• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၁)

by နန်းလွင်နှင်းပွင့်
10 January 2019
in Ethnic Issues
A A
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  / ဧရာဝတီ

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ

121.3k
VIEWS
Share on FacebookShare on Twitter

ဇန်နဝါရီလ ၄ ရက်နေ့ တိုက်ခိုက်မှု အပြီးတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်ဘက်မှ တပ်အင်အား တိုးချဲ့ပြီး ရက္ခိုင့် တပ်မတော် (AA) ကို ချေမှုန်းရန်လည်း နိုင်ငံတော်သမ္မတရုံးမှ သဘောတူထားသည်။

နိုင်ငံတော်သမ္မတရုံး၏ ဇန်နဝါရီလ ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက AA ကို ARSA အကြမ်းဖက် အဖွဲ့နှင့် ပူးပေါင်းကာ တိုက်ခိုက်နေပြီး မူးယစ်ဆေးဝါးမှ အကျိုးစီးပွားရှာနေသည်ဟု စွပ်စွဲပြောဆို သွားသည်။

ရခိုင်ပြည်နယ်တွင်း စစ်ရေးအခြေအနေများ၊ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲချက်များ၊ လတ်တလော AA ၏ရပ်တည်ချက်များနှင့် ပတ်သတ်၍ AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ တပ်မတော်ကို ရဟတ်ယာဉ်နဲ့ အင်အားနဲ့ သုံးပြီး AA ကို တိုက်ဖို့ သဘောတူပြီးတဲ့နောက် ဘူးသီးတောင် မြို့နယ်ထဲမှာ ဘယ်လို အခြေအနေတွေ ရှိနေလဲ။

ဖြေ ။ ။ ဒီဇင်ဘာ၂၁ ရက် ကြေငြာချက် ထွက်လာကတည်းက ဒါမျိုး အခြေအနေဖြစ်လာမယ် ဆိုတာကို ကျနော်တို့ ကြိုမြင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတရုံးကိုယ်တိုင် ပါဝင်လာမယ်ဆိုတာတော့ ကျနော်တို့ မျှော်လင့်ချက်ထဲမှာ မပါဘူး။ ဒီလိုမျိုးပါဝင်လာတာ မြင်တော့ NLD အစိုးရရဲ့ ရင်ကြားစေ့ရေးက တော်တော်လေး ခရီးရောက်နေပြီဆိုတာလည်း မြင်ရတာပေါ့ဗျာ။ တပ်တွေတော့ ဒီနေ့လည်း ဝင်နေတာ တွေ့ရတယ်။ လေယာဉ်နဲ့ရော ကားနဲ့ရော ။ နောက်လာမယ့် အချိန်တွေထဲမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန် ဖြစ်လာဖို့ အလားအလာတွေက များပါတယ်။

မေး ။ ။ နယ်ခြားစောင့်ရဲစခန်းတွေကို ဝင်တိုက်ပြီးနောက် AA က ငြိမ်းချမ်းရေးကို ကျောခိုင်း နေပြီလားဆိုတာမျိုး မေးခွန်းထုတ်မှုတွေ အစိုးရဘက်မှာ ရှိတယ်။ အပစ်အခတ် ရပ်စဲရေးကိစ္စတွေ ဆွေးနွေးဖို့လုပ်နေတုန်း ဒီလို စစ်ဆင်ရေးတွေ ဘာလို့လုပ်ဖြစ်သွားတာလဲ။

ဖြေ ။ ။ တိုက်ခိုက်မှု မဖြစ်ခင်အချိန်တွေမှာ ဘာတွေဖြစ်နေသလဲ ။ နယ်ခြားစောင့်တပ်တွေရဲ့ အခန်းကဏ္ဍနဲ့ ဆောင်ရွက်မှုက ဘာတွေလဲ ဆိုတာလည်း သိဖို့ လိုအပ်တယ်။ ၄ ရက်နေ့ မတိုင်ခင် နယ်စပ်တလျှောက် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဘက်မှာ တိုက်ပွဲတွေက ရှိနေတယ်။ အဲ့အချိန်တွေမှာ ဘူးသီးတောင်ဘက်က တပ်တွေ အလုံးအရင်းနဲ့ ချလာပြီး ကျနော်တို့ကို ရသေ့တောင် ၊ ကျောက်တော်ဘက်တွေမှာ အကြီးအကျယ် ဖိအားပေးပြီးမှ တိုက်နေတာတွေ ရှိတယ်။ အကုန်လုံး ဖြတ်လေးဖြတ်နဲ့ပေါ့ဗျာ။ ရိက္ခာလမ်းကြောင်းတွေရော အကုန်ဖြတ်ပြီး အကြီးအကျယ် စစ်ရေးဖိအား ပေးနေတာ။ အဲ့မှာ နယ်ခြားစောင့်တပ်ရင်း ၂ ရင်း၊ ၃ ရင်း ပါလာပြီး ရပ်ရွာတွေကို ဖြတ်လေးဖြတ် လုပ်ငန်းတွေမှာ ဝင်ပါတယ်။ ဧည့်စာရင်းစစ်တာတို့ မီးဖိုချောင်၊ ကောက်ရိုးပုံကအစ ရှာဖွေပြီးတော့ သူတို့ ချီတတ်တဲ့ လမ်းကြောင်းတွေမှာ ရွာသားတွေကို ရှေ့က တင်ထားလိုက်၊ သူတို့ အိပ်တဲ့အချိန်တွေမှာ ရွာသားတွေကို ဖမ်းဆီးပြီးတော့မှ ဝိုင်းထားခိုင်းတာ။ ဆိုလိုတာက ဝင်အတိုက်ခံရရင် ရွာသားတွေကို ဒိုင်းကာ လုပ်ထားတဲ့ သဘော တွေပေါ့။

ကျနော်တို့ရဲ့ သဘောထားက ရဲတွေကို ဒီလိုလုပ်ငန်းတွေမှာ မပါစေချင်ဘူး။ အဲ့တာကြောင့်လည်း သတိပေးတယ်။ သူတို့က ပါလာတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက တိုက်ပွဲမှာတော့ မပါဘူး။ ကျနော်တို့ ပြည်သူတွေကို ဖြတ်လေးဖြတ် အကြီးအကျယ် လုပ်ပြီး အကြောက်တရားတွေ ရအောင် နှိပ်စက်မှုတွေမှာ ပါတယ်။ ပြီးတော့ နယ်ခြားစောင့်ရဲက သူတို့ဖွဲ့စည်းပုံအရဆို ၃,၀၀၀ ဝန်းကျင်လောက် ရှိတယ်။ ကျနော်တို့ သိထားတာပေါ့။ သူတို့ရဲ့ လက်နက်တပ်ဆင်မှုကလည်း အရင်တုန်းကတော့ မီးကျိုးမောင်းပျက်တော့ ဟုတ်တယ်။ အခု G3 ၊ G4 ပေါ့။ သူတို့ရဲ့ ကျည်ကအစ အားကောင်းပါတယ်။ သူတို့လည်း စခန်းတခုဆို ကျည်သောင်းဂဏန်း အထက်တော့ ရှိတယ်။ လက်ဗစ်ဗုံးတွေလည်း ရှိတယ်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
83
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
89
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
53

သူတို့တပ်ရင်း တရင်းစီမှာ တိုက်ခိုက်ရေး အတွေ့အကြုံရှိတဲ့ လူကလည်း တော်တော်များတယ်။ ၇၀ ရာခိုင်နှုန်းလောက် တော့ ရှိမယ်။ ကျန်တာကတော့ ရဲပေါ့။ သူ့ရဲ့ အုပ်ချုပ်တဲ့ သူတွေကလည်း စစ်ဘက်က ဆင်းလာတဲ့ သူတွေပဲ ။ သူ့ရဲ့ လုပ်ဆောင်ချက်၊ ဖွဲ့စည်းမှုနဲ့ အမိန့်ပေးမှုတွေက စစ်တပ်လိုပါပဲ။ ဇန်နဝါရီလ ၄ ရက် ဖြစ်စဉ် မတိုင်ခင် သူ့ရဲ့ စစ်တပ်တွေက ကျနော်တို့ရဲ့ စစ်ကြောင်းတွေကို ဖိအားပေးတိုက်နေတယ်။

ရဟတ်ယာဉ်တွေလည်း သုံးနေတယ်။ ညာတာကတော့ တပိုင်းပါ။ စစ်ရေးမှာတော့ ရှိတတ်လို့ မပြောတော့ပါဘူး။ အဲ့မှာ နယ်ခြားစောင့် တွေလည်း ဝင်ပါလာတယ်ဆိုတော့ စစ်ရဲ့ သဘောသဘာဝအရ ကျနော်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။ အဲ့ဒီ့လုပ်ရပ်အတွက်လည်း ကျနော်တို့က မှန်ကန်တယ် ။ လုပ်သင့်တယ်လို့ ကျနော်တို့ ယုံကြည် ပါတယ်။

ငြိမ်းချမ်းရေးက ကျောခိုင်းတယ် မခိုင်းတယ်ဆိုတာက စကားနဲ့ အကျပ်ရိုက်အောင် နိုင်ငံရေးသမား စကားပြောနေတာပါ။

မေး ။ ။ ရဲကင်းစခန်း ၄ ခုကို ဘာကြောင့် ဝင်တိုက်ခိုက်ခဲ့တာလဲ။

ဖြေ ။ ။ ဒါကတော့ နည်းဗျူဟာအပိုင်းလည်း ဖြစ်ပါတယ်။ သူတို့ကို မပါစေချင်တာလည်း ဟုတ်တယ်။ နောက် ရခိုင်ပြည်သူလူထုကို နှိပ်ကွက်ရင် ကျနော်တို့လည်း သည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ ရပ်ရွာတွေကို အမြှောက်တွေနဲ့ ပစ်တဲ့ တပ်တွေကိုလည်း ကျနော်တို့ စာရင်း မှတ်ထားပါတယ်။ ရဲတပ်ရင်းတွေ နယ်ခြားစောင့် တွေကိုလည်း ကျနော်တို့ သေချာ မှတ်တမ်းပြုစုထားတယ်။ ကျနော်တို့ ဒါကို ခွင့်မလွှတ်ပါဘူး။ ဒါမျိုးလုပ်ရပ်တွေကို ကျနော်တို့ နိုင်တဲ့ဘက်ကနေ တုန့်ပြန်မှာပါ။
တဖက်ကတော့ နည်းဗျူဟာအရပါ။ တခြားဒေသတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သုံးသပ်ပါတယ်။ တချို့နေရာ မှာဆိုရင် တပ်ရင်းတခုကို ရှိသမျှ အင်အားနဲ့ သွားတိုက်လိုက်တယ်။ သူတို့က ထိုင်နေတယ်ဆိုရင် ရေရှည်မှာ အနိုင်ယူ သွားတာ ပဲလေ။ ဒါ့ကြောင့် သူတို့်အင်အားတွေ တခြားနေရာမှာ စုရင် မရှိတဲ့ နေရာကို ကျနော်တို့ ချရမှာပဲ။ နည်းဗျူဟာအရ ကျနော်တို့ မှန်ကန်ပါတယ်။

မေး ။ ။ စစ်ဆင်ရေး နှစ်ဖက်လုံးက လုပ်နေချိန်မှာ အရပ်သားတွေကို အသုံးချတာမျိုးရှိတယ်ဆိုပြီး ကြားနေရတယ်။ AA ဘက်က အဲလိုမှတ်တမ်းတွေ ရရှိထားတာ ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ လက်လှမ်းမီသလောက် စုဆောင်းနေပါတယ်။ ရွာသားတွေကို အတင်းအဓမ္မ ဖိအားပေးတာ လုပ်အားပေးခေါ်တာ အစပိုင်းမှာတော့ မရှိသေးဘူး။ အခုတွေ့လာတာကတော့ လူသားဒိုင်းကာ ကိစ္စတွေ တွေ့လာတယ်။ ရွာသားတွေကို ရှေ့ကနေ သွားခိုင်းတာ သူတို့အိပ်တဲ့ အချိန်မှာ ဘေးကနေ နေခိုင်း ထားတာတို့ နောက်တခုက ရွာတွေကို သူပုန်ရွာတွေဆိုပြီး အမြှောက်ကြီးနဲ့ လှမ်းပစ်တာတွေ အခု အမြှောက်နဲ့ ပစ်တာ ပိုများတယ်။

ပလက်ဝမြို့နယ်မှာလည်း သူတို့ စိတ်ပူတဲ့အချိန် စိုးရိမ်တဲ့အချိန်ဆိုရင် ညသန်းခေါင် ဖြစ်လည်း အမြှောက်တွေနဲ့ ပစ်တာရှိတယ် ။ ရခိုင်ဘက်မှာတော့ ရေတပ်သင်္ဘောကနေ တောစပ်တွေ နားမှာ ရှိတဲ့ နေရာတွေရော တခြားနေရာတွေ မှာရော လက်နက်ကြီးကျည်တွေ ကျလာတယ်။ ကျနော်တို့ စဉ်းစား ကြည့်တယ်။ ဒါရခိုင်ပြည်မို့လို့ သူတို့ ပစ်တာ ဗမာပြည်မှာ ဆိုရင်တော့ ဗမာရွာမှာ သူတို့တယောက် သေမှာ အရမ်းစိတ်ပူမှာပဲ။ ဒါလူမျိုးရေးအရ ခွဲခြားမှု ပြည်ထောင်စုစိတ်ဓါတ် ကင်းမဲ့မှု ရက်စက်ယုတ်မာမှုတွေ ပေါ်လွင် နေတာပဲ။ ကျနော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်။

မေး ။ ။ နှစ်ဖက်စစ်ရေးလှုပ်ရှားနေတဲ့ ကြားမှာ အရပ်သားတွေ မထိခိုက်အောင် ဘယ်လိုပြင်ဆင်လဲ။

ဖြေ ။ ။ ကျနော်တို့ကတော့ ကျနော်တို့ ရခိုင်လူမျိုးတွေအပေါ်မှာ အရမ်းစိတ်ပူပါတယ်။ ကိုယ့်လူမျိုးရဲ့ လုံခြုံရေးနဲ့ မနစ်နာအောင် ထိန်းသိမ်းပါတယ်။ ကိုယ့်လူမျိုးတင် မဟုတ်ဘူး။ အဲ့နားတဝိုက်မှာ မွတ်ဆလင်ရွာ တွေလည်း ရှိတယ်။ ကျနော်တို့ စစ်ကြောင်းတွေနဲ့ တိုးတဲ့အခါ သူတို့ကို သေချာ ပြောပြတယ်။ မစိုးရိမ်ကြဖို့ ပြောတယ်။ စစ်ရေးအရတော့ တဖက်နဲ့တဖက်တိုက်ရင် အရပ်သားတွေပါလာရင် အကျပ်တွေ့စေတယ်။ ကိုယ့်လူထု မနစ်နာအောင် တော့ ဖယ်ပေးရတာပေါ့ဗျာ။ ဒါပေမယ့်လည်း အသုံးပြုတဲ့ စစ်ကြောင်းတွေကို သေချာ မှတ်တမ်းတင်ပြီးတော့ ဒါကို ကမ္ဘာက သိအောင်လုပ်မယ်။ သက်ဆိုင်ရာတွေကို ကျနော်တို့ တိုင်ကြားမယ်။

ဒါက ကျနော်တို့ နိုင်ငံတကာ နဲ့ပတ်သတ်ပြီး လုပ်ဆောင်စရာ ဖြစ်တယ်။ နောက်တချက်က ကျနော်တို့က လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့ဖြစ်တော့ အဲ့လိုအရပ်သားတွေကို သုံးတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ လက်စားချေမယ်ဗျာ။ ဒါရှင်းနေတာပါပဲ။

မေး ။ ။ စစ်ရေးအခြေအနေတင်းမာနေတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်တွင်းမှာ လုပ်ကြံသတ်ဖြတ်တာ တွေ ခြိမ်းခြောက်မှုတွေလည်း အများကြီးတွေ့လာရတယ်။ တချို့က နာမည်ပေါ်တာ ရှိသလို တချို့ကလည်း ဘယ်သူက သတ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ AA လုပ်တယ်လို့လည်း ယူဆကြတာ ရှိတယ်။ ဥပမာ ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းထိတာ ရခိုင်ပါတီဝင် သတ်ခံရတာတို့ပေါ့။

ဖြေ ။ ။ အခြေအနေက ရှုပ်ထွေးမှု ရှိတယ် စစ်ဖြစ်တဲ့ဒေသတွေရဲ့ သဘောသဘာဝပဲ။ တခါတလေ ကျနော်တို့ ဘက်က လုပ်တာလည်း ရှိတယ်။ တခါတလေ သူများ ဖန်တီးတာလည်း ရှိတယ်။ သူများ ဖန်တီးတယ်ဆိုတာ မြန်မာနိုင်ငံ မှာ မတည်ငြိမ်မှုကြောင့် အကျိုးအမြတ်ရနိုင်တဲ့ အုပ်စုတွေလည်း ရှိတာပဲလေ။ သူတို့က မတည်ငြိမ်တဲ့ အခြေအနေကို အသုံးပြုပြီး ဖန်တီးတာလည်း ရှိတတ်ပါတယ်။ ကျနော်တို့က တချို့ကိစ္စတွေမှာ ပြောမယ်ဆိုရင် အထောက်အထား လိုတာပေါ့။ ဒါပေမယ့် လက်တွေ့ဆန်တဲ့ အယူအဆကို ပြောပြတာပါ။

မေး ။ ။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လာပါ။ တဖက်က ပြောပေမယ့် တဖက်ကလည်း AA ကို ရခိုင်ပြည်နယ်မှာ တိုက်ဖို့ သမ္မတရုံးကပါ ခွင့်ပြုထားပြီ။ ဒီတော့ AA က ဘာဆက်လုပ်မလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးဆိုတာက အပြော၊ စစ်ဆင်ရေးက အလုပ်ပါ။ သူတို့က ငြိမ်းချမ်းရေး လုပ်မယ် ပြောပြီး စစ်ဆင်ရေး လုပ်နေတာက အပြောနဲ့ အလုပ် မညီဘူးလို့ ပြောရမယ်။ ထပ်တူမကျဘူး။ အဓိပ္ပာယ် ဖွင့်ရမယ်ဆိုရင် ငြိမ်းချမ်းရေးစကားပြောရင်းနဲ့ စစ်ရေးအရ အပြတ်ချေမှုန်းဖို့ ပြင်ဆင်တာပေါ့ဗျာ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စနစ်တကျ အကွက်ချပြီး အမြတ်ထုတ်တာလို့ ပြောရင်လည်း ရတယ်။ သူတို့က ဒီဇင်ဘာ ၂၁ လိုမျိုး ကြေငြာချက်ထုတ်လိုက်တယ်။ တခြားနေရာတွေမှာ အပစ်ရပ်သလို လုပ်လိုက်တယ်။ ရခိုင်ကို မရပ်ခဲ့ဘူး။ ရခိုင်ဒေသကို ဖယ်ထုတ်ပြီး စစ်ကြေငြာတဲ့ ကြေငြာချက်ပဲ။ ကျနော်တို့ဘက်က ကြည့်ရင် ငြိမ်းချမ်းရေး ကြေငြာချက်လို့ မမြင်ဘူး။ ရိုးသားမှု မရှိလို့ကတော့ အောင်မြင်ဖို့လည်း အလားအလာ နည်းပါး မယ်လို့ ထင်ပါတယ်။

မေး ။ ။ အခု တိုက်ပွဲဖြစ်တာ ၁ လကျော်မှာ အရပ်သား ၅၀၀၀ လောက်က ဒုက္ခရောက်နေပြီ။ ရှိလာနိုင်မယ့် စစ်ဆင်ရေးတွေမှာ အရပ်သားတွေ မနစ်နာရေး အတွက် AA ဘက်က စဉ်းစားထားပါသလား။

ဖြေ ။ ။ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ အခြေအနေနဲ့ ဓနအင်အား အရဆိုရင် စစ်ပြေးဒုက္ခသည်တွေကို ကျွေးမွေးဖို့ မလုံလောက်ပါဘူး။ တခြားအလှူရှင်တွေရော နိုင်ငံတကာ အဖွဲ့အစည်းတွေကိုရော ကျနော်တို့ အားကိုးမျှော်လင့်နေတယ်။ ကျနော်တို့ ULA/AA နဲ့ ကြိုးစားသွားမယ်။ လုပ်နိုင်တာ အားလုံးကို လုပ်သွားမယ်။ သူတို့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးပေါ့။ အဲ့တာတွေကို ကျနော်တို့ နိုင်ငံတကာ အလှူရှင်တွေ တခြား အဖွဲ့အစည်းတွေနဲ့ လုပ်သွားမယ်။ စစ်ကတော့ ကြည့်ရတာ ဒီထက်မက စစ်ဘေးဒုက္ခသည်တွေလည်း ရှိနိုင်တာပဲ။ ကျနော်တို့ လူထုတော့ နစ်နာတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ။ ရခိုင်တွေ ဒုက္ခရောက် နေတာ ကြာပါပြီ ။ သေနတ်သံကြားမှ သူများကြားတာပါ။

မေး ။ ။ AA က ရခိုင်ပြည်နယ်တွင်းမှာ အခြေစိုက်စခန်းတွေ ရဖို့ ကြိုးစားနေတယ်ဆိုတော့ တဖက်မှာ အပစ်အခတ် ရပ်စဲရေးနဲ့ တပ်စခန်းတွေ အခြေချနိုင်ရေး တခုခုကို ရွေးရမယ်ဆို ဘယ်လမ်းကို ရွေးမလဲ။

ဖြေ ။ ။ ၂ လမ်းလုံးကို ရွေးရမှာပါ။ အပစ်အခတ်မရှိရင် သူတို့ ပြောနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ပေါ့ဗျာ။ သူတို့အရင်တုန်းက သိပ်မပြောခဲ့ပါဘူး။ တော်လှန်ရေးတွေ ရှိလာလို့ ပိုပြောလာတယ် ထင်တာပဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အမြဲကြားနေရတယ်။ ဒါရခိုင်ပြည်မှာ တခါမှ မရှိဖူးတဲ့ အရာတွေပါ။ ဘယ်တုန်းကမှ မဖွံ့ဖြိုးခဲ့ဘူး။ သူများ တိုက်တုန်း ကလည်း ကျနော်တို့ မတိုက်ခဲ့ပါဘူး ။ အလားအလာ အကောင်းဆုံးဆိုတဲ့ အနေအထား ကနေ အဆိုးဆုံးဆိုတာပဲ ရှိတယ်။ ကျနော်တို့က သူများပြောတဲ့ ကတိစကားတွေကို ယုံကြည်တာထက် ကိုယ့်အားကိုယ်ကိုးပါမယ်။ ဒါက ဘဝပေး သင်ခန်းစာပေါ့။

နောက်တခုက ရက္ခိုင့်တပ်မတော် နေရာချထားရေးဆိုတဲ့ ကိစ္စကလည်း ကျနော်တို့ရဲ့ ယုံကြည်ချက်က ရက္ခိုင့်တပ်မတော်ရဲ့ ဖြစ်တည်မှု၊ တည်ရှိမှုက ရခိုင်လူမျိုးရဲ့ တည်တံ့မှု၊ ရှင်သန်မှုနဲ့ ထပ်တူအချိုးကျတယ် လို့ ယုံကြည်တယ်။ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော် ရှိကို ရှိရမယ်။ ရခိုင်လူမျိုးရဲ့ လုံခြုံရေး၊ ရခိုင် နယ်နိမိတ်ကို လုံခြုံဖို့ အတွက် ရခိုင်ပြည်ကို ရခိုင်သူ ရခိုင်သားလောက် ဘယ်သူမှ မချစ်ပါဘူး။ ဗမာတပ်က ပြောတာက သူတို့ အကျိုးအမြတ်ရလို့ ချစ်နေတာလို့ ကျနော်နားလည်တယ်။

မဟာဗျူဟာမြောက်တဲ့ ဒေသတခုမှာ မဟာဗျူဟာ မြောက်တဲ့ အကျိုးစီးပွားကို ကျနော်တို့ မခံစားရဘူး။ သူများတွေပဲ ခံစားရတယ်။ ဒါ့ကြောင့် ရက္ခိုင့်တပ်မတော် က ရခိုင်ပြည်မှာ ရှိကို ရှိရမယ်။ ရခိုင်လူမျိုးရှင်သန်ရေးနဲ့ ကျနော်တို့ ထပ်တူ အချိုးကျတယ်။ ဒီလို ယုံကြည် ထားပါတယ်။

အခု ရက္ခိုင့်တပ်မတော် တည်တံ့ရေးအတွက် ရုန်းကန် တိုက်ပွဲဝင်နေတာက ရခိုင်လူမျိုး ရှင်သန်ရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေတယ်လ့ို ကျနော်တို့ နားလည်တယ်။ ရက္ခိုင့်တပ်မတော်က ရှိကို ရှိနေရမယ်။ အပစ်အခတ်ကတော့ မရှိရင်လည်း ကောင်းတာပေါ့။ နိုင်ငံရေးအရ အများကြီး ကျနော်တို့ ပြောဆို ဆွေးနွေးဖို့ ပိုပြီးမှ အလားအလာ ကောင်းတာပေ့ါ။

မေး ။ ။ ဒီဇင်ဘာ ၂၁ ရက် တပ်မတော်ရဲ့ ထုတ်ပြန်ချက်က ရခိုင်ပြည်နယ်မှာ AA တပ်တွေ ရှိတာကို အသိအမှတ်မပြုတဲ့ သဘောမျိုး သုံးသပ်ချက်တွေ ရှိတယ်။ AA ဘက်က တပ်နေရာတွေ ရရှိရေးအတွက် ကြိုးစားမယ်ဆိုတော့ တိုက်ပွဲတွေ ပိုများလာမယ့်သဘောလား။

ဖြေ ။ ။ ဟုတ်ပါတယ်။အဲ့လို သဘောမျိုး ပြောလို့ရပါတယ်။ သူတို့က ရက္ခိုင့်တပ်မတော်ကို အသိအမှတ် မပြုချင်ဘူး။ သူ့ဘက်က ကြည့်ရင် သဘာဝ ကျပါတယ်။ သူတို့ ရက္ခိုင့်တပ်မတော်ကို အသိအမှတ်မပြုချင် သလို ကချင်တပ်မတော်ကိုလည်း အသိအမှတ်မပြုချင်ပါဘူး။ မလွဲသာလို့ စကားပြောရတာပေါ့ဗျာ။ ကျနော်တို့ သူတို့ အသိအမှတ်ပြုခြင်း မပြုခြင်းက အဓိက မကျဘူး ။ ရခိုင်လူထု အသိအမှတ်ပြုရင် ရပြီ။ သူတို့ အသိအမှတ် မပြုတာက မိုက်မဲတာပဲ။ ဆင်ကြီးတကောင်လုံးက အခန်းထဲ ရောက်နေပြီ။ အဲ့တာကို ငါမမြင်ပါဘူး ဆိုရင်တော့ တခုခုမှားနေပြီ။ ကျနော်တို့က လုပ်စရာရှိတာ လုပ်သွားမှာပါ။

မေး ။ ။ ရခိုင်ပြည်နယ်ထဲမှာ AA က စခန်းအခိုင်အမာ ရထားတာ ရှိပြီလား။ တပ်မဟာတွေ တပ်ရင်းတွေ ဖွဲ့တာမျိုးရော ရှိပြီလား။ မြန်မာ- အိန္ဒိယနယ်စပ်ကိုလည်း ဌာနချုပ်ပြောင်းရွှေ့တယ်ကြားတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ ကျနော်တို့ မြန်မာပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကို သင်ခန်းစာထုတ်ပြီးမှ တချို့ ဖွဲ့စည်းပုံတွေကို ပြောင်းလွယ် ပြင်လွယ်နဲ့ အမိန့်ပေးစနစ်ကို ပြန်လည်ပြင်ဆင်ထားတာ ရှိတယ်။ ကျနော်တို့ ဌာနချုပ် ပြောင်းတယ် မပြောင်းတယ်ဆိုတာ မပြောလိုဘူး။ သို့သော် အခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အမိန့်ပေး စနစ်တွေကို ကျနော်တို့ လုပ်ထားတယ်။ ပြီးရင် တပ်မဟာတွေ တပ်ရင်းတွေ တည်ဆောက်တာကို တချို့ အဖွဲ့အစည်းတွေကတော့ ပြောကြတယ်။ ကျနော်တို့ ရက္ခိုင့်တပ်မတော် ကတော့ ဘယ်တပ်မဟာ ဘယ်တပ်ရင်း ဆိုတာ မကြေငြာပါဘူး။ ဒါက စစ်ရေးအရ အားနည်းချက်တွေ ဖြစ်စေပါတယ်။ ကိုယ့်သတင်းကို ကိုယ့်ရန်သူကိုပေးတဲ့ သဘောပါပဲ။ ကျနော်တို့ဟာ မကြာခင်အချိန်တခုမှာ ရခိုင်လူမျိုး ရခိုင်ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ကာကွယ်ပေးနိုင်တဲ့ဟာ ဖြစ်ရမယ်။ ပြီးရင် ရခိုင်ဘက်မှာ ရှိနေတဲ့ လူမျိုးအလိုက် ပဋိပက္ခတွေကိုလည်း ကျနော်တို့ပဲ တည်ငြိမ်အောင် ထိန်းပေးနိုင်ပါလိမ့်မယ်။

မေး ။ ။ ရခိုင်ပြည်နယ်ထဲက မြို့တခုခုကို AA က ဝင်တိုက်သိမ်းယူမယ်လို့ ဆိုလိုနေ တာလား။

ဖြေ ။ ။ ကျနော်ဆိုလိုချင်တဲ့ အဓိပ္ပာယ်က ဒီ့ထက် ကျယ်ပြန့်ပါတယ်။ သဘောက မြန်မာစစ်တပ်က ရခိုင်ပြည်မှာ နေချင်တော့ သူတို့က ဘယ်လို အခြေအနေကို ဖန်တီးသလဲဆိုတော့ ရခိုင်နဲ့ မွတ်ဆလင်တွေ မတည့်ဘူးပေါ့ဗျာ။ ပဋိပက္ခကို သူတို့က အဓိက ဖန်တီးတယ်။ နိုင်ငံရေးဦးဆောင်မှု မပီပြင်သေးတဲ့ အချိန်မှာ လူထုက လမ်းလွဲရင် လွဲသလို လိုက်တယ်။ သူတို့က ရခိုင်ပြည်ထဲမှာ ရခိုင်နဲ့ မွတ်ဆလင်တခုကိုပဲ မသင့်မြတ် စေချင်တာ မဟုတ်ဘူး။ ရခိုင်နဲ့မြိုကို မသင့်မြတ်စေချင်ဘူး။ ရခိုင်နဲ့ ခမီကို မသင့်မြတ်စေချင်ဘူး။ ပြဿနာတွေကို နှပ်ကြောင်းပေးလိုက်တယ်။ ပြဿနာတွေ ဖြစ်ရင် လက်ညိုးထိုးပြီး ဒီနေရာမှာ မတည့်ဘူး ငါတို့အုပ်ချုပ်မှ ရမယ်ဆိုတာမျိုး အမြဲတမ်းလုပ်တယ်။

အခုလည်း ကျနော်တို့ကို ရက္ခိုင့်တပ်မတော် ရောက်လာတာ ပြောတာ အမျိုးမျိုး ကြားပါတယ်။ လုံခြုံရေးရှုထောင့်က ကြည့်ရင် ဘာဖြစ်တယ်။ နိုင်ငံတကာက လက်နက်ကိုင် ထားတဲ့ အဖွဲ့တွေကို မလိုချင်ဘူးနဲ့ သူတို့ ဖြစ်ချင်တာကို အမျိုးမျိုးပြောတယ်။ ကျနော်တို့ ရခိုင်ပြည်မှာ ရပ်တည်မှုကို ယိမ်းယိုင်အောင် ကျနော်တို့ရဲ့ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေကို ဟန်ချက်ပျက်အောင် သူတို့က လုပ်နေတာ။ ကျနော်တို့က မွတ်ဆလင်တွေနဲ့ ပြဿနာ ကြီးကြီးမားမား တတ်လာရင် အဲ့တာကို လက်ညိုးထိုး ပြီး ဒီကောင်တွေ ဒါဖြစ်နေတယ်လို့ နိုင်ငံတကာကိုလည်း ပြောမယ်။ ဒီပြဿနာကို လက်ညိုးထိုးပြီး ကျနော်တို့ ရပ်တည်မှုကို ဖျက်ဆီးလိမ့်မယ်။

ကျနော်တို့ ပြဿနာမဖြစ်တော့ ဒါက ARSA နဲ့ ပေါင်းတဲ့ အကြမ်းဖက်သမားတွေဆိုတဲ့ သူတို့ မရှိရင် မဖြစ်ဘူး ဆိုတဲ့ တိုက်ကွက်ကို ဖော်နေတာ။ ကျနော်တို့ကတော့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်မှာ။

ဆက်စပ်ဖတ်ရှုရန် – တပ်မတော်နှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Your Thoughts …
Tags: AAဗိုလ်ချုပ် ထွန်းမြတ်နိုင်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဘီလ်ကလင်တန်ထံမှ ဆုကို လက်ခံရန် သူတို့ မြန်မာ့ရိုးရာ လုံချည်စိမ်းနှင့် အင်္ကျီအဖြူကို ဝတ်ခဲ့ကြသည် / Rice Inc. Facebook Page

ကျောင်းသား နိုဘဲလ်ဆုကို မြန်မာရောက် ထွန်းသစ်စ လုပ်ငန်း ဆွတ်ခူး

နာမည်ကျော် ကိုရီးယားမင်းသား Hyun Bin နဲ့ မင်းသမီး Son Ye Jin

Hyun Bin နဲ့ Son Ye Jin တို့ ချစ်သူတွေဖြစ်နေကြပြီလို့ ကောလာဟလ ထွက်ပေါ်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

24 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved