• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ

by ကြာဖက်နှင်း
3 August 2024
in ဆောင်းပါး
A A
သမဝါယမ တပ်ချုပ်ကြီးနှင့် ရှောင်လင် ခရိုနီများ
24.6k
VIEWS
Share on FacebookShare on Twitter

ဘန်ကောက်မှာ လူစုံသည်။

ကျနော်တို့ လင်မယားနေသော Condo မှာ မြန်မာတွေ လာပြောင်းပြီး နေကြတာ နေ့စဉ် နီးပါး တွေ့နေရသည်။ ကြာတော့ ရင်းနှီးလာသည်။

သူတို့ဆီက ကြားရတာတွေက အစုံ။

သူတို့ ပြောတာက သမဝါယမ စနစ်ကို ပြန်အကောင်အထည် ဖော်မယ် ဆိုတဲ့ တပ်ချုပ် အတင်း သမ္မတ (Acting President) အကြောင်း။

“သူက တကယ်တော့ ခရိုနီတွေကို အရမ်းမုန်းတာဗျ”

အရပ် ခပ်ရှည်ရှည် မျက်မှန် ထူထူ တပ်ထားသူက ဆိုသည်။

“ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက်မှာ ချမ်းသာအောင် လုပ်ပေးခဲ့တဲ့ ခရိုနီတွေက ကျေးဇူး ကန်းတယ်လို့ သူက မြင်နေပုံ ရတယ်”

သူက ပြောရင်း အရက်ခွက်ကို တချက် မော့လိုက်သည်။

သူက ခရိုနီတွေနဲ့ ပုလင်းတူ ဘူးဆို့ ထင်ထားတာတွေ လွဲနေပြီဟု တွေးမိသည်။

ဦးသန်းရွှေ၊ ဦးမောင်အေး လက်ထက် ခရိုနီတွေ ဆိုတော့ ဦးအောင်ကိုဝင်းတို့၊ ဦးတေဇတို့ ရှေ့ဆုံးက ပါနိုင်သည်။

ဘေးမှ နားထောင်နေသော ကျနော်က…

“ဒါဆို သူက ခရိုနီတွေကို မုန်းနေတာပေါ့”

ထိုအရပ်ရှည်ရှည် ကျနော်က ကိုညီ ဟု သိထားသူက…

“ဒီကောင်တွေ ကျေးဇူး မသိတတ်ဘူးလို့ ပြောတတ်တယ်”

မင်းအောင်လှိုင်က ခရိုနီတွေကို ကျေးဇူး မသိတတ်ဟု ဆိုလိုက်ခြင်း။

“သူက စီးပွားရေးသမားတွေကို မုန်းတယ်…သူချစ်တာက သူ့ကိုယ်သူ ချစ်တယ်…သူ့မိသားစုကို ချစ်တယ်…ပြီးတော့ သူ့ရဲ့ စစ်တပ်ရယ်…ဒါပဲ ရှိတယ်…ကျန်တာကို သူလုံးဝ ဂရုမစိုက်ဘူး”

ကျနော်လည်း ဝီစကီကို ငှဲ့ထည့်လိုက်ရင်း ကိုညီ ဟု မိတ်ဆက်ပေးသော သူကို ခွက်တိုက်လိုက်သည်။

“ဒါဆို ခရိုနီတွေ ဘယ်ပြေးမလဲ”

ကိုညီက မျက်ခုံးကို ပင့်ရင်း ချောင်းကို ရှင်းသည်။

ဝီစကီခွက်ကို မသောက်သေးဘဲ ကိုင်လိုက်ရင်း…

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
423
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126

“ခင်ဗျား စဉ်းစားကြည့်…သူဌေးကြီးတွေရဲ့ သားသမီးတွေ အားလုံး မြန်မာပြည်မှာ မနေတော့ဘူး…KBZ သမီးတွေ အားလုံး အပြင်မှာ…ကိုဇော်ဇော်…ဦးခင်မောင်အေး သားသမီးတွေ…အားလုံး အားလုံး အပြင်မှာ ခြေထောက် တဖက် ထုတ်ထားသူတွေချည်းပဲ… CB ဆိုရင် ပြီးခဲ့တဲ့ ဘဏ်သူဌေးတွေ ခေါ်တွေ့တဲ့ အစည်းအဝေးတောင် မတက်…သူက ကယ်လီဖိုးနီးယားမှာ အိမ်ဝယ် ထားပြီ။ အဲဒီက သူ့မိတ်ဆွေက အမည်ခံ ဝယ်ပေးထားတာ။ မြန်မာပြည် ပြန်မလာရဲတော့”

အရှောင်အတိမ်း ကောင်းတဲ့ ဦးအောင်ကိုဝင်းလို လူကိုတောင် စစ်ကောင်စီက နာယကကြီး ကိုယ်တိုင် ကြွရောက်ပါရန် ပြောတော့ ဦးထုပ်ကြီး ဆောင်းပြီး အစည်းအဝေး တက်ရသည်။ ရုပ်ကတော့ တရားခံရုပ်။

ဒါပေမယ့် အဲဒီ နာယကကြီး ဆရာကျောင်းက ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့က တန်ဖိုးကြီး ဈေးကြီး ဂေါက်ကွင်းများတွင် တပည့်ကျော် စစ်ထောက်လှမ်းရေးဟောင်း ဦးမိုးဆန်းအောင်နှင့် ဂေါက်သီး ပတ်ရိုက်ပြီး အပန်းဖြေခဲ့သေးသည်။

တိုကျိုမြို့ပေါ် မြင်ကွင်းကိုလည်း ရဟတ်ယာဉ် တစင်းဖြင့် ပတ်ကြည့်ခဲ့သည်။

အဲဒီ ဘဏ်သူဌေးတွေကို ခေါ်ယူတဲ့ ပွဲမှာ ဇော်ဇော်နဲ့ ဇော်ဝင်းရှိန်က ပူးပူးကပ်ကပ် ထိုင်ရသည်။ တည့်သူတွေတော့ မဟုတ်ကြပါ။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ နီးစပ်သူ ဇော်ဝင်းရှိန် A Bank (အငယ်လေး ဟုလည်း သိကြသည်) ကတော့ ယပ်တောင် ခပ်ပြီး နေသည်။ သူ့ကို ဘာမှ မလုပ်။ သူက ရဲဝင်းဦးကို အိတ်ကပ်ထဲ ထည့်ထားသူ။

ဦးဇော်ဝင်းရှိန်က ဧရာဟင်္သာ ကုမ္ပဏီ ဥက္ကဌ၊ စိုက်ပျိုးရေး၊ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊ ဆေးရုံ လုပ်ငန်း (ဝိတိုရိယဆေးရုံ)၊ စက်မှုဇုန်များ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ပြည်ပမှ မှန်တင်သွင်းခြင်း နှင့် Suzuki ကားတင်သွင်း ရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်သူ။

ဦးဇော်ဝင်းရှိန်လို့ ဆိုလိုက်သည်နှင့် ခရိုနီများ စီးပွားရေး လုပ်ငန်းရှင်များကြား “သီဟသူရ တင်အောင်မြင့်ဦး ရှစ်လုံးကြီး လူ” ဆိုပြီး ပြောဆိုလေ့ ရှိကြသည်။

အဲဒီပွဲမှာ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ခြေဆင်းလောက်ပဲ ပြောသည်။ တကယ် ကြိမ်းတာက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်သည်။

ထိုအချိန်က စပြီး ပုဂ္ဂလိက ဘဏ်တွေကို သွယ်ဝိုက်ပြီး စကစ က အာဏာသိမ်းလိုက်ပြီဟု စီးပွားရေးသမားတွေက ရန်ကုန်မှာ ပြောကြသည်။

UMFCCI တွေလည်း သတိထားနေရသည်။

သူတို့ အုပ်စုကို ကြားထဲက အလွဲသုံးစား လုပ်နေသူတွေလို့ စစ်ကောင်စီ ခေါင်းဆောင်က မြင်နေသည်။ သိပ်တော့ ကြာကြာ စောင့်ရမည် မထင်။ UMFCCI လူလည်ကြီးများ အသင်းကိုလည်း နပန် ခေါ်ကျင်းဖို့ ပြင်နေပုံ ရပါသည်။

သူ့ကိုယ်သူ ၁၀၀ ရာခိုင်နှုန်း သန့်ရှင်းသည်ဟု ကြုံးဝါး ပြောဆိုခဲ့သူ ဦးသိမ်းဝေ ခေါ် Serge Pun သည် ထောင်ထဲ ရောက်နေပြီ ဖြစ်လေသည်။

ရိုးမ အပါအဝင် ဘဏ်တွေ အားလုံး နီးပါးသည် Insolvent ဖြစ်နေပြီဟု ကိုညီက ညည်းတွားပြီး ပြောရင်း သူ့ရဲ့ ခွက်ထဲက Malt Whisky ကို လူကြီးလူကောင်း တဦးလို သောက်လိုက်သည်။

ပြီးတော့ လက်ထဲက Cigar ကို မီးညှိလိုက်သည်။

ကျနော်က အသက်မရှုနိုင်။ ကြားချင်နေသည်။

အားလုံး ပြေးပြီဗျ…

သူက ဆက်ပြောသည်။

“KBZ နဲ့ အလုပ် အတူတူ လုပ်ခဲ့တဲ့ ဦးအိုက်ထွေးလည်း မြန်မာပြည်မှာ မရှိတော့ဘူး…တရုတ်ပြည်မှာ…ဆရာကျောင်းနဲ့ သူက ကျောက်တွေကို တရုတ်ပြည်မှာ ဂိုထောင်တွေနဲ့ထားတာ…ဒါကို တပ်က ခေါင်းဆောင်တွေ သိတယ်”

ကျနော်က ခေါင်းညိတ်ရင်း ဝီစကီကို ထပ်ထည့်သည်။

“တကယ်တော့ ချမ်းသာတဲ့ သူတွေ မြန်မာပြည်မှာ မနေတော့ဘူး”

ကိုညီက စကားကို အဆုံးသတ်ရင်း Cigar ကို ထပ်မီးညှိသည်။

“တချို့က ထောင်ထဲမှာ…တချို့က အပြင်မှာ…တချို့ကတော့ ပြေးပြီ…သမဝါယမ တပ်ချုပ်ကြီးကို ကြောက်လို့… အားလုံးကတော့ ဒီလူ ဘုရားတည်ပြီး နောက်ပိုင်း ခိုက်တာလို့ ပြောတာပဲ…”

ဤမျှဖြင့် ဘန်ကောက် ညနေခင်း စကားဝိုင်းလေး တခန်းရပ်သွားခဲ့ပါသည်။ ။

Your Thoughts …
Tags: A BankCBKBZUMFCCIခရိုနီစကစစီးပွားရေးသမားမင်းအောင်လှိုင်
ကြာဖက်နှင်း

ကြာဖက်နှင်း

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဂေါက်သီး နဲ့ ချိုင်းထောက်

ဂေါက်သီး နဲ့ ချိုင်းထောက်

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

ရှမ်းမြောက်တွင် သြဇာလွှမ်းရန် တရုတ်ကြိုးစားနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved