ဌာနဆိုင်ရာ အသီးသီးက အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ဝန်ထမ်းတွေ အပါအဝင် အာဏာသိမ်းမှု ကြောင့် မိမိနေရပ်မှာ နေထိုင်ဖို့ လုံခြုံမှု မရှိသူတွေကို နိုင်ငံအသီးသီးက ခိုလှုံခွင့်ပေးနေပေမယ့်၊ လက်နက်ကိုင် အဖွဲ့အစည်းကဖြစ်တဲ့ CDM စစ်သည်အရာရှိနဲ့ ရဲဝန်ထမ်းတွေကိုတော့ သြစတြေးလျနိုင်ငံ အစိုးရက ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ နိုင်ငံရေးခိုလှုံခွင့် လက်ခံခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေကို မလိုလားတဲ့ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ ၃ ဦး အပါအဝင် စစ်သည်၊ အရာရှိ ခန့်မှန်းခြေ ၃,၀၀၀ ဝန်းကျင်နဲ့ ရဲတပ်ဖွဲ့ဝင် (၇ ထောင်) နီးပါးဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားကြပါတယ်။
CDM ပြုလုပ်ပြီး ဥရောပနိုင်ငံတွေမှာ ခိုလှုံခွင့် လျောက်ထားလိုသူတွေ အနေနဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နယ်စပ်တွေကို ထွက်ခွာလာရမှာဖြစ်ပြီး၊ လျှောက်ထားသူတွေဟာ ဗီဇာရရှိရေးအတွက် အများပြည်သူ အကျိုးစီးပွားဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ပြည့်မီဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup