• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

by ဧရာဝတီ
12 January 2026
in ဆောင်းပါး
A A
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ကော့မှူးမြို့နယ်ရှိ မဲရုံတရုံတွင် မဲလာပေးသူတဦး/AFP

172
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်က ဇန်နဝါရီ ၁၁ တနင်္ဂနွေနေ့တွင် နိုင်ငံတဝန်း မြို့နယ် ၁၀၀ တွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲ၏ ဒုတိယအဆင့်ကို ကျင်းပခဲ့ပြီး အာဏာဆက်လက်တည်မြဲရေး တရားဝင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ထိုနေ့တွင် မဲပေးသူ အလွန်နည်းပါးခြင်း၊ တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းနှင့် လုံခြုံရေးတင်းကျပ်ထားမှုအောက်တွင် မဲပေးရန် ခြိမ်းခြောက်ဖိအားပေးခံရသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ပြည်တွင်းပြည်ပအနေဖြင့် “အတုအယောင်” ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခံထားရသည့် ယင်းရွေးကောက်ပွဲကို စစ်ကောင်စီက အဆင့်သုံးဆင့်ဖြင့် ကျင်းပနေပြီး ပထမအဆင့်ကို ဒီဇင်ဘာလတွင် ကျင်းပခဲ့ရာ စစ်တပ် ကိုယ်စားပြုပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မဲအရေအတွက် ၉၀ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိခဲ့သည်။ တတိယအဆင့်ကို ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။

တနင်္ဂနွေနေ့တွင် ဧရာဝတီ သတင်းဌာနသည် ရန်ကုန်မြို့ လသာမြို့နယ် (ဒေသခံများက “တရုတ်တန်း” ဟု ခေါ်ကြသည်) နှင့် အိန္ဒိယလူမျိုး အများအပြား နေထိုင်သည့် ပန်းဘဲတန်း မြို့နယ်ရှိ မဲရုံများကို စောင့်ကြည့်ခဲ့သည်။ မနက် ၆ နာရီမှစ၍ မဲရုံ ၁၄ ခုခန့်ကို လှည့်လည်ကြည့်ရှုရာ မဲပေးသူ အနည်းငယ်သာ တွေ့မြင်ရသည်။

ရန်ကုန်မြို့အလယ်ပိုင်းရှိ လသာမြို့နယ်သည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်း၏ မဲဆန္ဒနယ်ဖြစ်ပြီး စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို ဖျက်သိမ်းပြီးနောက် ယခုအကြိမ်တွင် ပုဂ္ဂလိက ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည်။

ဒေါ်စန္ဒာမင်းက ယခုရွေးကောက်ပွဲသည် ယခင် အရပ်သားအစိုးရ လက်ထက်က ရွေးကောက်ပွဲများနှင့် “လုံးဝကွာခြားနေသည်” ဟု ဧရာဝတီကို ပြောကြားခဲ့ပြီး အခြေအနေက အေးစက်နေသည်ဟု ပြောသည်။

ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲ ပထမပိုင်း ရန်ကုန်မြို့လည်တွင် ရဲလုံခြုံရေးချထားစဉ်/AFP

သူ၏ မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၇,၀၀၀ ကျော် ရှိသော်လည်း မဲပေးလာမည့်သူကို ၁၀,၀၀၀ ခန့်သာ မျှော်လင့်ထားကြောင်း ဆိုသည်။ အခြားပါတီကိုယ်စားလှယ်များလည်း ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်လျှင် မဲပေးသူ အလွန်နည်းပါးကြောင်း သတိပြုမိကြသည်။

ပြီးခဲ့သည့်လ ပထမအဆင့်တွင် ပုဂ္ဂလိက ကိုယ်စားလှယ်တဦးမျှ အနိုင်မရခဲ့ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ပြီး ယခုအကြိမ်တွင် မိမိကိုယ်တိုင်လည်း အနိုင်ရမည်မဟုတ်ဟု မျှော်လင့်ထားကြောင်း ထပ်မံပြောဆိုခဲ့သည်။

၁၈ လမ်းမှ ၂၂ လမ်းအထိရှိ မဲရုံ ၈ ခုတွင် မဲပေးသူများကို လူကျဲကျဲဖြင့်သာ တွေ့ရပြီး အများစုမှာ အသက် ၅၀၊ ၆၀ နှင့် ၇၀ အရွယ်အထက် လူကြီးများဖြစ်ကာ လူငယ် မဲပေးသူများကို မတွေ့ရသလောက် နည်းပါးခဲ့သည်။

တနင်္ဂနွေနေ့ မနက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် လှိုင်၊ အင်းစိန်နှင့် လသာမြို့နယ်ရှိ မဲရုံများကို လှည့်လည်ကြည့်ရှုခဲ့ပြီး သူတက်ရောက်လေ့လာခဲ့ဖူးသည့် လသာမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ မဲရုံကိုလည်း သွားရောက်ခဲ့သည်။

မဲပေးသူ အများအပြားက မဲပေးနည်းကို မရှင်းလင်းသေးသကဲ့သို့ မြင်တွေ့ရပြီး မောင်ခိုင်လမ်းရှိ မဲရုံတခုအနီးတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦးက အီလက်ထရောနစ် မဲပေးစက်ပေါ်တွင် မီးအစိမ်းလင်းလာပါက “A, B, C, D ထဲက တခုကိုသာ ရွေးလိုက်” ဟု ဇနီးဖြစ်သူကို ပြောနေသည်ကို ကြားသိခဲ့သည်။ ယှဉ်ပြိုင်နေသည့် ပါတီအမည်များကို စက်ခလုတ်များပေါ်တွင် ဖော်ပြထားကြောင်းကို ၎င်းတို့ မသိကြသကဲ့သို့ ဖြစ်နေသည်။

ကော့မှူးမြို့နယ်ရှိ မဲရုံတရုံတွင် မဲလာပေးသူတဦး/AFP

ပန်းဘဲတန်းမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင် များသောကြောင့် မဲပေးသူ များနိုင်ကြောင်း ဒေသခံတဦးက ခန့်မှန်းသည်။ “ဒီမှာ လူအများစုက စီးပွားရေးလုပ်သူတွေဖြစ်လို့ မဲမပေးရင် စစ်အာဏာပိုင်တွေက လုပ်ငန်းတွေကို ရန်ရှာမှာ ကြောက်ကြတယ်။ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ မဲတော့ပေးကြမယ်” ဟု ၎င်းက ပြောသည်။

ပန်းဘဲတန်းမြို့နယ် ၂၈၊ ၂၉ နှင့် ၃၁ လမ်းများရှိ မဲရုံ ၆ ခုကို ဧရာဝတီ သတင်းဌာနသွားရောက်ကြည့်ရှုရာ ပါတီကိုယ်စားလှယ်များက စောင့်ကြည့်နေသည်ကို တွေ့ရသော်လည်း မဲပေးသူအချို့မှာ စိတ်မဝင်စားသည့် အခြေအနေကို ဖော်ပြခဲ့ကြသည်။ ဒေသခံ အမျိုးသမီးတဦးက မိမိမဲမပေးခဲ့ကြောင်းနှင့် မိသားစုဝင်များ မဲပေးခဲ့သလား မသိကြောင်း ပြောဆိုခဲ့သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
433
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.7k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
542

ပုဇွန်တောင်မြို့နယ်ရှိ အမျိုးသမီးတဦးက စစ်တပ် ရွေးကောက်ပွဲကို မယုံကြည်သဖြင့် မဲမပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး အခြားအမျိုးသားတဦးက “သနားပြီး” ပြည်သူ့ပါတီကို မဲပေးခဲ့ကြောင်း ပြောသည်။

လှိုင်မြို့နယ်ရှိ မဲရုံတခုသို့ မင်းအောင်လှိုင် လာရောက်သည့် ဗီဒီယိုတွင် ၎င်းက လူများအား မဲပေးပြီးပြီလားဟု မေးမြန်းရာ အချို့က မိမိတို့ မဲပေးရမည့်အချိန်သည် နောက်တဆင့်ဖြစ်သဖြင့် ယခုမဲမပေးသေးကြောင်း ဖြေကြားခဲ့သည်။ ထိုသူများကို မဲပေးသူ များပြားသကဲ့သို့ မြင်သာစေရန် အထူးခေါ်ဆောင်လာခဲ့ကြသည်ဟု သံသယရှိကြသည်။

ဧရာဝတီသည် လှိုင်မြို့နယ်ရှိ မဲရုံ ၅ ခုကို သွားရောက်ကြည့်ရှုရာ ယခင်အဆင့်ထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး မဲရုံအနီးကို အနီအဖြူ တားမြစ်ကြိုးများဖြင့် ကန့်သတ်ထားကာ ရဲတပ်ဖွဲ့နှင့် လက်နက်မပါသော အာဏာပိုင်များက စောင့်ကြပ်နေသည်ကို တွေ့ရသည်။ မဲရုံအများစုမှာ လူရှင်းနေပြီး အနီးအနားတွင် လမ်းသွားလူလာများကိုသာ တွေ့ရကာ လက်တွင် မင်ပေနေသူ နည်းသည်။

ပြည်သူ့ပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်လက်ကမ်းစာစောင်/AFP

နိုင်ငံတဝန်း အခြားဒေသများတွင်လည်း ရွေးကောက်ပွဲကို လုံခြုံရေးတင်းကျပ်စွာ ကျင်းပခဲ့ရပြီး ကြိုတင်မဲနှင့် ပတ်သက်သည့် တိုင်ကြားချက်များ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ကြာသပတေးနေ့တွင် အဖွဲ့ဝင်နိုင်ငံများအား စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ အာဏာသိမ်းအဖွဲ့ကို အထီးကျန်အောင် လုပ်ရန်နှင့် ကျန်ရှိနေသည့် မဲပေးအဆင့်များကို ဖျက်သိမ်းရေး ဖိအားပေးရန် တိုက်တွန်းခဲ့သည်။

ပထမအဆင့် ရွေးကောက်ပွဲသည် ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုနှင့် ပါဝင်ခွင့် ပိတ်ပင်မှုများဖြင့် ကျင်းပခဲ့ပြီး စစ်တပ်ကိုယ်စားပြု USDP ပါတီက အနိုင်ရရှိခဲ့ကြောင်းကို ရည်ညွှန်း၍ တွမ်အင်ဒရူးစ်က “ဘယ်အတိုင်းအတာနဲ့မဆို ဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတပြီး တရားဝင်တဲ့ ရွေးကောက်ပွဲ မဟုတ်ပါ။ ဒါဟာ နိုင်ငံတကာကို လှည့်ဖြားဖို့ ဒီဇိုင်းဆွဲထားတဲ့ ပြဇာတ်တခုသာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် “နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ထောင်ချီ ရှိနေတဲ့အချိန်၊ ယုံကြည်ရတဲ့ အတိုက်အခံပါတီတွေ ဖျက်သိမ်းခံထားရတဲ့အချိန်၊ သတင်းသမားတွေ ပါးစပ်ပိတ်ခံထားရပြီး အခြေခံလွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရချိန်မှာ လွတ်လပ်၊ မျှတ၊ ယုံကြည်ရတဲ့ ရွေးကောက်ပွဲတရပ် မဖြစ်နိုင်ပါ” ဟု ထပ်မံပြောဆိုခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Low Turnout, Intimidation and Attacks Mark Phase 2 of Myanmar Junta’s Election ကို ဘာသာပြန်သည်။)

You may also like these stories:

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

Your Thoughts …
Tags: NLDSliderUSDPခြိမ်းခြောက်ဖိအားပေးမှုများစစ်တပ် ရွေးကောက်ပွဲဒေါ်စန္ဒာမင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမဲပေးသူ နည်းပါး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved