• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
in သူ့အတွေး သူ့အမြင်
A A
AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ

18.7k
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ပတ်သက်ပြီး အမြဲတမ်း အမှတ်ရဖြစ်နေတဲ့ စကားတခွန်းက ကွန်ဖက်ဒရိတ် (Confederate) ဆိုတဲ့ အသုံးအနှုန်းပါ။ ဒီအသုံးအနှုန်းကို ၂၀၁၉ ခုနှစ်အတွင်း အင်တာဗျူးတခုမှာ သူပြောခဲ့တာပါ။

AA ဟာ အဲဒီကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေကြား တဖြည်ဖြည်း လူသိများလာနေချိန်လည်း ဖြစ်တယ်။ ၂၀၁၀ ပြည့်နှစ်ရှေ့ပိုင်း၊ ၂၀၀၉ ခုနှစ် မတိုင်မီအထိ အဲဒီတုန်းက အခေါ် ရက္ခိုင့်တပ်တော် (AA) ဆိုတာ ရှိလည်း မရှိ၊ ကြားလည်း မကြားဖူးခဲ့ကြပါဘူး။ ၂၀၁၁ ခုနှစ် တကျော့ပြန် ကချင်စစ်ပွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့အတူ ပါဝင်တိုက်ခိုက်ရင်း စစ်မြေပြင် အတွေ့အကြုံကို စတင်ရယူခဲ့တဲ့ AA ဟာ ရှမ်းမြောက်တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲရင်း စစ်ရေးအတွေ့အကြုံ ရင့်ကျက်လာခဲ့တယ်။ ၂၀၁၅ ခုနှစ်၊ ကိုးကန့်စစ်ပွဲမှာလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဘက်က AA ပါဝင်ခဲ့တယ်။

ရက္ခိုင့်တပ်တော် (AA) လို့ အမည်ပေးထားပြီး ရခိုင်ပြည်နယ်မှာ အခြေမစိုက်ဘဲ KIA ရဲ့ ဦးဆောင်မှုနဲ့ MNDAA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နဲ့အတူ ၂၀၁၆ ခုနှစ်မှာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်အဖြစ် ရှမ်းမြောက်တခွင်မှာ ကျက်စားနေတဲ့ AA ရဲ့ တည်ရှိမှုကို အစောပိုင်းက နားမလည်နိုင်ခဲ့ဘူး။

၂၀၁၁ ခုနှစ်ကစပြီး သမ္မတ ဦးသိန်းစိန် လက်ထက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးဖို့ လုံးပမ်းနေကြချိန်မှာ အင်အားသေးငယ်ပြီး အရေးမပါတဲ့ အဖွဲ့တွေအဖြစ် စားပွဲဝိုင်းပေါ် အခေါ်မခံရတဲ့ AA, TNLA နဲ့ MNDAA တို့ဟာ NCA ကို လက်မခံတဲ့ KIA, ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့နဲ့ ပေါင်းမိပြီး ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်လာခဲ့သလို AA နဲ့ UWSA တို့အကြား နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိလာခဲ့တယ်။

AA ခေါင်းဆောင် ပညာတတ်၊ ရခိုင်လူငယ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စတင်သတိထားမိခဲ့တာ အဲဒီအချိန်က ဖြစ်ပါတယ်။ ဥပဓိရုပ်ကောင်းကောင်း၊ လူရည်သန့်၊ အပြောအဆို ပြတ်သားတဲ့ ရခိုင်လူငယ် ဗိုလ်ချုပ်ကို လိုင်ဇာ၊ ပန်ဆမ်း၊ အစရှိတဲ့နေရာများမှာ ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ အစည်းအဝေးတွေမှာ မကြာခဏဆိုသလို တွေ့လာရတယ်။

AA ခေါင်းဆောင် ပညာတတ်၊ ရခိုင်လူငယ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စတင်သတိထားမိခဲ့တာ အဲဒီအချိန်က ဖြစ်ပါတယ်။ ဥပဓိရုပ်ကောင်းကောင်း၊ လူရည်သန့်၊ အပြောအဆို ပြတ်သားတဲ့ ရခိုင်လူငယ် ဗိုလ်ချုပ်ကို လိုင်ဇာ၊ ပန်ဆမ်း၊ အစရှိတဲ့နေရာများမှာ ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ အစည်းအဝေးတွေမှာ မကြာခဏဆိုသလို တွေ့လာရတယ်။

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။ အဲဒီအချိန်အထိ AA ဟာ ရခိုင်ဘက်မှာ ကြီးမားတဲ့ စစ်ဆင်ရေးတွေ မရှိခဲ့သေးဘူး။

ရခိုင်စစ်မျက်နှာကို AA စဖွင့်ခဲ့တာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ ဘူးသီးတောင်မြောက်ပိုင်း နယ်ခြားစောင့်တပ်တွေကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်မှုက ရခိုင်စစ်ပွဲရဲ့ အစလို့ ဆိုရမယ်။

အခု ၂၀၂၄ ခုနှစ် အခြေအနေမှာ AA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲ အင်အားအကောင်းဆုံး၊ တိုက်ရည်ခိုက်ရည် အမြင့်မားဆုံးနဲ့ ရခိုင်ပြည်နယ်တခုလုံးနီးပါး ထိန်းချုပ် သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ အနေအထား ရောက်ရှိလာတာဟာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ပညာတတ် ရခိုင်လူငယ် ခေါင်းဆောင်တွေကြောင့်လို့ ဆိုရမယ်။

၂၀၁၉ ခုနှစ်အတွင်း AA ဟာ ရခိုင်ပြည်နယ်မှာ ပြင်းထန်တဲ့တိုက်ပွဲကြီးတွေ ဆင်နွှဲပြီး ထိုစဉ်က စစ်တပ်ရဲ့ အဓိက စခန်းအမြောက်အများကို သိမ်းပိုက်ခဲ့သလို AA ရဲ့ ကြီးထွားလာမှုကို ရိုက်ချိုးဖို့ စစ်တပ်က လေကြောင်းက ဗုံးကြဲမှု၊ လက်နက်ကြီးများနဲ့ ပစ်ခတ်မှု မိုင်းထောင်ဖောက်ခွဲမှုတွေ ပြုလုပ်ခဲ့ပြီး ရခိုင်မြောက်ပိုင်းတကြောမှာ စစ်ရှောင်ပြည်သူများစွာ ထိုစဉ်ကတည်းက ဖြစ်ပေါ်ခဲ့တယ်။

AA ဟာ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်အဖြစ်နဲ့ ရှမ်းမြောက်နဲ့ အခြားဒေသမှာ ကိုးကန့် MNDAA, တအာင်း/ပလောင် TNLA တို့နဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သလို အဓိကကျတဲ့ ရခိုင်ဒေသမှာလည်း အဓိကတိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တယ်။

AA နဲ့ စစ်တပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ် ကာလဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ဖြစ်တယ်။ ရခိုင်မြောက်ပိုင်းတခုလုံးကို အချိန်ကာလရှည် အင်တာနက် ဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့တယ်။ စစ်တပ်ဟာ အင်အားကောင်းလာတဲ့ AA ကို အနိုင်မတိုက်နိုင်ခဲ့ဘူး။

ရခိုင်စစ်မျက်နှာရဲ့ ထူးခြားမှုက တနေ့တခြား အင်အားတောင့်တင်းလာနေတဲ့ AA ရဲ့ နိုင်ငံရေးလက်တံဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဒေသန္တရအုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရလာတဲ့အထိ ရောက်ရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေက နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်နေတယ်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ ၂၀၁၉ ခုနှစ်မှာပဲ ရခိုင်ဒေသရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ကွန်ဖက်ဒရိတ်ဆိုတဲ့ အသုံးအနှုန်းကို အင်တာဗျူးတခုမှာ စပြောတာကို ကြားလိုက်ရတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက “ဖက်ဒရယ်ပြည်ထောင်စု” လို့ ထပ်တလဲလဲ ပြောနေကြချိန်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကွန်ဖက်ဒရိတ်” လို့ ရဲရဲတင်းတင်း ပြောလိုက်တယ်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ ၂၀၁၉ ခုနှစ်မှာပဲ ရခိုင်ဒေသရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ကွန်ဖက်ဒရိတ်ဆိုတဲ့ အသုံးအနှုန်းကို အင်တာဗျူးတခုမှာ စပြောတာကို ကြားလိုက်ရတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက “ဖက်ဒရယ်ပြည်ထောင်စု” လို့ ထပ်တလဲလဲ ပြောနေကြချိန်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကွန်ဖက်ဒရိတ်” လို့ ရဲရဲတင်းတင်း ပြောလိုက်တယ်။

ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရိတ်ကြား ကွဲပြားမှုမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အာဏာ အပြည့်အဝရှိတဲ့ ကွန်ဖက်ဒရိတ်ကို ရွေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ခွဲထွက်ခြင်း မဟုတ်ဘဲ အလုံးစုံလွတ်လပ်တဲ့ ပြည်နယ်များ စုဖွဲ့ခြင်းဖြစ်ပါတယ်။

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
211

Arakan Dream လို့ ခေါ်တဲ့ ‘အာရက္ခအိပ်မက်’ ဟာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝရရှိတဲ့ ရခိုင်အမျိုးသားတွေရဲ့ နယ်မြေတခုလို့ နားလည်ရတယ်။ ဒီအိပ်မက်ကို ၂၀၂၀ ပြည့်နှစ်မှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြောခဲ့တယ်။

ရခိုင်စစ်မျက်နှာရဲ့ ထူးခြားဖြစ်စဉ်တွေကို ဆက်ပြောရရင် အကြီးအကျယ် တိုက်ပွဲတွေဖြစ်ခဲ့တဲ့ AA နဲ့ စစ်တပ်ဟာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ယာယီ အပစ်အခတ်ရပ်စဲခဲ့ကြတယ်။

၂၀၂၀ ပြည့်နှစ်ဟာ ကိုဗစ်ကာလဖြစ်သလို NLD အစိုးရလက်ထက် ရွေးကောက်ပွဲကြိုကာလလည်း ဖြစ်တယ်။ AA နဲ့ စစ်တပ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်နိုင်ခြေ မရှိတော့ဘူး။

ရွေးကောက်ပွဲနဲ့ စပ်လျဉ်းလို့ ရခိုင်ပြည်သူတချို့ဟာ နိုင်ငံရေးအရ သူတို့ကို ဗဟိုအစိုးရက ဖယ်ကျဉ်ထားတဲ့ ခံစားချက်ရှိသလို နာကျည်းချက်တွေလည်း ရှိခဲ့တယ်။ NLD အစိုးရလက်ထက် မြောက်ဦး ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ရက်ရက်စက်စက် လက်နက်နဲ့ လူစုခွဲဖြေရှင်းခဲ့တဲ့ကိစ္စမှာ ရခိုင်လူမျိုး ခုနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်။

၂၃၃ နှစ်မြောက်၊ ရခိုင်ဘုရင်နိုင်ငံကျဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားမှာ စာပေဟောပြောပွဲ ပြုလုပ်တာကို အာဏာပိုင်တွေက ခွင့်ပြုချက်မပေး၊ ပိတ်ပင်ခဲ့ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ NLD အစိုးရအပေါ် နာကျည်းသွားတဲ့ ရခိုင်လူငယ်အများအပြားဟာ ဒီအရေးအခင်းအပြီးမှာ AA ထံကို ဝင်ရောက် ပူးပေါင်းသွားခဲ့ကြတယ်။ မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်မှာ ရခိုင်အမျိုးသားပါတီ (ANP) ပါတီက ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဖမ်းဆီးခံခဲ့ရတယ်။

အာဏာမသိမ်းမီ သုံးလအလိုမှာ ပြုလုပ်ခဲ့တဲ့ AA နဲ့ စစ်တပ်ရဲ့ ယာယီ အပစ်အခတ်ရပ်စဲမှုဟာ အာဏာသိမ်းဖို့ ကြိုတင်ပြင်ဆင်နေတဲ့ စစ်တပ်အတွက်ရော AA အတွက်ပါ ယာယီ အသက်ရှူချောင်ခဲ့တယ်လို့ ဆိုရမယ်။

၂၀၂၀ ရွေးကောက်ပွဲကို မဲဆန္ဒရှင် သုံးပုံ နှစ်ပုံ ပမာဏရှိပြီး AA/ULA ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ ကျင်းပနိုင်ခြင်း မရှိခဲ့ဘူး။ ဒါ့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းတဲ့အခါ ရခိုင်မြောက်ပိုင်းဟာ ဖာသိဖာသာပဲနေခဲ့ပြီး အေးချမ်းနေခဲ့တယ်။

၂၀၂၀ ရွေးကောက်ပွဲကို မဲဆန္ဒရှင် သုံးပုံ နှစ်ပုံ ပမာဏရှိပြီး AA/ULA ရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ ကျင်းပနိုင်ခြင်း မရှိခဲ့ဘူး။ ဒါ့ကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းတဲ့အခါ ရခိုင်မြောက်ပိုင်းဟာ ဖာသိဖာသာပဲနေခဲ့ပြီး အေးချမ်းနေခဲ့တယ်။

မြန်မာပြည်တဝန်းလုံး စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ အုန်းအုန်းကျွက်ကျွက် ဖြစ်နေချိန်မှာ ရခိုင်ပြည် စစ်တွေမြို့ကတော့ အစည်ကားမပျက် ရှိနေခဲ့တယ်။ စစ်တပ်နဲ့ တရားမဝင် အပစ်အခတ်ရပ်စဲထားချိန်မှာ AA ဟာ ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ရဲလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တယ်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က Arakan Dream ကို နောက်တဆင့်တက်ပြီး အကောင်အထည် ဖော်နေပြီလို့ ဆိုတယ်။ သူဟာ မြန်မာပြည်အရှေ့ဘက်ခြမ်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရရှိထားတဲ့ Autonomy အုပ်ချုပ်ရေးစနစ်မျိုးကို အားကျတယ်။ ရခိုင်ဒေသကို အဲဒီထက် မနိမ့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မျှော်မှန်းထားတဲ့ AA အတွက် စစ်ကောင်စီက သူ့လိုလားချက်နဲ့သူ ယာယီအပစ်ရပ်ထားချိန်မှာ စစ်အင်အားရော၊ အုပ်ချုပ်ရေးစနစ်ကိုပါ AA က ရခိုင်မြောက်ပိုင်းမှာ စတင် အကောင်အထည်ဖော်ခွင့် ရခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း NLD အစိုးရလက်ထက်က ဖမ်းဆီးထားတဲ့ ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ပြန်လွှတ်ပေးလိုက်ပြီး AA ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားရာကနေ မတ်လမှာ ပြန်ရုပ်သိမ်းပေးလိုက်တယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီအပေါ် ဆန့်ကျင်ဆန္ဒပြ၊ CDM လှုပ်ရှားမှုတွေ ရှိခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ ပုံမှန်အတိုင်းပဲ ရှိနေခဲ့တယ်။ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကြောင့် တနိုင်ငံလုံး သင်္ကြန်ပွဲ မကျင်းပဘဲ နေချိန်မှာ AA ရဲ့ ထိန်းချုပ်မှုအောက်က ကျင်းပခဲ့တဲ့ ကျောက်တော်မြို့နယ်က ဇီးချောင်းသင်္ကြန်ပွဲဟာ ကိုဗစ်ရောဂါကြားက လူပေါင်း သောင်းချီဆင်နွှဲပြီး စည်ကားခဲ့တယ်။

AA နဲ့ စစ်ကောင်စီကြား ယာယီအပစ်အခတ်ရပ်စဲမှုဟာ တာရှည်မခံခဲ့ပါဘူး။ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစပြီး နောက်ထပ်တဖန် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တယ်။ မြို့နယ် ၁၇ ခုမှာ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ ဗုံးကြဲမှု၊ မတရားဖမ်းဆီးမှုတွေကြောင့် အရပ်သားပြည်သူအများအပြား အသက်ဆုံးရှုံးခဲ့ရတယ်။ တကျော့ပြန် ဒီတိုက်ပွဲဟာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်မှာ ရုတ်တရက် နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့ သဘောတူပြီး ပြီးဆုံးခဲ့ပြန်တယ်။

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သိမ်းပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ/ AA Info Desk

MNDAA, TNLA နဲ့ AA တို့ ပူးပေါင်းပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့အခါမှာတော့ အနောက်ဘက် စစ်မျက်နှာမှာလည်း AA က နိုဝင်ဘာလ ၁၃ ရက်မှာ ရသေ့တောင်မြို့နယ်က ဒုံးပိုက်နဲ့ ချိန်ခါလီ နယ်ခြားစောင့်စခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး စစ်မျက်နှာသစ်ကို စတင် ဖွင့်လှစ်လိုက်ပါတယ်။

အခုတော့ ရခိုင်စစ်မျက်နှာဟာ တောင်ပိုင်း သံတွဲ၊ ဂွ၊ ကျိန္တလီအထိ ကျယ်ပြန့်သွားပြီး ရခိုင်ပြည်နယ် တခုလုံးနီးပါး AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပါပြီ။

အခုတော့ ရခိုင်စစ်မျက်နှာဟာ တောင်ပိုင်း သံတွဲ၊ ဂွ၊ ကျိန္တလီအထိ ကျယ်ပြန့်သွားပြီး ရခိုင်ပြည်နယ် တခုလုံးနီးပါး AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပါပြီ။

မကြာသေးမီ ရက်ပိုင်းအတွင်းက AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ဧရာဝတီမီဒီယာတို့ တွေ့ဆုံမေးမြန်းခန်းတခုကို ကြည့်ရှုလိုက်ရပါတယ်။ AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ပတ်သက်လို့ အရင်က အပေါ်ယံလောက်သာ သိထားခဲ့ပေမယ့် ဒီတွေ့ဆုံမေးမြန်းခန်း အပြီးမှာတော့ ခေတ်ပညာတတ် ရခိုင်လူငယ်ခေါင်းဆောင်တဦးရဲ့ စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်၊ တရုတ်နဲ့ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး၊ ဒုက္ခသည်များအရေး၊ လူမျိုးရေးပဋိပက္ခ အပေါ်သဘောထား၊ စစ်တပ်နဲ့ စစ်ခေါင်းဆောင်များအပေါ် အမြင်၊ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့သဘောထား၊ တော်လှန်ရေးအောင်မြင်နိုင်ခြေ အစရှိတာတွေကို သိရှိလိုက်ရပါတယ်။

“ကျနော်တို့ Arakan Dream ကတော့ တော်လှန်ရေးအပိုင်း ရှိမယ်၊ တည်ဆောက်ရေးအပိုင်း ရှိမယ်။ ပြီးတော့ တော်လှန်ရေးပြီးသွားတဲ့ အချိန်မှာ ကျနော်တို့က တောက်လျှောက်ပေါ့။ ကျနော်တို့ ရခိုင်အမျိုးသားများရဲ့ အာရက္ခတိုင်းပြည်ကို လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်ဖြစ်ဖို့၊ ငြိမ်းချမ်းပြီးမှ တရားမျှတတယ်၊ အားလုံးနဲ့ လူသားတိုင်းနဲ့ တန်းတူရည်တူ ဂုဏ်ရည်တူ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ နေရာမှန်လူမှန်ဖြစ်အောင် ဆိုတဲ့ဟာက ခရီးက အရှည်ကြီးပဲ။ ကျနော်တို့ရဲ့ လမ်းစဉ်ဆွဲထားတယ်။ အခု ခရီးရောက်နေပြီဆိုတာက ကျနော်တို့ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှု တော်လှန်ရေးတိုက်ပွဲ။ ပြီးမှ ကြိုးစားနိုးကြား အဲဒီအခြေခံအပိုင်းမှာ တော်တော်လေး ခရီးရောက်လာပြီဆိုတာကို ကျနော်တို့ ပြောခြင်းဖြစ်တယ်။ နောက်လည်း လုပ်စရာတွေကတော့ အများကြီး ရှိနေပါသေးတယ်” လို့ ပြောသွားပါတယ်။

ဒါက AA ရဲ့ Arakan Dream နဲ့ ပတ်သက်လို့ ပြောသွားခဲ့တာဖြစ်ပြီး လက်ရှိ စစ်ဆင်ရေးဟာ အောင်မြင်မှု ရနေပြီဆိုပေမယ့် ရန်သူက အားနည်းချိန်မှာ ခဏနောက်ဆုတ်တာ ဖြစ်နိုင်ပြီး အချိန်မရွေး ပြန်တိုက်လာနိုင်ကြောင်း၊ ဘယ်လိုပဲဖြစ်ဖြစ် စစ်ရေးရဲ့ အဆုံးသတ်ဟာ နိုင်ငံရေးစားပွဲဝိုင်းပဲ ဖြစ်တယ်ဆိုတာလည်း ပြောသွားတယ်။

“မြန်မာနိုင်ငံမှာကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကြိုးစားခဲ့ကြတဲ့ အနေအထားတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ရေးအရ ဘာမှ အားမရှိတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးမှုတွေလည်း ဘာမှ အဖြေတော့ မထွက်ခဲ့ဘူးပေါ့။ အခု ကျနော်တို့ စစ်မြေပြင်မှာ ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ အဆုံးသတ်မှာတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောဆိုကြရမှာပါပဲ။ အဲဒီ ပြောဆိုမှုတွေရဲ့ အဆုံးသတ်မှာ ဘယ်ပုံစံနဲ့ သဘောတူညီမှု ရမလဲဆိုတာကပဲ ပိုပြီးသေချာတဲ့ အာမခံကို ပေးနိုင်မှာလို့ ကျနော် နားလည်ပါတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု၊ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့လည်း “ကျနော်တို့ကတော့ အဓိက မိမိရဲ့ပြည်သူတွေ၊ မိမိရဲ့တိုင်းပြည်ရဲ့ အကျိုးစီးပွားဘက်က ရပ်တည်ပြီးမှ စဉ်းစားမှာပဲ။ ပြီးတော့ အလုပ်လုပ်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူ၊ ကိုယ့်ရဲ့ပါတနာတွေရဲ့ အကျိုးစီးပွား မျှတမှု ရေရှည် အကျိုးစီးပွား ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို အကုန်လုံးပေါင်းစပ်ပြီး စဉ်းစားမယ်၊ စဉ်းစားပြီးရင် ဒါဖြစ်သင့်တဲ့မူဝါဒကို ချထားတာပဲ။ ပြီးရင် စောစောကပြောတဲ့ မေးခွန်းပေါ့။ တရုတ်သံတမန်နဲ့ ဆွေးနွေးသလားဆိုတဲ့ ကိစ္စကတော့ ကျနော်တို့လည်း တတ်နိုင်သမျှ ထိုးဖောက်ပြီးမှ ကိုယ်လက်လှမ်း မီသလောက်မှာ ဒီအခြေအနေတွေကို ချပြပြီးမှ ကိုယ့်ရဲ့အကျိုးစီးပွားကို Promote လုပ်ဖို့အတွက် အချိန်တိုင်းမှာ ကျနော်တို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး “ဒီနေရာမှာ စစ်ကောင်စီနဲ့ ကျနော်တို့ဘက်က အားသာချက်၊ အားနည်းချက် ကွာခြားချက်တွေတော့ ရှိပါတယ်။ သူ့ဘက်က အားသာချက်ကတော့ သူက State Actor အနေနဲ့ G to G (အစိုးရချင်း) ဆက်ဆံရေးရှိတယ်။ ဒါကြောင့်မို့ သူလည်း ဒီ Leverage power ဟာကို သုံးပြီးမှ မကြာသေးခင်ကပဲ လားရှိုးကျသွားတဲ့အချိန်မှာ သူက ငိုပြလိုက်တယ်။ ဟိုက ဖြေရှင်းတယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ ကျနော်တို့ကျတော့ ဒါ State actor အဆင့်ကို မရောက်သေးဘူး။ ဘယ်လိုပြောမလဲ။ Defacto Government တခုလိုမျိုးတော့ ဟုတ်တယ်။ ဆိုတော့ သူ့လမ်းကြောင်းနဲ့သူ သူနိုင်တဲ့အနေအထားက ကျနော်တို့ ဝင်ပြီး ထိုးဖောက်တာတွေတော့ အများကြီး လုပ်ပါတယ်” လို့ ပြောသွားပါတယ်။

အပိုင်း ၃ ပိုင်းခွဲ ထုတ်လွှင့်သွားတဲ့ ဧရာဝတီရဲ့ တွေ့ဆုံမေးမြန်းခန်းကို ကြည့်ပြီးတဲ့အခါ AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ ပတ်သက်လို့

သူဟာ အပြောအဆို ညက်ညောတယ်၊ ညင်သာတယ်။ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ပြောတယ်။ တဖက်လူ၊ တဖက်အဖွဲ့အစည်း မထိခိုက်အောင် လိမ္မာပါးနပ်စွာ အမှန်ကို ပြောတယ်။ ဝမ်းစာပြည့်ဝတယ်။ နိုင်ငံရေးရည်မှန်းချက် ပြတ်သားတယ်။ ငါ့စကားနွားရ၊ တဖက်သတ်ဆန်ဆန် မပြောဆို၊ မဝေဖန်ဘူး။ အကောင်းမြင်စိတ် ရှိတယ်။

သူဟာ အပြောအဆို ညက်ညောတယ်၊ ညင်သာတယ်။ စဉ်းစဉ်းစားစား ချင့်ချင့်ချိန်ချိန်ပြောတယ်။ တဖက်လူ၊ တဖက်အဖွဲ့အစည်း မထိခိုက်အောင် လိမ္မာပါးနပ်စွာ အမှန်ကို ပြောတယ်။ ဝမ်းစာပြည့်ဝတယ်။ နိုင်ငံရေးရည်မှန်းချက် ပြတ်သားတယ်။ ငါ့စကားနွားရ၊ တဖက်သတ်ဆန်ဆန် မပြောဆို၊ မဝေဖန်ဘူး။ အကောင်းမြင်စိတ် ရှိတယ်။ တိုင်းရင်းသား မဟာမိတ်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်ထောင်စုအမြင်၊ နိုင်ငံတည်ဆောက်ရေးအမြင် ရှိတယ်။ ရက္ခိတလမ်းစဉ်ဟာ ရခိုင်အမျိုးသားရေးတခုတည်း အတွက်သာ မဟုတ်၊ ဘဝတူ ဖိနှိပ်ခံပြည်သူအားလုံးနဲ့အတူ ဖက်ဆက် စစ်အာဏာရှင်အောက်က လွမ်းမြောက်ရေးအတွက် ဖြစ်တယ်ဆိုတဲ့ ခံယူချက် စတာတွေကို တွေ့ရှိလိုက်ရတယ်။

မေးခွန်းနဲ့ အဖြေများစွာထဲက မှတ်မိနေတာတခုကတော့ “မြန်မာစစ်တပ် ပြိုလဲသွားရင် နိုင်ငံတစစီ ပြိုလဲသွားမလား ဆိုတာထက် ဒီစစ်တပ်ရှိနေရင် အခုဘာတွေ ဖြစ်နေသလဲဆိုတဲ့ လက်ရှိအခြေအနေကို မြင်အောင် ကျနော်က မီးမောင်းထိုးပြချင်တယ်။ အခု ဒီစစ်တပ်ရှိနေလို့ ဒီနိုင်ငံဘာဖြစ်နေသလဲ။ တိုင်းရင်းသားတွေလည်း မအေးချမ်းဘူး။ ဗမာတွေလည်း အေးချမ်းသလားဆိုတော့ ဗမာလည်း ပြည်တွင်းစစ် တိုက်နေရတာပဲ” ဆိုတာပါ။

(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)

You may also like these stories:

စစ်တပ်ရှိတဲ့နေရာမှာပဲ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မီးတောက်နေတယ်

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၁)

ကိုးကန့် အဖွဲ့က AA ကို လက်နက်ကူညီခဲ့ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော (ရုပ်/သံ)

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

အာရက္ခအိပ်မက်က တော်တော်လေး ခရီးရောက်လာခဲ့ပြီ (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAANPFPNCCKIAMNDAANCANLDSliderTNLAULAUWSAကွန်ဖက်ဒရိတ်ညီနောင်မဟာမိတ် သုံးဖွဲ့တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထွန်းမြတ်နိုင်လေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအာရက္ခတပ်တော်
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ဗန်းမော်သို့ တက်လာသည့် သင်္ဘောများ ရွှေကူမှအထွက် အတိုက်ခံရ

ဗန်းမော်သို့ တက်လာသည့် သင်္ဘောများ ရွှေကူမှအထွက် အတိုက်ခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved