မြန်မာ့ပြည်တွင်းစစ်တွင် အရှေ့မြောက်သည် နာမည်ကြီးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့၏ အရှေ့မြောက်စစ်ဒေသနှင့်အတူ ၁၉၆၈ ခုနှစ်မှ ယနေ့တိုင် အဆုံးမသတ်နိုင်သည့် စစ်ပွဲများ၊ နယ်စပ်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုအပြင် ခေတ်ပေါ် လောင်းကစားဝိုင်းများ၊ လူမှုကွန်ရက်အသုံးပြု ငွေကြေးလိမ်လည်မှုများဖြင့် အရှေ့မြောက်သည် မြန်မာမှာရော ကမ္ဘာမှာရော လူသိများသည့် ဒေသတခု၊ အမည်တခုဖြစ်သည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နှစ်လနီးပါးခန့်အတွင်း ဗျူဟာမြောက်စခန်းကြီးများအပါအဝင် စစ်တပ်စခန်းပေါင်း ၂၈၀ ကျော်နှင့် အရေးပါသောမြို့အချို့ကိုပါ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့၍ အရှေ့မြောက်အား ပြည်တွင်းပြည်ပက အာရုံစိုက်မှု မြင့်မားခဲ့၏။
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) က စစ်ဆင်ရေး စတင်ခဲ့သော်လည်း စခန်းသိမ်းဆည်းရရှိမှုက အစပိုင်းတွင် အတန်ငယ်နှေးကွေးသည်ဟု ယူဆကြသဖြင့်လည်းကောင်း၊ လက်လှမ်းမမှီသည့် နယ်စပ်ဒေသတွင်ဖြစ်၍လည်းကောင်း အနောက်ဘက်စစ်မျက်နှာကို အာရုံစိုက်မှု အတန်ငယ်လျော့ကျနေ၏။
သို့သော် ယခု တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်သည်နှင့်အတူ မြန်မာပြည်အနောက်ဘက်စစ်မျက်နှာ သို့မဟုတ် ရခိုင်စစ်မျက်နှာသည်လည်း ပြည်တွင်းရော ပြည်ပပါ အာရုံစိုက်ရသည့် ဒေသတခုအဖြစ်သို့ မကြာခင် ရောက်ရှိလာတော့မည်။
မြန်မာပြည်၏ အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေသည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။ မောင်တောနှင့် ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ရှိသကဲ့သို့ ပလက်ဝမှ အိန္ဒိယ မီဇိုရမ်သို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်ဆဲဖြစ်၏။
ယခု တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်းများကို အောင်မြင်စွာ သိမ်းပိုက်နိုင်သည်နှင့်အတူ မြန်မာပြည်အနောက်ဘက်စစ်မျက်နှာ သို့မဟုတ် ရခိုင်စစ်မျက်နှာသည်လည်း ပြည်တွင်းရော ပြည်ပပါ အာရုံစိုက်ရသည့် ဒေသတခုအဖြစ်သို့ မကြာခင် ရောက်ရှိလာတော့မည်။
စစ်ဆင်ရေး ၁၀၂၇ နှင့်အတူ ဆင်နွှဲလာသည့် AA ၏ စစ်ဆင်ရေးသည် ရခိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်နေရာတွင် ဖြစ်ပွားလာခဲ့ပြီဖြစ်ရာ နယ်စပ်ကုန်သွယ်ရေးများအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ပြဿနာများလည်း ရှိ၏။ ထို့ပြင် ရခိုင်ပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ရှိသည့်အပြင် တရုတ်ပြည်သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ အစပြုရာဖြစ်၏။
ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စသည့် တရုတ်တို့၏ အနာဂတ်စီးပွားရေး မျှော်လင့်ချက်များလည်းရှိရာ ထိုဒေသ၏ အရေးပါမှုသည် မြင့်တက်လာသကဲ့သို့ ပထဝီနိုင်ငံရေးအရလည်း စိတ်ဝင်စားဖွယ်ဖြစ်၏။
၁၀၂၇ စစ်ဆင်ရေးနှင့် AA ရက္ခိုင့်တပ်တော်
၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်စစ်ပွဲစတင်သည်နှင့် AA တပ်ဖွဲ့သည် စစ်တွေ၊ အငူမော် တဖက်ကမ်းရှိ ချိန်ခါလီ၊ ဒုံပိုက် စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့ပြီး ၁၃ ရက်နေ့တွင် ဒုံပိုက်စခန်းကိုလည်းကောင်း၊ ၁၄ ရက်နေ့တွင် ချိန်ခါလီစခန်းကိုလည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ စစ်တွေ၊ အငူမော်နှင့် မောင်တောကြား ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ခဲ့၏။

တချိန်တည်းတွင် နိုဝင်ဘာ ၁၄ ရက်နေ့၌ ပလက်ဝမြောက်ဘက်ရှိ တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်းစခန်းကြီး နှစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက်သည်ဟု ထုတ်ပြန်သည်ကို တွေ့ရ၏။ နိုဝင်ဘာ ၁၆ ရက်နေ့တွင် မောင်တောမြောက်ဘက်ရှိ ဒုံးညိုစခန်းအား တိုက်ခိုက်သိမ်းရရှိခဲ့သည်။
AA သည် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းမှ နယ်ခြားစောင့်စခန်း သုံးခုဖြစ်သည့် ခထီးလှနယ်ခြားစောင့်စခန်း၊ ကျွန်းပေါက်နယ်ခြားစောင့်စခန်းနှင့် တောင်ဘဇားနယ်ခြားစောင့်စခန်းတို့ကို နိုဝင်ဘာ ၁၈ ရက်တွင် စတင် တိုက်ခိုက်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင်မှ ခထီးလှစခန်းအား သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။
နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်တွင် တိုက်ပွဲများစပြီးနောက် ရှမ်းမြောက်တွင်ကဲ့သို့ စစ်ရေးအရ စခန်းအတော်များများကို အလျင်အမြန် တိုက်ခိုက်သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း AA က အဓိကထား တိုက်သည်မှာ ပလက်ဝမြောက်ဘက်ရှိ တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း ပင်မစခန်းကြီးများဖြစ်ရာ အချိန်တခုပေး၍ တိုက်ခိုက်ခဲ့ရသည်။
ဤကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရ၏။
နိုဝင်ဘာလ ၁၃ ရက်နေ့ ရခိုင်တွင် တိုက်ပွဲများစပြီးနောက် ရှမ်းမြောက်တွင်ကဲ့သို့ စစ်ရေးအရ စခန်းအတော်များများကို အလျင်အမြန် တိုက်ခိုက်သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း AA က အဓိကထား တိုက်သည်မှာ ပလက်ဝမြောက်ဘက်ရှိ တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း ပင်မစခန်းကြီးများဖြစ်ရာ အချိန်တခုပေး၍ တိုက်ခိုက်ခဲ့ရသည်။
တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်များအား စတင်တိုက်ခိုက်ပြီး မကြာခင် မုန်တိုင်းသက်ရောက်မှုကြောင့် ရခိုင်မြောက်ပိုင်းတွင် မိုးရွာသွန်းခဲ့သဖြင့် ထိုးစစ်ဆင်သည့် AA တပ်များ ခေတ္တမျှ အခက်အခဲတွေ့ခဲ့၏။
ဒုတိယကြုံရသည့်ပြဿနာမှာ စစ်တပ်သည် စခန်းငယ်အတော်များများကို ရုပ်သိမ်းပြီး စခန်းကြီးများနှင့် ပေါင်းလိုက်၏။ ရုပ်သိမ်းလိုက်သည့် စခန်းပေါင်းမှာ အစောပိုင်းတွင် ၄၀ ခန့်ရှိပြီး ယခုအခါ ၁၀၀ ခန့် ရှိသည်ဟု သိရ၏။ ရုပ်သိမ်းလိုက်သည့် အချို့စခန်းများမှာ သိပ်ငယ်လှသည်တော့ မဟုတ်ပေ။ ဥပမာ မြောက်ဦးနှင့် ကျောက်တော်ကြားရှိ တိုက်နယ်အဆင့် တိမ်ညိုရဲစခန်းသည် ရဲအပြင် စစ်သားပါ အားဖြည့်ထားသော စခန်းဖြစ်၏။
ထိုစခန်းအား ဆုတ်ခွာပေးပြီး လင်းမြွေတောင်တွင် သွားပေါင်းသည်။ အင်အား ၅၀ ခန့် စခန်းအား ဖယ်ပေးပြီး လင်းမြွေတောင်တွင် အင်အားရာချီ၍ စုစည်းကာ ခံစစ်ဆင်ရန် ပြင်ဆင်သည်ကို တွေ့ရ၏။ အင်အား ၄၀၊ ၅၀ ခန့်သာရှိသော စခန်းများကိုပင် စစ်တပ်က စိတ်မချဘဲ အင်အား ၁၀၀ ခန့် စုစည်း၍ ခံစစ်ပြင်သည်ကို တွေ့ရ၏။ AA မှ ထိုးစစ်ဆင်လာပါကလည်း ခုခံနိုင်လိမ့်မည် သို့မဟုတ် ခက်ခက်ခဲခဲ တိုက်ရမည်ဟု ခန့်မှန်းထားပုံရ၏။
သို့နှင့် AA သည် စခန်းငယ် ၁၀၀ ခန့်ကို တိုက်စရာမလိုဘဲ သိမ်းပိုက်နိုင်ခဲ့သော်လည်း ရာနှင့်ချီ၍ အင်အားစုထားသည့် စခန်းကြီးများကို ခက်ခက်ခဲခဲ ပေးဆပ်၍ တိုက်ပွဲဝင်ရတော့၏။
တရွန်အိုင်၊ နှုံးဘူးနှင့် ရှင်းလက်ဝ
ပလက်ဝ၏မြောက်ဘက် ကုလားတန်မြစ်တလျှောက် တည်ဆောက်ထားသည့် စစ်တပ်၏ ဗျူဟာစခန်းကြီးများ ဖြစ်၏။ တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝ ဗျူဟာကုန်းများသည် ပလက်ဝမြောက်ဘက် နယ်စပ်နှင့် အိန္ဒိယ ဖောက်လုပ်နေသည့် ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ရန် အရေးပါသည့် ဗျူဟာကုန်းများ ဖြစ်၏။
အဆိုပါဗျူဟာကုန်းများအား ရွာကြီးတရွာထက်ပင် ကြီးမားကျယ်ဝန်းအောင် တည်ဆောက်ထားသည်ကို တွေ့ရ၏။ ရဟတ်ယဉ်ဆင်းသည့်ကွင်းများ ထည့်သွင်းတည်ဆောက်ထားသကဲ့သို့ ဟောင်ဝစ်ဇာအမြောက်ကြီးများပါ အထိုင်ချထားသည့် အရေးပါသော စခန်းကုန်းများဖြစ်၏။

တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း နှစ်ခုအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် AA က စတင် ထိုးစစ်ဆင်သည့်အခါ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အများအပြား အသုံးပြုပြီး စစ်တပ်က ခုခံခဲ့ကာ AA ဖက်ကလည်း ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့ကြသည်။ ကြီးမားသော ဗျူဟာကုန်းများဖြစ်၍ သိမ်းပိုက်ရန် မလွယ်ကူပေ။
ဤသို့ တရွန်အိုင်၊ နှုံးဘူးတို့တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြစဉ်အတွင်း စစ်သံပေးလာသည်နှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ချသူများ ပေါ်ပေါက်လာသည်။ အထူးသဖြင့် ရဲများ စတင် လက်နက်ချ၏။ နေရာအနှံ့မှ ရဲများ ကူးပြောင်းကြ၊ လက်နက်ချကြသည်။ အထင်ကရ လက်နက်ချသွားသည်မှာ ပေါက်တောမြို့မရဲစခန်း ဖြစ်၏။ ပေါက်တောတွင် စစ်တပ် အခြေစိုက်တပ်စွဲထားခြင်း မရှိဘဲ ရဲစခန်းသာရှိ၏။
တရွန်အိုင်နှင့် နှုံးဘူး ဗျူဟာကုန်း နှစ်ခုအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် AA က စတင် ထိုးစစ်ဆင်သည့်အခါ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အများအပြား အသုံးပြုပြီး စစ်တပ်က ခုခံခဲ့ကာ AA ဖက်ကလည်း ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့ကြသည်။ ကြီးမားသော ဗျူဟာကုန်းများဖြစ်၍ သိမ်းပိုက်ရန် မလွယ်ကူပေ။
ရဲသာရှိသောမြို့တွင် ရဲများ လက်နက်ချပြီးနောက် ကျန်စစ်ကောင်စီ အုပ်ချုပ်ရေးရုံးများသည်လည်း အလံဖြူထောင်လိုက်ရတော့၏။ AA က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပေါက်တောအား သိမ်းပိုက်နိုင်ခဲ့ပြီဟု သတင်းထွက်ပေါ်လာ၏။ သို့နှင့် ဤသတင်းသည် ထိပ်တန်းသတင်းဖြစ်သွား၏။ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် တမြို့အား သိမ်းပိုက်လိုက်ခြင်းသည် အားလုံး စိတ်ဝင်စားဖွယ်ဖြစ်သွားပြီး စစ်ကောင်စီအတွက် အရှက်ရဖွယ်ဖြစ်သွားခဲ့၏။ ရဲများ လက်နက်ချကြသည့်အထဲတွင် ပေါက်တောရဲစခန်း လက်နက်ချခြင်းသည် မြို့အုပ်ချုပ်ရေးပါ ပျက်ပြားသွား၍ ရိုက်ခတ်မှုကြီး၏။
ပေါက်တောတိုက်ပွဲ
ပေါက်တောမြို့သည် ရခိုင်ပြည်နယ် ကုလားတန်နှင့် လေးမြို့မြစ်ဝှမ်းပေါ်က မြို့တမြို့ဖြစ်၏။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သည့် အားလျော်စွာ မြစ်လက်တက်၊ ချောင်းလက်တက် များပြားခြင်းကြောင့် သွားလာဆက်သွယ်ရေး ခက်ခဲသည်။ စစ်တပ်အခြေပြုရန် ခက်ခဲသဖြင့် AA က အထူးဒေသတခုအဖြစ်သာ သတ်မှတ်ပြီး ULA/AA စည်းရုံးရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အထူးအဖွဲ့ငယ်တခုသာ စေလွှတ်ထားသည့် မြို့နယ်ဖြစ်၏။ AA ဖွဲ့စည်းထားသည့် စစ်ဒေသများတွင် ပေါက်တောမြို့နယ် မပါဝင်ဘဲ AA တပ်များ အလုံးအရင်းနှင့် လှုပ်ရှားမှုမရှိပေ။
AA ၏ စစ်ရေးလှုပ်ရှားမှုကို မပြတ်ထောက်လှမ်းနေသော စစ်တပ်ကလည်း ထိုအခြေအနေကို ကောင်းစွာသိပုံရ၏။ AA တပ်ဖွဲ့ အင်နှင့်အားနှင့် လှုပ်ရှားမှုမရှိသော၊ တပ်အခြေချခြင်းမပြုသော၊ သွားလာရေးခက်ခဲသော ပေါက်တောမြို့တွင် စစ်တပ်ချထားခြင်းမရှိပေ။

ရဲများလက်နက်ချပြီး ပေါက်တောမြို့ကို AA က သိမ်းပိုက်လိုက်သည့် သတင်းထွက်ပေါ်လာပြီးနောက် စစ်တပ်သည် ပေါက်တောအား လေကြောင်းမှလည်းကောင်း၊ ရေတပ်သင်္ဘောများစေလွှတ်၍လည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် အမြန်ယာဉ်များဖြင့် ရဲနှင့်စစ်သား စစ်ကူအင်အား ၂၀၀ ကျော် ပို့ဆောင်ပြီး ပေါက်တောအား ပြန်လည်စစ်ဆင်ခဲ့သည်။
ရခိုင်မြောက်ပိုင်းဒေသစခန်းများ အတိုက်ခံရစဉ်က မြေပြင်စစ်ကူ မည်သည့်နေရာမှ မပေးသည့် စစ်တပ်သည် ပေါက်တောတွင် AA တပ်ဖွဲ့ အများအပြားမရှိဟူသည့် သတင်းအပေါ်အခြေပြုပြီး ထိုနေ့တွင်ပင် ရဲရဲတင်းတင်း စစ်ကူစေလွှတ်ပြီး ပေါက်တောကို ချက်ချင်း ပြန်သိမ်းပိုက်လိုက်ပြီဟု ကြေညာခဲ့၏။
AA က လက်နက်ချအညံ့ခံသူများကို အသက်ချမ်းသာပေးပြီးနောက် တယောက်လျှင် ခရီးစရိတ် ငွေကျပ် ၁၀ သိန်းစီပေး၍ ၎င်းတို့သွားလိုရာသို့ လုံခြုံစွာ ပို့ထားပြီး စစ်တပ်ဝင်လာသောအခါ ရှောင်ပေးခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။ သို့သော် စစ်တပ်သည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂၀ ကျော်ခန့် အသတ်ခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
AA က လက်နက်ချအညံ့ခံသူများကို အသက်ချမ်းသာပေးပြီးနောက် တယောက်လျှင် ခရီးစရိတ် ငွေကျပ် ၁၀ သိန်းစီပေး၍ ၎င်းတို့သွားလိုရာသို့ လုံခြုံစွာ ပို့ထားပြီး စစ်တပ်ဝင်လာသောအခါ ရှောင်ပေးခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိပေ။ သို့သော် စစ်တပ်သည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး အရပ်သား ၂၀ ကျော်ခန့် အသတ်ခံရသည်
ပေါက်တောမြို့သူမြို့သား အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ပြေးမလွတ်ဘဲ မြို့ထဲတွင် ပိတ်မိနေကြသည့် သံဃာတော်များ၊ ကျောင်းဆရာမ အပါအဝင် လူရာနှင့်ချီ၍ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့၏။ ပေါက်တောမြို့အတွင်း နေရာအချို့နှင့် လောကထိပ်ပန်ဘုရားကုန်းတို့၌ စစ်ကောင်စီတပ်များ တပ်စွဲထားခဲ့၏။ ပေါက်တောမှ အရပ်သားများအား စစ်တပ်က သတ်ဖြတ်ခဲ့သည့်အပြင် လူရာနှင့်ချီ၍ ဓားစားခံပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ခဲ့၏။
မြန်မာစစ်တပ်အမှား
ပေါက်တော ဖြစ်စဉ်အပါအဝင် နေရာတိုင်းတွင် စစ်တပ်သည် နိုင်ငံရေးအမှားရော စစ်ရေးအမှားပါ ကျူးလွန်ခဲ့၏။ နိုင်ငံရေးအမှားမှာ ရခိုင်လူထုအား ပစ်မှတ်ထား၍ တိုက်ခိုက်သတ်ဖြတ်ကြောင်း AA နှင့် ရခိုင်လူထု၏ စက်ဆုပ်ရွံ့ရှာခြင်းကို ခံခဲ့ရသည့်အပြင် AA နှင့် ရခိုင်လူထု၏ နာကျည်းမှုနှင့် တိုက်စိတ်ခိုက်စိတ်ကို မြှင့်တင်ပေးခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းစကတည်းက “ခပ်ကြမ်းကြမ်းလေး လုပ်လိုက်ရင် ကြောက်သွားလိမ့်မည်”ဟု ယူဆသော ညံ့ဖျင်းပြီး သေးသိမ်သည့် ဆင်ခြင်တုံတရားမဲ့မှုသည် စစ်တပ်အား ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့ ဖြစ်စေခဲ့၏။
စစ်ရေးအရအမှားမှာ အင်အား ရာဂဏန်းစုစည်းပြီး အခိုင်အမာ ဘန်ကာ၊ ကတုတ်ကျင်းများအတွင်းမှ ခုခံနေသည့် ဗျူဟာကုန်းများကို AA က အလွယ်တကူ မသိမ်းပိုက်နိုင်သည့်အပေါ် စစ်တပ် စိတ်ကြီးဝင်သွားပုံရ၏။ ထို့ပြင် ပေါက်တောတွင် AA အင်ကြီးအားကြီး မရှိဟု တွက်ဆပြီး အင်အားသုံး ဖြဲခြောက်ရန် စစ်တပ်က စီစဉ်ခဲ့ခြင်းသည် တဖက်က စစ်ရေးအမှားတခုကို ကျူးလွန်ခဲ့၏။ ထိုအချက်မှာ စစ်တပ်စစ်ကြောင်းသည် အခိုင်အမာ ခံကတုတ်တွင်းမှ ထွက်လာပြီး လှုပ်ရှားစစ်ကြောင်း ဖြစ်သွားခြင်းဖြစ်၏။ ပေါက်တောရှိ ဘုရားကုန်းနှင့် နေရာအနှံ့ ဖြန့်ခွဲ တပ်စွဲသော်လည်း အခိုင်အမာ ခံစစ်စခန်းများကဲ့သို့ အရံအတားနှင့် အခိုင်အမာ ဘန်ကာကတုတ်များ မရှိပေ။ AA အနေနှင့် ချေမှုန်းတိုက်ခိုက်ရန် လွယ်ကူသွားပြီဖြစ်၏။
ထို့ပြင် AA စစ်အင်အားများသည် ပေါက်တောမြို့နယ်တွင် မရှိသော်လည်း ကပ်လျက် နယ်မြေများဖြစ်သည့် မြောက်ဦးနှင့် မင်းပြားနယ်မြေများတွင် ရှိ၏။ ပင်လယ်ကမ်းရိုးတန်းတွင် ကြီးပြင်းလာသော ရခိုင်သားတို့၏ ရေကြောင်း၌ ကျွမ်းကျင်စွာ သွားလာနိုင်မှုကို မြန်မာစစ်တပ် လျှော့တွက်ခဲ့သည်မှာ အမှားကြီး မှားသွားခဲ့၏။
ပေါက်တောမြို့တွင် အရပ်သားများအား သတ်ဖြတ်သွားသော စစ်ကောင်စီတပ်ဖွဲ့အပေါ် လက်စားချေ တိုက်ခိုက်သွားမည်ဟု AA က ထုတ်ပြန်ပြီးနောက် ငါးရက်ခန့်အကြာ တိုက်ပွဲ ဖော်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်တွင် ပေါက်တောမြို့အတွင်း နေရာအချို့နှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် တပ်စွဲထားသော မြန်မာစစ်တပ်အား AA က ဝင်ရောက်တိုက်ခိုက်ခဲ့၏။
နိုဝင်ဘာလ ၂၁ ရက်တွင် စစ်တပ်အခြေပြုထားသော သုံးနေရာမှ စစ်ကောင်စီတပ်သား ၃၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ နိုဝင်ဘာ ၂၂ ရက်တွင် ပေါက်တောမြို့တွင်း သုံးနေရာမှ စစ်သား ၁၈ ဦးကို ထပ်မံရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့အား ထပ်မံ သိမ်းဆည်းရရှိခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းဆရာမများအပါအဝင် ၁၂၀ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သက်ကြီးရွယ်အိုများအပါအဝင် ၁၀၄ ဦးအား ကယ်ထုတ်ကာ ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့၏။ နှစ်ရက်အတွင်း ၂၀၀ ကျော် ကယ်ထုတ်နိုင်ခဲ့ပြီး စစ်တပ်မှ အင်အား ၅၀ ခန့်အား ချေမှုန်းသုတ်သင်ကာ လက်နက်များ သိမ်းဆည်းနိုင်ခဲ့၏။ ထို့ကြောင့် စစ်ကောင်စီ ဖမ်းဆီးထားသော ပေါက်တောပြည်သူများထဲမှ AA က ကယ်ထုတ်ထားသည့် အရေအတွက်မှာ စုစုပေါင်း ၃၀၆ ဦးထက်မနည်းရှိပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် အရပ်သားများကိုလည်း ကယ်ထုတ်သွားမည်ဟု AA က ဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းဆရာမများအပါအဝင် ၁၂၀ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သက်ကြီးရွယ်အိုများအပါအဝင် ၁၀၄ ဦးအား ကယ်ထုတ်ကာ ဘေးလွတ်ရာသို့ ပို့ဆောင်နိုင်ခဲ့၏။
နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ယနေ့အထိ ပေါက်တောမြို့ကို စစ်ကောင်စီသည် ရေတပ်ရေယာဉ် အနည်းဆုံး လေးစီး၊ လေယာဉ်များ တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ပစ်ကူပေးတိုက်ခိုက်သည့်သာမက စစ်တွေ အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများနှင့်ပါ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် နိုဝင်ဘာ ၂၁ ရက်နေ့မှ နေ့စဉ် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
ပစ်ကူသော်လည်း စစ်ကူမလာ
သို့သော် မြေပြင်မှ မည်သည့်စစ်ကူမှ ထပ်မံစေလွှတ်ခဲ့ခြင်း မရှိပေ။
တရွန်အိုင်၊ နှုံးဘူး၊ ခထီးလှ စသည့် မြောက်ပိုင်းမှ ခံစစ်စခန်းများ မဆိုထားနှင့် စစ်တွေ ရေချမ်းပြင် တဖက်ကမ်းရှိ ဒုံပိုက်၊ ချိန်ခါလီ စခန်းများ အတိုက်ခံရစဉ်ကလည်း စစ်တပ်သည် စစ်ကူပို့ပေးနိုင်ခြင်း မရှိပေ။
နိုဝင်ဘာ ၁၆ ရက်နေ့ ပေါက်တောသို့ မြန်မာစစ်တပ် စစ်ကူလွှတ်သည်မှာ ပေါက်တောတွင် AA တပ်အင်အား များများစားစား မရှိဟု ယူဆထား၍ ဖြဲခြောက်ရန် စေလွှတ်လိုက်ခြင်းဖြစ်၏။ နိုဝင်ဘာ ၂၁ ရက်နေ့တွင် AA မှ အင်အားစုစည်းပြီး ပေါက်တောသို့ ဝင်ရောက်တိုက်ခိုက်သည့်အခါ မြေပြင်စစ်ကူ ရဲရဲတင်းတင်း စေလွှတ်ခြင်း မရှိတော့ပေ။
လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် မြို့ကို ပစ်ခတ်ဖျက်ဆီးနေသည်ကိုသာ တွေ့ရ၏။ သို့သော်လည်း ပေါက်တောသို့ လာရောက်ရမ်းကားသည့် စစ်သားနှင့်ရဲများ အရှင်ထွက် ထွက်ရန် ခက်ခဲသွားပြီဖြစ်၏။ ဒီဇင်ဘာလ ၁၀ ရက်နေ့ သတင်းများအရ ပေါက်တောသို့ ဝင်ရောက်လာခဲ့သည့် စစ်သားနှင့်ရဲ အင်အား ၁၈၀ ခန့်အနက်မှ ၁၀၀ ကျော်ခန့်ချေမှုန်းခံခဲ့ရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ AA တပ်ဖွဲ့က ရခိုင်တွင် စစ်ဆင်ရေးများ စတင်ပြီးနောက် စစ်ရေးအောင်ပွဲများကို ဆက်တိုက် မျှော်လင့်နေကြသော်လည်း ဗျူဟာကုန်းကြီးများအား သိမ်းပိုက်မရသေးဘဲ အထနှေးနေစဉ် ပေါက်တောတိုက်ပွဲသည် ရခိုင်စစ်ပွဲအတွက် အလှည့်အပြောင်းတခု ပေးလိုက်သည်။ ရခိုင်စစ်မြေပြင်အား အပြောင်းအလဲတခုဖြင့် လှုပ်နှိုးလိုက်သည်ကို တွေ့ရ၏။ သိသာထင်ရှားသည့် စစ်ရေးအောင်ပွဲတခုကို ပေးလိုက်ပြီး စစ်တွေအခြေစိုက် မြန်မာစစ်တပ် တိုင်းစစ်ဌာနချုပ်အား ခြိမ်းခြောက်လိုက်သည်။
စစ်တပ်အဖို့ ရှမ်းမြောက်စစ်ပွဲအား တပ်ရင်း ၃၀ ခန့် ထုတ်နုတ်ပို့ပြီး ဖြစ်သဖြင့် အနောက်ဖက် ရခိုင် စစ်မျက်နှာသို့ ထပ်မပို့နိုင်ပေ။ ကျန်သည့် စစ်တိုင်းများကို လေကြောင်းပစ်ကူမှအပ ထပ်မံ အင်အားပို့နိုင်ခြင်း မရှိသလို လေကြောင်းပစ်ကူအပြင်၊ ရေကြောင်းပစ်ကူနှင့် ရေကြောင်းထောက်ပို့ပါရှိသော ရခိုင်စစ်မျက်နှာသို့ စစ်ကူတပ် ထပ်ပို့ဖွယ် မရှိပေ။
ထို့ကြောင့်လည်း ပေါက်တောတိုက်ပွဲ စပြီးမကြာမီ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်ညတွင် စစ်တွေ၊ ရေချမ်းပြင် တဖက်ကမ်းရှိ ရသေ့တောင်မြို့နယ်အတွင်းမှ အငူမော် နယ်ခြားစောင့်စခန်းနှင့် တောင်ဦး စစ်တပ်စခန်းနှစ်ခုမှ စုစုပေါင်းအင်အား ၂၀၀ ကို ပြန်လည်ရုပ်သိမ်းပြီး စစ်တွေလုံခြုံရေးအတွက် အားဖြည့်သည်ကို တွေ့ရ၏။
စစ်တပ်အဖို့ ရှမ်းမြောက်စစ်ပွဲအား တပ်ရင်း ၃၀ ခန့် ထုတ်နုတ်ပို့ပြီး ဖြစ်သဖြင့် အနောက်ဖက် ရခိုင် စစ်မျက်နှာသို့ ထပ်မပို့နိုင်ပေ။ ကျန်သည့် စစ်တိုင်းများကို လေကြောင်းပစ်ကူမှအပ ထပ်မံ အင်အားပို့နိုင်ခြင်း မရှိသလို လေကြောင်းပစ်ကူအပြင်၊ ရေကြောင်းပစ်ကူနှင့် ရေကြောင်းထောက်ပို့ပါရှိသော ရခိုင်စစ်မျက်နှာသို့ စစ်ကူတပ် ထပ်ပို့ဖွယ် မရှိပေ။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တွေတဖက်ကမ်း ပုဏ္ဏားကျွန်းမြို့နယ်တွင်းရှိ ရဲရိုးပြင်ရွာမှ အိမ်ခြေ ၁၃၀ ခန့်နှင့် ခမောင်းတောကျေးရွာမှ အိမ်ခြေ ငါးလုံးခန့်အား စစ်တွေအခြေစိုက် ခလရ ၂၃၀ က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရ၏။ စစ်တွေမြို့ အတိုက်ခံရမည်စိုးရိမ်သဖြင့် AA ချဉ်းကပ်လာနိုင်သည့် နေရာများကို ရှင်းလင်းခြင်း ဖြစ်ပုံရ၏။ ထို့ပြင် ပတ်ဝန်းကျင်ကျေးရွာများအား လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း ပြုလုပ်ကြ၏။ စစ်တွေ အတိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်ကို မြင်တွေ့ရ၏။
တရွန်အိုင်နှင့် နှုံးဘူး ကျပြီ
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော “တရွန်အိုင်ဗျူဟာ” စခန်းကုန်းကြီးတခုလုံးအား ၂၁ ရက်ကြာတိုက်ခိုက်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်းကောင်း၊ “နှုံးဘူးဗျူဟာကုန်း” အား AA သည် ထိုးစစ် ၂၇ ရက်မြောက်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညတွင်လည်းကောင်း အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ စစ်တပ်၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံသည့်ကြားမှ ရယူသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။
တရွန်အိုင်နှင့်နှုံးဘူး ဗျူဟာကုန်းများ ကျသွားခြင်းသည် ရခိုင်စစ်ပွဲအတွက် အလှည့်အပြောင်းတခု ဖြစ်၏။ ပလက်ဝ မြောက်ဘက်နှင့် အိန္ဒိယနယ်စပ်ကြားတွင် ရှင်းလက်ဝ ခေါ် ချင်းလက်ဝ ဗျူဟာစခန်းသာ ကျန်တော့သည်။ ရှင်းလက်ဝဗျူဟာအားလည်း ဒီဇင်ဘာ လဆန်းကတည်းက AA ၏ မဟာမိတ်ဖြစ်သည့် မရာလန်းကာကွယ်ရေးတပ်ဖွဲ့က ဝိုင်းပတ်ထားပြီး နှုံးဘူးဗျူဟာကုန်း ကျပြီးနောက် AA နှင့် ပူးပေါင်း၍ စတင်ထိုးစစ်ဆင်သည်ကို တွေ့ရ၏။ ရှင်းလက်ဝစခန်း မကြာခင် ကျမည်ဆိုမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
တရွန်အိုင်၊ နှုံးဘူး၊ ရှင်းလက်ဝတို့ကို AA ထိန်းချုပ်နိုင်ခြင်းသည် ပလက်ဝ မြောက်ဘက်နှင့် အနောက်ဘက်ရှိ အိန္ဒိယနယ်စပ်တကြောကို ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။ ထို့ပြင် ထိုဒေသသည် ဘူးသီးတောင်၊ မောင်တော မြောက်ဘက်ရှိ AA ထိန်းချုပ်ရာ ဘင်္ဂလားနယ်စပ်တလျှောက်နှင့် တဆက်တစပ်တည်းဖြစ်ရာ အနောက်ဘက်ရှိ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် AA ထိန်းချုပ်ခွင့် ရရှိသွားပြီဖြစ်၏။
ဆက်စပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စစ်တကောင်းတောင်တန်း၌ မရမာ၊ ရခိုင်၊ မြို၊ သက္ကမ၊ ခူမီးလူမျိုးများ အများဆုံးနေထိုင်ရာ ရွာတော်ခရိုင်ရှိ၏။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကုလားတန်မြစ်ဖျားတွင် မရာလူမျိုးအများဆုံး နေထိုင်ရာ စိုင်းဟခရိုင်ရှိ၏။ AA အတွက် သဘာဝ မဟာမိတ်များ ရရှိသွား၏။ AA အတွက် အခြေခံနေရာကောင်း ဖြစ်၏။
တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်းကြီးများကို AA မှ အနာခံတိုက်ခိုက်ခဲ့ခြင်းသည် ကြီးမားသော ရည်ရွယ်ချက်ရှိသည်။ ၎င်းမှာ AA ကိုသာမက ရခိုင်လူထုကိုပါ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီပါမကျန် ပိတ်ဆို့ဖြတ်တောက်ထားသည့် စစ်တပ်၏ ယုတ်မာကောက်ကျစ်သည့် အကြံဆိုးအားလည်း ရိုက်ချိုးလိုက်ခြင်းလည်းဖြစ်၏။
တရွန်အိုင်မှသည် ကျောက်တော်လမ်းကြောင်းသည် မူလကတည်းက အိန္ဒိယ မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်း ဖြစ်၏။ သို့ဖြစ်ရာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကုန်ပစ္စည်းများသည် မယူတောင်တန်း၊ ဩရမ၊ လောရမတောင်ကြောများကို ဖြတ်သန်း၍ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များမှသည် ရခိုင်ပြည်တွင်းသို့ စီးဆင်းနိုင်ပြီဖြစ်၏။ စခန်းကြီးများတွင်သာ စုစည်းထားသည့် စစ်တပ်သည် ပိတ်ဆို့ရန် နည်းလမ်းမရှိတော့ပေ။
ရခိုင်စစ်ပွဲစတင်ပြီး တလအကြာတွင် AA သည် စစ်တပ်၏ ဗျူဟာကုန်းကြီးများကို စွန့်လွှတ်စွန့်စား ပေးဆပ် တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည် ဖြတ်လေးဖြတ်အား စတင်ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်၏။
တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်းကြီးများကို AA မှ အနာခံတိုက်ခိုက်ခဲ့ခြင်းသည် ကြီးမားသော ရည်ရွယ်ချက်ရှိသည်။ ၎င်းမှာ AA ကိုသာမက ရခိုင်လူထုကိုပါ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီပါမကျန် ပိတ်ဆို့ဖြတ်တောက်ထားသည့် စစ်တပ်၏ ယုတ်မာကောက်ကျစ်သည့် အကြံဆိုးအားလည်း ရိုက်ချိုးလိုက်ခြင်းလည်းဖြစ်၏။
ထို့ပြင် တရုတ်နယ်စပ်ကဲ့သို့ မဟုတ်သည်မှာ ရခိုင်မှ မွတ်စလင်ဒုက္ခသည် သန်းနှင့်ချီ၍ လက်ခံထားသည့် ဘင်္ဂလားဒေ့ရှ်သည် စစ်ကောင်စီနှင့် ဆက်ဆံရေး ကောင်းလှသည် မဟုတ်ပေ။ AA က ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေးထူထောင်ရန် ခြေလှမ်းပြင်ထားသည့်အပြင် ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် ဒေသများတွင် မွတ်စလင်ပြဿနာကို အငြင်းပွားပြဿနာဖြစ်သည့် အခြေအနေမျိုး မဖြစ်ဘဲ မွတ်စလင်များကို အုပ်ချုပ်ရေးအတွင်း ထည့်သွင်းထားရာ ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ပြဿနာကို ဖြေရှင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် AA သည် မြန်မာစစ်ကောင်စီထက် ပို၍အလားအလာရှိသော အဖွဲ့အစည်းဖြစ်နေ၏။
အိန္ဒိအစိုးရအတွက် ယခုမှ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စတင်ဖောက်လုပ်ဆဲဖြစ်၍ တရုတ်ကဲ့သို့ နယ်စပ်ကုန်သွယ်ရေး အကျိုးအမြတ် ထိခိုက်မှုမရှိပေ။ အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်တပ်ဘက်သို့ ယိမ်းသည်ဟု ဆိုစေကာမူ သူ့နယ်စပ်လုံခြုံရေးအတွက် သူ့နယ်စပ်တွင် မရှိတော့သည့် မြန်မာစစ်တပ်ထက် AA ကို မျက်နှာမူရပေမည်။
အိန္ဒိယနယ်စပ်တလျှောက် အိန္ဒိယဗဟိုအစိုးရမှ ချုပ်ကိုင်ထားသည့် အာသံရိုင်ဖယ်တပ်ဖွဲ့က လုံခြုံရေးယူသည်ဖြစ်သော်လည်း မီဇိုရမ်ပြည်နယ်ကမူ ဖက်ဒရယ်ပြည်နယ် ဖြစ်သည့်အားလျော်စွာ တရုတ်နယ်စပ်ရှိ ပြည်နယ်များ၊ တိုင်းများထက် လုပ်ပိုင်ခွင့် ပိုသည်။ တရုတ်နယ်စပ်က တရုတ်အစိုးရလောက် ဖိအားရှိမည် မဟုတ်ပေ။
စစ်ရေးအကျိုးသက်ရောက်မှု
ရခိုင်တွင် AA စစ်ဆင်ရေး စတင်ကတည်းက တပ်စခန်းငယ် အတော်များများကို ဖြုတ်၍ ပူးပေါင်းကြသည်။ နှုံးဘူးဗျူဟာကုန်း ကျသွားပြီးနောက်တွင်လည်း လေးမြို့မြစ် အရှေ့ဘက်ကမ်းရှိ ပန်းမြောင်၊ အောင်မင်္ဂလာနှင့် တောင်ဖြူတောင်တို့မှ အင်အား ၁၀၀ ကျော်ကို ပြန်လည်ရုပ်သိမ်းပြီး မြောက်ဦးတွင် ပူးပေါင်းခဲ့၏။ ပန်းမြောင်မှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်အား AA မှ လမ်းဖြတ်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။ အင်အား အတန်ငယ်ရှိသော်လည်း အလှမ်းဝေးသည့် စခန်းများကိုပါ ဆုတ်သည်ကို တွေ့ရ၏။
AA ၏ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရခိုင် ၁၅ မြို့နယ်၊ ပလက်ဝ တမြို့နယ် စုစုပေါင်း ၁၆ မြို့နယ်မှ စစ်ကောင်စီ စစ်တပ်နှင့် ရဲတပ်စခန်းပေါင်း ၁၄၂ ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်၏။ စစ်ရေးလှုပ်ရှားမှု မရှိသည်မှာ ဂွနှင့် မာန်အောင်မြို့နယ် နှစ်ခုသာ ကျန်သည်။ စခန်း ၁၀၀ ကျော်မှာ တိုက်ခိုက်ခြင်းမပြုရဘဲ ဆုတ်ခွာသွားသည့် စခန်းများဖြစ်ကြ၏။
အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင် မြောက်ဘက်နှင့် ပလက်ဝ၏ အနောက်မြောက်ဘက် နယ်စပ်တလျှောက် စခန်းအားလုံး (တိုက်နေဆဲဖြစ်သည့် ရှင်းလက်ဝဗျူဟာ မှအပ) ကို AA က သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်အား ထိန်းချုပ်နိုင်ခဲ့၏။
ပလက်ဝမြို့နယ် မြောက်ဘက်တွင် ရှင်းလက်ဝ မှအပ စခန်းအားလုံးအား ထိန်းချုပ်ထားသကဲ့သို့ ပလက်ဝတောင်ဘက်ရှိ စခန်းအတော်များများအားလည်း သိမ်းပိုက်နိုင်ခဲ့သည်။ ပလက်ဝနှင့် ဆမီးကြား စခန်းများအားလည်း သိမ်းပိုက်ဖြတ်တောက်ထားခဲ့ပြီး ဆမီးဗျူဟာအား တိုက်ခိုက်နေ၏။
အဓိကအားဖြင့် မောင်တော၊ ဘူးသီးတောင် မြောက်ဘက်နှင့် ပလက်ဝ၏ အနောက်မြောက်ဘက် နယ်စပ်တလျှောက် စခန်းအားလုံး (တိုက်နေဆဲဖြစ်သည့် ရှင်းလက်ဝဗျူဟာ မှအပ) ကို AA က သိမ်းပိုက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်အား ထိန်းချုပ်နိုင်ခဲ့၏။
စစ်တပ်သည် ရခိုင်တွင် တမြို့နှင့်တမြို့ သွားလာရေးများကို ဖြတ်တောက်ထားသည် ဆိုသော်လည်း မြို့နှင့် စခန်းထိုင်နေရာအချို့တွင်သာ တပ်စွဲထားနိုင်ပြီး ကျန်သည့် ရခိုင်ကျေးလက် အများအပြားကို AA က ထိန်းချုပ်ထားနိုင်၏။
သို့ဖြစ်ရာ တဖက်ကကြည့်လျှင် စစ်ကောင်စီတပ်စခန်းနှင့် မြို့များကိုလည်း AA က ပြန်လည် ဖြတ်တောက်ပိတ်ဆို့ထားနိုင်၏။ အခြားမြို့ မဆိုထားနှင့် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းသို့ သွားမရပေ။ မင်းချောင်းတံတား ကျော်သည်နှင့် ကွမ်းတောင်၊ ဆင်အင်းကြီး၊ တောင်ပေါက်တို့တွင် AA က တပ်စွဲထား၏။ အခြားမြို့များတွင်လည်း အလားတူဖြစ်၏။
စစ်ကောင်စီတပ်များ လှုပ်ရှားရန်၊ ထောက်ပို့ရန်အတွက် ကားလမ်းကို အသုံးမပြုနိုင်ဘဲ ရေကြောင်းနှင့် လေကြောင်းကိုသာ အသုံးပြုနိုင်သည်။ တဖန် စစ်ကောင်စီတပ်များသည် ခံစစ်သေသာထိုင်နေပြီး စစ်ကြောင်းများ လှုပ်ရှားနိုင်ခြင်းမရှိ၍ ကျေးလက်ဒေသတွင် AA တပ်ဖွဲ့များ လွတ်လပ်စွာ လှုပ်ရှားနိုင်၏။
အနောက်ဘက် စစ်မျက်နှာ
ရခိုင်စစ်မျက်နှာဟုဆိုလျှင် ပေါက်တောတိုက်ပွဲတခုသာ နီးနီးစပ်စပ်ရှိကြပြီး တရွန်အိုင်၊ နှုံးဘူး ဗျူဟာကုန်း တိုက်ပွဲကြီးများမှာလည်း လက်လှမ်းမမီသည့် နေရာတွင်ရှိနေသည်။ သို့သော် ပလက်ဝမြို့နယ်တွင်းမှ ဗျူဟာကုန်းကြီး နှစ်ခုနှင့် စခန်းငယ်များကို သိမ်းပိုက်ခြင်း၊ ဘူးသီးတောင်၊ မောင်တောမြောက်ဘက်ရှိ စခန်းများကို သိမ်းပိုက်ခြင်းတို့ကြောင့် AA သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထိန်းချုပ်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်စခန်း အများအပြား ဆုတ်ခွာသွားခဲ့ရာ ရခိုင်စစ်ဆင်ရေးစသည့် တလအတွင်း စုစုပေါင်း စခန်း ၁၄၂ ခုအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်၏။
ထို့ကြောင့် တလခန့်အတွင်း နယ်စပ်အခြေခံဒေသ တည်ဆောက်၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်ကာ ရခိုင်ပြည်နယ်အနှံ့ကို ချိတ်ဆက်၍ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စသည့် ကုန်ပစ္စည်းရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေခဲ့သည်။ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်အား ကျော်လွှားဖြေရှင်းနိုင်တော့မည် ဖြစ်၏။
တလခန့်အတွင်း နယ်စပ်အခြေခံဒေသ တည်ဆောက်၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်ကာ ရခိုင်ပြည်နယ်အနှံ့ကို ချိတ်ဆက်၍ ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ စသည့် ကုန်ပစ္စည်းရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေခဲ့သည်။ စစ်ကောင်စီ၏ ဖြတ်လေးဖြတ်အား ကျော်လွှားဖြေရှင်းနိုင်တော့မည် ဖြစ်၏။
ဤအခြေခံပေါ်မှ AA ၏ စစ်ဆင်ရေးများသည် ရှေ့တဆင့် တိုးလာတော့မည်ဖြစ်၏။ လက်ရှိ တိုက်ခိုက်နေသည့် ရှင်းလက်ဝ (ပလက်ဝ)၊ ဆမီး (ပလက်ဝ)၊ ကဇုကိုင်း (အမ်း) နှင့် ပေါက်တောတိုက်ပွဲ၊ ရမ်းဗြဲတိုက်ပွဲများသာမက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲများ နေရာအနှံ့ တစတစတိုးပြီး ဖြစ်ပွားလာသည်ကို တွေ့ရ၏။
အရှိန်မြင့်လာမည့် နောက်ဆက်တွဲ တိုက်ပွဲကြီးများနှင့်အတူ အနောက်ဘက် စစ်မျက်နှာအား မကြာမီ ပြည်တွင်းပြည်ပမှ စိတ်ဝင်စားမှု မြင့်တက်လာမည်ကို တွေ့ရပေဦးမည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်
ဆမီးမြို့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ
ရခိုင်တိုက်ပွဲကာလ အရပ်သား ၁၈၀ နီးပါးကို စစ်ကောင်စီ ဖမ်းဆီးထား