ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သိမ်းယူထားသော လယ်ယာမြေများကို ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က မူလပိုင်ရှင်များထံ ပြန်ပေးရေး ဆောင်ရွက်နေသည်။
အဆိုပါသတင်းသည် လားရှိုးမြို့တောင်သူများအတွက် အားတက်စရာ ဖြစ်လာခဲ့သည်။ ကွမ်းလုံမြို့တွင် စစ်တပ်နှင့် USDP က သိမ်းယူထားသော လယ်ယာမြေဧက များစွာရှိသကဲ့သို့ လားရှိုးမြို့တွင်လည်း စစ်တပ်က သိမ်းထားသည့် လယ်ယာမြေများစွာ ရှိသည်။
လားရှိုးဂေါက်ကွင်းသည် ဒေသခံတောင်သူများ၏ လယ်ယာမြေများအား သိမ်းယူ တည်ဆောက်ထားခြင်း ဖြစ်သည်။ လားရှိုးမြို့သည် အခုအခါ MNDAA ၏ ထိန်းချုပ်မှုအောက် ရှိနေပြီဖြစ်သည်။
အထူးသဖြင့် လားရှိုးဂေါက်ကွင်းသည် ဒေသခံတောင်သူများ၏ လယ်ယာမြေများအား သိမ်းယူ တည်ဆောက်ထားခြင်း ဖြစ်သည်။ လားရှိုးမြို့သည် အခုအခါ MNDAA ၏ ထိန်းချုပ်မှုအောက် ရှိနေပြီဖြစ်သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အနီးတွင်ရှိသော လားရှိုးဂေါက်ကွင်းသည် ဒေသခံတောင်သူများ၏ လယ်ယာမြေများအား သိမ်းဆည်းကာ ဂေါက်ကွင်းပြုလုပ်ထားခြင်း ဖြစ်သည်။ နဝတ အစိုးရလက်ထက်တွင် အမှတ် ၇၀၀၅ သံချပ်ကာတပ်ရင်း တည်ဆောက်ရန် လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာရှိ တောင်သူ ၄၆ ဦးပိုင် လယ်ယာမြေ ဧက ၅၀၀ ကျော်ကို စစ်တပ်က သိမ်းယူခဲ့သည်။
အဆိုပါ ဒေသခံတောင်သူများ ပိုင်ဆိုင်သော မြေဧက ၅၀၀ ထဲမှ တချို့တဝက်ကို တပ်တည်ဆောက်ရန် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး တချို့တဝက်အား ဆင်တောင်ဂေါက်ကွင်း (ခေါ်) လားရှိုးဂေါက်ကွင်းအဖြစ် တည်ဆောက်ခဲ့သည်။
ဂေါက်ကွင်းနှင့် တပ်တည်ဆောက်ပြီး ပိုနေသည့် မြေဧက ၁၀၀ ကျော်ကို သံဆူးကြိုးခတ်ကာ သိမ်းဆည်းထားခဲ့သည်။ တောင်သူများထံ ပြန်မပေးဘဲ တပ်ပိုင်အဖြစ် သိမ်းဆည်းထားသည်။
မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များသည် ဂေါက်ကစားလေ့ ရှိကြသည်။ စစ်တပ်အခြေချသည့် မြို့တိုင်းတွင် ဂေါက်ကွင်းများ ရှိကြပြီး အဆိုပါ ဂေါက်ကွင်းများသည် စစ်ဗိုလ်ချုပ်များ၏ အပန်းဖြေနေရာနှင့် ဒေသခံ စီးပွား ရေးလုပ်ငန်းရှင်များးနှင့် တွေ့ဆုံရာနေရာလည်း ဖြစ်သည်။
လားရှိုးမြို့ ရမခ စစ်ဌာနချုပ်အနီးတွင်ရှိသော လားရှိုးဂေါက်ကွင်းသည်လည်း စစ်ဗိုလ်ချုပ်များနှင့် ဒေသခံစီးပွားရေးသမားများ ဆုံဆည်းရာနေရာ ဖြစ်သည်။ ထို့ကဲ့သို့ တောင်သူများထံ အကြောင်းအမျိုးမျိုးပြကာ စစ်တပ်နှင့် USDP က မတရားသိမ်းထားသော လယ်ယာမြေများသည် မြို့တိုင်းနီးပါးတွင် ရှိသည်။
လားရှိုးမြို့ ရမခ စစ်ဌာနချုပ်အနီးတွင်ရှိသော လားရှိုးဂေါက်ကွင်းသည်လည်း စစ်ဗိုလ်ချုပ်များနှင့် ဒေသခံစီးပွားရေးသမားများ ဆုံဆည်းရာနေရာ ဖြစ်သည်။ ထို့ကဲ့သို့ တောင်သူများထံ အကြောင်းအမျိုးမျိုးပြကာ စစ်တပ်နှင့် USDP က မတရားသိမ်းထားသော လယ်ယာမြေများသည် မြို့တိုင်းနီးပါးတွင် ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်ပိုင်း ဒေသခံတောင်သူများထံမှ မြေသိမ်းယာသိမ်းကိစ္စများကို မူလ တောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရေးအတွက် “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။
အဆိုပါကော်မတီက မြေသိမ်းယာသိမ်းမှုနှင့် ပတ်သက်၍ တိုင်ကြားလာသည့် တိုင်စာများကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ အချို့သော လယ်ယာမြေများအား တောင်သူများထံ ပြန်လည်ပေးအပ်ခဲ့သည်။
ဝန်ကြီးဌာနအချို့က သိမ်းယူထားသော လယ်ယာမြေများနှင့် စစ်ဗိုလ်ချုပ်အချို့ သိမ်းထားသော လယ်ယာမြေများကိုသာ မူလပိုင်ရှင်များထံ ပြန်ပေးအပ်နိုင်ခဲ့သည်။ သို့သော် စစ်တပ်က သိမ်းထားသည့် လယ်ယာမြေများထဲမှ အများစုကိုမူ စစ်တပ်က မူလတောင်သူများထံ ပြန်မပေးခဲ့ပေ။ စစ်တပ်က တပ်တည်ဆောက်ရေး အကြောင်းပြကာ လယ်ယာမြေများစွာကို သိမ်းဆည်းခဲ့ပြီး အချို့သော လယ်ယာမြေများအား တပ်တည်ဆောက်ရေးအတွက် အသုံးမပြုဘဲ တဆင့်ပြန်လည် ငှားစားကြသည်။
လားရှိုးဂေါက်ကွင်း မြေသိမ်းယာသိမ်းကိစ္စနှင့် ပတ်သက်၍လည်း အဆိုပါ ကော်မတီက ကွင်းဆင်းစစ်ဆေးပြီးနောက် ဂေါက်ကွင်းချဲ့ရန်နှင့် သံချပ်ကာ လေ့ကျင့်ရေး ယာဉ်မောင်းကွင်း ပြုလုပ်ရန် အကြောင်းပြချက်ဖြင့် သံဆူးကြိုးခတ်ကာ သိမ်းထားသည့်မြေဧက ၁၀၀ ကျော်အား စွန့်လွှတ်သင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် စစ်တပ်က သိမ်းထားသည့် လယ်ယာမြေများပြန်ရရေး ရမခ တိုင်းစစ်ဌာနချုပ်ထံ အကြိမ်ကြိမ် သွားရောက် ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု ထိုအချိန်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) ၏ လားရှိုးဒေသခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။ သို့သော် ရမခ တိုင်းစစ်ဌာနချုပ်မှ အရာရှိများက ဂေါက်ကွင်းတိုးချဲ့ရန် အကြောင်းပြကာ မူလတောင်သူများထံ ပြန်မပေးခဲ့ပေ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းသည် အဆိုပါမြေယာများ မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင် တောင်းဆိုခဲ့သော်လည်းထို အချိန်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ် မြင့်နွယ်က ပြန်လည် မစွန့်လွှတ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
ထို့ကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းသည် အဆိုပါမြေယာများ မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင် တောင်းဆိုခဲ့သော်လည်းထို အချိန်က ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ယူထားသော ဗိုလ်ချုပ် မြင့်နွယ်က ပြန်လည် မစွန့်လွှတ်နိုင်ကြောင်း ဖြေကြားခဲ့သည်။
ထိုအချိန်မှစ၍ စစ်တပ်က သိမ်းထားသော လယ်ယာမြေများ ပြန်လည်ရရှိရေးမှာ မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။ တောင်သူများအတွက် မျှော်လင့်ချက်မဲ့သွားခဲ့သည်။
သို့သော် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူထားသည့်မြို့ပေါင်း ၇၀ ခန့် ရှိသည်။ မြို့ ၇၀ ခန့် သိမ်းယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထဲတွင် MNDAA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) / အာရက္ခတပ်တော် (AA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့များလည်း ပါဝင်သည်။
မြို့ရွာများအား သိမ်းပိုက်ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ ကိုးကန့်တပ်ဖွဲ့တခုသာ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်၍ စိစစ်ကာ မူလတောင်သူများထံ ပြန်ပေးအပ်ရန် စီစဉ်နေသည့်သတင်း ကြားရသည်။
ကွမ်းလုံမြို့ပြီးပါက လားရှိုးမြို့တွင် စစ်တပ်က သိမ်းထားသော လယ်ယာမြေများအား မူလတောင်သူများထံ ပြန်လည် ပေးပြီးနောက် မကြာမီ လားရှိုးမြို့တွင် စစ်တပ်က သိမ်းထားသည့် လယ်ယာမြေများကို မူလတောင်သူများထံ ပြန်ပေးလာလေမလား တောင်သူများ မျှော်လင့်နေကြသည်။
လားရှိုးမှ တောင်သူများနည်းတူ တခြား စစ်ကောင်စီလက်မှ လွတ်မြောက်လာသော မြို့ရွာများရှိ မြေသိမ်းခံတောင်သူများသည်လည်း သူတို့ လယ်ယာမြေများ ပြန်လည်ရရှိရေး မျှော်လင့်ချက် ရှိလာနေကြပြီ ဖြစ်သည်။
လားရှိုးမှ တောင်သူများနည်းတူ တခြား စစ်ကောင်စီလက်မှ လွတ်မြောက်လာသော မြို့ရွာများရှိ မြေသိမ်းခံတောင်သူများသည်လည်း သူတို့ လယ်ယာမြေများ ပြန်လည်ရရှိရေး မျှော်လင့်ချက် ရှိလာနေကြပြီ ဖြစ်သည်။
You may also like these stories:
လားရှိုးဂေါက်ကွင်းတိုးချဲ့ မြေသိမ်းဆည်းခံ တောင်သူများ အခက်တွေ့နေ
လားရှိုးမြို့သစ်တောစွန့်လွှတ်မြေများ တရားဝင် ပြန်ပေးရန် မူလတောင်သူများ လိုလား
MNDAA လက်အောက်က လားရှိုးမြို့ရဲ့ အခြေအနေ
လားရှိုးကို စစ်ကောင်စီ ဗုံးကြဲ (ရုပ်/သံ)