နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်မြေဖြစ်ခဲ့တဲ့ ရန်ကုန်တိုင်း ထဲက ကော့မှူးမြို့နယ်ဟာ စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်နေပေမယ့် လူထုက ဆန္ဒမဲပေးဖို့ စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။
ကော့မှူးမြေဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး တွေမှာ ဒေါ်အောင်ဆန်းစုကြည် တောင်ပြိုကမ်းပြို နိုင်ခဲ့တဲ့ မဲဆန္ဒနယ်ပါ။
ကော့မှူးဒေသခံတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အပေါ် စိတ်မကောင်း ဖြစ်နေကြပြီး အာဏာသိမ်းခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲကို မဲထွက်မပေးကြဘဲ သူတို့ သဘောထားတွေကို ပြသခဲ့ကြတယ်လို့ မြေပြင်မှာ အနီးကပ် စောင့်ကြည့်ခဲ့သူတွေကပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













