွဲ ကျယ်ပြန့်လာပြီး စစ်ကော်မရှင် က KIA ထိန်းချုပ်နေရာ အချို့ထိ စစ်ကြောင်း ထိုးလာသော်လည်း အထိနာပြီး တပ်ပြန်ဆုတ်နေရကြောင်း သိရသည်။
KIA နှင့် ပူးပေါင်းတပ်များ၏ ပြန်လည် ထိုးစစ်ဆင်မှုကြောင့် အောက်တိုဘာ လဆန်းတွင် ၃ မိုင်စခန်း၊ ရွှေပြည်သာ စခန်း နှင့် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဘုရားကျောင်းကုန်း တို့ကို ပြန်လည် သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။
ဗန်းမော် အခြေအနေသည် တိုက်ပွဲ ပြင်းထန်သောကြောင့် နှစ်ဖက်လုံးသည် စခန်းများကို သိမ်းပိုက်လိုက် ပြန်ဆုတ်လိုက် လုပ်နေရပြီး ရေရှည် မထိန်းချုပ်နိုင်ကြဟု သုံးသပ်ကြသည်ကို တွေ့ရ၏။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အရှိန် မြှင့်တင်ပြီး တဖန် ပြန်လည် စတင်လာခဲ့ပြီးနောက် ခလရ ၄၇၊ စနခ ၆၄၁၊ ဗန်းမော် တက္ကသိုလ်၊ စကခ ၂၁ နှင့် အမတ ၃၆၆ စသည့် စစ်မျက်နှာများတွင် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ဗန်းမော် မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အရှိန် မြှင့်တင်ပြီး တဖန် ပြန်လည် စတင်လာခဲ့ပြီးနောက် ခလရ ၄၇၊ စနခ ၆၄၁၊ ဗန်းမော် တက္ကသိုလ်၊ စကခ ၂၁ နှင့် အမတ ၃၆၆ စသည့် စစ်မျက်နှာများတွင် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
ခလရ ၄၇ အခြေစိုက် ဗျူဟာမှူး၊ စနခ ၆၄၁ တပ်မှူးနှင့် ဒုတပ်မှူး တို့လည်း တိုက်ပွဲအတွင်း သေဆုံးသွားပြီ ဆိုသည့် သတင်း ထွက်ပေါ်ပြီး ခလရ ၄၇ နှင့် အမှတ် ၆၄၁ စစ်လက်နက်ပစ္စည်း တပ်ခွဲ – စနခ ၆၄၁ တို့ကို သိမ်းပိုက်နိုင်သည်ဟု ဆိုကြသည်။
တချိန်တည်းတွင် ဒီဇင်ဘာ ၂၅ ရက်နေ့၌ မြစ်ကြီးနား နမ့်ပေါင် လေတပ်စခန်းအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး နောက်ရက်များတွင်လည်း နန့်ပေါင် လေတပ်စခန်းကို ဆက်လက် ပစ်ခတ်နေသည်ကို တွေ့ရသကဲ့သို့ ဗန်းမော် မြို့တွင်း၌လည်း တိုက်ပွဲများ ပြင်းထန်နေသည်ကို တွေ့ရ၏။
ဗန်းမော် တိုက်ပွဲအတွင်း စကမ တပ်မှ လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်း တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှု အများအပြား ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဗန်းမော်တွင် ရဟတ်ယာဉ် နှစ်စီး ပစ်ချခဲ့ပြီး သံချပ်ကာ ကားအပါ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့သည်ကို တွေ့ရ၏။
ထို့ပြင် စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိသည်ဟု သိရ၏။ နှစ်ဖက် သေကြေဒဏ်ရာ ရရှိမှုကို ထောင်ဂဏန်း အချို့ ရှိသည်ဟု ပြောဆိုမှုများ တွေ့ရသော်လည်း အတည်ပြု၍ မရပါ။
သေချာသည်မှာ ဗန်းမော် စစ်မျက်နှာတွင် နှစ်ဖက် အင်အား ထောင်ဂဏန်းအချို့ အသုံးပြုပြီး တနှစ်ကျော် နေ့စဉ်နီးပါး ပြင်းထန်စွာ တိုက်ခိုက်နေကြသည့် စစ်မျက်နှာ ဖြစ်၏။
အပြန်အလှန် ထိုးစစ်ဆင်နိုင်ရန် ကြိုးပမ်းနေသည့် စစ်မျက်နှာဖြစ်၏။ ကချင် စစ်မြေပြင်တွင် အပြင်းအထန်ဆုံး စစ်မျက်နှာ ဖြစ်၏။

၂။ ဖားကန့် စစ်မျက်နှာ
၂၀၂၅ ခုနှစ်တွင် KIA အနေနှင့် ဗန်းမော် တိုက်ပွဲတွင် လူအား ကျည်အား အဓိက ဖြည့်တင်း တိုက်ခိုက်နေချိန်တွင် စကမ စစ်တပ်သည် ဖားကန့်သို့ ဦးတည် ထိုးစစ်ဆင်လာသည်ကို တွေ့ရ၏။
ဖားကန့်သည် ကျောက်စိမ်း တွင်းများ ရှိရာ ဒေသဖြစ်ပြီး စီးပွားရေးအရ အရေးပါသည်။
ဖားကန့် ဒေသတွင် တပ်မ ၃၃ တပ်ဖြန့် နေရာယူထားသော်လည်း ၂၀၂၄/၂၀၂၅ နှစ်ဆန်းတွင် ဝှေခါ၊ ဆိုင်းတောင်၊ တာမခန် စသည့် နယ်မြေများစွာ ဆုံးရှုံးသွားပြီး ဖားကန့်၊ လုံးခင်း၊ ကံစီး တဝိုက်တွင်သာ စကမ တပ်များ စခန်းထိုင်ပြီး နယ်မြေစိုးမိုးမှု မလုပ်နိုင်တော့။ ထို့ပြင် မိုးကောင်း၊ ဖားကန့် လမ်းကြောင်းကိုလည်း KIA က ထိန်းချုပ်ထား၏။
ဤသို့သော အခြေအနေတွင် ၂၀၂၅ ဧပြီလ ၂၀ ရက် ဝန်းကျင်မှစ၍ စကမ တပ်၊ ရှမ်းနီတပ် (SNA) နှင့် ရှမ်းနီ ပသစ ပူးပေါင်းအင်အား တထောင်ခန့်သည် မိုးကောင်း- ကာမိုင်း-ဖားကန့် လမ်းကြောင်း၊ မိုးညှင်း-အင်းတော်ကြီး-နန့်မွန်း -ဖားကန့် လမ်းကြောင်းတို့မှ ထိုးစစ်ဆင်လာသကဲ့သို့ တနိုင်း ဘက်မှလည်း လီဒိုလမ်းပေါ်ရှိ လဝါးရွာသို့ စစ်ကြောင်းထိုးကာ မိုးကောင်းမှ ဖားကန့်သို့ ထိုးသည့် စစ်ကြောင်းအား အားဖြည့်ပေးသည်ကို တွေ့ရ၏။
ဗန်းမော် စစ်မျက်နှာတွင် KIA အာရုံစိုက်ပြီး အင်အား အသုံးပြုနေစဉ် မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ နန့်စီအောင် သံလမ်းရိုး တလျှောက်တွင် KIA လှုပ်ရှားနိုင်စွမ်း နည်းပါးမှုကို အခွင့်ကောင်းယူပြီး သံလမ်းရိုး တလျှောက်တွင် တာဝန်ယူသည့် စကခ ၃ (တပ်မဟာ ၃) အား ထုတ်၍ ဖားကန့်ကို ထိုးစစ်ဆင်ခြင်း ဖြစ်၏။
ဗန်းမော် စစ်မျက်နှာတွင် KIA အာရုံစိုက်ပြီး အင်အား အသုံးပြုနေစဉ် မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်၊ နန့်စီအောင် သံလမ်းရိုး တလျှောက်တွင် KIA လှုပ်ရှားနိုင်စွမ်း နည်းပါးမှုကို အခွင့်ကောင်းယူပြီး သံလမ်းရိုး တလျှောက်တွင် တာဝန်ယူသည့် စကခ ၃ (တပ်မဟာ ၃) အား ထုတ်၍ ဖားကန့်ကို ထိုးစစ်ဆင်ခြင်း ဖြစ်၏။
သံလမ်းရိုးတွင် နောက်ချန်တပ်များ အပြင် ရှမ်းနီ SNA တပ်မဟာတခုအား ဝင်ရောက်ခွင့်ပြုပြီး လုံခြုံရေး ယူသည်ကိုလည်း တွေ့ရ၏။
မိုးကောင်း၊ ကာမိုင်း၊ လဝါးတို့မှ နန့်ယား၊ တံတားညီနောင်၊ လုံးခင်း၊ ဖားကန့် သို့ ချီတက်လာသည့် စကမ စစ်ကြောင်းသည် လမ်းတလျှောက် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားပြီး တလကျော် အကြာ မေ ၂၉ ရက်တွင် ဖားကန့် ဗျူဟာကုန်းကို ရောက်ရှိ ပူးပေါင်းသွားနိုင်သည်ကို တွေ့ရ၏။
အဆိုပါ စစ်ကြောင်းသည် စကခ ၃ (တပ်မဟာ ၃) မှ ဖြစ်ပြီး ဖားကန့်တွင် အခြေပြုနေသည့် တပ်မ ၃၃ နှင့် ချက်ချင်း တပ်လဲခြင်း မပြုဘဲ အောက်တိုဘာ လလယ်အထိ တပ်မ နှစ်ခု ပူးပေါင်းကာ ဖားကန့် နယ်မြေအား ပြန်လည် ထိန်းချုပ် နိုင်ရန် စစ်ဆင်ရေး ပြုလုပ်ခဲ့ကြ၏။
သို့ဖြစ်ရာ ဇွန်လမှစ၍ အောက်တိုဘာ လလယ်ခန့်ထိ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အသုံးပြုပြီး ဖားကန့်စစ်မျက်နှာတွင် ထိုးစစ်ဆင်ခဲ့ကြ၏။ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့၏။
ဖားကန့်နယ် မြေတခုလုံးအား ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း မိုးကောင်း၊ ကာမိုင်း၊ ဖားကန့် လမ်းကြောင်းတို့ကိုမူ တစုံတရာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ဝှေခါ၊ ဆိုင်းတောင်၊ တာမခန် ဒေသတို့အား ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိပါ။
အောက်တိုဘာ လလယ်ခန့်တွင် တပ်မ ၃၃ နောက်တန်းသို့ ပြန်သွားပြီးနောက် စကခ ၃ သာ ဖားကန့်ဒေသတွင် ကျန်ခဲ့ပြီး တိုက်ပွဲများ အတန်ငယ် လျော့ကျသွား၏။
သို့သော် ၂၀၂၅ ခုနှစ် တနှစ်လုံးတွင် ဖားကန့် စစ်မျက်နှာသည် ကချင် စစ်မြေပြင်တွင် ဒုတိယ အပြင်းထန်ဆုံး စစ်မျက်နှာ ဖြစ်၏။

၃။ ဝိုင်းမော် စစ်မျက်နှာ
ဝိုင်းမော်သည် မြစ်ကြီးနား အရှေ့ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ရှိပြီး မြစ်ကြီးနား ခံစစ်အတွက် အရေးပါ သကဲ့သို့ လိုင်ဇာ၊ ကန်ပိုင်တည်၊ ချီဗွေ၊ ဆော့လော် ဒေသများအား ပြန်လည် ထိုးစစ်ဆင်ရန် အတွက်လည်း အရေးပါသည်၊၊
၂၀၂၅ ခုနှစ်ထဲတွင် ဝိုင်းမော်မှ အရှေ့ဘက်သို့ ဦးတည်၍မကြာခင် ထိုးစစ်ဆင်လေ့ရှိရာ KIA က ဝိုင်းမော်အနီး လမြန်ရွာ တဝိုက်တွင် ခံစစ်ဆင်သည်ကို တွေ့ရသကဲ့သို့ အဆုတ်အတက် စစ်ကစားပြီး စကမ စစ်တပ်၏ ထိုးစစ်ကို တုန့်ပြန်လေ့ ရှိ၏။
စကမ တပ်များ အကျအဆုံး တစုံတရာ ရှိလျှင် ပြန်ဆုတ်သွားလေ့ရှိ၏။
ဤစစ်မျက်နှာတွင် စကမ တပ်က အင်အား အလုံးအရင်း အသုံးပြု၍ ထိုးစစ်မဆင်နိုင်သော်လည်း မကြာခဏ ထိုးစစ်ဆင်လေ့ ရှိပြီး အလစ်အငိုက် ရယူနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ မြစ်ကြီးနား ခံစစ်ကို နိုးနိုးကြားကြား ပြင်ဆင်နေပုံလည်းရ၏။
ဤစစ်မျက်နှာတွင် စကမ တပ်က အင်အား အလုံးအရင်း အသုံးပြု၍ ထိုးစစ်မဆင်နိုင်သော်လည်း မကြာခဏ ထိုးစစ်ဆင်လေ့ ရှိပြီး အလစ်အငိုက် ရယူနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ မြစ်ကြီးနား ခံစစ်ကို နိုးနိုးကြားကြား ပြင်ဆင်နေပုံလည်းရ၏။
သို့သော် အမှန်တကယ် ကန်ပိုင်တည်၊ ချီဗွေသို့ ဦးတည်ပါက မြစ်ကြီးနား၊ ဝှေ့ထူမှ တဆင့် ချီဗွေ ကားလမ်းပေါ်ရှိ မန်ဒေါင်၊ ဒွန်ဘန်သို့ပါ ထိုးဖောက် ချီတက်ခြင်း ပြုမည်ဟု သုံးသပ်ကြရာ လက်ရှိ ဝိုင်းမော်ဒေသ စကမ တပ်၏ အဆက်မပြတ် ပြုလုပ် နေသည့် ထိုးစစ်မှာ မြစ်ကြီးနား အတွက် လှုပ်ရှားခံစစ် အဖြစ် ရည်ရွယ်ပြီး ဗန်းမော်ကို တိုက်နေသော KIA တပ်အား ဆွဲထုတ်ရန် ရည်ရွယ်ပုံ ရ၏။
၄။ ခေါင်လန်ဖူး စစ်မျက်နှာ
ပန်ဝါ မြောက်ဘက်ရှိ ရွှေတွင်းများ ရှိသည့် လန်ဆယ် ဒေသအား KIA က ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် သိမ်းပိုက်ထားရာ စကမ တပ်သည် လေကြောင်းမှ စစ်ကူ လက်နက်ခဲယမ်း ဖြည့်တင်းကာ ဒေသခံ တန်ကူးတန် ရဝမ် ပြည်သူ့စစ်အား အသုံးပြုပြီး ပြန်လည် ထိုးစစ်ဆင်ရန် ဇွန်လဆန်းမှ စတင်ပြင်ဆင်ခဲ့၏။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် လန်ဆယ်ဒေသကို ထိုးစစ်ပြန်ဆင်ရန် ပူတာအိုမြို့ ပြည်သူ့စစ်နှင့် စကမ တပ် အင်အား ၄၀၀ ကျော်သည် ခေါင်လန်ဖူး မှတဆင့် လန်ဆယ်ဘက်ကို ဆင်းလာပြီး လန်ဆယ် မြောက်ဘက် လာဟီဆင် တောင်ကြောအား ထိုးစစ် ဆင်လာခဲ့သော်လည်း သုံးလေးရက် အတွင်း ပြန်လန်ကျသွား၏။
KIA နှင့် ပူးပေါင်းတပ်များက ပြန်လည် ထိုးစစ်ဆင်ရာ အောက်တိုဘာ ၂၁ ရက်က လန်ဒမ်းရွာနှင့် မခေါင်ဒမ်းရွာရှိ စကမ နှင့် ပသစ စခန်းများ၊ အောက်တိုဘာ ၂၈ ရက်တွင် ခေါင်လန်ဖူး မြိုနယ်တွင်းရှိ ငေါ်ဂျာလ စခန်းနှင့် နမ်ချိန်း စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့၏။
ယခုအခါ ထိုဒေသတွင် ရေခဲပြီး ရာသီဥတု ဆိုးဝါးပြီ ဖြစ်၍ စကမ ၏ ထိုးစစ် ရပ်တန့်သွားဖွယ် ရှိ၏။
၅။ တနိုင်း စစ်မျက်နှာ
တနိုင်း ဒေသတွင် ၂၀၂၅ အတွင်း တိုက်ပွဲကြီးများ မတွေ့ရဘဲ တိုက်ပွဲငယ်များသာ တွေ့ရ၏။ တနိုင်းဒေသမှ ရှမ်းနီ ပြည်သူ့စစ်များအား ဖားကန့်၊ ဝိုင်းမော် ဒေသသို့ စစ်ကူ လွှတ်ထားသည်ကို တွေ့ရ၏။
တနိုင်းမြို့နယ်ရှိ နမ်ဗျူ၊ ဝေလွန်၊ စံလော၊ လမုန်ခ စသည့် ပယင်းမှော်များနှင့် တုံမနီ၊ ဒလူ စသည့် ရွှေမှော်များတွင် ရောက်ရှိနေသည့် အရပ်သား အားလုံးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က စပြီး ထွက်ခွာသွားကြရန် တနိုင်းမြို့ အခြေစိုက် ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် – ဒ.က.စ က အမိန့်ထုတ်၍ အရပ်သားများ ထွက်ခွာနေကြရာ ၂၀၂၆ အတွင်း တနိုင်း စစ်မျက်နှာတွင် စစ်ဆင်ရေးများ ပြုလုပ်လာနိုင်သည်ဟု သုံးသပ်ရ၏။

၆။ သံလမ်းရိုး စစ်မျက်နှာ
မိုးကောင်း၊ မိုးညှင်းမှ နန့်စီးအောင် အထိ သံလမ်းရိုး တလျှောက်နှင့် အင်းတော်ကြီး တဝိုက်တွင် စကမ သည် SNA ရှမ်းနီ အဖွဲ့မှာ တပ်မဟာတခု ထားရှိခွင့်ပြုပြီး ထိုအင်အားနှင့် ပူးပေါင်း၍ လှုပ်ရှားသည်ကိုတွေ့ရ၏။
အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်းအား စကမ နှင့် SNA ရှမ်းနီတပ်က ထိန်းချုပ်ထားပြီး အင်းတော်ကြီးကန် အနောက်ဘက်ခြမ်းအား KIA/KPDF က ထိန်းချုပ်ထားသည်ကို တွေ့ရ၏။
KIA အနေနှင့် ဗန်းမော်နှင့် ဖားကန့် တိုက်ပွဲတွင် အာရုံစိုက်နေခြင်း၊ တပ်သားသစ် စုဆောင်း လေ့ကျင့်နေခြင်း တို့ကြောင့် မိုးညှင်း၊ ဟိုပင် သံလမ်းရိုး တလျှောက် လှုပ်ရှားမှုနှင့် အာရုံစိုက်မှု နည်းပါးမှုကို အခွင့်ကောင်းယူ၍ သံလမ်းရိုး တလျှောက်တွင် နောက်ချန်တပ်ရင်း ဌာနချုပ်များနှင့် SNA ရှမ်းနီ တပ်မဟာ တခုကို ပူးပေါင်းလှုပ်ရှားစေခဲ့၏။
KIA အနေနှင့် ဗန်းမော်နှင့် ဖားကန့် တိုက်ပွဲတွင် အာရုံစိုက်နေခြင်း၊ တပ်သားသစ် စုဆောင်း လေ့ကျင့်နေခြင်း တို့ကြောင့် မိုးညှင်း၊ ဟိုပင် သံလမ်းရိုး တလျှောက် လှုပ်ရှားမှုနှင့် အာရုံစိုက်မှု နည်းပါးမှုကို အခွင့်ကောင်းယူ၍ သံလမ်းရိုး တလျှောက်တွင် နောက်ချန်တပ်ရင်း ဌာနချုပ်များနှင့် SNA ရှမ်းနီ တပ်မဟာ တခုကို ပူးပေါင်းလှုပ်ရှားစေခဲ့၏။
သံလမ်းရိုးတွင် နှစ်ဖက်လုံးက တိုက်ပွဲကြီးများ ဖော်ဆောင်နိုင်ခြင်း မရှိဘဲ ပြောက်ကျား တိုက်ပွဲအချို့သာ တွေ့ရ၏။
စကမ တပ်နှင့် ရှမ်းနီ ပသစ များ ပူးပေါင်းပြီး ဟိုပင် အရှေ့ဘက် ကောက်ကွတ်ဂွင် အစပ်ရှိ KIA စခန်းအား ထိုးစစ် ဆင်သော်လည်း အကျအဆုံး များပြီး ပြန်ဆုတ်ရသည်ကို တွေ့ရ၏။
၇။ ဆွမ်ပရာဘွမ် စစ်မျက်နှာ
မြစ်ကြီးနား နှင့် ပူတာအို ကားလမ်းပေါ်ရှိ ဆွမ်ပရာဘွမ် ဒေသအား ၂၀၂၄ ခုနှစ် မေလ ကတည်းက KIA သိမ်းပိုက်ထား၏။
သို့ဖြစ်ရာ ဆွမ်ပရာဘွမ်နှင့် မြစ်ကြီးနား ကြားရှိ တီယန်ဇွပ်၊ ဆွမ်ပရာဘွမ်နှင့် ပူတာအို ကြားရှိ ဆွတ်ပီယန်နှင့် လုံရှာယန် ဒေသများတွင် နှစ်ဖက်တပ်များ ရင်ဆိုင်ထားပြီး တိုက်ပွဲငယ်များ ဖြစ်လေ့ရှိသော်လည်း တိုက်ပွဲကြီးနှင့် စစ်ဆင်ရေးကြီးများ မတွေ့ရပေ။
ချုပ်၍ဆိုရလျင် ကချင် စစ်မျက်နှာတွင် စကမ တပ်က ဖားကန့်ဒေသမှ စခန်းငယ်တချို့အား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ သော်လည်း KIA သိမ်းပိုက်ထားသည့် စခန်းအများစုအား ပြန်မသိမ်းနိုင်သေးသည့် အပြင် KIA သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်မှ ၁၃ မြို့နှင့် ရှမ်းပြည်နယ်မှ တမြို့ ပေါင်း ၁၄ မြို့အား ပြန်လည် ထိုးစစ် ဆင်နိုင်ခြင်း မရှိသေးပေ။
ကချင် စစ်မြေပြင်တွင် ဗန်းမော် စစ်မျက်နှာ၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာတို့သည် အပြင်းထန်ဆုံး ဖြစ်ပြီး အဆက်မပြတ် တိုက်ပွဲဖြစ်ပွားနေကာ လေကြောင်းက အဆက်မပြတ် တိုက်ခိုက်နေသည်ကို တွေ့ရ၏။
အဆိုပါ စစ်မျက်နှာ သုံးခုနှင့် ချိတ်ဆက်ပြိး ကျန်စစ်မျက်နှာ လေးခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး မြောက်ပိုင်း ကချင် စစ်မြေပြင်သည် တိုက်ပွဲများ များပြား ပြင်းထန်သည့် စစ်မြေပြင်တခု ဖြစ်သည်ကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရ၏။
ကချင် စစ်မျက်နှာတွင် မပခ တိုင်း၊ ဒကစ တနိုင်း လက်အောက်ခံ တိုင်းတပ်များ၊ စကခ ၃ (တပ်မဟာ ၃)၊ စကခ ၂၁၊ တပ်မ ၈၈ နှင့် တပ်မ ၃၃ လက်အောက်ခံ တပ်များ အပြင် အခြား ထုတ်နုတ်တပ်များပါ ရှိနိုင်ပါသည်။
မှတ်ချက်။ ။ “၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေး အခြေအနေ သုံးသပ်ချက် အပိုင်း ၂” အား “မြောက်ပိုင်း ကချင် စစ်မျက်နှာ ၂၀၂၅” ဖြင့် ဆက်လက် ဖော်ပြအပ်ပါသည်။
ဆက်ရန် ရှိသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား
၂၀၂၅ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၏ ထူးခြားသည့် တိုက်ပွဲများ
ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ
တရုတ်နဲ့ အိမ်နီးချင်းတွေရဲ့ ဖိအားကို SRA က ကြောက်ရွံ့မနေဘဲ ရင်ဆိုင်မယ်
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်











