• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
in သတင်း
A A
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု

30.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်နေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

တွေ့ဆုံမှုသည် ၁၀ မိနစ်ခန့်သာ ကြာမြှင့်ခဲ့ပြီး လက်ရှိဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲများအား နိုင်ငံရေးအရ ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
39
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
36
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
469

ထိုတွေ့ဆုံမှုတွင် စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဌ ဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ခဲ့ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့် တပ်တော်(AA)နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ထားသည်။

ယခုလကုန်ပိုင်းတွင် ထပ်မံတွေ့ဆုံရန် ရှိကြောင်းလည်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တွေ့ဆုံမှုတွင် MNDAA ၏ စစ်ရေးပစ်မှတ်တခုဖြစ်သည့် လောက်ကိုင်မြို့အား ထိန်းချုပ်ခွင့်နှင့် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ ရေး စစ်ကောင်စီနှင့် MNDAA တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့ကြောင်း သတင်းဖော်ပြမှုများရှိနေသော်လည်း ထိုသဘောတူညီချက်သတင်းနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကမူ မည်သည့်သတင်းထုတ်ပြန်ချက်မှ မထုတ်ပြန်သေးပေ။

အစည်းအဝေးနှင့် နီးစပ်သူတဦးက အစည်းအဝေးသို့ MNDAA တဖွဲ့သာ ရွေးဖိတ်သော်လည်း မဟာမိတ်ညီနောင် ၃ ဖွဲ့လုံးမှ အတွင်းရေးမှူးများ အတူတကွ တက်ရောက်ကြောင်း ဧရာဝတီသို့ ပြောသည်။ ဆိုရှယ်မီဒီယာတွင် ပြန့်နေသော စစ်တပ်ကို လောက်ကိုင်မြို့မှ ဆုတ်ခွါခွင့်ပေးရန် ဒီဇင်ဘာလကုန်ထိ အပစ်ရပ်မည်ဆိုသည်မှာ မဟုတ်ကြောင်းလည်း ဆိုသည်။ “စစ်တပ်ဘက်က လူတွေ ကြည့်ရတာ ခပ်မာမာပဲ၊ သူတို့ စစ်ရှုံးနေတယ်လို့ ယူဆနေပုံ မပေါ်ဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဧရာဝတီအနေဖြင့် အစည်းအဝေးရလဒ်အကြောင်း မေးမြန်းရာ TNLA ပြောရေးဆိုခွင့်ရှိသူ တားအိုက်ကျော်က “ အဲ့ဒီကိစ္စကတော့ ကျနော်လည်းမသိရဘူး၊ တွေ့ဆုံမှုရှိမရှိ၊ ဖြစ်မဖြစ်ဆိုတာလည်း မသိရသေးဘူး၊ မြေပြင်မှာတော့ တိုက်ပွဲကတောက်လျှောက်ဖြစ်နေသေးတယ်၊ စစ်ကောင်စီက လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၊ TNLA စစ်ဆင်ရေးဖော်ဆောင်နေသည့် လားရှိုး၊ နမ့်ခမ်းနှင့် နမ့်ခမ်းမြို့နယ်တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်းလည်း ၎င်းကပြောသည်။

တချိန်တည်းတွင်ပင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီ၏ အခိုင်အမာ စခန်းတခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “ ၁၀၂၇ စစ်ဆင်ရေး” တလကျော်ကြာကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ အချက်အချာမြို့များနှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်များအား သိမ်းပိုက်ထားနိုင်ခဲ့ပြီး နိုင်ငံတဝန်းရှိ အခြား စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့များကလည်း သက်ဆိုင်ရာနယ်မြေများတွင် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ပေကျင်းတွင်တွေ့ ဆုံခဲ့ရာ ရှမ်းမြောက်စစ်ပွဲရပ်ဆိုင်းရေး တရုတ်ကြားဝင်ရန် ကမ်းလှမ်းခဲ့အပြီး ယခုဆွေးနွေးပွဲဖြစ်မြောက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ကိုးကန့်ဒေသအာဏာပိုင် မိသားစုများဖြစ်သည့် ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်နှင့် လက်ရှိနယ်ခြားစောင့်တပ်ခေါင်းဆောင်ဖြစ်သည့် ပယ်ဆောက်ချိန်သား ပယ်ရင်ချန်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်းဖြစ်သူ ဝေဆန်းအပါအဝင် ဆယ်ဦးအား အွန်လိုင်းငွေကြေးလိမ်းလည်မှုများနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်လိုက်သည်။

နိုဝင်ဘာလအတွင်းက တရုတ်က ဖမ်းဝရမ်းထုတ်လိုက်သည့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဝင်ဟောင်း မြင်ရွှေချမ်းမိသားစုအား စစ်ကောင်စီက ဖမ်းဆီးကာ တရုတ်ထံလွှဲအပ်ပေးရာ မြင်ရွှေချမ်းမှာ မိမိကိုယ် သေနတ်ဖြင့်ပစ်ကာ သက်သေသွားခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး”သည် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးဖြစ်ကြောင်း ၎င်းတို့က ကြေညာထားသည်။

You may also like these stories:

တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

Your Thoughts …
Tags: AAMNDAATNLAစစ်ကောင်စီတွေ့ဆုံမှုညီနောင်မဟာမိတ်သုံးဖွဲ့ဗိုလ်ချုပ်ကြီး ရာပြည့်ရှမ်းမြောက် တိုက်ပွဲများသဘောတူညီချက် မရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ခါမ်းပတ်မြို့ မိဘမဲ့ဂေဟာမှ ဓားစာခံများ ပြန်လွတ်လာ

ခါမ်းပတ်မြို့ မိဘမဲ့ဂေဟာမှ ဓားစာခံများ ပြန်လွတ်လာ

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိမည်ဟု ကမ္ဘာ့ဘဏ်ဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate