ယခုအခါ ရခိုင်ပြည်နယ်က မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည် လွတ်လပ်ရေး အခွင့်အလမ်းတွေ၊ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအကြောင်းတွေကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ အင်တာဗျူး ပထမပိုင်းမှာ ဆွေးနွေးထားပါတယ်။
မေး။ ။ မင်္ဂလာပါ။ ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဧရာဝတီကနေ ကြိုဆိုပါတယ်။ ကျနော်တို့ ဧရာဝတီကို အင်တာဗျူးပေးတဲ့အတွက် လည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အခုကျနော်တို့ ပထမဆုံး မေးချင်တဲ့မေးခွန်းက ဗိုလ်ချုပ်အနေနဲ့ အမြဲတမ်းပြောခဲ့တဲ့ Arakan Dream ပေါ့နော်။ အာရက္ခအိပ်မက် ဘယ်အခြေအနေကို ရောက်နေပြီလဲဆိုတဲ့ မေးခွန်းနဲ့ စချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ပြောနေတဲ့ Arakan Dream ကတော့ တော်တော်လေးတော့ ခရီးရောက်လာခဲ့ပါပြီ။ စိန်ခေါ်မှုတွေက လည်း တပြိုင်နက်တည်း အများကြီးကို ရင်ဆိုင်နေရတဲ့အချိန် ဖြစ်တယ်။ ဒီစိန်ခေါ်မှုတွေကို အများကြီးဖြစ်လာတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ဟာ တော်တော်ခရီးရောက်နေပြီဆိုတာကို အသိအမှတ်ပြုလို့ ရပါတယ်။
မေး။ ။ အဲဒီခရီးရောက်တယ်ဆိုတာကို အသေးစိတ် ပြောပြလို့ရမလား။ ဘယ်အခြေအနေကို ရောက်နေတာလဲ။ ဘယ် ခရီးကို ရောက်နေတာလဲ။ ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်၊ သူတို့ အိပ်မက်တွေက ဘာလဲ။ အဲဒီဟာတွေကို ဗိုလ်ချုပ်တို့က ဘယ်လိုဖြည့်ဆည်းပေးမှာလဲဆိုတာလေး အသေးစိတ် သိချင်ပါတယ်။
ကျနော်တို့ Arakan Dream ကတော့ တော်လှန်ရေးအပိုင်း ရှိမယ်၊ တည်ဆောက်ရေးအပိုင်း ရှိမယ်။ ပြီးတော့ တော်လှန်ရေးပြီးသွားတဲ့အချိန်မှာ ကျနော်တို့က တောက်လျှောက်ပေါ့။ ကျနော်တို့ ရခိုင်အမျိုးသားများရဲ့ အာရက္ခတိုင်း ပြည်ကို လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်ဖြစ်ဖို့ ငြိမ်းချမ်းပြီးမှ တရားမျှတတယ်၊ အားလုံးနဲ့ လူသားတိုင်းနဲ့ တန်းတူ ရည်တူ ဂုဏ်ရည်တူ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ နေရာမှန်လူမှန်ဖြစ်အောင်ဆိုတဲ့ဟာက ခရီးက အရှည်ကြီးပဲ။
ဖြေ။ ။ ကျနော်တို့ Arakan Dream ကတော့ တော်လှန်ရေးအပိုင်း ရှိမယ်၊ တည်ဆောက်ရေးအပိုင်း ရှိမယ်။ ပြီးတော့ တော်လှန်ရေးပြီးသွားတဲ့အချိန်မှာ ကျနော်တို့က တောက်လျှောက်ပေါ့။ ကျနော်တို့ ရခိုင်အမျိုးသားများရဲ့ အာရက္ခတိုင်း ပြည်ကို လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်ဖြစ်ဖို့ ငြိမ်းချမ်းပြီးမှ တရားမျှတတယ်၊ အားလုံးနဲ့ လူသားတိုင်းနဲ့ တန်းတူ ရည်တူ ဂုဏ်ရည်တူ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ နေရာမှန်လူမှန်ဖြစ်အောင်ဆိုတဲ့ဟာက ခရီးက အရှည်ကြီးပဲ။ ကျနော်တို့ရဲ့ လမ်းစဉ်ဆွဲထားတယ်။ အခု ခရီးရောက်နေပြီဆိုတာက ကျနော်တို့ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှု တော်လှန်ရေး တိုက်ပွဲ။ ပြီးမှ ကြိုးစားနိုးကြား အဲဒီအခြေခံအပိုင်းမှာ တော်တော်လေး ခရီးရောက်လာပြီဆိုတာကို ကျနော်တို့ပြောခြင်း ဖြစ်တယ်။ နောက်လည်း လုပ်စရာတွေကတော့ အများကြီး ရှိနေပါသေးတယ်။
မေး။ ။ အဲဒီလိုဆိုရင် အခု ပြည်တွင်းမှာရော ပြည်ပမှာရော အထူးသဖြင့် ပြည်ပမှာဆိုရင် မီဒီယာတွေကနေပြီး စောင့် ကြည့်နေတဲ့သူတွေကနေပြီးတော့ ရခိုင်အရေးကို စောင့်ကြည့်နေတဲ့သူ တွေကနေပြီးတော့ ပြောနေရေးနေကြတာ ရခိုင်ပြည်လွတ်မြောက်တော့မှာလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒါကို ဗိုလ်ချုပ် ဘယ်လို မြင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ရခိုင်ပြည် လွတ်မြောက်တော့မှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးမှတော့ အချိန်ကာလအားဖြင့် ပြောရဖို့ ခက်တယ်။ သို့သော် အခြေအနေပေါ်မှာ မူတည်ပြီးမှ ပြောလို့တော့ရတယ်။ ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ရေး အရတော့ တော်တော်လေးကို ကြိုးစားပြီးမှ တိုက်ပွဲဝင်နေတယ်။ အခြေအနေလည်း တော်တော်ကောင်းတဲ့ အနေ အထားရှိပါတယ်။ စိန်ခေါ်မှုတွေတော့ သူ့နေရာနဲ့သူ ရှိတာပေါ့။ ဥပမာအားဖြင့် ရန်သူဘက်က ရေတပ်အင်အားကို အဓိက အခြေပြုပြီးမှ ခုခံစစ်ဆင်နွှဲတာတို့ အခုနောက်ပိုင်း သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဆီကနေ ဒရုန်းနဲ့ တခြားသော နည်းပညာတွေကို ပိုပြီး ဖြည့်စွက်လာနိုင်တာ တွေ့ရတယ်။
သို့သော်လည်းပဲ ဒါ စစ်မြေပြင်ရဲ့ လျှို့ဝှက်ချက် ကိုယ်စီနဲ့ဆိုတော့ ကျနော်တို့လည်း ကျနော်တို့ နည်းနဲ့ ဆက်လက်ပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီကြားထဲမှာ ရခိုင်ဒေသတခုတည်းကို ကြည့်ပြီးမှတော့ ဘယ်ဟာ ဘာဖြစ်မယ်ဆိုတာကို ပြော ဟောလို့ မရပါဘူး။ ရခိုင်ဒေသနဲ့ ဆက်စပ်နဲ့ ပတ်ဝန်းကျင်ရော၊ မြန်မာတပြည်လုံး အတိုင်း အတာ ပြီးတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံများရဲ့ အခြေအနေတွေကိုပါ ဆက်စပ်ပြီးမှ ဒီအောင်မြင်မှုဆိုတာကို ဘယ် ပုံစံနဲ့ အဆုံးသတ်အောင် လုပ်ရမလဲ ဆိုတာတွေကို အကုန်လုံး ဝိုင်းဝန်းပြီးမှ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။
မေး။ ။ မြန်မာပြည်တခုလုံးရော အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထားတွေကို ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးကြ မယ်ဆိုရင် ကျနော်ခေါ်သွားချင်တာကတော့ 1027 Phase 2 ပေါ့။ ဒုတိယပိုင်းအခြေအနေမှာ အဲဒီ စစ်ဆင်ရေးမှာ AA အနေနဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ ပါဝင်နေသလဲ။ ဘာတွေ မျှော်မှန်းထားသလဲဆိုတာလေး ကျနော်တို့ သိချင် ပါတယ်။
ဖြေ။ ။ ပါဝင်တယ်ဆိုတာကတော့ မြေပြင်မှာ အချိန်ကိုက်လှုပ်ရှားတဲ့အချိန်မှာ ကိုယ်ယူထားတဲ့ အခန်းကဏ္ဍအလိုက် လုပ်ဆောင်သွားတဲ့ အနေအထားတွေလည်း ရှိမယ်။ တခါတလေ ကျနော်တို့ အစောပိုင်းကာလတွေမှာဆိုရင် အတူ တကွ တိုက်ပွဲတပွဲတည်းမှာ ၃ ဖွဲ့လုံးပါပြီးမှ တိုက်ခဲ့တာရှိတယ်။ နောက်ပိုင်းဆိုရင် သူ့ခွင်နဲ့ သူ သတ်မှတ်ပြီးမှ တိုက်တဲ့ဟာ ရှိတယ်။ သူ့ဒေသနဲ့သူ ခွဲပြီးမှ ပိုပြီးကျယ်ပြန့်တဲ့ မဟာဗျူဟာကို တယောက်နဲ့တယောက် လုပ်ဆောင်သွားတဲ့ပုံစံမျိုး သူ့မှာ အဆင့်ဆင့်ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ညီနောင် ၃ ဖွဲ့ အနေနဲ့ကတော့ အလုပ် လုပ်တဲ့အချိန်မှာ ဘယ်ဒေသမှာ ဘယ်အဖွဲ့ကပဲလုပ်လုပ် ဟန်ချက်ညီညီနဲ့ သူ့ခွင်နဲ့သူ ဆိုတဲ့ဟာတွေ ရှိပါတယ်။ ကျနော် စစ်ရေးအရ ပြောနိုင်တဲ့ အတိုင်းအတာ ဒီလောက်ဖြစ်ပါတယ်။
မေး။ ။ အဲဒီတော့ ကျနော်ကတော့ ထပ်ပြီးတော့ အဓိပ္ပာယ် ထပ်ဖော်မယ်ဆိုရင် ဒီညီနောင် ၃ ဖွဲ့ကြားထဲမှာ Coordination ရှိတယ်၊ ဟန်ချက်ညီတဲ့ လှုပ်ရှားမှုရှိတယ်လို့ ကျနော်တို့ သုံးသပ်လို့ ရတယ်ပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ အပြင်မှာရှိတဲ့ မီဒီယာတွေကရော သုံးသပ်သူတွေကရော တခါတလေကျရင် ပြောတာက ဒီ Operation က တဖက်နဲ့တဖက်ကြားထဲမှာ Coordination မရှိဘူး ဆိုတာမျိုးတွေ ဟန်ချက်ညီလှုပ်ရှားမှု မရှိဘူးဆိုတာမျိုးတွေ ပြောကြတာရှိလို့ပါ။ အဲဒါကြောင့် မေးရခြင်း ဖြစ်ပါတယ်။
ကျနော်တို့ ၃ ဖွဲ့ စပြီးမှ ပေါင်းစည်းကတည်းက တယောက်ရဲ့ အားသာချက်နဲ့ တယောက်ရဲ့ အားနည်းချက် မတူဘူး။ ဒါကြောင့်လည်း ပေါင်းဖြစ်တာဖြစ်တယ်။ ဒါကြောင့် တယောက်ရဲ့ အားနည်းချက်ကို တယောက်က ဖေးမကူညီပြီးမှ အခုအချိန်အထိ ဟန်ချက်ညီအောင် ကျနော်တို့ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။
ဖြေ။ ။ အဲဒီဟာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့က သူ့ရဲ့ဒေသအလိုက် တဖက်မှာရှိတဲ့ အားသာချက်နဲ့ တဖက်မှာ ရှိတဲ့ စိန်ခေါ်မှုတွေဟာ မတူပါဘူး။ ကျနော်တို့ ၃ ဖွဲ့ စပြီးမှ ပေါင်းစည်းကတည်းက တယောက်ရဲ့ အားသာချက်နဲ့ တယောက်ရဲ့ အားနည်းချက် မတူဘူး။ ဒါကြောင့်လည်း ပေါင်းဖြစ်တာဖြစ်တယ်။ ဒါကြောင့် တယောက်ရဲ့ အားနည်းချက်ကို တယောက်က ဖေးမကူညီပြီးမှ အခုအချိန်အထိ ဟန်ချက်ညီအောင် ကျနော်တို့ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာ ရှမ်းမြောက်ဒေသမှာ အဖွဲ့အစည်းနဲ့ လူမျိုးစုဆိုင်ရာ နယ်နိမိတ်ကိစ္စတွေကတော့ အနည်းအကျဉ်း ရှိတာပေါ့။ ဒါပေမယ့် ဒီကိစ္စတွေကိုလည်းပဲ ကျနော်တို့က ပြေလည်အောင် ဖြေရှင်းပြီးမှ ကျော်လွှားဖို့အတွက် ကြိုးစားထားတာတွေ ရှိပါတယ်။ ဒါကလည်း ဖြေရှင်းနိုင်မယ့်အနေအထားတွေပါ။
မေး။ ။ အဲဒီလိုဆိုရင် မကြာသေးခင်ကပဲ လားရှိုးအခြေစိုက်တဲ့ ရမခ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကျသွားတာ တွေ့ရပါတယ်။ အဲဒီသတင်းကို ကြားတဲ့အခါမှာ ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုမြင်လဲ၊ ဘယ်လိုခံစားရလဲ ကျနော် သိချင်ပါတယ်။
ဖြေ။ ။ လားရှိုးကို သိမ်းပိုက်ပြီးတဲ့အခါမှာ ဘယ်လိုခံစားရသလဲဆိုတာထက် ကျနော်တို့ကျတော့ ပစ်မှတ်တခုကို စစ်ဆင်ရေးလုပ်တော့မယ် စီမံချက်ဆွဲပြီးကတည်းက ဒီဟာကို နိုင်ဖို့အတွက် တကယ့် သံဓိဌာန်အရရော ပြင်ဆင်မှု အရရော လုပ်ဆောင်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သိမ်းပိုက်လို့ရပြီးတဲ့အချိန်မှာကျတော့ ကျေနပ်မှုတွေတော့ အများကြီး ဖြစ်တာပေါ့။ ဒီထက်ပိုပြီးမှ စိတ်ဝင်စားစရာ တွေ့ရှိမှုတွေလည်း ရှိပါတယ်။ တကယ်က ကျနော်တို့ ဒီထက် အများကြီး ခက်ခဲမယ်လို့ ထင်ထားခဲ့တာ။ သူတို့ ၁၀၂၇ အပစ်ရပ်ထားတဲ့ အချိန်နဲ့ ဒီကြားထဲမှာ နည်းပညာအရရော ဖွဲ့စည်းပုံအရပါ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားမယ်၊ အရမ်းခက်ခဲမယ်လို့ ထင်ထားတာပေါ့။ ဒါပေမယ့် တကယ်ကျတော့ သူလုပ်တော့ လုပ်ခဲ့ပေမယ့် သူတို့ရဲ့ Moral အပိုင်းမှာ တော်တော်လေး ပျော့ညံ့တာတွေ ကျနော်တို့ တွေ့ရ တယ်။ ဒါက အရေးကြီးဆုံး သူတို့ရဲ့ အားအပျော့ဆုံးအပိုင်းလို့ ကျနော်တို့မြင်တယ်။ ကျနော့်ရဲ့ ခံစားချက်ကို ပြောတာထက် ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးမှာလည်း ပိုပြီးခိုင်မာတဲ့ အောင်မြင်မှုအတွက် ယုံကြည်မှုတွေ ရလာခဲ့တယ်လို့တော့ ကျနော်မြင်ပါတယ်။
မေး။ ။ ရခိုင်ပြည်က လက်ရှိဖြစ်နေတဲ့ စစ်မြေပြင်အနေအထား၊ AA တိုက်ပွဲဝင်နေတဲ့ အနေအထား၊ နောက်ပြီးတော့ စစ်ကောင်စီရဲ့အနေအထားနဲ့ အခုဆို ကျနော်တို့ တွေ့နေရတဲ့ သတင်းတွေအရဆိုရင် ဂွမှာ အမ်းမှာ ကျိန္တလီမှာ တိုက်ပွဲ တွေ ဖြစ်တယ်။ နယ်မြေတွေ ပိုပြီးသိမ်းခဲ့တာကို တွေ့ရတယ်၊ AA အနေနဲ့နော်။ 1027 Phase 2 နောက်ပိုင်းကနေ စပြီး တော့ ရှမ်းပြည်မြောက်ပိုင်းမှာ လားရှိုးကျသွားတာ ကျနော်တို့တွေ့ခဲ့သလို ရခိုင်မှာဆိုရင်လည်း AA ရဲ့ အောင်ပွဲတွေ ဆက်တိုက် တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက်ကို ကြည့်မယ်ဆိုရင် ဒီဘက်က မီဒီယာတွေကလည်း Activists တွေရော ရခိုင်အရေးကို တက်ကြွလှုပ်ရှားသူတွေကရော မြန်မာစစ်တပ်ကို ရခိုင်မြေကနေပြီးတော့ မောင်းထုတ်နိုင်တော့မလားဆိုတဲ့ ပြောဆိုရေးသားချက်တွေ ကျနော်တို့တွေ့ရတော့ ဗိုလ်ချုပ် ဘာများ Comment ပေးချင်လဲ။
ဖြေ။ ။ စစ်မြေပြင်အနေအထားတွေအရတော့ ကျနော်တို့ ဆက်ပြီးမှ အောင်မြေချဲ့လို့ရမယ့် အရွေ့ဘက်ကို ရှိပါတယ်။ သို့သော် ကျနော်တို့ဘက်က သေချာစဉ်းစားကြည့်ရင် နယ်မြေအရ ကျယ်ပြန့်လာတယ်။ ရန်သူကို မောင်းထုတ်နိုင်တယ် ဆိုတဲ့ဟာထက် ပိုပြီးမှ အရေးကြီးသော အောင်မြင်မှု အာမခံချက်တွေကို ကျနော်တို့ဘက်က စဉ်းစားဖို့ လိုတယ်။ ဒါကြောင့် သူတို့ဘက်ကို ကိုယ်ကတိုက်တဲ့အချိန်မှာ သူက မခံနိုင်လို့ နောက်ဆုတ်သွားပေမယ့် တချိန်ချိန်မှာ သူက ပြင်ဆင်ပြီးမှ ပြန်လည်ထိုးဖောက်ဝင်ရောက်လာတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ယာယီအားဖြင့် နယ်မြေရရှိမှုတွေ ထက် ပိုပြီးမှသေချာတဲ့ အာမခံချက်ရအောင်လည်း စစ်ရေးအရရော နိုင်ငံရေးအရရော ဆက်လက် ပြင်ဆင်ပြီး လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။
မေး။ ။ နိုင်ငံရေးအရ လုပ်ဆောင်မှုရှိမယ်ဆိုတာ ဘာကို သဘောဆောင်ပါသလဲခင်ဗျ။
ဖြေ။ ။ မြန်မာနိုင်ငံမှာကတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကြိုးစားခဲ့ကြတဲ့ အနေအထားတွေ အမျိုးမျိုးရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ရေးအရ ဘာမှအားမရှိတဲ့အချိန်မှာ နိုင်ငံရေးဆွေးနွေးမှုတွေလည်း ဘာမှ အဖြေတော့မထွက်ခဲ့ဘူးပေါ့။ အခုကျနော်တို့ စစ်မြေပြင်မှာ ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ အဆုံးသတ်မှာတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောဆိုကြရမှာပါပဲ။ အဲဒီ ပြောဆိုမှုတွေရဲ့ အဆုံးသတ်မှာ ဘယ်ပုံစံနဲ့ သဘောတူညီမှုရမလဲဆိုတာကပဲ ပိုပြီးသေချာတဲ့ အာမခံကို ပေးနိုင်မှာလို့ ကျနော် နားလည်ပါတယ်။
မေး။ ။ မကြာသေးခင်ကပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တာ တွေ့ပါတယ်။ နေပြည်တော်ကို သွားခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီနောက်ပိုင်းကနေ စပြီးတော့ EAO အဖွဲ့တွေပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်မှာ တရုတ်အနေနဲ့ ပိုပြီးဖိအားပေးမှုတွေ ရှိလာမယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော AA အပေါ်မှာရော တရုတ်အနေနဲ့ ဖိအားပေးမှုတွေ ရှိနေသလားဆိုတာ ကျနော်တို့ကို ပြောပြလို့ရမလား။
သူ့ရဲ့ နိုင်ငံရေးမူဝါဒ သူ့ရဲ့ အကျိုး စီးပွားနဲ့ အကျိုးပြုတဲ့မူတွေကို သူ ပြဋ္ဌာန်းမှာပဲ။ ကျနော်တို့ကလည်းပဲ တိုင်းပြည်အတွက် ပြည်သူတွေအတွက် လုပ်သင့် လုပ်ထိုက်တဲ့ဟာကို တဖက်နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်အောင်၊ သဟဇာတဖြစ်ဖို့ဆိုတာကတော့ နောက် တပိုင်းပေါ့။ ကိုယ်လုပ်တဲ့အလုပ်က သူ့ရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်အောင် ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားပြီးမှတော့ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့်တဲ့ဟာတွေကို နည်းလမ်းတွေရှာပြီးမှ ဆက်လက် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။
ဖြေ။ ။ ဖိအားပေးမှုလို့တော့ ကျနော်တို့က တိုက်ရိုက်ကြီး မပြောလိုပါဘူး။ ဒါကတော့ သူ့ရဲ့ နိုင်ငံရေးမူဝါဒ သူ့ရဲ့ အကျိုး စီးပွားနဲ့ အကျိုးပြုတဲ့မူတွေကို သူ ပြဋ္ဌာန်းမှာပဲ။ ကျနော်တို့ကလည်းပဲ တိုင်းပြည်အတွက် ပြည်သူတွေအတွက် လုပ်သင့် လုပ်ထိုက်တဲ့ဟာကို တဖက်နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်အောင်၊ သဟဇာတဖြစ်ဖို့ဆိုတာကတော့ နောက် တပိုင်းပေါ့။ ကိုယ်လုပ်တဲ့အလုပ်က သူ့ရဲ့ အကျိုးစီးပွားနဲ့ ပဋိပက္ခမဖြစ်အောင် ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားပြီးမှတော့ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့်တဲ့ဟာတွေကို နည်းလမ်းတွေရှာပြီးမှ ဆက်လက် လုပ်ဆောင်နေဖို့ အရေးကြီးပါတယ်။
မေး။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ခရီးစဉ်ထဲမှာ တရုတ်ရင်းနှီး မြှုပ်နှံမှုတွေနဲ့ တရုတ်ဝန်ထမ်းတွေကို ကာကွယ်ပေးတဲ့ဆိုတာ အတိအကျ အသေအချာကို စစ်ကောင်စီကို ပြောသွားတာတွေ့ရတယ်။ ရခိုင်ပြည်မှာဆိုရင် လည်း ကျောက်ဖြူစီမံကိန်းလိုဟာမျိုးတွေ၊ ရေနံသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းလိုဟာမျိုးတွေ ရှိတယ်။ ဒါတွေနဲ့ ပတ် သက်ခဲ့ရင်ရော တရုတ်ဘက်ကနေပြီး ဘယ်လို တောင်းဆိုမှုတွေ ရှိခဲ့ဖူးပါသလဲ။ မကြာသေးခင်ကပဲ တရုတ်သံတမန် တချို့က ကျောက်ဖြူစီမံကိန်းကို လာရောက် ကြည့်ရှုတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကျနော်တို့ တွေ့ရတာ ဖြစ်ပါ တယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လာရင်ရော AA ရဲ့ သဘောထား၊ ဗိုလ်ချုပ်တို့ရဲ့ သဘောထား ဘယ်လို ရှိလဲဆိုတာကို သိချင်ပါတယ်။
ဖြေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် နေရာတခုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ပြီဆိုရင် သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လူ Personal security တွေပေါ့။ အဲဒါတွေကို သူက စိတ်ပူမှာပဲ။ သူ့ရဲ့လိုအပ်ချက်ကို ကိုယ်က သိနေပြီဆိုရင် သူနဲ့ဆက်ဆံမယ့်အချိန်မှာ ကိုယ် လုပ်ပေးနိုင်တာကို လုပ်ပေးတာက ဒါ ကောင်းမွန်တဲ့ မဟာဗျူဟာမြောက်တဲ့လုပ်ဆောင်ချက်လို့ ကျနော် မြင်ပါတယ်။ တကယ်လို့ ကျနော်တို့က သူ့ရဲ့ လိုအပ်ချက်ကို မကူညီပေးဘဲနဲ့ ကိုယ့်ရဲ့ပြိုင်ဘက်က အဲဒီဟာကို ဖြည့်ဆည်းပေးတယ် ဆိုရင် ကိုယ့်ရဲ့ ပြိုင်ဘက်က သူ့ဘက်ကို ရောက်သွားမယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဥပမာ ရခိုင်ပြည်မှာရှိတဲ့ သူ့ရဲ့ Assets တွေ ရော အလုပ်သမားတွေကိုရော ပညာရှင်တွေကိုပါ ကျနော်တို့က လုံခြုံရေးပေါ့။ Security Guarantor အဖြစ်နဲ့ ရပ်တည် နိုင်တယ်ဆိုရင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာလည်း ဟုတ်တယ်။ ဆက်ဆံရေးအပိုင်းမှာ တဆင့် မြင့်သွားမယ်။ အဲဒီလို မြင်ပါ တယ်။
တချိန်တုန်းကကျတော့ စစ်တပ်က ပိုပြီးမှ အစစအရာရာကို ထိန်းချုပ်တဲ့ကာလမှာ သူဘယ်နိုင်ငံနဲ့ ဘာသဘောတူညီချက် လုပ်သလဲ။ ငွေက ဘယ်လောက် အိတ်ထဲကို ဝင်သွားသလဲ။ ပြည်သူတွေဆီက မြေတွေကို ဘယ်လောက် သိမ်းသွားသလဲ။ လျော်ကြေးက ဘယ်လောက်ပေးလဲဆိုတာကို ကျနော်တို့က ပွင့်လင်းမြင်သာမှုလည်း မရှိဘူး၊ ခံစားပိုင်ခွင့် လည်း မရှိခဲ့ဘူး။ အဲဒီအချိန်မှာကျတော့ ပြည်သူတွေက ကျိုးကြောင်းဆီလျော်တဲ့ တုံ့ပြန်မှုထက် ငြင်းပယ်ခြင်းကိုပဲ ရွေးချယ်ခဲ့ကြတယ်။ အဲဒီလိုမျိုး မျက်စိမှိတ်ပြီး ငြင်းလေလေ တဖက်လူအတွက် အားသာချက်ဖြစ်လေဆိုတဲ့ အနေအထားမှာ ကျနော်တို့က ဒီဟာတွေကို ခွဲခြမ်းစိတ်ဖြာပြီးမှ ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်ရင် ပိုပြီးမှအားသာချက် ရှိသလဲဆိုတဲ့ ပုံစံမျိုးကို သေသေချာချာဆန်းစစ်လေ့လာပြီးမှ မူဝါဒတွေ ချမှတ်ပြီး ငါတို့လည်း သူတို့လိုမျိုး လုပ်ပေးနိုင်တယ်။ သူတို့ကတော့ ပြည်သူတွေ လက်မခံထားတဲ့သူတွေမို့လို့ အမြဲတမ်း အငြင်းပွားစရာတွေ ရှိမယ်။ ငါတို့ကတော့ ငါတို့ပြည်သူ တွေနဲ့ တသားတည်း ရပ်တည်ပြီးမှ ဒီကစ္စတွေကို ပူးပေါင်းဆောင်ရွက်လို့ရတယ်ဆိုတဲ့ နေရာမျိုးပေါ့နော်။ ကျနော်တို့ ဘက်ကလည်း ဒါ ရှိတယ်ဆိုတာကို Present လုပ်လို့ ရတာပေါ့။ ဒီလိုမျိုးပါ။
မေး။ ။ ဒီလိုမျိုးပြောတဲ့အခါမှာ မဟာဗျူဟာကျတဲ့ ဆွေးနွေးမှုတွေ သံတမန် အခင်းအကျင်းတွေနဲ့ AA ကြားထဲမှာရော ဗိုလ်ချုပ်တို့နဲ့ တရုတ်အစိုးရကြားထဲမှာရော အဲဒီလိုဆက်စပ်မှုမျိုးတွေ ဆွေးနွေးမှုမျိုးတွေ ရှိခဲ့သလားလို့ ကျနော်မေးတာပါ။ ဘာကြောင့်လဲဆိုရင် တဖက်ကကြည့်မယ်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ အဓိကကျတဲ့ မဟာဗျူဟာကျတဲ့ နယ်မြေတွေ စီးပွားရေးအရ အချက်အခြာကျတဲ့ ဇုန်တွေကို AA က တဖြည်းဖြည်းနဲ့ စိုးမိုးပြီးတော့ ရယူခဲ့တာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ကျနော် ဒီမေးခွန်းကို ထပ်မေးတာ ဖြစ်ပါတယ်။
ဖြေ။ ။ ကျနော်တို့ကတော့ အဓိက မိမိရဲ့ ပြည်သူတွေ မိမိရဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားဘက်က ရပ်တည်ပြီးမှ စဉ်းစားမှာပဲ။ ပြီးတော့ အလုပ်လုပ်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူ ကိုယ့်ရဲ့ပါတနာတွေရဲ့ အကျိုးစီးပွား ဒါမျှတမှု ရေရှည် အကျိုးစီးပွား ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေကို အကုန်လုံးပေါင်းစပ်ပြီး စဉ်းစားမယ်၊ စဉ်းစားပြီးရင် ဒါဖြစ် သင့်တဲ့ မူဝါဒကို ချထားတာပဲ။ ပြီးရင် စောစောကပြောတဲ့ မေးခွန်းပေါ့။ တရုတ်သံတမန်နဲ့ ဆွေးနွေးသလားဆိုတဲ့ ကိစ္စကတော့ ကျနော်တို့လည်း တတ်နိုင်သမျှ ထိုးဖောက်ပြီးမှ ကိုယ်လက်လှမ်းမီသလောက်မှာ ဒီအခြေအနေတွေကို ချပြပြီးမှ ကိုယ့်ရဲ့ အကျိုးစီးပွားကို Promote လုပ်ဖို့အတွက် အချိန်တိုင်းမှာ ကျနော်တို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်ကောင်စီနဲ့ ကျနော်တို့ဘက်က အားသာချက်၊ အားနည်းချက် ကွာခြားချက်တွေတော့ရှိပါတယ်။ သူ့ဘက်က အားသာချက်ကတော့ သူက State Actor အနေနဲ့ G to G ဆက်ဆံရေးရှိတယ်။ ဒါကြောင့်မို့ သူလည်း ဒီ Leverage power ဟာကို သုံးပြီးမှ မကြာသေးခင်ကပဲ လားရှိုးကျသွားတဲ့အချိန်မှာ သူက ငိုပြလိုက်တယ်။ ဟိုက ဖြေရှင်းတယ် ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ ကျနော်တို့ကျတော့ ဒါ State actor အဆင့်ကို မရောက်သေးဘူး။ ဘယ်လိုပြောမလဲ။ Defecto Government တခုလိုမျိုးတော့ ဟုတ်တယ်။ ဆိုတော့ သူ့လမ်းကြောင်းနဲ့သူ သူနိုင်တဲ့အနေအထားက ကျနော်တို့ ဝင်ပြီး ထိုးဖောက်တာတွေတော့ အများကြီး လုပ်ပါတယ်။
မေး။ ။ ဟိုက G to G ကို သွားနေတဲ့အချိန်မှာ ဒီဘက်မှာရှိတဲ့ Defecto ဖြစ်လာတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ သူတို့ နယ်မြေမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မဟာဗျူဟာကျတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို တဖက်အစိုးရ ဥပမာအားဖြင့် အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ စကားပြောတဲ့အခါကျရင် ဘယ် Level က ပြောသလဲဆိုတဲ့ကိစ္စပေါ့နော်၊ အဲဒါက လည်း အရေးကြီးတယ်လို့ ကျနော် ထင်ပါတယ်။ နောက်မေးခွန်းတခုကတော့ တဖက်မှာလည်း အိန္ဒိယရဲ့ ကုလားတန် စီမံကိန်းဆိုတာ ရခိုင်ပြည်ထဲမှာ ရှိပါတယ်။ အဲဒီစီမံကိန်းတွေရဲ့ လက်ရှိ အခြေအနေကရော ဘယ်လိုရှိသလဲ။ ပြီးတော့ တချိန်တည်းမှာပဲ အိန္ဒိယအစိုးရနဲ့ AA နဲ့ ဆက်ဆံရေးအနေအထားကရော ဘယ်လိုရှိသလဲ သိလို့ရမလားခင်ဗျ။
ဖြေ။ ။ အိန္ဒိယရော တရုတ်ရော ထိုင်းရော ကျနော်တို့ မြန်မာအိမ်နီးချင်းနိုင်ငံအများစုက 1027 စစ်ဆင်ရေးနောက်ပိုင်း မှာ မြန်မာနယ်စပ် လုံခြုံရေးဆိုင်ရာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံရေး မူဝါဒတွေကို တော်တော်လေး ရှုပ်ထွေး ထွေပြား သွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ နဂိုရှိထားတဲ့ မူဝါဒပြီးတော့ သူတို့မှာလည်း ပါတီတခုချင်းစီအလိုက် ဆက်ဆံ ရေး၊ နိုင်ငံအစိုးရအချင်းချင်း ဆက်ဆံရေးကြားမှာ ပြောင်းလဲလာတဲ့အခြေအနေကို ဘယ်လို Accommodate လုပ် မလဲ။ နယ်စပ်ဒေသမှာ ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေရော ပြီးတော့ အကျိုးစီးပွားဆိုင်ရာ အပိုင်းတွေ ကို ဘယ်လို Accommodate လုပ်မလဲဆိုတဲ့ဟာတွေကို အခုထက်ထိ တချို့နိုင်ငံတွေဆိုရင် အစီအစဉ် မကျနိုင်ကြသေးပါဘူး။
ဒီထဲမှာ ကျနော် မြင်မိသလောက်က တရုတ်နိုင်ငံကျတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသနဲ့ ဆက်ဆံရေး၊ နောက် စစ်ခေါင်းဆောင် အဆက်အစပ်နဲ့လည်း သူက ဆက်ဆံနေခဲ့တယ်။ ပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးအပိုင်းကိုလည်း မဟာဗျူဟာမြောက်အောင် သူက Oversight လုပ်နေခဲ့တယ်ဆိုတော့ သူ့မှာ ဒီဟာကို Respond လုပ်ဖို့အတွက် သူများတွေထက်စာရင် ပိုပြီးမှ တက်ကြွတယ်လို့ ကျနော် မြင်တယ်။ အိန္ဒိယတို့ဘာတို့ဆိုရင် သူကအစိုးရကလည်း ဒီမိုကရေစီ အစိုးရဖြစ်တယ်။ သူ့ရဲ့ Government Bureaucratic System အလုပ်လုပ်တဲ့ပုံစံကလည်း နှေးတယ်။ ဆိုတော့ တချို့ သူ့ရဲ့ Thinker တွေက စဉ်းစားမိရင်လည်း နိုင်ငံရေးသမားတွေရဲ့ Decision Maker တွေဆီမှာ ကြန့်ကြာနေတဲ့ဟာတွေ ရှိတယ်။ ဥပမာ မြန်မာနိုင်ငံမှာ အခုစစ်ပွဲတွေနဲ့ နယ်စပ်တွေမှာ Security တွေ Provider တွေက ပြောင်းလာခဲ့ပြီ။ အရွေ့တွေက အများကြီးဖြစ်နေပြီ။ သူ့မှာ ပြောင်းလဲဖို့လိုတဲ့ဟာကို သူ Adjust မလုပ်နိုင်ဘူး။ သူ့မှာ ရွေးကောက်ပွဲ ခံနေတယ်။ သူရဲ့ ရွေးကောက်ပွဲကလည်း သူများနိုင်ငံနဲ့ မတူဘူး ရက်ပေါင်းများစွာ ကြာတယ်။
အကျိုးစီးပွားချင်း နေရာတိုင်းမှာ ထပ်တူမကျတဲ့အနေအထားတွေ ရှိပါတယ်။ ဒီမှာတော့ အကြောင်းပြချက်တွေတော့ အသံတွေ အမျိုးမျိုးထွက်လာတာပေါ့။ မြန်မာနိုင်ငံမှာ စစ်တပ်မရှိဘူးဆိုရင် ဒေသအတွင်းမှာ လုံခြုံရေးစိန်ခေါ်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်တပ်ဘက်ကိုယိမ်းပြီး ကူညီပေးချင်တဲ့အနေအထားတွေကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။
ပြီးတော့ သူရဲ့ နိုင်ငံဖွဲ့စည်းပုံက ဗဟိုအစိုးရ၊ ဖက်ဒရယ်အစိုးရ ဖြစ်တယ်။ ဗဟိုကဟာနဲ့ ဖက်ဒရယ်ကဟာနဲ့ Inline မဖြစ်တဲ့နေရာတွေမှာဆိုရင် ကြန့်ကြာမှုအများကြီး တွေ့ရတာပေါ့။ ဒါက အားသာချက်၊ အားနည်းချက်တွေနဲ့ ပတ်ဝန်း ကျင်အခြေအနေပါ။ ပြီးတော့ တခြားနိုင်ငံတွေ ထိုင်းတို့ ဗီယက်နမ်တို့ဆိုရင်လည်းပဲ ထိုင်းစစ်တပ်နဲ့ မြန်မာ စစ်တပ်ကြားက ဆက်ဆံရေး၊ ပြီးတော့ ထိုင်းရဲ့ ရွေးကောက်ပွဲက အာဏာရလာတဲ့အစိုးရရဲ့ အနေအထား၊ ပြီးမှ ထိုင်းပြည်သူနဲ့ မြန်မာပြည်သူတွေနဲ့ အနေအထား ဒီဟာတွေကို ထိုးယှဉ်ပြီးကြည့်လိုက်မယ်ဆိုရင် ဒါကလည်း အကျိုးစီးပွားချင်း နေရာတိုင်းမှာ ထပ်တူမကျတဲ့အနေအထားတွေ ရှိပါတယ်။ ဒီမှာတော့ အကြောင်းပြချက်တွေတော့ အသံတွေ အမျိုးမျိုးထွက်လာတာပေါ့။ မြန်မာနိုင်ငံမှာ စစ်တပ်မရှိဘူးဆိုရင် ဒေသအတွင်းမှာ လုံခြုံရေးစိန်ခေါ်မှုတွေ ဖြစ်လာမယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ စစ်တပ်ဘက်ကိုယိမ်းပြီး ကူညီပေးချင်တဲ့အနေအထားတွေကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ဒါကတော့ ကျနော်တို့ အကျိုးစီးပွားကို ဗဟိုပြုထားတဲ့ စဉ်းစားချက်တွေဖြစ်တယ်။
မေး။ ။ အဲဒီအဖြေကို ကျနော် သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ Military ကို ဘယ်လိုမြင်လဲဆိုတော့ Too Big to Fail ပေါ့နော်၊ သိပ်ပြီးတော့ ပြိုကျလို့မရတဲ့သူပေါ့ အဖွဲ့အစည်းပေါ့၊ Institution တခုဖြစ်တယ်လို့ မြင်ကြတယ်။ အဲဒါကိုလည်း ဘေးနားမှာရှိတဲ့ အကျိုးစီးပွားရှိတဲ့နိုင်ငံတွေ အစိုးရတွေ အဲဒီလိုမြင်ကြတာ ကျနော်တို့ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအကြောင်းပြောသွားတာလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုဆိုရင် ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာဆိုရင်လည်း လုံခြုံရေးနဲ့ ပတ်သက်ပြီး လောလောဆယ် တာဝန်ယူရတဲ့သူတွေ ထိန်းချုပ် ထားတဲ့သူတွေ ပြောင်းလဲသွားတာကို ကျနော်တို့ တွေ့ရတယ်။ ကရင်နီပဲကြည့်ကြည့်၊ ရှမ်းပြည်ကိုပဲ ကြည့်ကြည့်၊ ထိုင်း- မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ကိုပဲ ကြည့်ကြည့် အဲဒီနေရာတခုလုံးမှာ ဗမာစစ်တပ်က ပျောက်သွားပြီ၊ ဒီနေရာမှာ အရင်တုန်းက လူဟောင်းတွေ လူသစ်တွေ New Actor တွေ Old Actor တွေ ပြန်ပြီးပေါ်လာတာ တွေ့ရတယ်။ အဲဒါကြောင့် ထိုင်းအစိုးရရော ထိုင်းစစ်တပ်ကရော အထူးသဖြင့် ထိုင်းတပ်မတော်အနေနဲ့ Security အရ Guarantee ဖြစ်တဲ့ Secure ဖြစ်တဲ့ Humanitarian corridor လိုဟာမျိုးပေါ့။ အဲဒါမျိုးသူတို့ စပြီးတော့ စဉ်းစားလာတာကို ကျနော်တို့တွေ့ရတယ်ပေါ့နော်။ အဲဒီတော့ ကျနော်ထပ်ပြီးမေးချင်တာက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ မကြာသေးခင်က နိုင်ငံရေးအရ အပြောင်းအလဲတွေ၊ အစိုးရအပြောင်းအလဲတွေ ဖြစ်သွားခဲ့တာတွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေကရော ရခိုင်ပြည်နယ်ပေါ်မှာရော ရခိုင်ပြည်နယ်မှာ အဓိက လှုပ်ရှားနေတဲ့ AA အပေါ်မှာရော ဗိုလ်ချုပ်တို့ ဘယ်လိုမြင်သလဲ၊ ဘယ်လိုထိရောက်မှုရှိသလဲဆိုတာ ကျနော်တို့ သိချင်ပါတယ်။
ဖြေ။ ။ ဒါကလည်း ဘင်္ဂလားဒေ့ရှ်ကျတော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ Non-State Actor တွေနဲ့ ဆက်ဆံတဲ့ အတွေ့အကြုံ အနည်းဆုံးလို့ ပြောလို့ရပါမယ်။ ဘင်္ဂလားဒေ့ရှ်မှာ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ အိမ်နီးချင်း ၂ နိုင်ငံ ရှိတယ်။ တဖက်က အိန္ဒိယရှိမယ်၊ မြန်မာပြည်ဘက်ရှိမယ်။ တခြား မြန်မာ အိမ်နီးချင်းနိုင်ငံတွေနဲ့ မတူညီချက်တွေ က မြန်မာအရှေ့ဘက်မှာဆိုရင် KNU တို့၊ RCSS တို့ UWSA မြန်မာအရှေ့ဘက်ခြမ်းမှာဆိုရင် အင်အားကြီးပြီးမှ တော် တော်လေး စုဖွဲ့မှုကောင်းတဲ့ အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေးက ပြောရမယ်ဆိုရင် G2G မျိုးတော့ မဟုတ်သေးဘူး။ သို့သော် အထိုက်အလျောက် လေးစားမှုနဲ့ အသိအမှတ်ပြုမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ဆံ ရေးမျိုး အတွေ့အကြုံရှိတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျတော့ အင်အားမရှိတဲ့ တော်လှန်ရေးလို့ နာမည်ခံထားတဲ့ အဖွဲ့ အစည်း သေးသေးလေးတွေကိုပဲ သူဆက်ဆံဖူးတယ်။
ပြီးတော့ နယ်စပ်ကုန်သွယ်ရေးအရ ပြောရင်လည်းပဲ အရှေ့ခြမ်းက အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ကုန်သွယ်ရေးလိုမျိုး မဟုတ်ဘူး။ သူရဲ့ အကျိုးစီးပွားက အဲဒီလောက်အထိ မများဘူး။ ၁ နှစ်လုံးပေါင်းလိုက်မှ ဒေါ်လာ ဆယ်ဂဏန်း ရာဂဏန်း ပေါ့။ အရမ်းကောင်းတဲ့နှစ်တွေမှာဆိုရင်။ ဆိုတော့ သူက အဲဒီ အင်္ဂလိပ်ခေတ်က စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေသ ကို ကုန်သွယ်ရေးအကျိုးအမြတ်တွေကိုကြည့်ပြီးမှ သူက အဲဒါကို ဖွံ့ဖြိုးလာစေချင်တဲ့ဟာတွေတော့ ရှိတယ်။ သို့သော် လက်ရှိမှာ နယ်စပ်ရဲ့ မတည်ငြိမ်မှုတွေ ဒုက္ခသည်ဆိုင်ရာကိစ္စနဲ့ သူ့လုံခြုံရေးနဲ့ ဒုက္ခသည်ကိစ္စကိုပဲ သူက အဓိက ဦးစားပေး ပုံစံတော့ဖြစ်နေတယ်။
နောက်တခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နယ်စပ်နဲ့ ဆက်ဆံရေးကို ဆုံးဖြတ်ချက်တွေကို ဘယ်သူက ချနေ သလဲဆိုတာ ကျနော် လေ့လာတာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဆက်ဆံရတော့မယ်။ ဘယ်အချက်အလက် တွေကို အခြေခံပြီးမှ ဘယ်သူတွေက မူဝါဒတွေကို လုပ်နေသလဲလို့ လေ့လာကြည့်လိုက်တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ စစ်ဘက်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက အဲဒီသတင်းအချက်အလက်တွေကို ပေးပြီးမှ ဆုံးဖြတ်ချက်ချတဲ့အချိန် မှာ သူတို့က ပိုပြီးမှ အရေးပါတာပေါ့။ ဒါကြောင့် ကျနော်တို့ရဲ့ ထိတွေ့ဆက်ဆံတဲ့လူတွေက နိုင်ငံရေးသမားတို့ လွှတ် တော်အမတ်တို့ တခြားဌာနတွေက အစိုးရဝန်ထမ်းတွေမဟုတ်ဘဲနဲ့ နယ်စပ်လုံခြုံရေးကို တာဝန်ယူတဲ့ အဖွဲ့အစည်း တွေပဲ ဖြစ်လာပါတယ်။ သူတို့လည်းပဲ စစ်ဘက်ဆိုင်ရာ အစိုးရဝန်ထမ်းတွေပေါ့။ လုံခြုံရေးအမြင် ဘယ်အရာကိုပဲ ကြည့်ကြည့် လုံခြုံရေးအထိုင်ကပဲ ကြည့်တယ်။ ပြီးတော့ သူတို့မျက်စိရှေ့မှာရှိနေတဲ့ ဒုက္ခသည်ဆိုင်ရာ ကိစ္စ၊ လုံခြုံရေး နဲ့ ဒုက္ခသည်ပြန်ပို့ရေးကိစ္စကိုပဲ သူ့ခေါင်းထဲမှာရှိတယ်။
တကယ်ကတော့ ဒီအိမ်နီးချင်းဆက်ဆံရေးမှာ ဒီထက် အများကြီးကျယ်ပြန့်တဲ့ ကုန်သွယ်ရေးတို့၊ နောက် တခြားဒေသ ဆိုင်ရာ ကိစ္စတွေအများကြီးရှိပါသေးတယ်။ အဲဒါတွေကို သူက စဉ်းစားထားတာထက် ဒီအပိုင်းကိုပဲ Focus လုပ်တယ်။ သူ့ဒုက္ခကိုတော့ ကျနော်နားလည်တာပေါ့။ ဒုက္ခသည်အများကြီးလက်ခံထားတယ်။ အဲဒါကို ပြန်ပို့ဖို့ လိုနေတယ်။ ဘယ် အခြေအနေမှာပဲ စကားပြောပြော၊ သူက ဒီကိစ္စကိုပဲ သူပြန်လာမှာပဲ။ ဆိုတော့ ဒီလောက် စစ်ဖြစ်နေတဲ့အချိန်မှာ ဒီဒုက္ခသည်တွေကို လုံလုံခြုံခြုံနဲ့ ပြန်ပို့ချင်တယ်ဆိုတာ စေတနာမှန်ကော ဟုတ်ပါသလားဆိုတဲ့ ကိစ္စကို ကျနော်တို့ မေးခွန်းမေးပြီးမှ အခြေအနေကို ရှင်းပြရတဲ့အခါတွေ အများကြီး ရှိပါတယ်။ အခုလည်းပဲ ဒီတိုင်းပါပဲ။
ကျနော်တို့ဘက်မှာ စစ်ရှောင်ဒုက္ခသည် IDP ၆ သိန်းဝန်းကျင်လောက်ရှိပါတယ်။ ဒီလူတွေကို ကူညီထောက်ပံ့ဖို့ကလည်း ဘင်္ဂလား၊ အိန္ဒိယနယ်စပ်တွေကို ပိုပြီးမှ မျှော်လင့်ထားတယ်ပေါ့။ ဘင်္ဂလားအစိုးရသစ်လက်ထက်မှာ ဒီကိစ္စတွေကို ကူညီမယ်၊ ဖြေရှင်းမယ်တော့ ပြောနေတယ်။ သို့သော် ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လောက်ထိရောက်အောင် ဘယ်လောက် မြန်မြန်ဆန်ဆန်လုပ်လာမလဲ ဆိုတာကတော့ တဖက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။
ဒါပေမယ့် အခုအသစ်တက်လာတဲ့အစိုးရကျတော့ လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေလုပ်မယ်ဆိုတဲ့ အသံတွေတော့ ကြားနေရတယ်။ သို့သော် ဒီလိုမျိုး နိုင်ငံရေးသမားတွေက ဘယ်လိုပြောမလဲ။ Rhetoric ပေါ့..အာလူးမိန့်ခွန်းလို့ ပြောမလား။ သို့သော် ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုအခြေအနေဖြစ်အောင် ဖန်တီးပြီးမှ လုပ်မလဲဆိုတဲ့ဟာကတော့ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ ကျနော်တို့ဘက်က လုပ်နိုင်တဲ့ဟာတွေကိုလည်း အကုန်လုံး အပြုသဘောဆောင်ပြီးမှ ပူးပေါင်းဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလည်း ဒီတိုင်းပါပဲ။ ကျနော်တို့ဘက်မှာ စစ်ရှောင်ဒုက္ခသည် IDP ၆ သိန်းဝန်းကျင်လောက်ရှိပါတယ်။ ဒီလူတွေကို ကူညီထောက်ပံ့ဖို့ကလည်း ဘင်္ဂလား၊ အိန္ဒိယနယ်စပ်တွေကို ပိုပြီးမှ မျှော်လင့်ထားတယ်ပေါ့။ ဘင်္ဂလားအစိုးရသစ်လက်ထက်မှာ ဒီကိစ္စတွေကို ကူညီမယ်၊ ဖြေရှင်းမယ်တော့ ပြောနေတယ်။ သို့သော် ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လောက်ထိရောက်အောင် ဘယ်လောက် မြန်မြန်ဆန်ဆန်လုပ်လာမလဲ ဆိုတာကတော့ တဖက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေပါတယ်။
မေး။ ။ လက်ရှိ တက်လာတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မျှော်လင့်ချက်တချို့ရှိတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဆိုတော့ အာဆီယံအဖွဲ့ကြီးကလည်း သူ့ရဲ့ 5 point Consensus ထဲမှာ Humanitarian ကိစ္စတွေ၊ လူသားချင်းစာနာမှု ထောက်ပံ့ရေးကိစ္စတွေ ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ UN အဖွဲ့အစည်းတွေကလည်း မကြာခဏဆိုသလို နေပြည်တော်ကို သွားပြီးတော့ အကူအညီပေးရေးကိစ္စတွေ သွားပြီး ဆွေးနွေးတာ ကဒီးကဒီး တွေ့နေရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ On the ground မှာ ရခိုင်ပြည်မှာ အခုဆို ဒုက္ခရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ကို ရောက်နေတဲ့ ဒုက္ခသည်တွေ ပြီးတော့ ခုန ဗိုလ်ချုပ်ပြောသွားတဲ့ IDP ၆ သိန်းရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေက UN အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အာဆီယံကရော ဘယ်လိုအကူအညီ တွေလာပြီးတော့ ပေးတာရှိလဲ။ AA နဲ့ရော ဘယ်လို ဆက်သွယ်မှုတွေရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဒီမေးခွန်းကတော့ တကယ်မေးသင့်တဲ့ မေးခွန်းဖြစ်တယ်။ သို့သော် ဖြေတဲ့သူက ဖြေသင့်သလောက်ပဲ ဖြေပေး ပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ UN အဖွဲ့အစည်းတွေရဲ့ Protocol အရပေါ့။ သူက အစိုးရနဲ့ တရားဝင် လက်မှတ်ထိုးထား တယ်။ ဒီနိုင်ငံကို ဝင်မယ်ဆိုရင် ဒီနိုင်ငံရဲ့ ဥပဒေကို လေးစားပြီးမှ ဒါ တိကျလိုက်နာရမယ်ဆိုတဲ့ Protocol တွေရှိပါတယ်။ ဒီအကန့်အသတ်တွေကြောင့် UN အဖွဲ့အစည်းနဲ့ တခြား INGO တွေမှာ ခရီးသွားဖို့အတွက် ပါမစ်တွေလျှောက်ရတယ်။ ပြီးမှ တခုခုကိုပို့မယ်ဆိုရင်လည်းပဲ သူတို့မျက်စိအောက်ကနေ တရားဝင် လုပ်ဆောင်ရတယ်။ ဒီလိုမျိုး Formal လုပ် ဆောင်ချက်တွေက တကယ့်မြေပြင်မှာ လိုအပ်နေတဲ့အခြေအနေတွေနဲ့ လုံးဝ ကိုက်ညီမှု မရှိပါဘူး။ သူတို့ကတော့ တော် လှန်ရေးနဲ့ ပဋိပက္ခတွေကို အကြောင်းပြပြီးမှ လူထုတခုလုံးကို သိမ်းကျုံးပြီး ပြစ်ဒဏ်ပေးတဲ့ပုံစံမျိုးကို လုပ်နေတာ ဖြစ် တယ်။ မြန်မာတပြည်လုံးကိုလည်း ပိတ်ဆို့ပြီးမှ အညာဒေသတွေရော တခြား ကချင်ဘက်တွေမှာရော အများကြီးပေါ့။ ဒါမျိုး ပိတ်ဆို့ထားတာတွေက ရှိတယ်။ သို့သော် သူတို့မှာက နယ်စပ်ကနေ အထိုက်အလျောက်ရနေကြတယ်။
ရခိုင်ဘက်မှာကျတော့ ရေကြောင်းရော၊ အကုန်လုံးကို ပိတ်လိုက်တဲ့အချိန်မှာ တော်တော်လေးကို ခက်ခဲကြပါတယ်။ နဂိုကတည်းကလည်း ဆင်းရဲ၊ စီးပွားရေး နိမ့်ပါးတဲ့ဒေသတွေဖြစ်တယ်။ ဒီထဲမှာ UN အဖွဲ့အစည်းတွေက ကျနော်တို့ လည်း သူတို့ကို Reach Out လုပ်တာပေါ့။ စကားတွေပြောတဲ့အချိန်မှာ နေပြည်တော်၊ ရန်ကုန်တွေမှာ ရုံးဖွင့်ထားတဲ့ အဖွဲ့အစည်းတွေက သူ့ရဲ့ သဘောတူညီချက်တွေကို ကျော်ပြီးမှ မလုပ်ရဲမကိုင်ရဲ ဖြစ်နေတာပေါ့။ ဒါကြောင့် ကျနော်တို့ က သူတို့ကိုလည်း အကြံပေးတဲ့ဟာတွေရှိပါတယ်။ မင်းတို့ရဲ့ Formality တွေကို လိုက်နေမယ်ဆိုရင် မြေပြင်မှာ ဖြစ်နေ တဲ့ဟာတွေက အကုန်လုံး Formal တွေ မဟုတ်ဘူး။ အခြေအနေ အဆင်ပြေရင်ပြေသလို နည်းလမ်းတွေရှာပြီးမှ ထိရောက်တဲ့ အကူအညီပေးဖို့အတွက် စဉ်းစားသင့်တယ်။ ကျနော်တို့ဘက်ကတော့ လူမျိုးမခွဲ ဘာသာမခွဲဘဲနဲ့ မျှတတဲ့ ကူညီ ဖြန့်ဖြူးမှုတွေကို လုပ်ဆောင်ဖို့အတွက် အဆင်သင့်ရှိတယ်ဆိုတဲ့ Position ကိုလည်း ပြောပြတယ်။
ရခိုင်ဘက်မှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေက အများကြီးရှိတာကို၊ အဲဒီဘက်မှာလည်းပဲ ဝါဒဖြန့်နေတဲ့ဟာတွေ တော့ အများကြီးပေါ့၊ သို့သော်လည်း ကျနော်တို့ ထိန်းချုပ်တဲ့နယ်မြေတွေမှာ ဒီလူမျိုးရေး ဘာသာရေးပဋိပက္ခတွေ ဘာမှမရှိဘဲနဲ့ မြန်မာစစ်တပ်ရှိတဲ့နေရာမှာပဲ ဒီ ပဋိပက္ခတွေ မီးတောက်နေတယ်ဆိုတဲ့ဟာကို ထောက်ပြပြီးမှ ကျနော်တို့ဟာ နှစ်နဲ့ချီပြီးမှ အလုပ်နဲ့သက်သေပြခဲ့ပြီး ဖြစ်တယ်။ နောက် ဒီဒေသတွေလည်း ကျနော်တို့ ထိန်းချုပ်လာတာနဲ့အမျှ ပိုပြီးမှ တည်ငြိမ်အောင် ကြိုးစားပြီး မျှတတဲ့အကူအညီတွေကို ပူးပေါင်းဆောင်ရွက်သွားဖို့ ဖြစ်တယ်ဆိုတဲ့ဟာတွေက တော့ ကျနော်တို့ အမြဲတမ်း ပြောနေပါတယ်။
(ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်။)
You may also like these stories:
ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂
အာရက္ခအိပ်မက်က တော်တော်လေး ခရီးရောက်လာခဲ့ပြီ (ရုပ်/သံ)
ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ် (ရုပ်/သံ)
မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေး အရင်ထက်ပိုမြင်လာရလိမ့်မယ် (ရုပ်/သံ)