၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ရခိုင်ထိုးစစ် ပထမအဆင့်တွင် ပလက်ဝမြို့နယ်ကို သိမ်းပိုက်နိုင်ပြီး ဗျူဟာကုန်းကြီးများ၊ တပ်မ နှစ်ခုစာခန့်ရှိ စစ်အင်အားနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းဌာနချုပ်တခုကို သိမ်းပိုက်နိုင်ခဲ့၏။
ပလက်ဝကို သိမ်းပြီးသည့် ဇန်နဝါရီလ ၁၄ ရက်မှစ၍ ရသေ့တောင်ကို သိမ်းပြီးသည့် မတ်လ ၁၇ ရက်နေ့အထိ နှစ်လခန့်ကို ရခိုင်ထိုးစစ် ဒုတိယအဆင့်ဟု ဆိုရမည်။ ဒုတိယအဆင့်တွင် မင်းပြား၊ ကျောက်တော်၊ ကန်စောက်၊ မြောက်ဦးတို့ရှိ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ နှင့် လက်အောက်ခံ တပ်ရင်း ဌာနချုပ် ၁၀ ခု၊ အမြောက်တပ်ရင်း တရင်း၊ ရဲတပ်ရင်း တရင်းအား သိမ်းပိုက်ခဲ့သည်။ တချိန်တည်းတွင် ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့၏။
မင်းပြားမြို့နယ်၊ ကမ်းနီရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက) ၉ ကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ ဆက်လက်ပြီး ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ရှိ စကခ ၁၅ လက်အောက်ခံ တပ်ရင်း နှစ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်း နှစ်ရင်း၊ စုစုပေါင်း တပ်ရင်းဌာနချုပ် လေးခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့၏။
ရသေ့တောင်မြို့ကို သိမ်းပိုက်ပြီးစီးသည့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့အထိ ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်ကာလဟု ဆိုရမည်။
တတိယအဆင့် ထိုးစစ်တွင် အာရက္ခတပ်တော် (AA) သည် စစ်မျက်နှာသုံးခု ဖွင့်လှစ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ ပထမ စစ်မျက်နှာမှာ ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာ ဖြစ်သည်။ ဒုတိယ စစ်မျက်နှာမှာ နပခ စစ်ဌာနချုပ်ရှိရာ အမ်း စစ်မျက်နှာဖြစ်ပြီး တတိယ စစ်မျက်နှာမှာ တောင်ကုတ်၊ သံတွဲ၊ ဂွတို့ ပါဝင်သည့် ရခိုင်တောင်ပိုင်း ဖြစ်၏။
တတိယအဆင့် ထိုးစစ်တွင် အာရက္ခတပ်တော် (AA) သည် စစ်မျက်နှာသုံးခု ဖွင့်လှစ်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ ပထမ စစ်မျက်နှာမှာ ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာ ဖြစ်သည်။ ဒုတိယ စစ်မျက်နှာမှာ နပခ စစ်ဌာနချုပ်ရှိရာ အမ်း စစ်မျက်နှာဖြစ်ပြီး တတိယ စစ်မျက်နှာမှာ တောင်ကုတ်၊ သံတွဲ၊ ဂွတို့ ပါဝင်သည့် ရခိုင်တောင်ပိုင်း ဖြစ်၏။
တတိယအဆင့် ထိုးစစ်တွင် AA ချန်လှပ်ထားသေးသည့် မြို့များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် သုံးခုသာ ကျန်ခဲ့သည်ကို တွေ့ရ၏။
ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာ
AA သည် ဘူးသီးတောင်တိုက်ပွဲကို မတ်လမှ စတင်ခဲ့ပြီး နှစ်လခန့် တိုက်ခိုက်ခဲ့ရ၏။ ဘူးသီးတောင်မြို့၊ ဘူးသီးတောင်တွင် အခြေစိုက်သည့် စကခ ၁၅ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်းဌာနချုပ် ရှစ်ခု၊ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံဗျူဟာနှင့် တပ်ရင်းဌာနချုပ် သုံးခု၊ အမြောက် တပ်ရင်းဌာနချုပ်တခုနှင့် အခြား လက်ရုံးတပ်များ၊ နယ်ခြားစောင့်ရဲ တပ်ဖွဲ့နှစ်ခုတို့အား ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် အပြီးအပြတ် သိမ်းပိုက်ရရှိခဲ့၏။

ထို့နောက် မောင်တောအား ဆက်လက် တိုက်ခိုက်ရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့အထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ) ဌာနချုပ် ခုနစ်ခုနှင့် အခြား စခန်းငယ်များအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ကျန် နခခ ၅ မြို့သူကြီးစခန်းကို ဝိုင်းပတ်ထားကာ မောင်တောမြို့တွင်း၌ တိုက်ခိုက် ရှင်းလင်းနေသည်ကို တွေ့ရ၏။
ဘူးသီးတောင်၊ မောင်တောဒေသသည် ဘာသာရေး၊ လူမျိုးအရပါ နိုင်ငံရေးအရ အကဲဆတ်သည့် ဒေသဖြစ်သည့်အတွက် AA အနေဖြင့် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ကိုင်တွယ်ရင်ဆိုင်ခဲ့ရသည့် စစ်မျက်နှာ ဖြစ်၏။
အမ်း စစ်မျက်နှာ
AA ၏ အမ်း စစ်မျက်နှာရှိ အဓိကတိုက်ပွဲတခုမှာ စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာ စခန်းကြီးဖြစ်သော တောဟိန်းတောင် ဗျူဟာဖြစ်၏။ တောဟိန်းတောင်ဗျူဟာကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။
နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရသော ရန်သူ၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းကြီး တခုဖြစ်ပြီး အဆိုပါ ဗျူဟာကုန်းမှ ရန်သူ့အလောင်း အမြောက်အများ၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ခဲယမ်း အချို့အား သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တောဟိန်းတောင် ဗျူဟာကုန်းအား သိမ်းပိုက်ထားပြီး အမ်း နပခ ဌာနချုပ်၏ ရှေ့ကာစခန်းများဖြစ်သည့် မဲတောင်စခန်းများအား AA က ဆက်လက် ရင်ဆိုင်ထားသကဲ့သို့ မင်းဘူး၊ ပဒါန်းမှ အမ်းသို့လာသည့် လမ်းကြောင်းကိုလည်း မကွေးဒေသခံ PDF တပ်ဖွဲ့များနှင့် ပူးပေါင်း ပိတ်ဆို့ထားသည်။
တောဟိန်းတောင်ဗျူဟာ သိမ်းပိုက်ပြီးနောက် မဲတောင်နှင့် အမ်း စစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်ခြင်း မရှိသေးဘဲ ရပ်တန့်နေသည်ကို တွေ့ရ၏။ နောက်တဆင့်အတွက် ပြင်ဆင်နေခြင်း ဖြစ်နိုင်သကဲ့သို့ ရခိုင်ရိုးမတောင်ကြောပေါ်တွင် ကြုံနေရသည့် ဆိုးရွားသည့် မိုးရာသီကြောင့်လည်း ဖြစ်နိုင်သည်။
ရခိုင်တောင်ပိုင်း စစ်မျက်နှာ
ရခိုင်တောင်ပိုင်း တောင်ကုတ်တွင် စကခ ၅ အခြေပြုပြီး ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းဌာနချုပ်များ ရှိ၏။ သံတွဲတွင် ခမရ ၅၅၊ ခမရ ၅၆၆ တပ်ရင်းဌာနချုပ် နှစ်ခု၊ တောင်ဘက်စွန်း ဂွမြို့တွင် ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းဌာနချုပ် အခြေပြုသည်။
သံတွဲမြို့၊ ငပလီကမ်းခြေ၏ တောင်ဘက် သပြုချိုင်တွင် မောင်ရွှေလေးတွင် ရေငုပ်တပ် အခြေပြုသည့် ရေတပ်စခန်းတခု ရှိ၏။ ရခိုင်တောင်ပိုင်းတွင် တပ်အင်အား မများသော်လည်း လေကြောင်းပစ်ကူအပြင် တောင်ကုတ်တောင်ဘက် ရွှေလှေမှ ဂွအထိ ပင်လယ်ကမ်းရိုးတန်းတလျှောက် ရေတပ်မှ ပစ်ကူ ကောင်းစွာပေးနိုင်သည်။
ရခိုင်တောင်ပိုင်း စစ်မျက်နှာတွင် AA ၏ စစ်ဆင်ရေးပုံစံမှာ ထူးခြားသည်။ မင်းပြား၊ ကမ်းထောင့်ကြီး၊ မအီ၊ ရမ်းဗြဲတို့ကို သိမ်းပိုက်ထားပြီးနောက် စကခ ဌာနချုပ်ရှိရာ တောင်ကုတ်ကို ဆက်လက် တိုက်ခိုက်မည်ဟု အများက မျှော်လင့်နေသည့်အချိန်တွင် တောင်ကုတ်ကို ပတ်လည်မှ ဝိုင်းထားပြီး တောင်ကုတ်နှင့် သံတွဲကြားရှိ ရွှေလှေအနီးတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ခန့်မှစ၍ ရခိုင်တောင်ပိုင်း စစ်ဆင်ရေးကို စတင်ခဲ့၏။ သို့သော် ဤအချိန်ထိ ရခိုင်တောင်ပိုင်း စစ်ဆင်ရေးသည် တောင်ကုတ်အား ဝိုင်းပတ်ရန် ရည်ရွယ်သည်ဟု ထင်မှတ်စေခဲ့၏။
သို့သော် AA တပ်များနှင့် သူဌေးချောင်းအနီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပြီးနောက် သူဌေးချောင်း ရေအားလျှပ်စစ် တည်ဆောက်ရေးမှ ယန္တယားကြီးများ သယ်ယူပြောင်းရွှေ့သွားကြသည်။ စစ်ကောင်စီသည်လည်း အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ပုသိမ်မှ တပ်များကို စတင်၍ ဖြည့်တင်းလာသည်။
တိုက်ပွဲများသည် တောင်ကုတ်ဘက်သို့ မလှည့်ဘဲ သံတွဲဘက်သို့ တဖြည်းဖြည်း တိုးလာသည်ဖြစ်ရာ နတခ တပ်များသာမက တပ်မ ၁၀၁ တပ်မ တခုလုံးနှင့် စကခ ၁၇ မှ တပ်ရင်းအချို့ သို့မဟုတ် အားလုံးကို သံတွဲစစ်မျက်နှာသို့ ပေးပို့ အင်အားဖြည့်တင်းခဲ့ကြ၏။
တိုက်ပွဲများသည် တောင်ကုတ်ဘက်သို့ မလှည့်ဘဲ သံတွဲဘက်သို့ တဖြည်းဖြည်း တိုးလာသည်ဖြစ်ရာ နတခ တပ်များသာမက တပ်မ ၁၀၁ တပ်မ တခုလုံးနှင့် စကခ ၁၇ မှ တပ်ရင်းအချို့ သို့မဟုတ် အားလုံးကို သံတွဲစစ်မျက်နှာသို့ ပေးပို့ အင်အားဖြည့်တင်းခဲ့ကြ၏။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၊ ၃ ရက်များတွင် သံတွဲမြို့နယ်၊ ဂေါ့တ်တောင်တန်းအနီးတွင် တိုက်ပွဲများ အသီးသီး ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်များသည် ပင်လယ်ပြင်မှ စစ်သင်္ဘော သုံးစီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အများ၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန် ခုခံနေခဲ့သော်လည်း AA ၏ ထိုးစစ်ကို မခုခံနိုင်သောကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ထွက်ပြေးကြ၏။
သံတွဲ၊ ဂေါ့တ်ပတ်ဝန်းကျင် တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစီးကို AA မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ရန်သူအလောင်း အမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတလျှောက် လိုက်လံ ရှင်းလင်းလျက် ရှိ၏။ ဤတိုက်ပွဲ ဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်း) လေယာဉ်ကွင်းနှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၄၊ ၅ ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာကို ဖက်ဆစ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။
တကယ်တမ်းအားဖြင့် သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ (ရီစင်) နှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ရန်သူ၏ ခလရ ၅၅ နှင့် AA တို့သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်တွင် စတင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက သံတွဲ မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည်။
အစောပိုင်းတွင် ကြိုကြားကြိုကြား တိုက်ပွဲများမှသည် မေလနှင့် ဇွန်လများတွင် နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါး ပြင်းထန်နေခဲ့သည်။ ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန် ဖြစ်ခဲ့သည်။
သံတွဲ ဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက် တပ်ရင်းများ ဖြစ်ကြသော ခမရ ၅၆၆ နှင့် ခလရ ၅၅ တပ်ရင်းတို့အပြင် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း ၁၀ ရင်းနှင့် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၁၅၊ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၆၊ နတခမှ တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်း အချို့နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များ ပါဝင်သည်။
ဖမ်းဆီးရမိသော သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ ၁၀၁ မှ တပ်ရင်း ၁၀ ရင်းစလုံး သံတွဲမြို့ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည်ဟု သိရ၏။
ထို့ပြင် ဘင်္ဂလားပင်လယ်ပြင်ထဲတွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော ငါးစီးပါ စစ်ရေယာဉ်စုသည် ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ္တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းကာ အသည်းအသန် ခုခံကာကွယ်နေခဲ့သည်။
AA ကလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်း ဖြစ်ခဲ့သည်ဟု သိရ၏။
AA ကလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်း ဖြစ်ခဲ့သည်ဟု သိရ၏။
သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် သိမ်းပိုက်ရရှိခဲ့သကဲ့သို့ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီ တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။
ခမရ ၅၆၆ ကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် သံတွဲလေဆိပ်အတွင်း၊ လေဆိပ်အနီး အဆောက်အအုံများ၊ နာမည်ကြီး ဟိုတယ်ကြီးများမှ ခုခံစစ်များကို ဆင်နွှဲခဲ့သည်။ ထိုနေရာများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်တို့တွင် အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်း) လေဆိပ်အား ထိန်းချုပ်ထားနိုင်ခဲ့သည်။
အဆိုပါ စစ်ကောင်စီတပ် အများစုမှာ တပ်မ ၁၀၁ ၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးနီးပါးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်ဟု သိရ၏။ သံတွဲဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီအလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့သည်။
သံတွဲအခြေစိုက် တပ်ရင်းဖြစ်သည့် ခလရ ၅၅ တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ခလရ ၅၅ နှင့်အတူ တပ်မ ၁၀၁ တပ်မ လက်အောက်ခံ တပ်ရင်းအချို့တို့ စုပေါင်းပြီ ခုခံတိုက်ခိုက်လျက်ရှိသော်လည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်တွင် အဆိုပါ တပ်ရင်းကို AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့၌ သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသား ၃၇၂ ဦးကိုလည်း AA က ကယ်ထုတ်နိုင်ခဲ့သည်။
သံတွဲဘက်မှ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များအား ဇူလိုင်လ ၁၈ ရက်တွင် သံတွဲမြို့နယ် မြပြင်၊ ဂျိတ္တော၊ ကွင်းဝိုင်းဘက်၌ AA က ဆက်လက်ရှင်းလင်းရာ စစ်ကောင်စီတပ်များသည် မောင်ရွှေလေး ရေတပ်စခန်းဘက်၊ ကျိန္တလီဘက်တို့သို့ ဆုတ်ခွာထွက်ပြေးကြ၏။
သူဌေးရေအားလျှပ်စစ် တိုက်ပွဲ၊ လင်းသီ တိုက်ပွဲ၊ ခရမ်းမော်၊ တောင်ပေါက်နှင့် ဆိပ်ကြီးရွာတိုက်ပွဲ၊ ဂျိတ္တောတိုက်ပွဲ၊ မှိုဟင်းပြင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့၏။

ကျိန္တလီမြို့အနီး ချင်းကွင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား AA က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင်လည်းကောင်း၊ ကျိန္တလီမြို့အား သြဂုတ်လ ၁၀ ရက်တွင်လည်းကောင်း အသီးသီး တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့အကြား ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဩဂုတ် ၁၄ ရက်နေ့၌ စစ်ကောင်စီတပ်သည် အကျအဆုံး အများအပြားဖြင့် မြို့မှ တပ်ဆုတ်သွားကြောင်း သိရသည်။ သံတွဲမြို့၏ တောင်ဘက် မိုင် ၄၀ အကွာရှိ ကျိန္တလီမြို့ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး တောင်ဘက် ၄၁ မိုင် ဆက်ဆင်းလျှင် ဂွမြို့သို့ ရောက်ရှိတော့မည် ဖြစ်၏။
ပထမစစ်မျက်နှာမှာ အမ်းမြို့ ကျသွားသည်နှင့် မင်းဘူး၊ ပဒါန်း၊ ငဖဲ စသည့် မကွေးတိုင်း ဧရာဝတီအနောက်ခြမ်းကို ခြိမ်းခြောက်ပြီ ဖြစ်သကဲ့သို့ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် ကပစ စက်ရုံများမှာ အန္တရယ်ရှိသွားပြီ ဖြစ်သည်။
သံတွဲကို လက်လွှတ်ရပြီးကတည်းက စစ်ကောင်စီတပ်များသည် ပြန်လည် ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ခွာစစ်ဆင်ရပြီ ဖြစ်၏။ ပထမအဆင့် သံတွဲနှင့် ကျိန္တလီကြားရှိ တံတားများအား အဆင့်ဆင့်ချိုးပြီး ခွာစစ်ဆင်သကဲ့သို့ ယခုအခါ ကျိန္တလီနှင့် ဂွမြို့ကြားရှိ တံတားများအား ဖောက်ခွဲဖျက်ဆီးရန် ပြင်ဆင်နေသည်ဟု သိရ၏။ စစ်တွေ မင်းချောင်းတံတားမှစ၍ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီချိုးခဲ့သည့် တံတားပေါင်း ၂၂ စင်း ရှိပြီဟု သိရ၏။
ယခုအခါ ကျိန္တလီနှင့် သံတွဲကြားရှိ မောင်ရွှေလေးရေတပ်ကို AA က ဆက်လက် ဝိုင်းပတ်ပတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီက ရေတပ်သင်္ဘော ရှစ်စီးအထိ ဖြည့်တင်းပြီး ပင်လယ်ပြင်မှ စစ်ကူပေးလျက်ရှိ၏။
AA က ဂွမြို့ကိုရော တောင်ကုတ်ကိုပါ တိုက်ခိုက်သိမ်းပိုက်မည်ဟု ကြေညာထားပြီး မည်သည့်မြို့ကို ဦးစွာ တိုက်ခိုက်မည်ဆိုသည်က AA ၏ အဆုံးအဖြတ်ပေါ် မူတည်၏။ လက်ရှိတွင် တောင်ကုတ်ရော ဂွမြို့ပါ အုပ်ချုပ်ရေးယန္တယားများ ရပ်တန့်သွားပြီး ဝန်ထမ်းနှင့် စစ်တပ်မိသားစုများ မြို့အား စွန့်ခွာ ထွက်ပြေးနေကြပြီ ဖြစ်သည်။
ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာသစ်
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်တွင် ခက်ခဲစွာ တိုက်ခိုက်ခဲ့ရသည့် သံတွဲတိုက်ပွဲ၊ နိုင်ငံရေးထိုးနှက်မှုများကိုပါ ရင်ဆိုင်ခဲ့ရသည့် မောင်တောတိုက်ပွဲများကြောင့် ခန့်မှန်းသည်ထက် အချိန်ပိုကြာခဲ့သည့်ပြီး နပခ စစ်ဌာနချုပ်သည် ပထမဆုံး ကျရှုံးမည့် စစ်တိုင်းဌာနချုပ် မဖြစ်ခဲ့သော်လည်း တတိယအဆင့် ထိုးစစ်ပြီးပါက ရခိုင်စစ်မျက်နှာသာမက ရခိုးမအရှေ့ဘက် ပြည်မသို့ပါ စစ်မျက်နှာသစ်များ ဖွင့်လှစ်နိုင်တော့မည်ဖြစ်၏။
ရခိုင်စစ်မျက်နှာအတွက်ဆိုလျှင် တတိယအဆင့် ထိုးစစ်သည် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့ကို သိမ်းပြီးနောက် ရခိုင်စစ်မျက်နှာ စတုတ္ထနှင့် နောက်ဆုံး ထိုးစစ်အဖြစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့သာ ကျန်ပေလိမ့်မည်။
ထို့ပြင် ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်ပြီးသည်နှင့် ပြည်မသို့ပါ တပါတည်းခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာသစ်များ ပွင့်ပြီဖြစ်သည်။ ထို စစ်မျက်နှာသစ်များမှာ AA နှင့် PDF များ နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်းဆင်နွှဲသည့် စစ်မျက်နှာသစ်များ ဖြစ်ပေလိမ့်မည်။
ပထမစစ်မျက်နှာမှာ အမ်းမြို့ ကျသွားသည်နှင့် မင်းဘူး၊ ပဒါန်း၊ ငဖဲ စသည့် မကွေးတိုင်း ဧရာဝတီအနောက်ခြမ်းကို ခြိမ်းခြောက်ပြီ ဖြစ်သကဲ့သို့ စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် ကပစ စက်ရုံများမှာ အန္တရယ်ရှိသွားပြီ ဖြစ်သည်။
ဒုတိယ စစ်မျက်နှာမှာ တောင်ကုတ် ကျသွားပြီးပါက ညောင်ကျိုး၊ ဥသျှစ်ပင်မှသည် ပဲခူးတိုင်းသို့ ခြိမ်းခြောက်လာမည့် စစ်မျက်နှာဖြစ်၏။ ဆင်တဲ ကပစသည် တိုက်ရိုက်ခြိမ်းခြောက်ခံရမည် ဖြစ်သည်။ ပဲခူးတိုင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ပန်းတောင်းဒေသသည် ကျဉ်းမြောင်းသော်လည်း မြောက်ဘက် သရက်၊ ကမ္မ၊ တောင်ဘက် မြန်အောင်၊ ကြံခင်းဘက်သို့ စစ်မျက်နှာများ ဖွင့်လှစ်နိုင်၏။
တတိယစစ်မျက်နှာမှာ ဂွမြို့ကျပြီးပါက ငါးသိုင်းချောင်း၊ ရေကြည်၊ အင်္ဂပူဘက်သို့လည်းကောင်း၊ ဂွမြို့မှ ချောင်းသာ၊ ငွေဆောင်အထိ ဆင်းသွားပါက ငရုတ်ကောင်းဘက်သို့လည်းကောင်း စသည်ဖြင့် ဧရာဝတီတိုင်း တခုလုံးကို ကောင်းစွာ ခြိမ်းခြောက်နိုင်သည့် စစ်မျက်နှာ ဖွင့်နိုင်မည်ဖြစ်၏။
သို့ဖြစ်ရာ ရခိုင်စစ်မျက်နှာ ထိုးစစ် တတိယအဆင့် ပြီးသွားပါက ရခိုင်ရိုးမအရှေ့ဘက်နှင့် ဧရာဝတီမြစ်ကြားရှိ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် PDF နှင့် နွေဦးတော်လှန်ရေး အင်အားစုများ အားကောင်းမောင်းသန် ဖြစ်လာလိမ့်မည်။
ဤစစ်မျက်နှာသစ်များ ဖြစ်ပေါ်လာမည်မှာ စိတ်ကူးသက်သက် မဟုတ်ပေ။ လက်တွေ့မြေပြင်တွင် ထိုစစ်မျက်နှာသစ် ဖွင့်နိုင်သည့် ဒေသများတွင်ရှိသည့် စစ်ကောင်စီတပ် မျက်ကလူးဆန်ပြာ ဖြစ်နေသည်ကို တွေ့နိုင်၏။ ယခုပင် ပုသိမ်မြို့၊ ငဝန်မြစ်တွင်းရှိ ရေတပ်က ကြောက်အားလန့်အားနှင့် သေနတ်ပစ်ဖောက်နေသည်ကို တွေ့နေရ၏။
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ်အောင်ပွဲကြောင့် ရခိုင်ရိုးမအရှေ့ခြမ်းနှင့် ဧရာဝတီမြစ်ကြားတွင် ပြည်မ နွေဦးတော်လှန်ရေး အင်အားစုများ အားကောင်းမောင်းသန် ဖြစ်လာမည်ဖြစ်သကဲ့သို့ တဖက်ကလည်း ထိုအင်အားစုများရှိနေခြင်းကြောင့် ပြည်မမှ ရခိုင်ရိုးမကို ဖြတ်သန်းပြီး စစ်ကောင်စီတပ်က ပြန်လှန် ထိုးစစ်ဆင်ရန်လည်း မလွယ်ကူတော့သည်ကို မကြာခင် မြင်တွေ့ရပေတော့မည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
ရခိုင်က စစ်ကောင်စီရဲ့ ဌာနချုပ်တွေကို AA ပိတ်ဆို့ (ရုပ်/သံ)
ရခိုင်မှာ အပစ် မရပ်ဘူးလို့ AA တရားဝင်ထုတ်ပြော(ရုပ်/သံ)
ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်
ကျနော်တို့မှာ ခိုင်မာတဲ့ အထောက်အထားတွေရှိတယ် (ရုပ်/သံ)













