• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
in သတင်းတို
A A
ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ဖမ်းဆီးခံရသော ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး/Octopus

8.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့အခြေစိုက် ပြောက်ကျားမြေပြင်သပိတ်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည့် ရေဘဝဲပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့အစည်းမှ အဖွဲ့ဝင်အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရပြီးနောက် ၎င်းတို့နှင့် ဆက်စပ်သူများအား လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း ရေဘဝဲအဖွဲ့၏ ဥက္ကဋ္ဌက ဧရာဝတီကို ပြောသည်။

အဆိုပါ အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီး နောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၇ နှစ်အရွယ်ရှိ စီမံရေးရာတာဝန်ခံနှင့် အသက် ၂၁ နှစ်အရွယ် မြေပြင်ရဲဘော် S4 တို့ ဖြစ်ကြပြီး ဆက်လက်၍ မိသားစုဝင်အချို့၊ ၎င်းတို့နှင့် နီးစပ်ရာ ပြည်သူအချို့လည်း ဖမ်းဆီးခံထားရကြောင်း၊ ဆက်စပ်ဖမ်းဆီးခံရသူများ၏ ကိုယ်ရေးအချက်အလက်များကိုမူ ဖော်ပြနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရေဘဝဲအဖွဲ့၏ဥက္ကဋ္ဌက “ အခုချိန်ထိ သတင်း အစအန မရသလို အုပ်ထိန်းသူအချို့ အပါအဝင် ရဲဘော် ၂ ဦးနဲ့ ပုဂ္ဂိုလ်ရေးအရ ပတ်သက်နေတဲ့ သာမန်ပြည်သူတွေကို ဖမ်းဆီးထားပါတယ်။ ပြည်သူ ၂ ဦးထက်ပိုပါတယ်” ဟု ပြောသည်။

၂၀၂၃၊ မတ်လ ၁၈ ရက်က ရန်ကုန်တွင် ပြုလုပ်သော ရေဘဝဲအဖွဲ့၏ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတခု/ Octopus

ဖမ်းခံထားရသောအဖွဲ့ဝင် အမျိုးသမီး ၂ ဦးအား ရွှေပြည်သာစစ်ကြောရေး နှင့် ရေကြည်အိုင်စစ်ကြောရေးတို့တွင် စစ်ဆေးမေးမြန်းနေကြောင်း၊ ကျန်အဖွဲ့ဝင်များ ဘေးကင်းလုံခြုံလျက်ရှိကြောင်း ရေဘဝဲအဖွဲ့မှ သိရသည်။

စစ်တပ်၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများအပေါ် အသက်အန္တရာယ်ထိခိုက်မှုရှိမည်ကို စိုးရိမ်လျက်ရှိကြောင်း လည်း ရေဘဝဲအဖွဲ့က ထုတ်ပြန်ထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
132
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
888

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းသည် စစ်အာဏာရှင်ကို အကြမ်းမဖက်သည့်နည်းဖြင့် ဆန္ဒထုတ်ဖော်ကာ တော်လှန်နေသောအဖွဲ့ဖြစ်ပြီး စစ်ကောင်စီ အစစ်အဆေးများနေသောလက်ရှိကာလ၌ပင် မြေပြင်သပိတ်များ ပြုလုပ်လျက်ရှိသည်။

အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ရေဘဝဲအဖွဲ့မှ လက်ရှိ အမျိုးသမီး ၂ ဦးအပါအဝင် အဖွဲ့ဝင် ၁၄ ဦးအထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။

You may also like these stories:

သာယာဝတီခရိုင်အတွင်း လူငယ် ၅၀ ကျော် ဖမ်းခံရပြီး ၃ ဦး အသတ်ခံရ

ရွေးကောက်ပွဲလုပ်မည်ဟု စစ်ကောင်စီ ထပ်ပြောပြန်

သတ်ကွင်း လမ်းမထက်က ရဲရဲတောက် ခြေလှမ်းများ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: စစ်ကြောရေးဆက်စပ်သူမြေပြင်သပိတ်ရန်ကုန်ရေဘဝဲအဖွဲ့အဖမ်းခံရဧည့်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

စစ်ဗိုလ်ချုပ်များ နဲ့ ခရိုနီများ အမွေခွဲယူထားတဲ့ ရန်ကုန်

စစ်ဗိုလ်ချုပ်များ နဲ့ ခရိုနီများ အမွေခွဲယူထားတဲ့ ရန်ကုန်

by ဧရာဝတီ
5 May 2025
8.8k

နအဖ စစ်အစိုးရရဲ့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာ ဦးဆောင်တဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ဟာ တရားရုံးချုပ်နဲ့ စာရင်းစစ်ရုံးချုပ် အပါအဝင် ဝန်ကြီးဌာန ၉ ခုက နိုင်ငံပိုင် စီးပွားရေး...

Next Post
လေယာဉ်လို့ပြောလိုက်တာနဲ့ ဗုံးက ကျလာပြီးသား ရှောင်ချိန်မရလိုက်ဘူး (ရုပ်သံ)

လေယာဉ်လို့ပြောလိုက်တာနဲ့ ဗုံးက ကျလာပြီးသား ရှောင်ချိန်မရလိုက်ဘူး (ရုပ်သံ)

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဘန်ကောက်တွင် ရှိ

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး ဘန်ကောက်တွင် ရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved