• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို KIA ထိန်းချုပ်

by ဧရာဝတီ
19 February 2025
in သတင်းတို
A A
ဗန်းမော်လေဆိပ်နှင့် အမြောက်တပ် KIA သိမ်း

ဗန်းမော်လေဆိပ်အတွင်း အောင်ပွဲခံ မှတ်တမ်းဓာတ်ပုံ ရိုက်နေသည့် KIA တပ်သားများ

1.6k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၂၃၆ နှင့် အမြောက်တပ် အမတ-၃၆၆ တို့အား နယ်မြေသုံးပုံနှစ်ပုံခန့်အထိ စီးနင်းထိန်းချုပ် ထားနိုင်ပြီဖြစ်ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့ တပ်ရင်းနှစ်ခုမှာ သုံးပုံနှစ်ပုံလောက်အထိ နေရာယူထားနိုင်ပါပြီ။ အပြီးသတ်သိမ်းရပြီလို့တော့ အတည်မပြုနိုင်သေးဘူး။ အပြီးသတ်သိမ်းနိုင်ဖို့ကို ရဲဘော်တွေလည်း ဆက်ပြီးကြိုးစားနေကြပါတယ်။ သိမ်းလို့လည်းရနိုင်မှာပါ” ဟု ဆိုသည်။

ခလရ-၂၃၆ နှင့် အမတ-၃၆၆ တို့သည် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အနီး ဗန်းမော်လေဆိပ်ထိပ်တွင် တည်ရှိပြီး KIA ပူးပေါင်းတပ်များအနေဖြင့် စကခ-၂၁ နှင့် တပ်ရင်းဌာနချုပ်များအား အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းနေကာ တိုက်ပွဲများ ပြင်းထန်နေကြောင်း ၎င်းက ပြောသည်။

ကချင်ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကမူ ဗန်းမော်ရှိ ခလရ-၂၃၆ နှင့် အမတ-၃၆၆ တပ်ရင်းဌာနချုပ်နှစ်ခုအား KIA ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးသားဖော်ပြလျက်ရှိသည်။

လက်ရှိ ဗန်းမော်မြို့တွင် စကခ-၂၁ အပြင် ခလရ-၄၇ နှင့် အခြားလက်ရုံးတပ်အချို့ ကျန်ရှိနေပြီး တပ်ရင်းဌာနချုပ်များ သိမ်းပိုက်မခံရရေး စစ်တပ်က လေယာဉ်များ၊ ဒရုန်းများ အသုံးပြုကာ အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
463
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k
COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
124

တိုက်လေယာဉ်များနှင့် ဗုံးကြဲသည့်အပြင် ဒရုန်းများဖြင့်ပါ တန်ပြန်စစ်ဆင်ရေးဆောင်ရွက်မှုများကြောင့် ဗန်းမော်မြို့အား စစ်တပ်က ပြန်လည်ထိန်းချုပ်ထားကြောင်း စစ်တပ်လော်ဘီများက ဝါဒဖြန့်နေကြစဉ် တပ်ရင်းဌာနချုပ်နှစ်ခု ထပ်မံလက် လွှတ်ရမည့်အခြေအနေ ဖြစ်သည်။

စစ်တပ်ဘက်က ဒရုန်းနည်းပညာ ပိုမိုမြင့်မားလာသည့်အပြင် အရေအတွက်အားဖြင့် ပိုအသုံးပြုပြီး ခုခံတိုက်ခိုက်နေသည့် အတွက် ရဲဘော်များ အထိအခိုက်၊ အကျအဆုံးရှိနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

KIA ပူးပေါင်းတပ်များသည် ယမန်နှစ် ဒီဇင်ဘာ ၄ ရက်မှစတင်၍ ဗန်းမော်မြို့နှင့် မံစီမြို့တို့အား တပြိုင်နက်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် မံစီမြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီ ဖြစ်သည်။

လက်ရှိတွင် ဗန်းမော်မြို့အား အပြီးသတ်သိမ်းပိုက်နိုင်ရေး လက်ကျန်တပ်ရင်းစခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်၌ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းအား သိမ်းပိုက်နိုင်ခဲ့သည့်တိုက်ပွဲအတွင်း သံချပ်ကာကား ၇ စီး သိမ်းပိုက်ရရှိခဲ့ ကြောင်း KIA ဘက်က ပြောထားသည်။

You may also like these stories:

ဗန်းမော် တင့်ကားတပ် KIA သိမ်း

ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်

ဗန်းမော်လေဆိပ်နှင့် အမြောက်တပ် KIA သိမ်း

Your Thoughts …
Tags: KIAခလရ-၂၃၆စစ်ကောင်စီပူးပေါင်းတပ်ဗန်းမော်မြို့သိမ်းတိုက်ပွဲအမတ- ၃၆၆
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း TNLA ပြော

TNLA နှင့် စစ်တပ် ဆွေးနွေးမှု သဘောတူညီချက်မရ

TNLA နဲ့ စစ်ကောင်စီဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံး (ရုပ်/သံ)

TNLA နဲ့ စစ်ကောင်စီဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံး (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved