• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

တွန်းဇံမြို့အဝင်အထွက် စစ်ကောင်စီပိတ်ထား

by မေရီခိုင်
15 May 2024
in Ethnic Issues, သတင်း
A A
တွန်းဇံမြို့အဝင်အထွက် စစ်ကောင်စီပိတ်ထား

တွန်းဇံမြို့ (khonumthung)

1.2k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ မြောက်ပိုင်း တွန်းဇံမြို့နယ်တွင် ချင်းအမျိုးတပ်မတော် (CNA) ပါဝင်သော တော်လှန်ရေးတပ်များနှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA)များ ပူးပေါင်းထားသည့် စစ်ကောင်စီတပ်တပ်တို့ကြား နှစ်ဖက် တင်းမာနေပြီး မြို့အဝင် အထွက်နေရာကို စစ်ကောင်စီတပ်များ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် တွန်းဇံမြို့အဝင်အထွက်များ၌ တင်းကျပ်စွာ စစ်ဆေးပိတ်ဆို့ထားသလို တိုက်ပွဲကြောင့် ဘေးလွတ်ရာတိမ်းရှောင်မည့် ဒေသခံများကိုလည်း သွားလာခွင့်မပြုကြောင်း ဒေသခံများက ဆိုသည်။

တွန်းဇံမြို့ခံတဦးက “အကုန်လုံးနီးပါး ထွက်ပြေးကြဖို့ ပြင်ထားပေမယ့် ထွက်လို့မရဘူး ဖြစ်နေတယ်။ စကစက မြို့ပြင် အဝင်အထွက်တွေ ပိတ်ထားတယ်။ အထုပ်အပိုးတွေနဲ့ဆိုရင် သွားလာလို့ မရဘူး ဖြစ်နေတယ်။ ဒီလို သာဆို တိုက်ပွဲ တွေ ပိုပြင်းထန်ရင် ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိတော့ဘူး။ အခြေအနေ ပိုဆိုးလာရင် ကျနော်တို့ ဒေသခံတွေပဲ ထိခိုက်မှာ” ဟု ပြောသည်။

တွန်းဇံမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများကလည်း မြို့ပေါ်နှင့် ကျေးရွာများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် တိုက်ပွဲဖော်ဆောင်ခြင်း ရှောင်ရှားပေးရန် မေလ ၃ ရက်တွင် ထုတ်ပြန် တောင်းဆိုထား သည်။

တိုက်ပွဲများ ဖြစ်ပွားပါက တွန်းဇံမြို့နယ် ဒေသခံပြည်သူများသည် ၎င်းတို့၏ အသက်အိုးအိမ်များ ထိခိုက်မည်ကို စိုးရိမ် နေကြကြောင်း တွန်းဇံမြို့၊ မြို့မိမြို့ဖတဦးကလည်း ဧရာဝတီသို့ ပြောဆိုသည်။

၎င်းက “တိုက်ပွဲကတော့ အမှန်တကယ်ကို မဖြစ်စေချင်ဘူး။ ဒီလိုမျိုးတွေ ဖြစ်လာတော့ နောက်ထပ် ဘာတွေ ဘယ်လို ဆက်ဖြစ်လာဦးမလဲလို့ မတွေးတတ်တော့ဘူး။ အိုးအိမ်တွေဆိုတာ ကျနော်တို့ ချင်းတွေရဲ့ အသက်ပါပဲ၊ ပျက်စီးထိခိုက် တဲ့အခါ ဝမ်းနည်းလွန်းလို့ ပြောစရာရှိတော့မှာ မဟုတ်ပါဘူး။ ကျနော်တို့ တော်လှန်ရေးကို ဟန့်တားချင်တာ မဟုတ်ပါ ဘူး။ ဒုတိယ ထန်တလန် မဖြစ်ချင်ရုံပါ” ဟု ပြောသည်။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မိတ်သဟာယအဖွဲ့နှင့် မြို့မိမြို့ဖများ၏ ထုတ်ပြန်ချက်တွင် တွန်းဇံမြို့နယ်ရှိ ဒေသခံများသည် ရှိသမျှချွေးနဲစာများဖြင့် နေအိမ်များ ဆောက်လုပ်နေထိုင်ကြပြီး အစားအစာအတွက် ထမင်းရည်သောက် ရလျှင်ပင် ကျေနပ်နေသူများဖြစ်သောကြောင့် နေအိမ်ပျက်စီးသွားခြင်းသည် ၎င်းတို့၏အရာအားလုံး ပျက်စီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တွန်းဇံမြို့ပေါ်၌ မေလ ၁၃ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49
မေလ ၁၁ ရက်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာနေအိမ် အဆောက်အအုံတချို့/ CJ

ထို့ပြင် တွန်းဇံ-ကျီးခါး လမ်းမပေါ်ရှိ နာ့ဆန်ကျေးရွာ၌ မေလ ၁၃ ရက်တွင် CNA ပူးပေါင်းတပ်ဖွဲ့များနှင့် ZRA ပါဝင် သည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

မေလ ၁၁ ရက် ညပိုင်းကလည်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် လုံတပ်ကျေးရွာ၊ ဖိုင်တူကျေးရွာနှင့် နာ့ဇန်ကျေးရွာက ဒေသခံ ၁ ထောင်ကျော် သည် တမူးမြို့နယ်၊ ခမ်းပါတ်မြို့သို့ တိမ်းရှောင်သွားကြကြောင်း ဒေသခံများထံက သိရသည်။

လုံတပ်ကျေးရွာမှ ဒေသခံတဦးက “ကျနော်တို့လည်း တိုက်ပွဲဖြစ်မယ်လို့ အသံကြားထားတယ်လေ။ ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အသက်ရှင်ဖို့အရေးကြီးတယ်ဆိုပြီး ရှောင်ကြတာ။ ရှောင်ပြီး သိပ်မကြာဘူး၊ လေယာဉ်လာတာပဲ။ ပျက်စီး သွားတဲ့ ဘုရားကျောင်းတွေကတော့ RC ဘုရားကျောင်းနဲ့ ZBA ဘုရားကျောင်းတွေပါ။ ထိတဲ့ လူနေအိမ်တွေလည်း ရစရာမရှိတော့ပါဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် တွန်းဇံမြို့ပေါ် ရှိ ရဲစခန်းအနီးဝန်းကျင်တွင် နေထိုင်သည့် နေအိမ် ၁၅ အိမ် ခန့်က ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင် တိမ်းရှောင်ခဲ့ကြသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – တွန်းဇံ (CDF – Tonzang) အနေဖြင့်လည်း တွန်းဇံမြို့ အနောက်ဘက်တောင်ကြော စစ်ဆင် ရေးသည် အများပြည်သူများ၏ အသက်အိုးအိမ်များကို ဖျက်ဆီးရန်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့များကို ရှင်းလင်းတိုက်ထုတ်ရန်ဖြစ်ကြောင်း မေလ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်မှ စစ်ရှောင်များ (တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့)

အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဧပြီအထိ တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိပေ။

လက်ရှိ တွန်းဇံမြို့တွင် ချင်းကာကွယ်ရေးတပ်- တွန်းဇံ (CDF -Tonzang) တပ်ဖွဲ့၊ ထာဒို ကာကွယ်ရေးတပ် (Thado Defense Force)၊ ပြည်သူ့ကာကွယ်ရေးတပ်- ဇိုလန်း (PDF Zoland) နှင့် CNA တို့ အခြေပြု စစ်ရေးလှုပ်ရှား လျက်ရှိ သည်။

စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ZRA ကို ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ၂၀၀၅ ခုနှစ်တွင် အိန္ဒိယဗဟိုအစိုးရ၏ သဘောတူညီချက်အရ နယ်ခြား စောင့်တပ်အဖြစ် ရပ်တည်၍ မဏိပူရ်ပြည်နယ်အခြေစိုက်ခဲ့သည်။ ထို့နောက် ၂၀၁၃ ခုနှစ်က စတင်၍ ချင်းပြည်နယ်သို့ ဝင်ရောက်လာခဲ့ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

မေလ ၉ ရက်တွင် ZRA အဖွဲ့အနေဖြင့် စစ်ကောင်စီအောက်မှ ရုန်းထွက်ပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်များကို နှောင့်ယှက်ပစ်ခတ်ခြင်းမပြုလုပ်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် နေသော ချင်းကာကွယ်ရေးတပ်ဖွဲ့များကို ခြိမ်းခြောက် ပစ်ခတ်တိုက်ခိုက်ခြင်းများမပြုလုပ်ရန် CNA က သတိပေး ထုတ်ပြန်ထားသည်။

တွန်းဇံမြို့နယ်တွင် နေထိုင်တဲ့ ဒေသခံတဝက်နီးပါးခန့်သည် ZRA အဖွဲ့ကို ထောက်ခံအားပေးကြပြီး ကျန်ဒေသခံများ သည် CNA နှင့် ပူးပေါင်းပါဝင်တဲ့ CDF- တွန်းဇံအဖွဲ့ကို ထောက်ခံပေးကြသည်။

ချင်းပြည်နယ်၏ မြောက်ဖျားပိုင်းရှိ တွန်းဇံမြို့တွင် အိမ်ခြေ ၁၀၀၀ ခန့် ရှိပြီး ဇိုမီးမျိုးနွယ်စုအများစုနေထိုင်ရာ ဒေသ ဖြစ် သည်။

You may also like these stories:

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

ရခိုင်နှင့် ပြည်မ ဆက်ထားသောလမ်းများ စစ်ကောင်စီ ပြန်ဖွင့်

စစ်ရှိန်မြှင့်‌နေသည့် တိုင်းရင်းသား ပြည်နယ်များ

Your Thoughts …
Tags: CDFချင်းပြည်နယ်ဇိုမီးတော်လှန်ရေးတပ်တွန်းဇံ
မေရီခိုင်

မေရီခိုင်

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.6k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.8k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.6k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

by ဧရာဝတီ
20 December 2023
7.4k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၅,၀၀၀ နီးပါး ဘက်ပြောင်းလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

Next Post
မိုင်းခွဲခံရသော ကျုံအိတ်တံတားမှ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြု

မိုင်းခွဲခံရသော ကျုံအိတ်တံတားမှ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြု

မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်

မြန်မာနိုင်ငံသားများ ဇီဝ အချက်အလက် ထိုင်း ကောက်ခံခြင်းက အငြင်းပွားစရာဖြစ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved