• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
in သူ့အတွေး သူ့အမြင်
A A
ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ဗန်းမော်လေဆိပ်အတွင်း အောင်ပွဲခံ မှတ်တမ်းဓာတ်ပုံရိုက်သည့် KIA အဖွဲ့ဝင်များ

8.8k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တို့ကို တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိကြသည်။ ထို မြို့သိမ်းတိုက်ပွဲများကို ပြည်သူအများက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြသည်။ မြို့သိမ်းတိုက်ပွဲများ စတင်ချိန်က မကြာမီ ထိုမြို့များကို သိမ်းပိုက်ရရှိနိုင်ကြောင်း မျှော်လင့်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲကာလမှာ ရှည်ကြာလာခဲ့ရကြောင်း တွေ့ရသည်။

ဖလမ်း မြို့သိမ်းတိုက်ပွဲကို ကြည့်ပါက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် တိုက်ပွဲကာလ လေးလ ကျော်ခဲ့ပြီ ဖြစ်သည်။ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြသည့် ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာ နယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်ကြောင်း သိရသည်။

ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီနှင့် ပတ်သက်သည့်စခန်းများ၊ လုံခြုံရေး နေရာများကို ချင်းညီနောင်အဖွဲ့က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်ကတည်းက သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဖလမ်းတွင် လက်ကျန် စခန်းအဖြစ် အမှတ် (၂၆၈) ခြေလျင်တပ်ရင်း (ခလရ-၂၆၈) တပ်ရင်းဌာနချုပ်သာ ကျန်ရှိနေတော့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က မုံရွာ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကွပ်ကဲမှု နယ်မြေအတွင်းတွင်ရှိသည့် ဖလမ်းမြို့တိုက်ပွဲကို စစ်ကောင်စီဘက်က နမခ အပါအဝင် ကလေး အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-ကလေး) နှင့် ဟားခါး အခြေစိုက် စစ်ဗျူဟာအဖွဲ့အခြေချ (စဗခ – ဟားခါး) တို့က ကွပ်ကဲနေခြင်း ဖြစ်သည်။ စဗခ-ဟားခါး ကွပ်ကဲမှုအောက်တပ် ဖြစ်သဖြင့် ထိုစစ်ဗျူဟာမှူးက ကွပ်ကဲနေပြီး နယ်မြေခံတပ်ရင်းနှင့် ရှေ့တန်းတပ်မ ၇၇ အောက် တပ်များအပါအဝင် စစ်ကြောင်းအချို့နှင့် ခုခံနေခြင်း ဖြစ်သည်။

စစ်ကူ၊ ပစ်ကူကို ဒကစ (ကလေး) ဘက်က ပေးနေခြင်းလည်း ဖြစ်သည်။ စစ်ကူကို MI-17 ရဟတ်ယာဉ်ဖြင့် ပေးပို့ခဲ့ပြီး ပစ်ကူကို ကလေး အခြေစိုက် အမြောက်တပ်များက ပစ်ခတ်ပေးနေသည်ကိုလည်း တွေ့ရသည်။

လတ်တလော အခြေအနေအရ မတ်လ ဒုတိယ အပတ်အတွင်း ဖလမ်း အခြေစိုက် ခလရ (၂၆၈) ကို စစ်ကောင်စီဘက်က အင်အား ၄၀ ခန့် စစ်ကူပို့ပြီးနောက်ပိုင်း ထပ်ပြီး မပို့နိုင်တော့ပေ။ လေကြောင်းကသာ ရိက္ခာနှင့် ခဲယမ်းများ ချပေးနေခြင်းဖြစ်သည်။

လတ်တလော အခြေအနေအရ မတ်လ ဒုတိယ အပတ်အတွင်း ဖလမ်း အခြေစိုက် ခလရ (၂၆၈) ကို စစ်ကောင်စီဘက်က အင်အား ၄၀ ခန့် စစ်ကူပို့ပြီးနောက်ပိုင်း ထပ်ပြီး မပို့နိုင်တော့ပေ။ လေကြောင်းကသာ ရိက္ခာနှင့် ခဲယမ်းများ ချပေးနေခြင်းဖြစ်သည်။

ယခင်ကလည်း စစ်ကောင်စီတပ်ဘက်က MI-17 ရဟတ်ယာဉ်ဖြင့် လူအင်အားဖြည့်တင်းမှုများ ပြုလုပ်နေမှုကို ချင်းညီနောင်အဖွဲ့က ဝိုင်းပတ် ပိတ်ဆို့မှုကြောင့် ခလရ (၂၆၈) တပ်နှင့် မပူးပေါင်းနိုင်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ကြပြီး စစ်သုံ့ပန်း အများအပြားကိုလည်း ချင်းညီနောင်အဖွဲ့က ဖမ်းမိခဲ့ကြသေးသည်။

မင်းတပ် မြို့သိမ်းတိုက်ပွဲတွင် လက်နက်ချသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / ချင်းညီနောင်

မတ်လ ၁၃ ရက် နေ့တွင်လည်း ဒကစ (ကလေး) ဘက်မှ ရဟတ်ယာဉ်ဖြင့် ခလရ (၂၆၈) တပ်ရင်းသို့ စစ်ကူချပေးရန် ကြိုးစားသော်လည်း ဝိုင်းပတ်ပိတ်ဆို့မှုကြောင့် မဆင်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထိုသို့ ချင်းညီနောင်တပ်များက ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည့် ခလရ (၂၆၈) တပ်ရင်းဌာနချုပ်ကုန်းတွင် အရန်ရိက္ခာ သုံးလစာနှင့် အရန်ရေ စုဆောင်းထားသဖြင့် စစ်ကောင်စီဘက်က ဆက်ပြီး ခံစစ်ဆင်နေနိုင်ခြင်း ဖြစ်သည်။

နောက်ဆုံး အခြေအနေအရ ခလရ (၂၆၈) ကို သွယ်တန်းထားသည့် သောက်သုံးရေပိုက်လိုင်းကို ဖြတ်တောက်ထားသဖြင့် မကြာမီ သောက်သုံးရေပြဿနာ ကြုံလာနိုင်သည်။ ထို့ကြောင့် မကြာမီမှာပင် ဖလမ်း မြို့သိမ်းတိုက်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ကြောင်း ယူဆရသည်။

နောက်ဆုံးရ သတင်းများအရ မတ်လ ၁၂ ရက်တွင် ခလရ (၂၆၈) ကို ထိုးစစ်ဆင် တိုက်ခိုက်သည့်တိုက်ပွဲ ပြင်းထန်နေကြောင်း ကြားသိရသည်။ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် တရစပ် ပစ်ကူပေးနေခြင်းကြောင့်သာ စစ်ကောင်စီတပ်က တောင့်ခံနေနိုင်ခြင်း ဖြစ်သည်။

တောင်ပေါ်ဒေသဖြစ်သည့် ဖလမ်းသည် ရာသီဥတု အပြောင်းအလဲမြန်သည့် နေရာဖြစ်သည်။ စစ်ကောင်စီ လေတပ်အနေဖြင့် နွေရာသီဖြစ်၍သာ လေကြောင်းပစ်ကူကို ရာသီဥတု အကန့်သတ် နည်းပါးစွာဖြင့် ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ရုတ်တရက် ရာသီဥတု ပြောင်းလဲသွားပါက ပစ်ကူပေးရန် လွယ်မည်မဟုတ်ပေ။

လတ်တလောအထိ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာများ၊ Y-12 နှင့် Y–8 လေယာဉ်များ အသုံးပြုပြီး ပေါင် ၅၀၀ ဗုံး ကြဲချခြင်း အပါအဝင် လေကြောင်းပစ်ကူ အလွန်အကျွံ ရယူကာ ခလရ (၂၆၈) ဝန်းကျင်ရှိ ကုန်းများကို ပြန်ရရေးအတွက် တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း တွေ့ရသည်။

ဖလမ်းကဲ့သို့ပင် ကာလရှည် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် နောက်ထပ် တမြို့မှာ ဗန်းမော်မြို့ဖြစ်သည်။ ဒီဇင်ဘာလ ၇ ရက်က စတင်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ၏ ဗန်းမော်နှင့် မံစီထိုးစစ်တွင် တရုတ်နယ်စပ်ရှိ မံစီကို သိမ်းပိုက်ပြီးဖြစ်သည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်း တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရသည်။ သုံးလကျော် ကြာလာသည့်တိုင် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့ကို သိမ်းပိုက်ရရှိရေး KIA နှင့်အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ ပူးပေါင်း တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သိရသည်။ သုံးလကျော် ကြာလာသည့်တိုင် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်သည်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မှုအတွင်း မြို့နှင့် ဗန်းမော်လေဆိပ် အပါအဝင် ခလရ (၂၃၆)၊ အမြောက်တပ် (၃၆၆)၊ သံချပ်ကာတပ် (၅၀၁၄)၊ တင့်ကားတပ် (၇၀၀၆) နှင့် ကာကင်းစခန်းများကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ဖြစ်သည်။

သို့သော် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၂၁) ဌာနချုပ်၊ ခလရ (၄၇) တပ်ရင်းဌာနချုပ် အပါအဝင် တပ်နေရာများကို တိုက်ခိုက်နေရဆဲ ဖြစ်သည်။

စစ်ကောင်စီဘက်က စကခ (၂) မှူး ဗိုလ်မှူးချုပ် တင်မင်းလတ် (DSA-41) နှင့် ဒု စကခမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင်တို့က ဦးစီးပြီး နယ်မြေခံတပ်များ ရှေ့တန်းတပ်မ ၈၈ အောက် စစ်ကြောင်းများနှင့် ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

စစ်ကောင်စီဘက်က တပ်အသီးသီးတွင် အခိုင်အမာ ကွန်ကရစ် ဘန်ကာများ တည်ဆောက်ထားခြင်း၊ အရန်ရေကို တပ်တွင်း၌ရရှိခြင်း၊ ရိက္ခာနှင့် ခဲယမ်း စုပုံထားခြင်း၊ လေကြောင်းက ချပေးခြင်း၊ အဆင့်မြင့် ဒရုန်းများသုံး၍ တန်ပြန်တိုက်ခိုက်ခြင်းနှင့် လေကြောင်းပစ်ကူ အဆမတန် သုံးခြင်းတို့ကြောင့် ယခုကဲ့သို့ ကာလကြာရှည်စွာ ခုခံနေနိုင်ခြင်း ဖြစ်သည်။

မိုးမောက်၊ မံစီနှင့် ကချင်အထူးဒေသ (၁) တပ်များမှ ဆုတ်ခွာလာခဲ့ရသည့် တပ်မိသားစုဝင်များပါ စုပြုံ‌နေထိုင်ကြသည့် စကခ (၂၁) ဌာနချုပ်တွင် ရှိသမျှအင်အားနှင့် စုပြုံခုခံနေပြီး KIA နှင့် ပူးပေါင်းတပ်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း တပ်မိသားစုများပါ ထိခိုက် သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်မှ စစ်ကောင်စီတပ် အရာရှိ၊ စစ်သည်များသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တရုတ်ခရီးစဉ်အပြီး ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်တန့်သွားနိုင်ကြောင်း တွေးထင်ခဲ့ကြသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်က ဖလမ်းမြို့ ခြေလျင်တပ်ရင်း ၂၆၈ အပါအဝင် စစ်စခန်းများ မကျစေ‌ရေး ၂၇၄ တပ်ရင်းက ပစ်လိုက်သော လက်နက်ကြီးကျည် မင်းတပ်မြို့ အရှေ့ပြင် မင်းတပ်ဟိုတယ်အောက် ကားလမ်းမဘေးရှိ ဒေသခံအိမ်များကို ထိမှန်စဉ် / HKI Mindat

သို့သော် တရုတ်ဘက်က KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဒီဇင်ဘာလအတွင်း ခေါ်ယူတွေ့ဆုံခဲ့သည့်တိုင် နယ်စပ်ဂိတ်များ ပြန်ပွင့်သည်ကလွဲလျှင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်မြို့သိမ်း တိုက်ပွဲမှာ ရပ်တန့်သွားခဲ့ခြင်း မရှိခဲ့ပေ။

မြို့သိမ်းတိုက်ပွဲကာလ သုံးလပြည့်သည့် မတ်လအတွင်း ဗန်းမော်တိုက်ပွဲသတင်းများအရ မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် စကခ (၂၁) နေရာ၊ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းနေရာနှင့် ခလရ (၄၇) နေရာစသည့် နေရာ သုံးခုကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မြို့သိမ်းတိုက်ပွဲကာလ သုံးလပြည့်သည့် မတ်လအတွင်း ဗန်းမော်တိုက်ပွဲသတင်းများအရ မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် စကခ (၂၁) နေရာ၊ ဗန်းမော်တက္ကသိုလ် ကျောင်းဝင်းနေရာနှင့် ခလရ (၄၇) နေရာစသည့် နေရာ သုံးခုကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရသည်။

မတ်လ ၉ ရက် ညပိုင်းတွင် စစ်တပ်သုံး နည်းပညာမြင့် ညဘက်မြင်ရသည့် Night Vision စနစ်ပါသည့် ဒရုန်းယာဉ် ခုနစ်စင်းကို KIA က ပစ်ချနိုင်ခဲ့ကြောင်း တွေ့ရသည်။ ထို ဒရုန်းယာဉ်များနှင့် စစ်ကောင်စီဘက်က တန်ပြန်တိုက်ခိုက်မှု မှတ်တမ်းများကို စစ်တပ်ထောက်ခံသည့် လော်ဘီများက တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြခဲ့ကြသည်။ စစ်ကောင်စီက ဗန်းမော်ခံစစ်အတွက် MI-17 ရဟတ်ယာဉ်ဖြင့် ပေးပို့နိုင်ခဲ့ပြီး လက်ရှိမြေပြင်တွင် အသုံးချနေခြင်းကြောင့် ဖြစ်သည်။

စစ်တပ်ထောက်ခံသူ လော်ဘီများက အဆင့်မြင့် ဒရုန်းများကြောင့် ဗန်းမော် မကျနိုင်တော့ကြောင်းကိုပါ ဝါဒဖြန့်ခဲ့ကြသည်။ မတ်လ ၁၀ ရက်အထိ ရရှိသည့် မြေပြင်သတင်းများအရ စကခ (၂၁) တဝိုက်တွင် စစ်ကောင်စီနှင့် KIA မဟာမိတ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။ သို့သော် လုံးဝ ရပ်တန့်မသွားဘဲ ဆက်လက် တိုက်ခိုက်လျက်ရှိနေကြောင်း တွေ့ရသည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
521
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.9k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
5.5k

မြို့သိမ်းတိုက်ပွဲ ကာလကြာရှည်လာမှုနှင့် ပတ်သက်၍ လက်လှမ်းမီသမျှ သုံးသပ်ကြည့်မိသည်။

သောက်သုံးရေ ဖြတ်တောက်မှုကို ကာလကြာရှည်စွာ ထိန်းထားနိုင်ပါက စစ်ကောင်စီဘက်က ရေရှည်ဆက်၍ ခုခံရန် မလွယ်ပေ။ ဗန်းမော် မြို့သိမ်းတိုက်ပွဲတွင်မူ စစ်ကောင်စီ လေတပ်၏ လေကြောင်းပစ်ကူ အဆမတန်သုံးခြင်း၊ အဆင်မြင့် ဒရုန်းယာဉ်များဖြင့် တန်ပြန်တိုက်ခိုက်ခြင်း၊ ခဲယမ်း၊ ရိက္ခာ စုပုံထားခြင်းနှင့် အရန်ရေကို တပ်တွင်းမှာပင် ထုတ်လုပ် သိုလှောင်ထားနိုင်ခြင်းတို့ကြောင့် ကာလရှည်စွာ ခုခံနေနိုင်ကြောင်း ယူဆရသည်။

ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်က စစ်ကူအင်အား ပို့နိုင်ခြင်း၊ လေကြောင်းပစ်ကူ အဆမတန် အသုံးပြု၍ တိုက်ခိုက်ခြင်း၊ မြေအနေအထားအရ ခလရ (၂၆၈) ဘက်က အသာစီးရရှိနေခြင်းတို့ကြောင့် ယခုလို သိမ်းပိုက်ရရှိရန်အတွက် အချိန်ကြန့်ကြာနေရကြောင်း တွေ့ရသည်။သောက်သုံးရေ ဖြတ်တောက်မှုကို ကာလကြာရှည်စွာ ထိန်းထားနိုင်ပါက စစ်ကောင်စီဘက်က ရေရှည်ဆက်၍ ခုခံရန် မလွယ်ပေ။

ဗန်းမော် မြို့သိမ်းတိုက်ပွဲတွင်မူ စစ်ကောင်စီ လေတပ်၏ လေကြောင်းပစ်ကူ အဆမတန်သုံးခြင်း၊ အဆင်မြင့် ဒရုန်းယာဉ်များဖြင့် တန်ပြန်တိုက်ခိုက်ခြင်း၊ ခဲယမ်း၊ ရိက္ခာ စုပုံထားခြင်းနှင့် အရန်ရေကို တပ်တွင်းမှာပင် ထုတ်လုပ် သိုလှောင်ထားနိုင်ခြင်းတို့ကြောင့် ကာလရှည်စွာ ခုခံနေနိုင်ကြောင်း ယူဆရသည်။

အဆင့်မြင့် ဒရုန်းများကို ပစ်ချနိုင်ခဲ့သဖြင့် စစ်ကောင်စီဘက်က တန်ပြန် ဒရုန်းစစ်ဆင်မှု လျော့ကျသွားဖွယ် ရှိသည်။ ထို့ကြောင့် ခံစစ်လည်း အားပျော့လာဖွယ်ရှိသည်။ စိတ်ဓာတ်ပိုင်းအရ ကြည့်မည်ဆိုပါက ကာလကြာရှည်စွာ ရိက္ခာနှင့် ခဲယမ်း ခြိုးခြံချွေတာပြီး ခံစစ်ဆင်နေရသည့် ထို နှစ်မြို့ရှိ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ပိုင်းတွင် များစွာကျဆင်းလျက်ရှိနိုင်ကြောင်း သုံးသပ်ရသည်။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ဆက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နိုင်ပါက မကြာမီကာလအတွင်း မြို့များအား သိမ်းပိုက်ရရှိဖွယ် ရှိနေပါသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

ဗန်းမော်၌ စစ်ရေးအထိနာ၍ ကျေးရွာများကို ပို ဗုံးကြဲ

ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို KIA ထိန်းချုပ်

ဗန်းမော်က တင့်ကားတပ်ကို KIA သိမ်းပိုက် (ရုပ်/သံ)

ဖလမ်းနဲ့ မင်းတပ်မြို့ကို ချင်းညီနောင်တပ်တွေ ထိန်းချုပ် (ရုပ်/သံ)

ဖလမ်းနဲ့ မင်းတပ်မြို့ မကျရေး စစ်ကောင်စီ အပြင်းအထန် ခုခံနေ (ရုပ်/ သံ)

Your Thoughts …
Tags: ABSDFKIAKPDFကချင်ပြည်နယ်ချင်းညီနောင်အဖွဲ့ချင်းပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုဒရုန်းတိုက်ခိုက်မှုဖလမ်းဗန်းမော်မြို့သိမ်းတိုက်ပွဲလေကြောင်းတိုက်ခိုက်မှု
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လူထုကို မထောက်ခံရဲအောင် လိုက်တိုက်ခိုက်နေတာ (ရုပ်/သံ)

လူထုကို မထောက်ခံရဲအောင် လိုက်တိုက်ခိုက်နေတာ (ရုပ်/သံ)

နောင်ချိုက ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

နောင်ချိုက ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved