• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

by စောလွင်
7 September 2024
in Military, သတင်း
A A
ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သိမ်းပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ/ AA Info Desk

6k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်ငူ၊ မန္တလေး၊ တောင်ကြီး၊ လွိုင်ကော်မြို့များရှိ တိုင်းစစ်ဌာနချုပ် ဆက်တိုက်သွားကာ ဆုံးရှုံးနယ်မြေများကို ပြန်လည်ထိုးစစ်ဆင်မည်ဟု ကြွေးကြော်နေစဉ် အာရက္ခ တပ်တော်(AA) က ရခိုင်ပြည်နယ်ရှိ အရေးပါသည့် ရေတပ်စခန်းကြီးတခုကို သိမ်းပိုက်လိုက်ကြောင်း တရားဝင်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဓညဝတီရေတပ်စခန်း ဌာနချုပ်ရှိပြီး စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲတို့၌ အဓိကရေတပ်စခန်းများ ဖွင့်လှစ် ထားကာ သံတွဲမြို့နယ် ကွင်းဝိုင်းရွာတွင် ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်စခန်း Central Naval Diving And Salvage Deport (Myanmar Navy) CNDSD ရှိသည်။ ၂၀၁၉ ခုနှစ် အိန္ဒိယနိုင်ငံမှ ရုရှားလုပ် ကီလိုအမျိုးအစား လက်ခံရ ယူ စဉ်က သံတွဲရေတပ်စခန်းတွင် ထားရှိမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သေးသည်.

အာရက္ခ တပ်တော် (AA) သံတွဲမြို့ ရပြီးနောက် အဆိုပါ CNDSD မောင်ရွှေလေး ရေတပ်စခန်းကို တလကြာ တိုက်ခိုက်ရာ စက်တင်ဘာ ၅ရက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး နွေဦးတော်လှန်ရေးအတွင်း ကမ္ဘာကျော် ငပလီကမ်းခြေရှိ လေဆိပ်နှင့် ရေတပ်စခန်းကို ပထမဆုံး သိမ်းပိုက်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖြစ်လာသည်။

ထိုသို့ ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်စခန်း Central Naval Diving And Salvage Deport (Myanmar Navy) CNDSD သိမ်းယူခံရခြင်း အပေါ် စစ်ကောင်စီက ထုတ်ဖေါ်ပြောဆိုခြင်း မရှိသလို ၎င်းတို့၏ လော်ဘီများကလည်း ရေးသား ပြောဆိုသည်ကို မတွေ့ရပေ။

ထိုသို့ ရေတပ်စခန်းကြီးတခုလုံး AA က သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် စစ်ခေါင်းဆောင်၏ ဆုံးရှုံးနယ်မြေ ပြန်ထိုးစစ်ဆင် မည်ဟု ကြွေးကြော်နေမှုမှာ လက်တွေ့မကျဘဲ စိတ်ဓာတ်စစ်ဆင်ရေးသက်သက်ဖြစ်သည်ကိုသာ ပေါ်လွင်သွားစေသည်ဟု စစ်ရေးသုတေသီတဦးက သုံးသပ်သည်။

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သိမ်းပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ/ AA Info Desk

“ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ထိုးစစ်ဆင်ပြီး သိမ်းပိုက်တော့မယ်ဆိုပြီးတော့ လုပ်နေတဲ့အချိန်မှာ တကယ်တမ်းက ခံစစ်ကို မနိုင်ဘူးဆိုတာ ပြတာဖြစ်တာပေါ့။ သူ့အတွက်ကတော့ ဆုံးရှုံးသွားတဲ့နေရာတွေကို သိမ်းမယ်လို့ ပြန်ပြီးတော့ ကြွေးကြော်လာတာဟာ သူ့တပ်ကို စိတ်ဓာတ်စစ်ဆင်ရေးသက်သက်ဆိုတာ မြင်သာတာပေါ့”ဟု ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
52
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
272

အဆိုပါ ပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ စစ်ကောင်စီ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိ ခဲ့ပြီး စခန်း မကျစေရေး ပင်လယ်ပြင်နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော်လည်း AA က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

အဆိုပါစခန်းသည် စစ်ကောင်စီရေတပ်တခုလုံး၏ အကြီးဆုံး သတင်းတန်းကျောင်းတခုဖြစ်သလို ရေတပ်တခုလုံး အမွန်အမြတ်ထားရာဌာနချုပ်ကြီးတခုဟုပင် ဆိုနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်းက “ရေတပ်စခန်းဌာနချုပ်လို့တောင် ပြောလို့ရတယ် ရေတပ်ပင်မဆယ်ယူရေးနဲ့ ရေငုပ်တပ်ပေါ့ အဲဒီမှာက ရေတပ်သား တိုင်းသွားတက်ရတဲ့သင်တန်းအပြင် ကြည်းနဲ့ လေတပ်အဖွဲ့တွေကလည်း ဒိုင်ဗင်လို့ခေါ်တဲ့ ရေငုပ်သင်တန်းကို သွားတက် ရတယ်။ ပြီးရင် စစ်တပ်တခုလုံးရဲ့ Navy Sea တပ်ဖွဲ့ဝင်တွေကို မွေးထုတ်ပေးနေတဲ့ ကျောင်းကြီးလည်းဖြစ်တယ်။ ဒါကြီးကို လက်လွတ်ဆုံးရှုံးရမှာစိုးလို့ ပထမရက်ပိုင်းမှာ စွန့်ခွာပြီးသားကို ကြည်းတပ်စစ်ကူ ပြီးရင် ရေထဲကနေပြီး စစ်ရေယာဉ် တွေနဲ့ ပါ မကျဆုံးရေးအတွက် အသည်းအသန်ကာကွယ်ခဲ့ရတဲ့ နေရာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ကြည်း၊ရေ၊လေ တပ်ပေါင်းစုံဖြင့် ခုခံတိုက်ခိုက်နိုင်သည့်အခြေအနေရှိသည့်ကြားမှ ရေတပ်ပင်မ ဌာနချုပ် နှင့် အဆင့်တူနီးပါးရှိသော သံတွဲ မောင်ရွှေလေးစခန်းကျဆုံးသွားခြင်းသည် ရေတပ်သားများ၏ စိတ်ဓာတ်ကို ရိုက်ချိုးခံ လိုက်ရသည့် အခြေအနေဖြစ်သလို ရေတပ်လည်း ကြည်းတပ်နည်းတူ ဦးကျိုးသွားပြီ ဖြစ်သည်ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

စစ်ကောင်စီ၏ ရေတပ်စခန်းကြီးကို သိမ်းပိုက်လိုက်နိုင်သည့်အခြေအနေကြောင့် အမှတ်၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၅ အခြေစိုက်ရာ တောင်ကုတ်မြို့ကို ဆက်လက်ထိုးစစ်ဆင်ရန် အလားအလာကောင်းသွားသလို တောင်ကုတ်ပြီး လျှင် ကျောက်ဖြူ ဓညဝတီ ရေတပ်စခန်းဌာနချုပ် ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နိုင်မည်ဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူများနှင့် CDM အရာရှိများကပြောသည်။

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သိမ်းပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ/ AA Info Desk

AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်မြေပြင်အရ ကျနော်တို့ ဆက်ပြီး အောင်မြေချဲ့လို့ရမယ့် အရွေ့ဘက်ကို ရှိပါ တယ်။ နယ်မြေအရ ကျယ်ပြန့်လာတယ်။ ရန်သူကို ပိုပြီး မောင်းထုတ်နိုင်တယ် ဆိုတာထက် ပိုပြီးအရေးကြီးတဲ့ အောင်မြင်မှု အာမခံချက်ကို ကျနော်တို့ စဉ်းစားဖို့လိုပါတယ်။ ကိုယ်က တိုက်တဲ့အချိန်မှာ သူကမခံနိုင်လို့ နောက်ဆုတ် သွားပေမယ့် တချိန်ချိန်မှာ ပြင်ဆင်ပြီးမှ ပြန်လည်ထိုးဖောက် ဝင်ရောက်လာတာလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ယာယီအားဖြင့် နယ်မြေ ရရှိမှုတွေထက် ပိုပြီး အာမခံချက်ရဖို့ စစ်ရေးအရရော နိုင်ငံရေးအရရော ဆက်လက်ပြင်ဆင် လုပ်ဆောင်သွားဖို့ အရေးကြီး ပါတယ်”ဟု ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောထားသည်။

AA သည်ပြီးခဲ့သောနိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်းများနှင့်မြို့များကို ထိုးစစ် ဆင်နေခဲ့ရာ အချိန် ၁၀ လခန့်အတွင်း ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်၊ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊မင်းပြား၊ ရမ်းဗြဲ၊ဘူးသီးတောင်၊ သံတွဲ စသည့်မြို့နယ်များကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

ယခုအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ရေတပ်စခန်းကြီးတခု ဆုံးရှုံးထားသလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကိုပါ လက်လွှတ်လိုက်ရပြီဖြစ်သည်။

You may also like these stories:

ရခိုင်ပြည်နယ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မည်

ရခိုင်စစ်မျက်နှာ အောင်ပွဲနှင့် ရခိုင်ရိုးမ အရှေ့ဘက် စစ်မျက်နှာ

သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သွားရာလမ်းမှ တံတားများ စစ်တပ် မိုင်းခွဲ

Your Thoughts …
Tags: AAမောင်ရွှေလေးရခိုင်ရေတပ် ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်စခန်းသံတွဲ
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ငဆောင်းချမ်း တိုက်ပွဲ

ငဆောင်းချမ်း တိုက်ပွဲ

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

BMW က ပထမဆုံး ဟိုက်ဒရိုဂျင် ကားကို ၂၀၂၈ မှာ ဈေးကွက်ထဲ ပို့ဖို့ စီစဉ်နေပြီတဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved