• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
in Military, သတင်း
A A
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စစ်ကောင်စီ တရားခွင်တွင် မြင်ရစဉ်

31.4k
VIEWS
Share on FacebookShare on Twitter

နေပြည်တော် အကျဉ်းထောင်၌ နှစ်ရှည် ထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

အဆိုပါ နေရာသည် စစ်တပ်အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် တရားရင်ဆိုင်စဉ် ထိန်းသိမ်းထားခဲ့သော နေရာ ဖြစ်ကြောင်း၊ စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးဖြင့် လုံခြုံရေးချထားပြီး စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိတဦးက ကြီးကြပ်နေကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
123
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် ပျဉ်းမနားမြို့နယ် သဲဖြူကျေးရွာ၌ တည်ရှိပြီး စကခ ၆ တပ်မမှူးမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးဗိုလ်မှူးချုပ်တာဝန်ကိုပါ ပူးတွဲ တာဝန်ယူရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အကျဉ်းထောင်အတွင်း ရှိနေစဉ် အစားအသောက်များ မှာ ယူပါက သူတဦးတည်းအတွက်သာမက သူနှင့်အတူနေထိုင်ရသောသူများအတွက် မှာယူလေ့ရှိသော်လည်း ပြီးခဲ့သည့်သောကြာနေ့မှစ၍ ပစ္စည်းမှာယူရာတွင် ယခင်ကကဲ့သို့ အများစာမှာ ယူခြင်းမရှိဘဲ တဦးတယောက်စာအတွက်သာ မှာယူလာကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက” ဥပမာ သင်္ကြန်တုန်းက ရွှေရင်အေးမှာတယ်ဆို ၆ ယောက်စာလောက် မှာတယ်။ ကွက်ကီး( မုန့်) မှာတယ်ဆိုရင်လည်း တခြားလူတွေကို ကြွေးဖို့အတွက်ပါ ပိုမှာတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က နေထိုင်သည့်အိမ်တွင်သာ ထားရှိခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်မှစ၍ နေပြည်တော်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ဒုတိုင်းမှူးနေအိမ်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ကာ ထိုအိမ်မှနေ၍ တရားရင်ဆိုင်ခဲ့ရသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အား အမှု ၁၉ မှုဖြင့်စွပ်စွဲ၍ ထောင် ၃၃ နှစ်ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် နေပြည်တော်အချုပ်ထောင်သို့ပြောင်းရွှေ့ခဲ့ကာ အချုပ်ထောင်အတွင်းရှိ သီးသန့်အခန်း၌ ချုပ်နှောင်ထားခဲ့သည်။

“ဒီတခါ အသုံးအဆောင်တွေပါ ရွှေ့ပေးလိုက်တော့ ထောင်ထဲကို ပြန်မပို့တော့ဘူးလို့ နားလည်ရတယ်” ဟု လေ့လာစောင့်ကြည့်သူတဦးက ဆိုသည်။

You may also like these stories:

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ပြန်ထားရန် စစ်ကောင်စီ အစီအစဉ်ရှိ

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိ ၅ မှုအတွက် ဒီဇင်ဘာ ၃၀ တွင် အမိန့်ချမည်

Your Thoughts …
Tags: စကခ ၆ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်လုံခြုံရေးအကျဉ်းထောင်ပြောင်းရွှေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post

ကျောက်တော်ဆေးရုံဗုံးကြဲခံရ၊ သေဆုံး ဒဏ်ရာရသူများရှိ

တွန်းဇံမြို့အဝင်အထွက် စစ်ကောင်စီပိတ်ထား

တွန်းဇံမြို့အဝင်အထွက် စစ်ကောင်စီပိတ်ထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved