လွန်ခဲ့သော သုံးလက ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၎င်းတို့၏ အောင်မြင်မှုများကို ခိုင်မာအောင်လုပ်ပြီး နိုင်ငံတဝန်းမှ အသစ်ရထားသည့် ကျယ်ပြန့်သော နယ်မြေများတွင် အုပ်ချုပ်ရေး ထိန်းချုပ်ထူထောင်ကြသည်။
ရှမ်းပြည်နယ်မှ တရုတ်က ကြားဝင်စေ့စပ်ပေးသည့် အပစ်အခတ်ရပ်စဲရေးသည် အကြိမ်ကြိမ် ချိုးဖောက်ခံနေရသော်လည်း စစ်ပွဲ၏ ဗဟိုချက်များသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ရှေ့သို့ မှန်မှန်တိုးလာနေသည့် မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ ပိုင်နက် ရခိုင်ပြည်နယ်သို့ ရွှေ့သွားသည်။
စစ်ပွဲ၏ ဗဟိုချက်များသည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ရှေ့သို့ မှန်မှန်တိုးလာနေသည့် မြောက်ပိုင်း ကချင်ပြည်နယ်နှင့် ရက္ခိုင့်တပ်တော် (AA) ၏ ပိုင်နက် ရခိုင်ပြည်နယ်သို့ ရွှေ့သွားသည်။
ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။
AA နှင့်စစ်ကောင်စီ စစ်သားများအကြား တိုက်ပွဲဖြစ်ရန် နီးကပ်လာပြီ ထင်သောကြောင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများ ထွက်ပြေးနေကြသည်။ မြန်မာနိုင်ငံ အနောက်ဘက်စွန်းမှ ခံတပ်သဖွယ် ပြုလုပ်ထားသော အုပ်ချုပ်ရေးနှင့် စစ်ရေးအချက်အခြာကျသည့် ထိုဒေသ ကျဆုံးခြင်းသည် ရခိုင်တိုင်းရင်းသားတပ်များ အောင်ပွဲ အများအပြားအနက်မှ နောက်ဆုံးတိုက်ပွဲ ဖြစ်နိုင်သည်။
AA သည် ၂၀၂၀ ပြည့်နှစ်တွင် စစ်တပ်ကို အကျပ်အတည်းဖြစ်အောင် တိုက်နိုင်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် AA သည် NUG ကို ထောက်ခံရန် သာမန်အားဖြင့် ကတိပြုသည်။
သို့သော် AA သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို မဖောက်ဖျက်ဘဲ နိုင်ငံရေးအာဏာ ခိုင်မာအောင်လုပ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခိုင်မာအောင် လုပ်သည်။
ရခိုင် အပစ်အခတ်ရပ်စဲရေးသည် ၂၀၂၂ ခုနှစ်တွင် ပျက်ပြယ်သော်လည်း နှစ်ဖက်လုံးသည် ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွက် စွန့်စားလိုခြင်း မရှိကြပေ။ စစ်တပ်သည် စစ်မျက်နှာသစ်တခုတိုက်ရန် မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေပြီး AA ကလည်း ၎င်းတို့သည် တိုက်စရာမလိုဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရမည်ကို သိသောကြောင့် စစ်တပ်က အခြားနေရာများကို အာရုံစိုက်နေသည်ကို ခွင့်ပြုထားလိုက်သည်။ AA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းသည် အရပ်ဘက်အုပ်ချုပ်ရေး အရှိန်မြှင့်တင်ပြီး ပြိုင်ဘက်များကို မလှုပ်ရှားနိုင်အောင် လုပ်သည်။
NUG အတွက် အံ့သြတုန်လှုပ်စရာမှာ AA သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းလိုက်ခြင်း ဖြစ်သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေသည်။
NUG အတွက် အံ့သြတုန်လှုပ်စရာမှာ AA သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရန် ညှိနှိုင်းလိုက်ခြင်း ဖြစ်သော်လည်း တင်းမာမှုများ ဆက်လက်ရှိနေသည်။
၂၀၂၃ ခုနှစ်၊ မေလတွင် မိုခါဆိုင်ကလုန်းမုန်တိုင်း ရခိုင်တွင် တိုက်ခတ်ပြီးနောက် စစ်တပ်က ပြည်နယ်အတွင်း နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများကို ပိတ်ပင်လိုက်သဖြင့် AA ကို ထပ်မံတရားဝင်စေပြီး ဒေသခံပြည်သူများသို့ လူသားချင်း စာနာမှုအကူအညီအများစုကို AA ကသာ ပေးအပ်ရသည်။
အောင်ပွဲခံနေသော ရက္ခိုင့်တပ်တော်
၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဝင်ဖြစ်သော AA သည် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပယ်ဖျက်လိုက်သည်။ ထိုအချိန်မှစတင်ပြီး AA သည် စစ်တပ်နှင့် ရဲစခန်းပေါင်း ၄၀ ကျော်နှင့် မြို့အများအပြားကို သိမ်းပိုက်သည်။
ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ခမရ ၅၃၉ ခြေမြန်တပ်ရင်းတခုလုံး AA ထံ လက်နက်ချသည်။ လူမှုကွန်ရက်တွင် ကျယ်ပြန့်စွာ ဖြန့်ချိသည့် ဗီဒီယိုတခုတွင် စစ်သားများနှင့် ၎င်းတို့မိသားစုများ လက်ထိပ်ခတ်ခံထားပြီး စောင့်ကြပ်ခေါ်ဆောင် ခံရသည့်ပုံများကို ပြထားသည်။
AA သည် အမြောက်ကြီးများ၊ အတွဲလိုက်ပစ်သည့် ဒုံးကျည်လက်နက်များ အပါအဝင် လက်နက်အများအပြား သိမ်းဆည်းမိပြီး ထိုလက်နက်များကြောင့် ထိုးစစ်ကို ဆက်လက် ဆင်နွှဲနိုင်သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် AA သည် ကျောက်တော်မြို့ကို သိမ်းပိုက်ပြီး လက်ရှိအချိန်တွင် တောင်ဘက်သို့ ဆက်လက် ချီတက်နေပြီး မြောက်ဦးနှင့် မင်းပြားတွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
ယခုအခါ AA သည် ရခိုင်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ထားသည်။ အလားတူ အရေးကြီးသော အချက်မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဆိပ်ကမ်းမြို့ကို AA က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ AA သည် ရခိုင်မြောက်ပိုင်း တခုလုံးနီးပါးကို သိမ်းပိုက်ထားသည်။ အလားတူ အရေးကြီးသော အချက်မှာ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ ဆိပ်ကမ်းမြို့ကို AA က သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်တပ်က ထိုမြို့ကို လေကြောင်းမှ မှန်မှန်တိုက်ခိုက်နေပြီး လူ ၅၀,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးရသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် AA သည် ကျောက်ဖြူအနီး ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို တိုက်ခိုက်သည်။ ရေတပ်သည် ထိုဒေသ၌ တပ်များ သယ်ယူပို့ဆောင်ရာတွင် အရေးပါသလို အရပ်သားများကို တိုက်ခိုက်ရာတွင်လည်း ရေတပ်ကို သုံးနေကြောင်း တွေ့ရသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် AA သည် ရေတပ်စခန်းတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ပျက်စီးသည့် အတိုင်းအတာကို မသိရပေ။
တရုတ်နှင့် အိန္ဒိယတို့ ပြန်လည် စဉ်းစားသုံးသပ်မလား
ရခိုင်ပြည်နယ်မှ စစ်ပွဲသည် အကြောင်း ငါးချက်ကြောင့် အရေးပါသည်။
ပထမအချက်မှာ AA ၏ ထိုးစစ်ကြောင့် စစ်တပ်သည် အခြားနေရာများတွင်လည်း အပြင်းအထန် လိုအပ်နေသည့် လူများ၊ လေယာဉ်များနှင့် အခြားရင်းမြစ်များကို ရခိုင်ပြည်နယ်တွင် ဖြန့်ချရသည်။ စစ်တပ်သည် လက်နက် အကောင်းဆုံး တပ်ဆင်ထားသည့် အကြီးမားဆုံး တိုင်းရင်းသား တပ်မတော်များနှင့် ရင်ဆိုင်နေရချိန်တွင် ရှမ်းပြည်နယ်၌ တန်ပြန်ထိုးစစ် မလုပ်နိုင်တော့ပေ။ ရခိုင်ပြည်နယ်သို့ နောက်ထပ် စစ်သားများ ထပ်မံ ပို့ဆောင်နေရသည်မှာလည်း အမှန်တကယ်ပင် ဖြစ်သည်။
ဒုတိယအချက်မှာ AA ၏ အောင်မြင်မှုများကြောင့် အိန္ဒိယသည် ၎င်းတို့၏ ရပ်တည်ချက်ကို ပြန်လည် အကဲဖြတ်နေရသည်။
၎င်းတို့ကိုယ်တိုင်လည်း ဒီမိုကရေစီကို အကြီးအကျယ် နောက်ပြန်ဆွဲနေသည့် နာရန်ဒရာ မိုဒီ အစိုးရသည် စစ်ကောင်စီ အင်အားချိနဲ့နေပါက တရုတ်အား အလွန်မှီခိုရမည်ကို စိုးရိမ်ပြီး အာဏာသိမ်းချိန်မှ စတင်၍ မြန်မာ စစ်တပ်ဘက်မှ ရပ်တည်သည်။
အိန္ဒိယသည် မီဇိုရမ်သို့ ထွက်ပြေးလာသည့် မြန်မာစစ်သား ၇၀၀ ခန့်ကို လက်နက် ဖြုတ်သိမ်းခြင်း မပြုရုံသာမက အချို့ကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေသို့ ပို့ဆောင်ပေးသည်။ ထိုစစ်သား ရာပေါင်းများစွာကို ပြန်လည် ခေါ်ယူရန် စေလွှတ်လိုက်သည့် လေတပ်သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်းသည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လမ်းချော်သည်။
AA အောင်ပွဲသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အခြေအနေ ရှုပ်ထွေးသွားစေသည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားနှင့် အိန္ဒိယ၏ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ကို စစ်တွေနှင့် ပလက်ဝ ဆိပ်ကမ်းများမှတဆင့် ဆက်သွယ်ပေးသည့် စီမံကိန်းဖြစ်သည်။
သို့သော် AA အောင်ပွဲသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အခြေအနေ ရှုပ်ထွေးသွားစေသည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ကိုလ်ကတ္တားနှင့် အိန္ဒိယ၏ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်ကို စစ်တွေနှင့် ပလက်ဝ ဆိပ်ကမ်းများမှတဆင့် ဆက်သွယ်ပေးသည့် စီမံကိန်းဖြစ်သည်။
ထို ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းတွင် မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောမှ နယ်စပ်သို့၊ ထိုနောက် နယ်စပ်မှ ပလက်ဝသို့ ၃၈ မိုင်ရှည်သောလမ်း ပါဝင်ပြီး ပလက်ဝမှတဆင့် ကုန်စည်များကို ကုလားတန်မြစ်အတိုင်း စစ်တွေဆိပ်ကမ်းသို့ ပို့မည်ဖြစ်သည်။ အိုက်ဇောမှ စစ်တွေသို့ အပြိုင်ရထားလမ်းကိုလည်း စီစဉ်နေသည်။
နိုင်ငံ၏ အဓိက အစိတ်အပိုင်းများနှင့် ဆစ်ကင်းပြည်နယ်တွင် ၁၃ မိုင်ကျယ်သည့် ဆီလီဂူရီ စင်္ကြံဖြင့်သာ ဆက်သွယ်ထားသည့် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့်ပတ်သက်သော နယူးဒေလီ၏ မလုံခြုံမှုသည် သိသာထင်ရှားသည်။
မီဇိုရမ်၊ အာသံ၊ နာဂလန်း၊ မဏိပူ ပြည်နယ်များသည် ပုန်ကန်တော်လှန်မှု အများအပြားနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ အများအပြားရှိပြီး မြန်မာတိုင်းရင်းသား တပ်မတော်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) က နယ်စပ်တလျှောက်တွင် ရှိနေသည်။ ဆီလီဂူရီ စင်္ကြံမြောက်ဘက် ကပ်လျက် ဘူတန်၏ ဒေါ့ခလန်လွင်ပြင်ကို တရုတ် ကျူးကျော်မှုသည်လည်း အိန္ဒိယ၏ မလုံခြုံမှုကို ပိုမိုမြင့်မားစေသည်။
ရခိုင် စီမံကိန်းကြီးများ
အိန္ဒိယသည် NUG ၏ မိတ်ဆွေမဟုတ်ဘဲ ထိုင်းဦးဆောင်သည့် Track 1.5 ဆွေးနွေးပွဲများတွင် ပါဝင်သလို အိမ်ရှင်အဖြစ်လည်း လက်ခံကျင်းပသည်။
မြန်မာလေတပ်က အိန္ဒိယလေပိုင်နက်ကို ချိုးဖောက်ပြီး ဝိတိုရိယစခန်းမှ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တွင် ဗုံးကြဲသောအခါ အိန္ဒိယနိုင်ငံက မည်သို့မျှ မပြောပေ။
အိန္ဒိယသည် အစိုးရဆန့်ကျင်ရေး အင်အားစုများကိုလည်း စစ်ကောင်စီသို့ လွှဲပြောင်းပေးသည်။
AA က ပလက်ဝကို ထိန်းချုပ်လိုက်သောအခါ ကုလားတန် စီမံကိန်းကိုပါ ထိန်းချုပ်နိုင်သောကြောင့် အိန္ဒိယအစိုးရသည် သက်တမ်း သုံးနှစ်ရှိ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစား သုံးသပ်ရမည် ဖြစ်သည်။
သို့သော် AA က ပလက်ဝကို ထိန်းချုပ်လိုက်သောအခါ ကုလားတန် စီမံကိန်းကိုပါ ထိန်းချုပ်နိုင်သောကြောင့် အိန္ဒိယအစိုးရသည် သက်တမ်း သုံးနှစ်ရှိ မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်စဉ်းစား သုံးသပ်ရမည် ဖြစ်သည်။
မီဇိုရမ်၏ စီးပွားရေးတိုးတက်မှုသည် စစ်တွေနှင့် လမ်းပန်းဆက်သွယ်ရေးကို မှီခိုနေရပြီး ကုလားတန် စင်္ကြံသည် အနီးရှိ ကျောက်ဖြူသို့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် အလားတူသည်။
ထိုအချက်ကြောင့် တတိယအကြောင်းသို့ ဦးတည်သွားသည်။ တရုတ်သည်လည်း ၎င်းတို့၏ သဘောထားကို ပြန်လည် အကဲဖြတ်ရနိုင်သည်။ CMEC နှင့် ၂၀၁၁ ခုနှစ်ကတည်းက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် ကျောက်ဖြူဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းတို့သည် တိုးတက်မှု မရှိသောကြောင့် တရုတ်သည် စိတ်ပျက်နေသည်ဟု သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်ကောင်စီသည် တရုတ် ကျေနပ်စေရန် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးသည်။ တရုတ်သည် အောက်တိုဘာလက ဘေဂျင်းတွင် ကျင်းပသည့် ရပ်ဝန်းနှင့် လမ်းအစီအစဉ် ထိပ်သီးဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်ဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။
ထိုဆိပ်ကမ်းအနီး ရမ်းဗြဲကျွန်းတွင် တိုက်ပွဲပြင်းထန်နေသည်။ တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ စတင်ရာ ကျောက်ဖြူ အနီးပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးခြင်းသည်ပင် ထိုစီမံကိန်းကို ရပ်ဆိုင်းသွားစေနိုင်သည်။
ဆန့်ကျင်ဘက် ဖြစ်နေသည့် ရည်မှန်းချက်များ
စတုတ္ထအချက်မှာ AA အဖွဲ့ ရှေ့တန်းရောက်လာခြင်းသည် နိုင်ငံ၏ အားလုံးပါဝင်သော ဒီမိုကရက်တစ် ဖက်ဒရယ် အနာဂတ်အတွက် အရေးပါသော သက်ရောက်မှုရှိသည်။
တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ အားလုံးအနက်တွင် AA သည် လွတ်လပ်ရေးဆီသို့ အတိမ်းညွတ်ဆုံးဖြစ်ပြီး NUG က အဆိုပြုထားသည့် လူဦးရေ ၅၅ သန်း၏ လူမျိုးစုပေါင်းစုံနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အပေါ် သံသယကိုလည်း ဖော်ပြခဲ့သည်။
လူများစုဖြစ်သော ဗမာများသည် အာဏာကို အပြည့်အဝ ခွဲဝေပြီး နိုင်ငံရေးအာဏာကို ကြီးကြီးမားမား ခွဲဝေပေးမည်ဆိုသည့် အချက်ကို AA က မယုံကြည်ပေ။ အလားတူစွာပင် AA သည် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့်လည်း အဆင်ပြေသော ဆက်ဆံရေး မရှိပေ။ NLD အဖွဲ့ဝင်များသည် NUG ကို လွှမ်းမိုးထားဆဲ ဖြစ်သည်။
ပိုမိုအရေးကြီးသော အချက်မှာ AA သည် ဒီမိုကရေစီစနစ်ကို မသွားလိုပေ။ ၎င်းတို့၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ပြိုင်ဘက်များကို ဖယ်ရှားရန် ကြိုးစားပြီး AA ခေါင်းဆောင်ပိုင်းသည် အာဏာခွဲဝေခြင်းကို စိတ်မဝင်စားပေ။ ၎င်းတို့က ရခိုင်အနာဂတ်ကို တပါတီ နိုင်ငံတော်အဖြစ် မြင်သည်။
ပိုမိုအရေးကြီးသော အချက်မှာ AA သည် ဒီမိုကရေစီစနစ်ကို မသွားလိုပေ။ ၎င်းတို့၏ နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) သည် ပြိုင်ဘက်များကို ဖယ်ရှားရန် ကြိုးစားပြီး AA ခေါင်းဆောင်ပိုင်းသည် အာဏာခွဲဝေခြင်းကို စိတ်မဝင်စားပေ။ ၎င်းတို့က ရခိုင်အနာဂတ်ကို တပါတီ နိုင်ငံတော်အဖြစ် မြင်သည်။
AA က ပလက်ဝကို သိမ်းပိုက်ခြင်းသည် ချင်းအမျိုးသားတပ်ဦး (CNF)၊ အခြား ချင်းအဖွဲ့အစည်းများနှင့် တင်းမာမှုကို ဖြစ်စေသည်။ ၎င်းတို့က ထိုသေနင်္ဂဗျူဟာကျသည့် မြစ်ကမ်းမြို့ကို ၎င်းတို့မြို့အဖြစ် မြင်ပြီး AA ၏ ရေရှည်ရည်ရွယ်ချက်ကို မယုံကြည်ကြပေ။
လက်တွေ့တွင်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့တွင် AA အောက်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် မာရာ ကာကွယ်ရေးတပ်များ (MDFs) သည် ချင်းပြည် ကာကွယ်ရေးတပ်များ (CNF) နှင့် ယင်းလက်အောက်မှ PDF တပ်တခုကို တိုက်ခိုက်သည်။ ထိုကိစ္စကို ဒေသအလိုက်ဖြစ်သည့် ပဋိပက္ခအဖြစ် မြင်နိုင်သော်လည်း ယုံကြည်မှုကို ထိခိုက်စေသည်။
နောက်ဆုံးအချက်မှာ AA ရှေ့တန်း ရောက်လာခြင်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဖရိုဖရဲ အန္တရာယ်များသော ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော ရိုဟင်ဂျာ ၁ သန်း ပြန်လာရေးအပေါ်လည်း ရိုက်ခတ်မည် ဖြစ်သည်။
ဗုဒ္ဓဘာသာလွှမ်းမိုးသော AA သည် အာရကန် ရိုဟင်ဂျာ သွေးစည်းခိုင်မာရေးအဖွဲ့ (ARSA) ကို တိုက်ခိုက်နေသည်။ ထိုအဖွဲ့သည် ၂၀၁၆-၂၀၁၇ ခုနှစ်က စစ်တပ်၏ လူမျိုးစု သုတ်သင်ခြင်းကို ဦးတည်စေသည့် တိုက်ခိုက်မှုများကို လုပ်သည့် အဖွဲ့ဖြစ်သည်။
ရိုဟင်ဂျာများ ပြန်လာနိုင်သည်ဟု AA က ပြောထားသော်လည်း ပြောရသည်မှာ လွယ်ကူပြီး NUG က ကြေညာထားသည့် ရိုဟင်ဂျာများသည် ဥပဒေအခွင့်အရေး အပြည့်အဝ ထိုက်တန်သည့် မြန်မာတိုင်းရင်းသား လူမျိုးစုဖြစ်သည်ဆိုသည့် သဘောထားလောက်ပင် ရှင်းလင်းမှု မရှိပေ။
AA ရှေ့တန်းရောက်လာခြင်းသည် မြန်မာစစ်တပ်ကို ချေမှုန်းရေးအတွက် အဓိကကျနိုင်သော်လည်း ထိုအခြေအနေများသည် စစ်တပ်အလွန် ပြည်ထောင်စုအကြောင်း စဉ်းစားရာတွင် စိန်ခေါ်မှုများလည်း ဖြစ်သည်။
(RFA ပါ Zachary Abuza ၏ Battles raging across Rakhine have big ramifications for Myanmar and its neighbors ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)
You may also like these stories:
၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း
ရခိုင်အနောက်ဘက်ခြမ်းကို ဘာကြောင့် AA စစ်မျက်နှာဖွင့် တိုက်သလဲ
အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ
မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း