• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
in သတင်း
A A
မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်တွင် ပါဝင်သဖြင့် ဖမ်းခံရသူများကို စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များက ဤသို့ ဖော်ပြသည်။

15.5k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းမှု ၃ နှစ်ပြည့် အသံတိတ်သပိတ်တွင် ပါဝင်ပြီး ဆိုရှယ်မီဒီယာပေါ် ရေးသားသည်ဆိုကာ ဖေဖေါ်ဝါရီ ၁ရက် ညနေပိုင်းက ဖမ်းဆီးရာတွင် မန္တလေးမြို့မှ ၃ဦး အဖမ်းခံခဲ့ရသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်၌ ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာဘုရား ဂေါပကအဖွဲ့ဝင် ဦးကျော်စိုးဦး၊ ဦးပိန်တံတား ပေါ်တွင် အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်ခဲ့သူ အမျိုးသမီးနှင့် အသံတိတ်သပိတ်ဓာတ်ပုံများကို ဖေ့ဘွခ် လူမှု ကွန်ရက်တွင် ပြန်လည်မျှဝေခဲ့သူ ကိုကျော်စောလင်းတို့ ဖြစ်ကြောင်းဖော်ပြထားပြီး၊ မန္တလေးမြို့ခံများကမူ ဖမ်းဆီး သည့် အရေအတွက်မှာ ယခုထက်များနိုင်ပြီး သုံးဦးကိုသာ အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများနှင့် ပတ်သက် ၍ နောက်ဆက်တွဲ အခြေအနေများကို မသိရသေးကြောင်း ဆိုသည်။

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဆိုရှယ်မီဒီယာမှတဆင့် အသံတိတ်သပိတ် ပါဝင်ရန် လှုံ့ဆော်ခြင်း ၊ ကိုယ်တိုင်ပါဝင်ခြင်းနှင့် ဆိုရှယ်မီဒီယာပေါ်၌ သဘောထားမှတ်ချက် ရေးသားခြင်း တို့ကြောင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်များတွင် ဖော်ပြထားသည်။

မန္တလေးဒေသခံတဦးက “အသံတိတ်သပိတ်မှာ လှုံ့ဆော်တဲ့သူတွေ ၊ ကိုယ်တိုင်ပါဝင်တဲ့သူတွေ၊ ဆိုင်ပိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေရှိတယ်။ ပို့စ်တွေကိုရှယ် ပြီးတော့ ရေးတဲ့သူတွေကိုလည်း ဖမ်းတာတွေရှိတယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်ဖြစ်သော ယမန်နေ့က စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းမပေါ် မထွက်ဘဲ အသံတိတ်သပိတ် လှုပ်ရှားမှုများကို နိုင်ငံအနှံ့ ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့်အတွက် မန္တလေးမြို့သာမက ရန်ကုန်မြို့လည်း အသံတိတ်သပိတ်နှင့် အဖြူရောင်လှုပ်ရှားမှုများကို ဓာတ်ပုံရိုက်ကူးခဲ့သည့် လူငယ် ၃ ဦး ယမန်နေ့ ညနေ ၄ နာရီခန့်က ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်အခြေပြု စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ဆောင်နေသော ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း ကိုရေဘဝဲက ပြောသည်။

ထို့ပြင် မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် ယမန်နေ့က ဆိုင်အများစု မဖွင့်ဘဲ ပိတ်ထားခဲ့သည့်အတွက် ယင်းပိတ်ထားခဲ့သော ဆိုင်ခန်းများအား ပိတ်သိမ်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း သိရသည်။

အသံတိတ် သပိတ်တွင် ပူးပေါင်းပါဝင်ကြရန် လှုံ့ဆော်သူ၊ လူမှုကွန်ရက်တွင် ရေးသားသူများကိုပါ ဖမ်းဆီး အရေးယူရန် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ခြိမ်းခြောက်ရေးသားမှုများ ရှိကာ စစ်ကောင်စီကလည်း ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
101
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
27

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
48

စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြည်သူများက ဆန္ဒထုတ်ဖော်သည့် အသံတိတ်သပိတ်( Silent Strike) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ၁ ကြိမ်၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ၁ ကြိမ်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ၁ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၁ ကြိမ်၊ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ၁ကြိမ် စုစုပေါင်း ၅ ကြိမ် ပြုလုပ်ခဲ့သည်။

You may also like these stories:

သွေးမအေးကြောင်းပြဖို့ အသံတိတ်သပိတ်၌ ပါဝင်ရန် တက်ကြွလှုပ်ရှားသူများ တိုက်တွန်း

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ

တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်

အသံတိတ်သပိတ်လှုပ်ရှားမှုနေ့က ပိတ်ခဲ့သည့် ဆိုင်များကို အကျပ်ကိုင်နှိပ်ကွပ်နေ

ပြည်လုံးကျွတ် အသံတိတ်သပိတ်ကို ဖျက်ဆီးရန် စစ်ကောင်စီ နည်းမျိုးစုံ ကြိုးပမ်း

Your Thoughts …
Tags: ဖမ်းဆီးမန္တလေးရန်ကုန်အသံတိတ်သပိတ်အာဏာသိမ်း ၃ နှစ်ပြည့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

Next Post
၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

မြန်မာတွင် ရင်းနှီးမြုပ်နှံနေသည့် သြစတြေးလျကုမ္ပဏီများ၏ သတ္တုမိုင်း အရှုပ်တော်ပုံ

မြန်မာတွင် ရင်းနှီးမြုပ်နှံနေသည့် သြစတြေးလျကုမ္ပဏီများ၏ သတ္တုမိုင်း အရှုပ်တော်ပုံ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved