• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
in ဆောင်းပါး
A A
ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

-

13.6k
VIEWS
Share on FacebookShare on Twitter

တိုက်ဂါးဝုဒ် (Tiger Woods) ဖြစ်စရာ မလိုပါ။

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

ဂျပန်နိုင်ငံ၏ ဂေါက်ကွင်းများက နိုင်ငံတကာတွင် အဆင့်အတန်း ရှိပြီး ဈေးလည်း ကြီးသည်။

သူဌေးကြီး ဦးအောင်ကိုဝင်း (ဆရာကျောင်း ဟုလည်း လူသိများ) နှင့် သူ၏ လက်စွဲတော် တပည့်ကျော် ဦးမိုးဆန်းအောင် ကတော့ ဧပြီလက တိုကျိုမှာ ဂေါက်သွားရိုက်ကာ အပန်း ဖြေခဲ့ကြသည်။

စစ်တပ်က အာဏာသိမ်းခြင်း ၃ နှစ်ကျော်လာပြီးနောက် မြန်မာနိုင်ငံ၏ ထိပ်တန်း ခရိုနီသူဌေးကြီး ဦးအောင်ကိုဝင်းမှာ အများပြည်သူ မြင်ကွင်းသို့ ပေါ်ထွက်လာခဲ့သည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ခရိုနီသူဌေးကြီးများ အား လူမြင်ကွင်းတွင် မတွေ့ရတော့ပေ။ ဦးအာင်ကိုဝင်း သည်လည်း သူနေထိုင်ရာ ရှမ်းပြည် အောင်ပန်းမြို့ ခြံဝန်း ကြီးထဲတွင်သာ နေထိုင်ခဲ့သည်။

ဧပြီလ ၂၅ ရက်က Roger Moe အကောင့်မှာ တွေ့ရသည့် ဂျပန်က ဂေါက်ကွင်း တကွင်းမှာ ဂျပန် မိတ်ဆွေများ နှင့် ဦးအောင်ကိုဝင်း၊ ဦးမိုးဆန်းအောင်တို့ ပုံ / (Roger Moe facebook)

သူ့ကို တွေ့ချင်သော ခရိုနီ သူဌေးများသည်ပင် အောင်ပန်းမြို့သို့ သွားရောက် တွေ့ဆုံကြရသည်။

အာဏာ မသိမ်းခင်က ခရိုနီကြီးများသည် စင်္ကာပူ၊ ထိုင်း၊ မလေးရှား နှင့် မကာအို နိုင်ငံများသို့ မကြာခဏ သွားရောက်ကာ ဂေါက်ရိုက်ခြင်း၊ ကာစီနို ကစားခြင်းများ ပြုလုပ်လေ့ရှိသည်။

တချို့သောသူများမှာ ဥရောပနိုင်ငံများနှင့် အမေရိကသို့ သွားရောက် လည်ပတ်ကြပြီး ခရီးစဉ် ဓာတ်ပုံများအား အာဏာ မသိမ်းခင်ကတော့ သူတို့၏ လူမှုကွန်ရက်များနှင့် သူတို့နှင့် လိုက်ပါသွားသူများ၏ လူမူ့ကွန်ရက်များတွင် တင်လေ့ ရှိကြသည်။

အမေရိကားသို့ လေယာဉ် စင်းလုံး ငှားပြီး သွားလည်ကြသည်။ သားသမီးတွေရဲ့ ဘွဲ့ယူပွဲတွေ သွားတက်ကြသည်။

ဂျပန်နိုင်ငံ ထိပ်တန်း ဈေးအကြီးဆုံး ဂေါက်ကွင်း တကွင်း ဖြစ်သည့် Tokyo Golf Club ဂေါက်ကွင်း / (Roger Moe facebook)

ထို့ပြင် မြန်မာနိုင်ငံအတွင်း ခရီးစဉ်များတွင်လည်း သူတို့၏ လှုပ်ရှား ဓာတ်ပုံများ တင်လေ့ရှိကြသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း ခရိုနီများမှာ လူမူ့ကွန်ရက်မှ ပျောက်သွားကြသည်။

နဝတ ခေတ်ကကဲ့သို့ စစ်ခေါင်းဆောင်များ၏ ခရီးစဉ်များတွင် လိုက်ပါသွားသော ခရိုနီများ၏ ဓာတ်ပုံများအား စစ်ကောင်စီ ထိန်းချုပ်ထားသည့် မီဒီယာများတွင် မတွေ့ရတော့ပေ။

စစ်ကောင်စီ ပြုလုပ်သော အလှူပွဲများတွင်တော့ သူတို့၏ ဓာတ်ပုံတွေ မပါမဖြစ် ပါရသည်။

ထိုကဲ့သို့ လူမြင်ကွင်းမှ ပျောက်နေသည့် ခရိုနီများထဲတွင် KBZ ကုမ္ပဏီအုပ်စု အကြီးအကဲ ဦးအောင်ကိုဝင်းလည်း ပါဝင်သည်။

ဧပြီလ ၂၅ ရက်က Roger Moe အကောင့်မှာ တွေ့ရသည့် ဂျပန်က ဂေါက်ကွင်း တကွင်းမှာ ဦးအောင်ကိုဝင်း၊ ဦးမိုးဆန်းအောင်တို့ ပုံ / (Roger Moe facebook)

“ကံကောင်းကြသူများ ဖြစ်ပါသည်။ လေးစား အားကျ ဂုဏ်ယူပါသည်။ Boss ရေ သာသာယာယာ အေးအေးချမ်းချမ်းလေး ကောင်းလိုက်တာ Grate”

ဦးအောင်ကိုဝင်း သည်လည်း စစ်တပ် အဏာသိမ်းသည့် အချိန်မှစ၍ ၃ နှစ်လုံးလုံး လူမှုကွန်ရက်များတွင် သူ၏ လှုပ်ရှားမှု ဓာတ်ပုံများ မတွေ့ရတော့ပေ။

နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့ ညစာစားပွဲများသို့ ဦးအောင်ကိုဝင်း တက်ရောက်ခဲ့သော်လည်း သူ၏ ဓာတ်ပုံအား စစ်ကောင်စီ မီဒီယာများတွင် မတွေ့ရပေ။

ဂျပန် ခရီးစဉ်

ပြီးခဲ့သည့် မတ်လဆန်းက စလို့ KBZ ဘဏ် အကြီးအကဲ ဦးအောင်ကိုဝင်း ၆ ရက်အတွင်း နိုင်ငံ ၈ နိုင်ငံသို့ လှည့်ပတ် ဂေါက်ရိုက်သည့် ဓာတ်ပုံများ လူမှုကွန်ရက်များတွင် ပျံ့နှံ့ လာခဲ့သည်။

Fuji တောင်ခြေက Fujizakura country club ဂေါက်ကွင်းမှာ ဦးအောင်ကိုဝင်း (အလယ်)၊ ဦးမိုးဆန်းအောင် (ဘယ်) နှင့် ဂျပန် မိတ်ဆွေ တဦးကို တွေ့ရစဉ် / (Roger Moe facebook)

ဦးအောင်ကိုဝင်းနှင့် KBZ ကုမ္ပဏီ အုပ်စုတွင် အုပ်ချုပ်မှု ဒါရိုက်တာ လုပ်ခဲ့သော ဦးမိုးဆန်းအောင် တို့မှာ မတ်လ ၄ ရက်နေ့မှ စ၍ မတ်လ ၉ ရက်နေ့အတွင်း တရုတ်၊ မကာအို၊ မလေးရှား၊ စင်္ကာပူ၊ ဟောင်ကောင် နှင့် ထိုင်းနိုင်ငံ တို့ရှိ နာမည်ကြီး ဂေါက်ကွင်းများတွင် ဂေါက်သွားကစားသည့် ပုံများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။

ဦးမိုးဆန်းအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၇ (DSA-27) ကျောင်းဆင်းတဦး ဖြစ်ပြီး နဝတ ခေတ်၌ ဗိုလ်မှူး အဆင့်ဖြင့် စစ်ထောက်လှမ်းရေးတွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

စစ်ထောက်လှမ်းရေးအား ဖျက်သိမ်းချိန်တွင် ဦးမိုးဆန်းအောင်မှာ ဖမ်းဆီးမခံရဘဲ ဦးအောင်ကိုဝင်း ကုမ္ပဏီတွင် အလုပ် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး The Kanbawza Group of Companies ၏ အုပ်ချုပ်မှု ဒါရိုက်တာ (MD) အထိဖြစ်လာခဲ့သည်။

ဧပြီ လကုန်ပိုင်းတွင်လည်း ဦးအောင်ကိုဝင်းသည် ဂျပန်နိုင်ငံ Tokyo ၊ Osaka ၊ Hakodate ၊ Sapporo နှင့် Otsu မြို့များသို့ သွားရောက်ကာ ဂေါက်ရိုက်ခဲ့သည့် ဓာတ်ပုံများသည်လည်း လူမှုကွန်ရက် စာမျက်နှာတွင် ပေါ်ထွက် လာခဲ့သည်။

Tokyo မြို့က Luxury ဟိုတယ် Hotel Okura ရှေ့တွင် တွေ့ရသည့် ဦးအောင်ကိုဝင်းနှင့် ဦးမိုးဆန်းအောင် / (Roger Moe facebook)

ထို့ပြင် KBZ ဘဏ် အကြီးအကဲ ဦးအောင်ကိုဝင်းနှင့် ဦးမိုးဆန်းအောင် တို့သည် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းအား ရဟတ်ယာဉ် စီး၍ လိုက်လံ ကြည်ရှူခဲ့ကြသည်။

Roger Moe ဆိုရှယ် မီဒီယာ နှင့် ခရိုနီ သူဌေးကြီး ဦးအောင်ကိုဝင်း

ဆိုရှယ် မီဒီယာပေါ်၌ ၆ ရက်အတွင်း နိုင်ငံ ၅ နိုင်ငံသို့ လှည့်လည် ဂေါက်ရိုက်နေသည့် ပုံများကိုမြင်ရသော မြန်မာ ခရိုနီများကြား အံ့သြစရာ ဖြစ်ခဲ့ကြသည့် အသံများလည်း ထွက်လာခဲ့သည်။

ဧပြီလ ၂၅ ရက်က Roger Moe အကောင့်မှာ တွေ့ရသည့် ဂျပန်က ဂေါက်ကွင်း တကွင်းမှာ ဦးအောင်ကိုဝင်း နှင့် ကိုယ်ရံတော် တချို့ / (Roger Moe facebook)

ဦးမိုးဆန်းအောင်၏ ဆိုရှယ် မီဒီယာ Roger Moe အကောင့်၌…

“နာယကကြီးကလည်း ၂၀၁၇ ကတည်းက အငြိမ်းစား ယူထားပြီး ကျနော်ကလည်း ၂၀၁၉ အောက်တိုဘာ ကတည်းက အငြိမ်းစား ယူထားတာပါ။

ရုံးတက်စရာ မလို…

ဖုန်းဆက်စရာ မလို…

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
612
သဇင်ပန်း

သဇင်ပန်း

10 January 2026
63
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
118

“ဆရာ တပည့် ၂ ယောက် ဂျပန်နိုင်ငံ Tokyo, Osaka, Hakodate, Sapporo နဲ့ Otsu မြို့က ဂေါက်ကွင်း တကွင်းမှာ ဂေါက်ကစား ခဲ့ကြရုံမက Tokyo မြို့ပေါ်ကိုပါ Helicopter Airbus H350 နဲ့ တနာရီကြာ ပတ်ကြည့်ခဲ့ကြပါတယ်”

“ဆရာ တပည့် ၂ ယောက် ဂျပန်နိုင်ငံ Tokyo, Osaka, Hakodate, Sapporo နဲ့ Otsu မြို့က ဂေါက်ကွင်း တကွင်းမှာ ဂေါက်ကစား ခဲ့ကြရုံမက Tokyo မြို့ပေါ်ကိုပါ Helicopter Airbus H350 နဲ့ တနာရီကြာ ပတ်ကြည့်ခဲ့ကြပါတယ်”ဟု ဦးမိုးဆန်းအောင်က ရေးထားသည်။

အဆိုပါ ဦးမိုးဆန်းအောင်၏ Facebook တွင် မိတ်ဆွေများက ရေးထားသည့် comment တချို့ကတော့…

“ကံကောင်းကြသူများ ဖြစ်ပါသည်။ လေးစား အားကျ ဂုဏ်ယူပါသည်။ Boss ရေ သာသာယာယာ အေးအေးချမ်းချမ်းလေး ကောင်းလိုက်တာ Grate”


ဦးအောင်ကိုဝင်းနှင့် ဦးမိုးဆန်းအောင်တို့ Tokyo မြို့ကို ရဟတ်ယာဉ် နှင့် လှည့်လည် ကြည့်ရှုစဉ် / (Roger Moe facebook)

“ကုသိုလ်ကံ ကောင်းလှပါတယ် MD, Boss ။ ဂျပန်နိုင်ငံသားတွေတောင် သူတို့ဆီမှာ ဈေးကြီးလွန်းလို့ မြန်မာပြည် အထိ လေယာဉ် စီးပြီး ဂေါက်လာ ရိုက်တာ ကြုံဖူးပါတယ် MD” ဆိုပြီး ဝင်ရောက် ရေးသားသူများကိုလည်း တွေ့ရသည်။

အခြားသောသူ တဦးကလည်း…

“အေးချမ်းသော အငြိမ်းစား ဘဝ”

“နာယကကြီးနှင့် မန်နေဂျာတို့ ကျန်းမာစွာဖြင့် ခရီးတွေ သွားတာ မြင်ရတာ Video ကြည့်ပြီး အပျော်တွေ ကူးစက် မိပါတယ်” ဟု ဆိုသည်။

ဦးအောင်ကိုဝင်းသည် အနေအထိုင် ဆင်ခြင်သူ ဖြစ်ပြီး မီဒီယာများနှင့် ခပ်ဝေးဝေး နေသူ ဖြစ်သည်။ သူနေထိုင်သော ရှမ်းပြည် တောင်ပိုင်းတွင် လူမှုရေး လုပ်ငန်းများ၌ ပါဝင် လှူဒါန်းပေးလေ့ ရှိသည်။ သူ့ကို ထိုဒေသတွင် လေးစား ချစ်ခင်သူတွေ ပေါသည်။

တကယ်တော့ ဦးအောင်ကိုဝင်းသည် မြန်မာပြည်မှာသာ မက အရှေ့တောင် အာရှမှာပါ အချမ်းသာဆုံး စာရင်းဝင်ဟု သိရသည်။

ဦးအောင်ကိုဝင်းသည် စစ်တပ် ခေါင်းဆောင်များ ဖြစ်သော ဦးသန်းရွှေ၊ ဦးမောင်အေး တို့နှင့် ရင်းနှီးသူ ဖြစ်ပြီး မိုင်းရှူး ကျောက်တွင်းကို တူးဖော်ခွင့် လိုင်စင် ရပြီးနောက်ပိုင်း ချမ်းသာ ကြွယ်ဝလာသူ ဖြစ်သည်။

အထူးသဖြင့် ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ ငယ်မွေး ခြံပေါက် ဖြစ်ပြီး သူ၏ စောင်မ ကြည့်ရှူမှုဖြင့် ကြီးပွား ချမ်းသာ လာခဲ့သူ ဖြစ်သည်။ လက်ရှိ စစ်ကောင်စီ ခေါင်းဆောင်နှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ ။

Your Thoughts …
Tags: KBZRoger Moeခရိုနီဂေါက်ရိုက်ဂျပန်စစ်တပ်ဆရာကျောင်းဆိုရှယ်မီဒီယာရဟတ်ယာဉ်ဦးအောင်ကိုဝင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
27k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
24.5k

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

Next Post
ကျီခါးနဲ့ တွန်းဇံမြို့တွေကို ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ် (ရုပ်/သံ)

ကျီခါးနဲ့ တွန်းဇံမြို့တွေကို ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ် (ရုပ်/သံ)

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

နိုင်ငံကို ၅၀ ရာခိုင်နှုန်းအောက်သာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သော်လည်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved