• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
in သူ့အတွေး သူ့အမြင်
A A
ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် စိုးဝင်း

36.6k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းသည့် အချိန်ကြာလာလေလေ၊ တိုင်းပြည်က အဆိုးဘက်ကို ရောက်လာလေ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က ဘာကြောင့် အာဏာသိမ်းရနည်းဟု မေးခွန်းထုတ်ကြည့်သောအခါ “တိုင်းပြည် ချောက်ထဲ မကျသောကြောင့်” ဟု အဖြေရပေသည်။

အာဏာသိမ်းမှု ကြာမြင့်လာသည့်နှင့်အမျှ တိုင်းပြည်သည်လည်း အဘက်ဘက်မှ ကျဆင်းလာခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ ဆန်တိုးဆီတိုးခေတ်ကို ပြန်ရောက်သွားခဲ့သည်။ အစဉ်အလာကြီးမားခဲ့သော စစ်တပ်သည်လည်း အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်များစွာနှင့် ကြုံလာနေရသည်။

ထို့ကြောင့် အာဏာသိမ်းမှုတွင် အဓိက တာဝန်ရှိသူ တပ်ချုပ် မင်းအောင်လှိုင်အား ဖြုတ်ချနိုင်လျှင် အဆုံးသတ်နိုင်လိမ့်မည်ဟု စိတ်အားထက်သန်စွာ မျှော်လင့်သူများလည်း ရှိနေခဲ့ကြသည်။ စစ်တပ်ထဲတွင် အာဏာရှင်ကို လုပ်ကြံရန် ကြံစည်ဖူးသည့် ဗိုလ်ကြီး အုန်းကျော်မြင့်လို နောက်တယောက်ပေါ်ရင် ရပြီဟု စစ်ဗိုလ်ချုပ်များကြား ပြောသံဆိုသံ ကြားလာရသည်။ အခုချိန်အထိတော့ မပေါ်သေးပေ။

လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းအတွင်းမှ ခေါင်းဆောင်အား အလွယ်တကူ ဖြုတ်ချနိုင်မည့်သူမှာ ထိုလက်နက်ကိုင် အဖွဲ့အစည်းအတွင်းမှလူသာ ဖြစ်နိုင်ခြေများသည်ဟု ထင်မှတ်နိုင်ပါသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် အစီအမံနှင့်ဆုံးဖြတ်ချက် အလွဲများကြောင့် တော်လှန်ရေးဘက်တော်သားများနည်းတူ တပ်တွင်းမျှော်လင့်ချက်တခု ပျံ့နှံ့ခဲ့သေးသည်။

ရှမ်းမြောက်တွင် ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် အစီအမံနှင့်ဆုံးဖြတ်ချက် အလွဲများကြောင့် တော်လှန်ရေးဘက်တော်သားများနည်းတူ တပ်တွင်းမျှော်လင့်ချက်တခု ပျံ့နှံ့ခဲ့သေးသည်။

စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် စိုးဝင်း

ဒု တပ်ချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်ချုပ်ထံမှ အာဏာကို ပြန်သိမ်းပြီး တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းကာ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ခံ ပြည်သူ့အစိုးရထံ တိုင်းပြည်အာဏာကို ပြန်လည် လွှဲပြောင်းပေးခြင်း ဖြစ်သည်။ စစ်တပ်အတွက် သားရွှေအိုးထမ်းကိန်းဟုပင် အမွှန်းတင် စိတ်ကူးယဉ်ခဲ့ကြသည့် အရာရှိ စစ်သည်များစွာ ရှိခဲ့သည်။

စာရေးသူအမြင်အရ ပြောရလျှင် ထိုစဉ်ကတည်းက ဤစိတ်ကူးယဉ်မှုသည် တကယ်ဖြစ်မလာနိုင်ဟု တွေးထင်မိခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်၏ ရာထူးလျာထားမှုပုံစံအရ ဦးသန်းရွှေသည် စစ်တက္ကသိုလ် DSA 19 ဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တပ်ချုပ်ခန့်ထားကာ သူလက်အောက်တွင် DSA 22 ဆင်းကို ဒုချုပ်အဖြစ် ခန့်ထားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လောင်းဘဝတွင် ကြုံခဲ့သည့် နောက်ဆုံးနှစ် ဗိုလ်လောင်း (Final Year) မင်း‌အောင်လှိုင် DSA 19 က တပ်ချုပ်ဖြစ်ပြီး ပထမနှစ် ဗိုလ်လောင်း (First Year) စိုးဝင်း DSA 22 ကို ဒုတပ်ချုပ်အဖြစ် စစ်တက္ကသိုလ်ဆင်းချင်း အမိန့်နာခံမှုကောင်းအောင် ဗိုလ်လောင်း အမှတ်စဉ် ခြား၍ ရာထူးပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗဟိုဦးစီးချုပ်ကိုင်မှုကို အဓိကထားသည့် မြန်မာစစ်တပ်အတွက် ဒုချုပ်ရာထူးသည် တပ်ချုပ်ပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်ရုံမှတပါး အခြား ဦးဆောင် ဆုံးဖြတ်ခွင့် မရှိပေ။ ဥပမာဆိုရသော် ၂၀၁၁ ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အစိုးရလက်ထက် စစ်တပ်အတွင်း ဗိုလ်ကြီးအဆင့်ရှိသူ အရာရှိများအား ဗိုလ်မှူးအဆင့် တိုးမြှင့်သည့် ရာထူးတိုးအမိန့် ထုတ်ပြန်မှုတခုတွင် တပ်ချုပ်နှင့် ဒုချုပ်အကြား ကတောက်ကဆ ဖြစ်ဖူးသည်။

တပ်ချုပ်ထံ တင်ပြပြီးနောက် ခွင့်ပြုကြောင်း လက်မှတ်ရေးထိုး အတည်ပြုပြီး ဖြစ်သော်လည်း တပ်ချုပ်က သူ ခရီးသွားနေချိန် ရာထူးတိုး အမိန့်ကို လက်အောက်သို့ ထုတ်ဝေသဖြင့် အမိန့်ကို ပြန်ရုတ်သိမ်းခိုင်းစေခြင်း ဖြစ်သည်။

ထို့ကြောင့် ဒု တပ်ချုပ် စိုးဝင်းက သူ၏နုတ်ထွက်ခွင့်ကို လက်ရေးမူဖြင့်ရေးကာ စစ်တပ်တွင် ဆက်ပြီး အလုပ် မလုပ်လိုတော့ကြောင်း တပ်ချုပ်ထံ ကိုယ်တိုင် သွားတင်သည့်အခါ ချော့မော့ပြီး ပြန်လွှတ်သည့်ဖြစ်စဉ် ဖြစ်ဖူးသည်။

ထို့ကြောင့် ဒု တပ်ချုပ် စိုးဝင်းက သူ၏နုတ်ထွက်ခွင့်ကို လက်ရေးမူဖြင့်ရေးကာ စစ်တပ်တွင် ဆက်ပြီး အလုပ် မလုပ်လိုတော့ကြောင်း တပ်ချုပ်ထံ ကိုယ်တိုင် သွားတင်သည့်အခါ ချော့မော့ပြီး ပြန်လွှတ်သည့်ဖြစ်စဉ် ဖြစ်ဖူးသည်။

ထို့အတူ အာဏာသိမ်းကာလအတွင်းတွင်လည်း အရေးကြီးဆုံးဖြတ်ချက် အများစုကို တပ်ချုပ် မင်းအောင်လှိုင် အတည်ပြုမှသာ လုပ်ဆောင်ရသည်။ စခန်းကုန်းတခုအား အရေးပေါ် လေကြောင်းပစ်ကူပေးရန် တပ်ချုပ်ကို တင်ပြသည့်အခါ ဘုရားထီးတင် သွားစရာရှိ၍ မည်သည့်အမိန့်မှ မပေးဘဲ ထွက်သွားခဲ့သည်။ ထီးတင်ပွဲပြီးမှ လေကြောင်းပစ်ကူ ပေးချင်ပေးပါဟု ဖုန်းဖြင့် စစ်ရုံးကို လှမ်းပြောချိန်တွင် စခန်းကုန်းက ကျသွားခဲ့ပြီဖြစ်၍ ဒုချုပ်က သူ့အခန်းထဲတွင် ဖိုင်များ ပစ်ပေါက်ပြီး သောင်းကျန်းသည်ဟု သိရသည်။

သို့သော် အမိန့်ဟူသမျှ တပ်ချုပ်ဆီကပင် လာသည်ဟု ယူဆ၍ မရပြန်သေးပေ။ လက်နက်ကြီးနှင့် ပစ်ခတ်ခိုင်းခြင်း၊ မီးရှို့ခိုင်းခြင်းများ အပါအဝင် ရန်သူ့သတင်းရ၍ဟု ခေါင်းစဉ်တပ်သည့် လေကြောင်းဗုံးကြဲမှုများ၊ တပ်နေရာ ရွှေ့ပြောင်းမှုများကို အာဏာသိမ်းကာလအတွင်း အမိန့်ပေးနေသူမှာ ဒု တပ်ချုပ် ဖြစ်သည်။ ထို့ကြောင့် သူက ပြန်ပြီး တပ်ချုပ်ဆီက အာဏာသိမ်းဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

မြန်မာ့တပ်မတော် အစဉ်အလာအရ ရလဒ်ကောင်းလျှင် လူကြီးတော်၍ ဖြစ်ပြီး ရလဒ်ဆိုးလျှင် လက်အောက်က အသုံးမကျ၍ ဖြစ်သည်။ တချိန်တွင် စစ်ခုံးရုံးဖြင့် အစစ်ဆေးခံခဲ့ရသည်ရှိသော် စစ်ရေးအမိန့်များကို ဒု တပ်ချုပ်ကသာ ပေးကြောင်း၊ သူ မသိရပါကြောင်းနှင့် အစိုးရ၏ လုပ်ငန်းများတွင်သာ သူက အမိန့်ပေးခြင်းဖြစ်ကြောင်း မင်းအောင်လှိုင် အနေဖြင့် ထွက်ဆိုလာနိုင်သည်။ သို့ဖြစ်၍ အပြစ်ပုံကျမည့်အတူတူ ဒု တပ်ချုပ်က တပ်ချုပ်ဆီမှ အာဏာပြန်သိမ်းရန် မဖြစ်နိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

ဤသို့ဆိုပါက တခြားသူ တဦးတယောက်အနေဖြင့် အာဏာပြန်သိမ်းနိုင်တာရော ရှိနိုင်ပါသလားဆိုလျှင်လည်း ယနေ့အထိ မရှိနိုင်ဟုသာ သုံးသပ်ရမည် ဖြစ်သည်။ ယခင်က မင်းအောင်လှိုင် အလွန်တွင် တပ်ချုပ်နေရာအတွက် ဗိုလ်ချုပ်ကြီး မြထွန်းဦး DSA 25 ဆင်းကို တပ်ချုပ်သစ်အဖြစ် လျာထားခဲ့ပြီး ဖြစ်၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက်တမ်း အလယ်တွင် တပ်ချုပ် အချိန်းအပြောင်း လုပ်ရမည် ဖြစ်သော်လည်း အာဏာယစ်မူးသွားသည့် မင်းအောင်လှိုင်သည် တပ်ချုပ်အသစ် ခန့်အပ်ပြီး အာဏာလွှဲပြောင်းပေးရန်အတွက် အရည်အချင်း ကိုက်ညီသူ မရှိကြောင်း အကြောင်းပြ၍ သူ့သဘော သူဆောင်ကာ သက်တမ်းတိုးပြီး တပ်ချုပ် ဆက်လုပ်နေခြင်း ဖြစ်သည်။ နောက်တဆင့် တပ်ချုပ်ဖြစ်မည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးကိုလည်း အာဏာမသိမ်းမီအထိ ညှိနှိုင်းကွပ်ကဲရေးမှူး ဘဝဖြင့်သာ နှစ်သိမ့်ထားခဲ့လေသည်။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.7k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.8k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.5k

တပ်ချုပ်ဖြစ်နိုင်သည်ဟု ခန့်မှန်းရသူ နောက်တဦးမှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဖြစ်ပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်လောင်း အမှတ်စဉ်တူ ဖြစ်သည်။ သူသည် ဦးသန်းရွှေ လက်ထက်တွင် မင်းအောင်လှိုင် တြိဂံဒေသတိုင်းမှူး ဖြစ်နေသည့်အချိန်က ကက (ကြည်း) တွင် စစ်ဦးစီး ဗိုလ်မှူးချုပ် ဖြစ်ခဲ့သူ ဖြစ်၏။

မင်းအောင်လှိုင်က စစ်ဦးစီး ဗိုလ်မှူးချုပ်ကို ကိစ္စတခု လှမ်းမေးချိန် အလုပ်မအားသည့်အတွက် အမြန် ပြန်ပြောမိသည်ကို မချေမငံ ပြန်ပြောသည်ဟု မှတ်ထားခဲ့ပြီး သူ တပ်ချုပ်ဖြစ်လာချိန်တွင် ပြန်နှိပ်ကွပ်ပြသည်။ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နေပြည်တော် တိုင်းမှူးဘဝဖြင့် ရာထူးမတိုးဘဲ အချိန်အတော်ကြာအောင် နေခဲ့ရသည်။ နောက်မှ လေ့ကျင့်ရေးအရာရှိချုပ်ရာထူး တိုးပေးခဲ့ခြင်းဖြစ်သည်။

နောက်တဆက် တပ်ချုပ် လျာထားသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ယှဉ်ပြီး ထိန်းကြောင်းရန် လိုအပ်လာသည့်အခါ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ညှိနှိုင်းကွပ်ကဲရေးမှူးအထိ တိုးပြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် နှစ်သိမ့်ထားလိုက်ခြင်းဖြင့် ဗိုလ်လောင်း အမှတ်စဉ်တူခြင်းကို အပြန်အလှန် ထိန်းကြောင်းထားလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် နောက်တဆက် တပ်ချုပ် မင်းလောင်း ပျောက်သွားပြန်သည်။ ဗိုလ်ချုပ်ကြီး မြထွန်းဦး အလွန်တွင် တပ်ချုပ်တပည့်ရင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တပ်ချုပ်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သေး၏။ ဆရာထက်တပည့် လက်စောင်းထက်ပြီး ဒေါ်လာသန်းချီ အကျော်အခွ ဇယားကြောင့် ဖြစ်နိုင်ကြောင်း မျှော်လင့်မှု အချို့သည်လည်း တသက်တကျွန်း ပြစ်ဒဏ်အောက်တွင် ပျောက်ကွယ်သွားရပြန်လေသည်။

ထို့ကြောင့် နောက်တဆက် တပ်ချုပ် မင်းလောင်း ပျောက်သွားပြန်သည်။ ဗိုလ်ချုပ်ကြီး မြထွန်းဦး အလွန်တွင် တပ်ချုပ်တပည့်ရင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တပ်ချုပ်ဖြစ်လာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သေး၏။ ဆရာထက်တပည့် လက်စောင်းထက်ပြီး ဒေါ်လာသန်းချီ အကျော်အခွ ဇယားကြောင့် မျှော်လင့်မှုသည်လည်း တသက်တကျွန်း ပြစ်ဒဏ်အောက်တွင် ပျောက်ကွယ်သွားရပြန်လေသည်။ ဤသည်မှာ ဒုချုပ် စိုးဝင်းက အာဏာပြန်မသိမ်းလျှင် တပ်ချုပ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းရသူများ အခြေအနေကို သုံးသပ်ခြင်းသာ ဖြစ်ပါသည်။

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။ လက်ရှိပိုင်ဆိုင်မှု ရာထူး စည်းစိမ်များကို စွန့်၍ အလျော်အစားကြီးသည့်ကိစ္စဖြစ်သော တပ်ချုပ်ဆီမှ အာဏာကို ပြန်သိမ်းခြင်း လုပ်ဆောင်မည် မဟုတ်ပေ။ မင်းအောင်လှိုင်အနေဖြင့် ကစဉ့်ကလျား ထွက်ပြေးရသည့်အခါ လေယာဉ်မဆံ့၍ နေခဲ့ရသည့် အခြေအနေ ရောက်မှသာလျှင် ‘သားမှားပြီ အမေရဲ့’ ဟု ဗိုလ်ချုပ်ကြီးများ ငိုချင်းချကြမည်သာ ရှိနိုင်ပါလိမ့်မည်။

ယခုအချိန်အထိလည်း တပ်တွင်း မျှော်လင့်ချက်မှာ တရုတ်က ဝင်ထိန်းနိုးနိုး၊ ဘပြောင် (သမ္မတဟောင်း ဦးသိန်းစိန်) က ဝင်ပါနိုးနိုးနှင့်သာ မချိတင်ကဲ ဖြစ်နေကြသည့် အခြေအနေသာရှိသည်။ အာဏာရှင်အနေဖြင့် ပြည်သူကို အတင်းဖိသလို လက်အောက်ကို အတင်းထိုးကျွေးနေကြတုန်း အခြေအနေသာ ရှိနေသေးသည်။

တပ်ချုပ် မင်းအောင်လှိုင်နှင့် ဒု တပ်ချုပ် စိုးဝင်းတို့ကတော့ အပြန်အလှန် တယောက်အမြီး တယောက်နင်းထားရင်းက ဆက်မိုက်နေကြဦးမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဘယ်နှကြိမ် မအောင်မမြင်ဖြစ်တာ ရှိဖူးသနည်းဟု လက်အောက်ကို ခွန်အားပေးသလို မြှောက်ပင့်ပြောဆိုနေဦးမည်။

လက်အောက် အရာရှိ စစ်သည်များ၏ အသက်နှင့်ဘဝကို လောင်းကြေးထပ်ကာ ခွက်ခွက်လန် အောင်ရှုံးနေသည့် ကစားပွဲကို ကြွေတလှည့် ကြက်တခုန် ငါနိုင်သည့်အလှည့် ရောက်ဦးမလား မျှော်လင့်ချက်နှင့် ဆက်ကစားနေဦးမည်သာ။

အာဏာရှင်အတွက် လက်အောက်က အရာရှိ စစ်သည်များ၏ ဘဝများသည် ထည့်တွက်နေစရာ အချက်အလက် အဖြစ်ပင် ရှိနေမည် မဟုတ်ပေ။ စစ်မှုထမ်းဥပဒေအရ အဆင့်ဆင့်သော လက်အောက်ကို ရာထူးနှင့် အကြောက်တရား ဗန်းပြ ဖိအားပေးရင်းက စစ်သားစုဆောင်းစေပြီး ရသလောက် လူအင်အား တည်ဆောက်နေမည်သာ ဖြစ်သည်။

စစ်တပ်အတွင်း ‘နံပါတ် ဝမ်း’၊ ‘နံပါတ် တူး’ ဟု အမည်ဝှက်ဖြင့် ခေါ်ဆိုကြသည့် တပ်ချုပ်နှင့် ဒု တပ်ချုပ် တို့အနေဖြင့် သူတို့နေရာ ထိုင်ခုံလှုပ်လောက်သည့် စစ်ရေးဖိအား ရှိမလာမချင်း နည်းလမ်းမျိုးစုံသုံး၍ ဆက်မိုက် နေကြဦးမည်သာ ဖြစ်သည်။ စစ်တပ်မိုက်မဲမှုများအတွက် ‘နံပါတ် ဝမ်း’ ရော ‘နံပါတ် တူး’ မှာပါ တာဝန်ရှိလေသည်။ ၎င်းတို့ထံမှ နိုင်ငံတော်နှင့်ပြည်သူအတွက် ကောင်းသော လုပ်ဆောင်ချက်ကိုကား မျှော်လင့်၍ မရနိုင်ပေ။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်

PDF နှင့် ရွာသားများကို “ရှင်းလင်းရန်” ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ညွှန်ကြား

ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားသွားရောက်

ဒု ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အမေရိကန် ဒုဗိုလ်ချုပ်ကြီး အန်ထော်နီတို့ တွေ့ဆုံ

Your Thoughts …
Tags: စစ်ကောင်စီစစ်အာဏာသိမ်းမှုစိုးဝင်းမင်းအောင်လှိုင်မဆလမြထွန်းဦးလေကြောင်းတိုက်ခိုက်မှုလေကြောင်းပစ်ကူအုန်းကျော်မြင့်
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ငွေအလွယ်အကူ ထုတ်ယူနိုင်ကြောင်း ဘဏ်များကြေညာ

ငွေအလွယ်အကူ ထုတ်ယူနိုင်ကြောင်း ဘဏ်များကြေညာ

အပစ်ရပ်သည် ဆိုသော်လည်း လားရှိုး၌ ပစ်ခတ်မှုဆက်ရှိ

အပစ်ရပ်သည် ဆိုသော်လည်း လားရှိုး၌ ပစ်ခတ်မှုဆက်ရှိ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved