• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်

by ဧရာဝတီ
3 February 2025
in သတင်း
A A
ဗန်းမော်အမြောက်တပ်ကို သိမ်း၍ စကခ ၂၁ အား KIA စစ်ရှိန်မြှင့်

ဇန်နဝါရီ နောက်ဆုံးပတ်က အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းနှင့် လေဆိပ်တို့ကို KIA သိမ်းခဲ့သည်။

6k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ဗန်မော်ကိုသိမ်းရန် ၂ လနီးပါးကြာ စစ်ဆင်နေချိန် အမှတ် ၃၆၆ အမြောက်တပ်ကို ယမန်နေ့က သိမ်းပြီးနောက် အနီးရှိ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် သိမ်းရန် စစ်ရှိန်မြှင့် လာကြောင်း သိရသည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “မနေ့က ညနေပိုင်းမှာ အမတ ၃၆၆ ကို သိမ်းပိုက်ရရှိပါတယ်။ စကခ ၂၁ ထဲမှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

KIA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်လိုက်သော အမတ ၃၆၆ သည် ဗန်းမော်မြို့ လက်ကျန်တပ်စခန်းများတွင် အင်အား တောင့်တင်းသည့် တပ်စခန်းဖြစ်ပြီး ထိုစခန်းကိုသိမ်းလိုက်နိုင်၍ ပူးပေါင်းများအနေဖြင့် စကခ ၂၁ ကို ရက်ပိုင်းအတွင်း ထပ်မံ သိမ်းပိုက်ရရှိနိုင်မည့်အခြေအနေရှိကြောင်း CDM အရာရှိများက သုံးသပ်ပြောဆိုသည်။

CDM ဗိုလ်ကြီး ဇင်ယော်က “အခု စခက ၂၁ ပြိုသွားရင် နောက်ဆုံးခက်ခက်ခဲခဲ တိုက်ရမှာက ခလရ ၄၇ လောက်ပဲရှိမှာ ပေါ့။ ပြီးရင် သိမ်းပိုက်ရရှိထားတဲ့ လက်နက်တွေ၊ သံချပ်ကာတပ်ရင်းက ရထားတဲ့ သံချပ်ကာကားတွေကိုပါ ပြန်ပြီးတော့ အသုံးပြုပြီးတော့ တိုက်တော့မယ့်အနေအထား မြင်နေရတယ်။ စကခ ၂၁ ကျပြီးဆိုရင် ကျန်တပ်တွေက နောက်ကနေ တောက်လျောက် အကုန်ပြိုဆင်းပြီးတော့ ကျလာမယ့် အနေအထားပေါ့” ဟု ပြောသည်။

KIA နှင့် ပူးပေါင်းတပ်များသည် ဗန်းမော်ရှိ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းနှင့် လေဆိပ်တို့ကို ပြီးခဲ့သော ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း၌ သိမ်းနိုင်ခဲ့ပြီးနောက် ထိုးစစ်အရှိန်ထပ်မြှင့်၍ လက်ကျန်းတပ်စခန်းများအား တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိ ဗန်းမော်မြို့တွင် စကခ ၂၁၊ ခလရ ၄၇ တပ်ရင်းတို့သာ အခိုင်အမာကျန်ရှိပြီး တပ်ရင်းတချို့နှင့် တပ်ခွဲအဆင့် တပ်စခန်းတချို့ ကျန်ရှိနေသော်လည်း ထိုတပ်များသည် လက်ရုံးတပ်များဖြစ်သည့်အပြင် အင်အားအများပြား မရှိသော ကြောင့် အရန်အင်အားများအဖြစ် ရဲမေများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုများကိုပါ လက်နက်တပ်ဆင် ပေးထားရ ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့်ဗန်းမော်မြို့သည် KIA ဌာနချုပ် လိုင်ဇာမြို့နှင့်အနီးဆုံးမြို့လည်းဖြစ်ပြီး တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီက လိုင်ဇာမြို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။

ဗန်းမော်မြို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိပြီး ရေလမ်းကြောင်း၊ ကုန်းလမ်းများဖြင့် ဆက်သွယ်ရေး ကောင်းမွန်သော် လည်း လက်ရှိ ထိုးစစ်ကာလအတွင်း KIA နှင့် ပူးပေါင်းတပ်များမှ လမ်းကြောင်းများအားလုံးကို ဖြတ်တောက်ထားရာ စစ်ကူ များ မလာနိုင်ဘဲ လေကြောင်းမှ အဓိက ပစ်ကူပေးနေရသည့် အခြေအနေသာရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆို သည်။

KIA နှင့်ပူးပေါင်းတပ်များသည် ဗန်းမော်မြို့နှင့် မံစီမြို့တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က စတင်ထိုးစစ်ဆင်နေခဲ့ရာ မံစီမြို့ ကို စတင်တိုက်ခိုက်သည့်အချိန်မှစ၍ တလကျော်အကြာ၌ သိမ်းပိုက်နိုင်ခဲ့ပြီး ဗန်းမော်ကို လက်ရှိအချိန်ထိ ထိုးစစ်ဆင်နေ ရဆဲ ဖြစ်သည်။

You may also like these stories:

ကချင်စစ်မျက်နှာမှ ဗန်းမော် စစ်ဆင်ရေး

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
39
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
768
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
219

ဗန်းမော်ကို စစ်ဆင်နေချိန် KIA ကို တရုတ် ခေါ်ယူဆွေးနွေး

မံစီကျပြီး ဗန်းမော်တပ်ရင်းများအနီး KIA တို့ ပိုမိုချဉ်းကပ်လာ

Your Thoughts …
Tags: KIAဗန်းမော်အမတ- ၃၆၆အမြာက်တပ်ရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
ဗိုလ်မှူးကြီး စောချစ်သူကို လမ်းပြပေးခဲ့တဲ့သူ (ရုပ်/သံ)

ဗိုလ်မှူးကြီး စောချစ်သူကို လမ်းပြပေးခဲ့တဲ့သူ (ရုပ်/သံ)

ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်မှ နောက်တဆင့်တက်နိုင်မယ် (ရုပ်/သံ)

ပြန့်ကြဲနေတဲ့ အင်အားစုတွေကို စုစည်းနိုင်မှ နောက်တဆင့်တက်နိုင်မယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved