• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာတွင် ရင်းနှီးမြုပ်နှံနေသည့် သြစတြေးလျကုမ္ပဏီများ၏ သတ္တုမိုင်း အရှုပ်တော်ပုံ

by ဧရာဝတီ
3 February 2024
in ဆောင်းပါး
A A
မြန်မာတွင် ရင်းနှီးမြုပ်နှံနေသည့် သြစတြေးလျကုမ္ပဏီများ၏ သတ္တုမိုင်း အရှုပ်တော်ပုံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျောက်စိမ်းတွင်းတစ်ခုတွင် အကြီးစား စက်ကိရိယာများ/ AFP

2.2k
VIEWS
Share on FacebookShare on Twitter

မြန်မာမှ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို အားပေးသည့် အန္တရာယ် ရှိနေသော်လည်း သြစတြေးလျ စီးပွားရေး လုပ်ငန်းများသည် မြန်မာသတ္တုတွင်းကဏ္ဍတွင် ဆက်လက် လုပ်ကိုင်နေကြသောကြောင့် မစ္စတာ အယ်လ်ဘန်နိစ် အစိုးရအနေဖြင့် ထိုအလေ့အထကို ဖြိုခွဲရန် ဆက်လက် တောင်းဆိုခံနေရသည်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများသည် မြန်မာနိုင်ငံ သတ္တုတွင်းကဏ္ဍတွင် သြစတြေးလျက အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည်များကို ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ခြင်း ဖြစ်ပြီး ထိုဓနသဟာယ နိုင်ငံအနေဖြင့် ၎င်းနှင့် အနီးကပ်ဆုံး နိုင်ငံတကာ မဟာမိတ်များကဲ့သို့ စစ်ကောင်စီနှင့် ၎င်း၏ လုပ်ငန်းစုများကို ကျယ်ပြန့်သော အရေးယူပိတ်ဆို့မှု ချမှတ်ရန် တောင်းဆိုသည်။

Justice for Myanmar က ဖော်ထုတ်လိုက်သည့် ကော်ပိုရိတ်နှင့် အခြားမှတ်တမ်းများအရ သြစတြေးလျ စတော့အိတ်ချိန်း စာရင်းဝင် Australian Laboratory Services အပါအဝင် သြစတြေးလျနှင့် ပတ်သက်သည့် လုပ်ငန်းအနည်းဆုံး ၁၀ ခုတို့သည် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက်တွင်ပင် မြန်မာတွင် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေကြသည်။

“မြန်မာစစ်တပ်ဟာ သူတို့အကြမ်းဖက်စစ်ပွဲကို ရန်ပုံငွေ ထောက်ပံ့ဖို့နဲ့ စစ်ရာဇဝတ်ကောင်တွေ ချမ်းသာဖို့အတွက် မြန်မာပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုကို အကြီးအကျယ်ခိုးယူနေတဲ့ သူခိုးဂိုဏ်းလို လုပ်ကိုင်နေတယ်” ဟု Justice for Myanmar မှ ပြောခွင့်ရသူ မရတနာမောင်က ပြောသည်။

“ဒါပေမယ့် သတ္တုတွင်းကဏ္ဍမှာ အရင်အတိုင်း စီးပွားရေး ဆက်လက် လုပ်ကိုင်နေပြီး တရားမဝင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့ကာ အကျင့်ပျက်ခြစားပြီး အဖျက်စွမ်းအားကြီးတဲ့ သတ္တုတွင်းကဏ္ဍကို လည်ပတ်အောင် လုပ်ပေးနေတဲ့ သြစတြေးလျ ကုမ္ပဏီတွေ၊ အမှုဆောင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှိနေတယ်။ သြစတြေးလျ အနေနဲ့ စစ်ကောင်စီကို၊ သူတို့ စီးပွားရေးတွေနဲ့ ခရိုနီတွေကို အခု အရေးယူပိတ်ဆို့ဖို့၊ သြစတြေးလျ နိုင်ငံသားတွေ စစ်ကောင်စီကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ငွေကြေးထောက်ပံ့တာ၊ အခြား အကူအညီပေးတာတွေ ရပ်အောင်လုပ်ဖို့ လိုတယ်” ဟု ၎င်းကပြောသည်။

မြန်မာ သတ္တုတွင်းကဏ္ဍတွင် ဆက်လက် လုပ်ကိုင်နေသည့် သြစတြေးလျ ကုမ္ပဏီများ၏ ကျယ်ပြန့်သော ကွန်ရက်တခုကို “လူသားမျိုးနွယ်ကို ဆန့်ကျင်သော သတ္တုမိုင်းများ” (Mines against humanity) အမည်ရှိ အစီရင်ခံစာတွင် ဖော်ထုတ်လိုက်သည်။

မြန်မာမှ လက်ရှိ စစ်အုပ်ချုပ်ရေးအောက်တွင် ကုမ္ပဏီမှတ်ပုံတင်နှင့် စာရွက်စာတမ်းများကို ကြည့်ရှုမှု ကန့်သတ်ထားသည်။ သို့သော် ကုမ္ပဏီနှစ်ပတ်လည် အစီရင်ခံစာများ၊ ပေါက်ကြားလာသော အခွန်စာရင်း တင်သွင်းမှုများ၊ စစ်ကောင်စီ ဝန်ကြီးဌာနများမှ ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် အများပြည်သူ ရရှိနိုင်သည့် အချက်အလက်များကို မွှေနှောက်ရှာဖွေပြီးနောက် Justice for Myanmar သည် ဆိုးရွားလှသော မြန်မာ သတ္တုတွင်းကဏ္ဍတွင် ဆက်လက် လုပ်ကိုင်နေသည့် သြစတြေးလျ ကုမ္ပဏီများ၏ ကျယ်ပြန့်သော ကွန်ရက်တခုကို “လူသားမျိုးနွယ်ကို ဆန့်ကျင်သော သတ္တုမိုင်းများ” (Mines against humanity) အမည်ရှိ အစီရင်ခံစာတွင် ဖော်ထုတ်လိုက်သည်။

မြန်မာသည် သမိုင်းကြောင့် နိုင်ငံတကာ စီးပွားရေးနယ်ပယ်တွင် မကြာခဏ အပယ်ခံ ဖြစ်ရသည်။ သို့သော် မြန်မာသည် စီးပွားရေး အလားအလာ ကောင်းသည့် နိုင်ငံလည်း ဖြစ်နေသည်။

ကြေးနီ၊ ရွှေ၊ ခဲ၊ သွပ်၊ ငွေ၊ ကျောက်မီးသွေးနှင့် ကျောက်မျက်ရတနာများဖြစ်သည့် ကျောက်စိမ်းနှင့် ပတ္တမြား အပါအဝင် ကမ္ဘာ့အဆင့်မီ တွင်းထွက်သတ္တုများကို ထိထိရောက်ရောက် မတူးဖော်ရသေးသောကြောင့် မြန်မာသည် နိုင်ငံတကာ တူးဖော်ရှာဖွေသူများအတွက် အထူးကောင်းမွန်သော နေရာဖြစ်နေသည်။

ဖေဖော်ဝါရီလအတွင်း ကင်ဘာရာတွင် မြန်မာစစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်စဉ်

၂၅ နှစ်အတွင်း အမှန်တကယ် ယှဉ်ပြိုင်မှုရှိသည့် ပထမဆုံး ရွေးကောက်ပွဲဖြစ်သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် အစိုးရက ရှာဖွေ တူးဖော်ခွင့် ကန့်သတ်ချက်များကို ဖြည်လျှော့လိုက်သောအခါ သြစတြေးလျ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် အင်ဒရူး ဖေါ့ကနာတို့သည် မြန်မာမှ လွန်စွားကြီးမားသည့် သတ္တုတူးဖော်ရေး အလားအလာကို ဖော်ထုတ်ရန် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ကြသည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလသို့ ရောက်သောအခါ မြန်မာမှ သြစတြေးလျ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာ့ထိပ်တန်း ဖြစ်လာသည်။ နိုင်ငံတကာ လုပ်ပိုင်ခွင့်ပြုချက်များ၏ ၃၉ ရာခိုင်နှုန်း သို့မဟုတ် ၁၁ ခုသည် သြစတြေးလျအတွက် ဖြစ်ပြီး တရုတ် (၃၆ ရာခိုင်နှုန်း)၊ ထိုင်း (၁၁ ရာခိုင်နှုန်း)၊ ဂျပန် (၇ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၄ ရာခိုင်နှုန်း) နှင့် ဗြိတိန် (၃ ရာခိုင်နှုန်း) တို့ထက် သာလွန်သွားသည်။

လုပ်ကိုင်ခွင့် လိုင်စင်ချပေးခံရသော ကုမ္ပဏီများအနက်တခုမှ သြစတြေးလျတွင် ထူထောင်ထားသည့် ဘရစ်စဘိန်း အခြေစိုက် ကြေးနီနှင့်ရွှေ သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီ PanAust ဖြစ်သည်။

၎င်း၏ ၂၀၂၁ ခုနှစ် စီးပွားရေး သုံးသပ်ချက်နှင့် ရေရှည်တည်တံ့ရေး အစီရင်ခံစာတွင် PanAust က ၎င်းတို့သည် မြန်မာတွင် အာဏာသိမ်းမှုဖြစ်ပြီးနောက် သတ္တုရှာဖွေသည့် လုပ်ငန်းများ ရပ်ဆိုင်းထားသည်ဟု ဖော်ပြထားသော်လည်း ထိုကုမ္ပဏီသည် အဆောက်အအုံဆိုင်ရာ လိုင်စင် ဆက်လက်ထိန်းသိမ်းခြင်း၊ အခွန်ပေးရန် တာဝန်များနှင့် စီမံအုပ်ချုပ်မှု အခကြေးငွေများ အပါအဝင် ဥပဒေအရ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ဆက်လက် လုပ်ဆောင်နေသည်။

ထိုကုမ္ပဏီ၏ ဝင်ငွေခွန် တင်သွင်းမှုအရ PanAust က ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ဝန်းသို သယံဇာတ ကုမ္ပဏီ လီမိတက်သည် စစ်ကောင်စီသို့ ပုံသေမြေငှားခ အမေရိကန်ဒေါ်လာ ၂၈၇,၀၀၀ ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ အထိနှင့် ၂၀၂၂ ခုနှစ်၊ မတ်လအထိ အမေရိကန် ဒေါ်လာ ၁၅၀,၀၀၀ ပေးခဲ့ကြောင်း သိရသည်။

“ထိုငွေများသည် စစ်ကောင်စီထံ ရောက်သွားပြီး ၎င်းတို့ရရှိသည့် မည်သည့် ဝင်ငွေမဆိုကို မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများတွင် အသုံးပြုနိုင်သည်” ဟု Justice for Myanmar က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြသည်။ “ထိုကဲ့သို့သော ငွေပေးချေမှုများသည် တရားမဝင် မြန်မာစစ်ကောင်စီကို တရားဝင်မှုလည်း ပေးနိုင်သည်” ဟု ထိုအစီရင်ခံစာက ဆက်လက်ဖော်ပြသည်။

PanAust က “PanAust သည် မြန်မာမှ ထွက်ခွာရန် ဆုံးဖြတ်ပြီး လုပ်ငန်းများ ရုတ်သိမ်းသည့် အဆင့်တွင် ရှိသည်။ ထိုလုပ်ငန်းသည် လပေါင်းများစွာ ကြာမည်ဟု မျှော်လင့်ရသည်။ ထိုကာလအတွင်း မိမိတို့ အဓိကထားသည့် အရာမှာ မြန်မာမှ မိမိတို့လူများ၏ ဘေးကင်းလုံခြုံရေးနှင့် ဘဝသာယာစိုပြေရေးကို ဆက်လက် အာမခံရန်သာ ဖြစ်သည်” ဟု ပြောသည်။

Australian Laboratory Services ၏ မြန်မာတွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းခွဲ ALS Testing Services Company သည် မြန်မာတွင် အာဏာသိမ်းရန် ကြိုးစားမှု နောက်ပိုင်းတွင်ပင် မြန်မာအခြေစိုက် Access Asia Mining နှင့် စစ်ကောင်စီထိန်းချုပ် တက္ကသိုလ် နှစ်ခုသို့ နမူနာစစ်ဆေးပေးသည့် ဝန်ဆောင်မှုများ ပေးနေကြောင်း Justice for Myanmar သို့ ပေါက်ကြားလာသည့် ၎င်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။

Australian Laboratory Services ၏ မြန်မာတွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းခွဲ ALS Testing Services Company သည် မြန်မာတွင် အာဏာသိမ်းရန် ကြိုးစားမှု နောက်ပိုင်းတွင်ပင် မြန်မာအခြေစိုက် Access Asia Mining နှင့် စစ်ကောင်စီထိန်းချုပ် တက္ကသိုလ် နှစ်ခုသို့ နမူနာစစ်ဆေးပေးသည့် ဝန်ဆောင်မှုများ ပေးနေကြောင်း Justice for Myanmar သို့ ပေါက်ကြားလာသည့် ၎င်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် အထက်ပါတက္ကသိုလ် နှစ်ခုနှင့် စီးပွားရေးလုပ်ရန် ကုမ္ပဏီများကို အားမပေးရေး ၎င်းတို့ကို ကန့်သတ်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည်။

၎င်းတို့နှင့် ဆက်ဆံသောသူများအနက် မည်သူမှ အရေးယူပိတ်ဆို့ခံထားရခြင်း မရှိကြောင်း၊ ဥပဒေများကို အလေးအနက် လိုက်နာရန် တာဝန်ကို အရေးထားကြောင်း ALS က ကြေညာချက်တစောင်တွင် ဖော်ပြသည်။ “ထိုတာဝန်များကို ဆက်လက် ဖြည့်ဆည်းသည့် လုပ်ငန်းစဉ် အစိတ်အပိုင်းအဖြစ် မိမိတို့သည် မြန်မာအပါအဝင် အရေးယူပိတ်ဆို့ခံရသော နိုင်ငံများမှ ဖောက်သည်များကို စစ်ဆေးစောင့်ကြည့်ရန် လုံလောက်သော လုံလစိုက်ထုတ်သည့် လုပ်ငန်းစဉ်ကို ကျင့်သုံးသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာတွင် လုပ်ကိုင်နေသည့် အခြားကုမ္ပဏီများတွင် ကမ္ဘာ့အတိုင်ပင်ခံလုပ်ငန်း Knight Piesold ၏ သြစတြေးလျ လုပ်ငန်းခွဲလည်း ပါဝင်သည်။ ထိုလုပ်ငန်းသည် တရုတ်ပိုင် ဝမ်ပေါင် ကြေးနီသတ္တုတွင်းများအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ဝမ်ပေါင်သည် သြစတြေးလျနိုင်ငံက လွန်ခဲ့သောနှစ်တွင် အရေးယူပိတ်ဆို့ခဲ့သည့် လုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေသည်။

Knight Piesold မှ မန်နေဂျင်းဒါရိုက်တာ ဒေးဗစ် မော်ဂန်က သတ္တုတွင်း ကုမ္ပဏီများနှင့် ၎င်းတို့လုပ်ငန်းများမှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများကို အကဲဖြတ်ရန် ပြင်ဆင်ပေးခြင်းသာဖြစ်ကြောင်း Justice for Myanmar သို့ ပြောသည်။

“သတ္တုတူးဖော်ခြင်းနှင့် မြေမှ တွင်းထွက်ထုတ်ယူသည့် လုပ်ငန်းများသည် မိမိတို့လုပ်ငန်းနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အခါကမှ ပါဝင်ပတ်သက်ခြင်း မရှိပေ” ဟု ၎င်းကပြောသည်။ Sydney Morning Herald မှ မေးမြန်းစုံစမ်းမှုများကိုမူ ထိုကုမ္ပဏီက အကြောင်း ပြန်ကြားခြင်း မရှိပေ။

သြစတြေးလျတွင် မှတ်ပုံတင်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့် အစောဆုံးရသည့် နိုင်ငံခြား ကုမ္ပဏီတခုဖြစ်သော Cornerstone Resources သည် ရှမ်းပြည်နယ်တွင် ဆက်လက်ပြီး ဇင့်သတ္တု တူးဖော်သန့်စင် ထုတ်လုပ်နေသည်။ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင်လည်း ထိုလုပ်ငန်းသည် စစ်တပ်လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် ဆက်လက် ကုန်သွယ်သည်ဟု Justice for Myanmar က ရရှိခဲ့သော ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။

Access Asia Mining သည် စင်ကာပူတွင် မှတ်ပုံတင်ထားသော်လည်း သြစတြေးလျ ရှယ်ယာရှင်များ ပါဝင်နေပြီး ၎င်းတို့ အပြည့်အဝ ပိုင်ဆိုင်ကာ မြန်မာတွင် တည်ထောင်ထားသည့် Access Resources Asia သည် စစ်ကောင်စီအဆင့်မြင့် အရာရှိများနှင့် ဆက်သွယ်ကာ ဆက်လက် ရှာဖွေတူးဖော်ပြီး လုပ်ငန်းများကို တိုးချဲ့နေသည်။

စစ်ကောင်စီ၏ ရှမ်းပြည်နယ် သဘာဝ သယံဇာတဝန်ကြီးက Access Resources Asia ၏ စမ်းသပ်တူးဖော်မှု လုပ်ငန်းများကို ၂၀၂၂ ခုနှစ်၊ မေလတွင် စစ်ဆေးသည့် သတင်းကို စစ်ကောင်စီ လိုလားသော မီဒီယာ ဝက်ဆိုက်ဘ်တခုတွင် ဖော်ပြထားကြောင်း၊ Access Resources Asia သည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် မြန်မာမှ ဝန်ဆောင်မှုများ ဝယ်ယူကြောင်း ပေါက်ကြားစာရွက်စာတမ်းများကို ကိုးကားပြီး Justice for Myanmar က ဖော်ပြသည်။

ထိုကုမ္ပဏီနှင့် စစ်ကောင်စီခန့် ထိုဝန်ကြီး တွေ့ဆုံမှုသည် စစ်တပ်ကို တရားဝင်စေပြီး အရေးယူပိတ်ဆို့မှုများကို အင်အားချိနဲ့စေကြောင်းနှင့် ထုတ်လုပ်မှု စတင်ပါက စစ်ကောင်စီထံသို့ ဝင်ငွေများရောက်သွားမည့် အန္တရာယ်ကို ကျရောက်စေကြောင်း ၎င်းတို့၏ အစီရင်ခံစာတွင် Justice for Myanmar က ဖော်ပြသည်။

မစ္စတာ အယ်လ်ဘန်နိစ် အစိုးရသည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နှင့် စစ်ကောင်စီအဖွဲ့ဝင် ၁၆ ဦးကို လွန်ခဲ့သောနှစ်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှ နိုင်ငံပိုင်လုပ်ငန်းများဖြစ်သော အမှတ် ၁ နှင့် အမှတ် ၂ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ပိတ်ဆို့အရေးယူရန် ဖိအားကို ခုခံနေသည်။

မြန်မာမှ သြစတြေးလျ စီးပွားရေးအတိုင်းအတာကို မီးမောင်းထိုးပြပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက သြစတြေးလျအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ နောက်ထပ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။

မြန်မာမှ သြစတြေးလျ စီးပွားရေးအတိုင်းအတာကို မီးမောင်းထိုးပြပြီး ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများက သြစတြေးလျအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကဲ့သို့ နောက်ထပ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် တောင်းဆိုနေသည်။

“သတ္တုတူးဖော်ရေး လုပ်ငန်းမှာ သြစတြေးလျ လှုပ်ရှားမှု အတိုင်းအတာကြောင့် တုန်လှုပ်မိတယ်” ဟု မြန်မာစီးပွားရေးနှင့် စီးပွားရေးတိုးတက်မှုအကြောင်း အတွေ့အကြုံ နှစ် ၂၀ ရှိသော ကာတင်တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါ်ထွေထွေးသိန်းက ပြောသည်။

“သတ္တုတူးဖော်ရေး လုပ်ငန်းတွေကိုသာ သြစတြေးလျက အရေးယူ ပိတ်ဆို့ခဲ့မယ်ဆိုရင် ဒါမျိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ဘူး။ အရေးယူပိတ်ဆို့မှုတွေဟာ စစ်ကောင်စီ လုပ်နေတာတွေကို ငါတို့ သဘောမတူဘူးဆိုတဲ့ သတင်းစကားပေးတယ်” ဟု ၎င်းကပြောသည်။

“ဒီ (စစ်ကောင်စီ) အဖွဲ့အစည်းတွေကို သြစတြေးလျက အရေးယူပိတ်ဆို့မှု မလုပ်တော့ သူတို့နဲ့ အလုပ်လုပ်တဲ့ သြစတြေးလျ စီးပွားရေးလုပ်ငန်းတွေဟာ တရားဥပဒေ ချိုးဖောက်ရာမ‌ရောက်ဘူး။ ဒါပေမယ့် ကုမ္ပဏီတွေမှာ သူတို့ သီးခြား ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး ကတိကဝတ်တွေ၊ အလုပ်သမားနဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေတွေ ရှိတယ်။ သူတို့အနေနဲ့ သူတို့ဟာ နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှု ခံနေရတဲ့ အကြမ်းဖက် စစ်တပ်အောက်က နိုင်ငံတနိုင်ငံမှာ လုပ်ကိုင်နေတယ် ဆိုတာကို သိသင့်တယ်” ဟုလည်း တွဲဖက်ပါမောက္ခ ဒေါ်ထွေထွေးသိန်းက ဆက်ပြောသည်။

သတ္တုတူးဖော်ရေး ကုမ္ပဏီများသည် စစ်ကောင်စီကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ငွေကြေးထောက်ပံ့ခြင်း မရှိဘဲ စီးပွားရေး မလုပ်နိုင်ကြောင်း၊ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီသည် ၎င်းတို့တပ်များအတွက် နိုင်ငံခြားငွေဖြင့် ပေးချေရန် အခက်အခဲဖြစ်နေသောကြောင့် သတ္တုတူးဖော်ရေးကဏ္ဍကို အကြီးအကျယ် မှီခိုနေရကြောင်းလည်း ၎င်းက ရှင်းပြသည်။

သြစတြေးလျ ရေနံလုပ်ငန်းကြီး Woodside သည် အာဏာသိမ်းမှု ဖြစ်ပြီးနောက်တွင် TotalEnergies နှင့် Chevron တို့ကဲ့သို့ပင် မြန်မာမှ တရားဝင် ထွက်ခွာရန် လွန်ခဲ့သောနှစ်က ဆုံးဖြတ်ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပြုလုပ်ထားသည့် လက်ကျန် ရေနံရှာဖွေလုပ်ကိုင်ခွင့်များ ကန်ထရိုက်များမှ ထွက်လိုက်သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှု ၄,၂၀၀ ကျော် ပြုလုပ်ပြီး လူပေါင်း ၄၅,၀၀၀ ကျော်ကို သတ်ဖြတ်ကာ လူပေါင်း ၂၀,၀၀၀ ကျော်ကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးထားသည်။

Australia-Myanmar Chamber of Commerce သည် Austrade နှင့် ဩစတြေးလျ အစိုးရ တို့၏ ပံ့ပိုးမှုဖြင့် ဩစတြေးလျ ကုမ္ပဏီများ၏ အဖွဲ့တစ်ဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေနှင့် စည်းမျဉ်းများ ပြန်လည်သုံးသပ်ရာတွင် ကူညီပေးရန် ဦးဆောင်ခဲ့သည်။

မြန်မာသည် သြစတြေးလျနိုင်ငံ၏ Transparency International Australia နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အညွှန်းကိန်းတွင် ၂၃/၁၀၀ အဆင့်တွင် ရှိသောကြောင့် သြစတြေးလျနှင့် ပတ်သက်သည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများအတွက် “အလွန်အန္တရာယ်များသောနေရာ” ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ကလန်စီ မိုးက ပြောသည်။

ကုမ္ပဏီငယ်များသည်လည်း အလားတူလုပ်မည်ဟု မျှော်လင့်ကြောင်း Myanmar Campaign Network မှ လှုံ့ဆော်လှုပ်ရှားရေး မန်နေဂျာ တက်စနီး ရော့ခ်က မျှော်လင့်နေသည်။

“အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကြောင့် မြန်မာမှာ တာဝန်သိတဲ့ စီးပွားရေးကျင့်ဝတ်ရှိဖို့ မဖြစ်နိုင်ဘူး။ သြစတြေးလျ အနေနဲ့ လုံလောက်တဲ့ အရေးယူပိတ်ဆို့မှု မထုတ်ပြန်သေးဘူး။ ဒါကြောင့်မို့ ကုမ္ပဏီတွေ စစ်ကောင်စီကို လွတ်လွတ်လပ်လပ် ထောက်ကူနိုင်ပြီး ကျနော်တို့က အရေးယူ ပိတ်ဆို့မှု နှေးကွေးတဲ့အတွက် လုပ်ငန်းတွေ ဆက်လုပ်နိုင်ကြတယ်”

“အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတာကြောင့် မြန်မာမှာ တာဝန်သိတဲ့ စီးပွားရေးကျင့်ဝတ်ရှိဖို့ မဖြစ်နိုင်ဘူး။ သြစတြေးလျ အနေနဲ့ လုံလောက်တဲ့ အရေးယူပိတ်ဆို့မှု မထုတ်ပြန်သေးဘူး။ ဒါကြောင့်မို့ ကုမ္ပဏီတွေ စစ်ကောင်စီကို လွတ်လွတ်လပ်လပ် ထောက်ကူနိုင်ပြီး ကျနော်တို့က အရေးယူ ပိတ်ဆို့မှု နှေးကွေးတဲ့အတွက် လုပ်ငန်းတွေ ဆက်လုပ်နိုင်ကြတယ်” ဟုလည်း ရော့ခ်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး မစ္စ ပန်နီဝေါင်း၏ ရုံးကိုယ်စား ပြန်လည်ဖြေကြားရာတွင် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက နိုင်ငံတကာတွင် လုပ်ကိုင်နေသည့် သြစတြေးလျ စီးပွားရေးလုပ်ငန်း အားလုံးသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်ရာတွင်နှင့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များတွင် လူ့အခွင့်အရေး လေးစားလိုက်နာရန် တာဝန်ရှိကြောင်း ပြောသည်။

“သြစတြေးလျဟာ အသစ်ဝင်ရောက်လာသူတွေအတွက် ဈေးကွက်အဖြစ် မြန်မာကို အားမပေးဘဲ လက်ရှိ ရင်းနှီးမြှုပ်နှံသူ မည်သူ့ကိုမဆို သြစတြေးလျဥပဒေအရ သူတို့ တာဝန်ဝတ္တရားတွေကို အမြဲတမ်း သတိပေးနေတယ်” ဟု ထိုပြောခွင့်ရသူက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3k
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
166
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
527

“မြန်မာစစ်ကောင်စီက ဆက်လက် ကျူးလွန်နေတဲ့ ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတွေကို သြစတြေးလျအစိုးရက ပြင်းထန်စွာ ရှုတ်ချတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များရဲ့ အားထုတ်မှုကို သြစတြေးလျက ထောက်ခံတယ်။ အရပ်သားတွေကို အကြမ်းဖက်မှု ရပ်ဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီး မရှိ ပေးခွင့်ပြုဖို့ စစ်ကောင်စီကို ကျနော်တို့ တိုက်တွန်းတယ်” ဟုလည်း ၎င်းကပြောသည်။

မြန်မာမှ သြစတြေးလျ ရင်းနှီးမြှုပ်နှံမှုများ၏ သဘောသဘာဝနှင့် သက်ရောက်မှုကို နားလည်ရန် သြစတြေးလျအစိုးရက မလုပ်ဆောင်ပါက အလွန် စိုးရိမ်စရာကောင်းကြောင်း အတိုက်အခံဘက်မှ နိုင်ငံခြားရေးရာပြောခွင့်ရသူ မစ္စတာ ဆိုင်မွန် ဘာမင်ဂမ် ပြောသည်။

“မြန်မာပြည်သူတွေကို အကြီးအကျယ် ထိခိုက်နစ်နာစေတဲ့ စစ်ကောင်စီကို ဆက်လက် ဖိအားပေးဖို့ အရေးကြီးတယ်” ဟု မစ္စတာ ဘာမင်ဂမ်က ပြောသည်။ “သြစတြေးလျအနေနဲ့ ဒေသတွင်း မိတ်ဆွေတွေနဲ့ မြန်မာနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေ အပါအဝင် မိတ်ဆွေတွေ မြန်မာပြည်သူတွေကို ထောက်ခံဖို့ အလားတူ ယုံကြည်ချက်၊ မူတွေနဲ့ လုပ်ဆောင်ဖို့ တိုက်တွန်းနေသင့်တယ်” ဟုလည်း ၎င်းကပြောသည်။

(Sydney Morning Herald ပါ Sumeyya Ilanbey နှင့် Nick McKenzie တို့၏ ‘Mines against humanity’: The scale of Australian investment in Myanmar revealed ကို ဘာသာပြန်သည်။)

You may also like these stories:

သြစတြေးလျက မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့

CDM စစ်သည်တွေကို သြစတြေးလျက ခိုလှုံခွင့်ပေးမှု တပ်တွင်းဂယက်ရိုက် (ရုပ်/သံ)

မြန်မာနဲ့ စစ်ရေးပူးဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း

သြစတြေးလျ ပညာတော်သင် မြန်မာကျောင်းသားများကို စစ်ကောင်စီသံရုံး စာပို့ ခြိမ်းခြောက်

Your Thoughts …
Tags: Justice for MyanmarNUGSliderစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေးဦးပိုင် လီမိတက်ဒေါ်အောင်ဆန်းစုကြည်မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရင်းနှီးမြှုပ်နှံမှုရေနံနှင့် သဘာဝဓာတ်ငွေ့လူ့အခွင့်အရေးလေကြောင်းတိုက်ခိုက်မှုသတ္တုတွင်းလုပ်ငန်းသဘာဝပတ်ဝန်းကျင်သဘာဝသယံဇာတအမျိုးသားညီညွတ်ရေးအစိုးရအရေးယူပိတ်ဆို့မှုအာဆီယံဩစ‌တြေးလျ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved