• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း

by Ellen Ioanes
17 January 2024
in ဆောင်းပါး
A A
မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / AFP

9k
VIEWS
Share on FacebookShare on Twitter

မြန်မာမှ အင်အားကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီအကြား တိုတောင်းသော အပစ်အခတ်ရပ်စဲရေးသည် တရုတ်က တိုက်တွန်းသောကြောင့် ညှိနှိုင်းပြီး မကြာမီ နာရီပိုင်းအတွင်း ပျက်စီးသွားသည်။

မြန်မာစစ်ကောင်စီကို ညှိနှိုင်းတိုက်ခိုက်နေသည့် အဖွဲ့များအနက် တခုဖြစ်သော ညီနောင်မဟာမိတ် သုံးဖွဲ့သည် အပစ်အခတ်ရပ်စဲရန် တရုတ်ပြည်နယ်မြို့တော် ကူမင်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့က သဘောတူသည်။ ထိုအပစ်အခတ်ရပ်စဲရေး ပြဋ္ဌာန်းချက်သည် တရုတ်နှင့် နယ်နိမိတ်ထိနေသည့် ရှမ်းပြည်အတွက်သာ ဖြစ်ပြီး ထိုဒေသမှ တရုတ်အကျိုးစီးပွားများနှင့် အရပ်သားကို ကာကွယ်ရန် ရည်မှန်းသည်။

သို့သော် ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ပင် စစ်ကောင်စီတပ်သည် ထိုသဘောတူညီချက်ကို ချိုးဖောက်လိုက်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ ကြေညာချက် တစောင်အရ သိရသည်။ TNLA သည် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့နှင့်အတူ ညီနောင်မဟာမိတ် သုံးဖွဲ့တွင် ပါဝင်သည်။ စစ်ကောင်စီတပ်များသည် ရှမ်းပြည်မြောက်ပိုင်းမှ နေရာအများအပြားတွင် တိုက်ခိုက်မှုများ ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

စစ်တပ်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်ပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရခြင်းဖြစ်သည်။ လွန်ခဲ့သောလက ညှိနှိုင်းခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို နှစ်ဘက်လုံးက ချိုးဖောက်ခဲ့သည်ဟု ဖော်ပြကြပြီး ယခုသဘောတူညီချက်လည်း တည်မြဲမည် မဟုတ်ဟု လေ့လာသူအချို့က ယူဆသည်။

“နယ်စပ်က ဒီအုပ်စုသုံးခု၊ လက်နက်ကိုင်အဖွဲ့အစည်း သုံးခုဟာ တကယ်တော့ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ တရုတ်က ဖိအားအပြင်းအထန်ပေးလို့သာ ဝင်ဆွေးနွေးနေရတာ” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာအစီအစဉ် ဒါရိုက်တာ ဂျေဆင်တာဝါက Vox သို့ ပြောသည်။

“နယ်စပ်က ဒီအုပ်စုသုံးခု၊ လက်နက်ကိုင်အဖွဲ့အစည်း သုံးခုဟာ တကယ်တော့ ဒီဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ တရုတ်က ဖိအားအပြင်းအထန်ပေးလို့သာ ဝင်ဆွေးနွေးနေရတာ” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ မြန်မာအစီအစဉ် ဒါရိုက်တာ ဂျေဆင်တာဝါက Vox သို့ ပြောသည်။ “ဘယ်အဖွဲ့အစည်းကမှ ဒီအခြေအနေနဲ့ပတ်သက်ပြီး လေးနက်တဲ့တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ဖို့ ရည်မှန်းချက် မရှိကြတော့ ဒီအပစ်အခတ်ရပ်စဲရေးကလည်း အစကတည်းကကို မအောင်မမြင်ဖြစ်ဖို့ ရှိနေတယ်လို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များ / The Kokang

ထိုအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် အလွန်အရေးပါသော လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သော်လည်း မြန်မာနိုင်ငံ အခြားအစိတ်အပိုင်းများနှင့် သက်ဆိုင်ခြင်း မရှိပေ။ မြန်မာနိုင်ငံ အခြားနေရာများတွင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် စစ်ကောင်စီ၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များသည် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေသည်။ ၁၀၂၇ စစ်ဆင်ရေးသည် လွန်ခဲ့သောနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်သည့် ထိုးစစ်ဖြစ်သည်။

“အခြားအဖွဲ့တွေက ဒီသဘောတူညီချက်ဟာ သူတို့ကို သစ္စာဖောက်တာလို့ မြင်မှာ မဟုတ်ဘဲ တရုတ်ကိုပဲ ပိုမိုစိတ်ပျက်ကြမယ်။ ဘာကြောင့်လဲဆိုတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်က မောင်းထုတ်ရေးဆိုတဲ့ သူတို့ရဲ့ဦးတည်ချက်တွေ အကောင်အထည်ဖော်ရာမှာ တရုတ်က အတားအဆီး ပိုမိုဖြစ်လာနေလို့ ဖြစ်တယ်” ဟု မစ္စတာ တာဝါက ပြောသည်။

မူလအခြေအနေသို့ ပြန်မရောက်နိုင်တော့

အချိန်ကာလအနည်းငယ်မှအပ မြန်မာသည် လွတ်လပ်ရေးသမိုင်းတခုလုံး နီးပါးတွင် ရေရှည်ပြည်တွင်းစစ်နှင့် စစ်အုပ်ချုပ်ရေးကို ရင်ဆိုင်နေရသည်။ မြန်မာသည် ၂၀၁၀ ပြည့်နှစ်များတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ နှင့် ၂၀၂၀ တွင် ရွေးကောက်ပွဲများကျင်းပကာ ရွေးကောက်ပွဲများတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နိုင်သည်။

ရွေးကောက်ပွဲပြီးနောက် လွှတ်တော်ကို ပထမဆုံး ခေါ်ယူလိုက်သည့်နေ့တွင် စစ်တပ်က သမ္မတ ဦးဝင်းမြင့်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား NLD အဖွဲ့ဝင်များကိုပါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖမ်းလိုက်သည်။ စစ်အရာရှိဟောင်း ဦးမြင့်ဆွေ ခေတ္တသမ္မတဖြစ်လာပြီး အရေးပေါ်အခြေအနေ ကြေညာကာ နိုင်ငံအပေါ် ထိန်းချုပ်မှုကို စစ်တပ်ထံ လွှဲပေးလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာတွင် အသစ်အဆန်း မဟုတ်ပေ။ မြန်မာသည် လူမျိုးစု လွန်စွာကွဲပြားသောနိုင်ငံ ဖြစ်သော်လည်း လူများစု ဗမာများသည် စစ်တပ်နှင့် အစိုးရအပါအဝင် လူ့အဖွဲ့အစည်းတွင် အခွင့်ထူးခံများဖြစ်သည်။

တချိန်တည်းတွင် ပိုမိုသေးငယ်သော လူမျိုးစုများဖြစ်သည့် ရှမ်း၊ ကရင်နှင့် ရခိုင် စသည့် အုပ်စုများသည် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအောက်တွင် သာမက အာဏာရှင်စနစ်များအောက်တွင်ပါ ပြင်းထန်သော ခွဲခြားဆက်မှုများကို သမိုင်းနှင့်ချီ ရင်ဆိုင်ရသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) အများအပြားသည် ၎င်းတို့ဒေသများ သို့မဟုတ် လူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အစိုးရကို တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ပြင်းထန်သော ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသည်။ ထိုပဋိပက္ခသည် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများမှ စတင်သော်လည်း စစ်ကောင်စီက ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းသောအခါ နောက်ဆုံးတွင် PDF များ ဖွဲ့စည်းခြင်းနှင့် လက်နက်ကိုင်ပုန်ကန်မှုသို့ ဦးတည်သွားသည်။

ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် စစ်တပ်သည် တော်လှန်ရေးအဖွဲ့များနှင့် အရပ်သားများကို တိုက်ခိုက်ရန် မော်တာများ၊ မြေမြှုပ်မိုင်းများနှင့် ဒုံးကျည်များ အပါအဝင် ပစ်အားကို သိသိသာသာ အသုံးပြုသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း အရပ်သား ၆,၀၀၀ ကျော် တိုက်ပွဲများတွင် သေဆုံးကြောင်း အော်စလို ငြိမ်းချမ်းရေး သုတေသန အင်စတီကျုက ဖော်ပြသည်။ အောက်တိုဘာလ ၂ ရက်နေ့အထိ လူ ၂ သန်းနီးပါး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ကုသလမဂ္ဂက ဖော်ပြသည်။ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းတွင် ထိုအရေအတွက်သည် တိုး၍သာလာသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
392
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
192

၁၀၂၇ စစ်ဆင်ရေးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရပုံရှိပြီး မဟာမိတ်များ၊ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDFs များအကြား အံ့သြစရာကောင်းသည့် ညှိနှိုင်းမှုကို ပြသနေသည်။

၁၀၂၇ စစ်ဆင်ရေးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရပုံရှိပြီး မဟာမိတ်များ၊ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDFs များအကြား အံ့သြစရာကောင်းသည့် ညှိနှိုင်းမှုကို ပြသနေသည်။ ထိုကိစ္စသည် စစ်တပ်ခေါင်ဆောင်ပိုင်းကို တိုက်ခိုက်သည့်တိုက်ပွဲတွင် အသွင်သဏ္ဍန်သစ် ဖြစ်သည်ဟု ကျွမ်းကျင်သူများက Vox သို့ ပြောသည်။

“ဒီလို ပူးပေါင်းဆောင်ရွက်မှုအဆင့်က အရင်က မကြုံဖူးတာ မဟုတ်ပေမယ့် စစ်ဆင်ရေး အတိုင်းအတာနဲ့ လုပ်ဆောင်နိုင်စွမ်းက ကျနော် ဒါမျိုး တခါမှ မတွေ့ဖူးဘူး” ဟု ထိုင်းနိုင်ငံအခြေစိုက် လွတ်လပ်သော သုတေသီ ဒေးဗစ် မက်သီဆန်က Vox သို့ ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြောသည်။ “ဒါဟာ ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို ပြသနေတယ်လို့ ထင်တယ်” ဟုလည်း ပြောသည်။

တရုတ်ဘက်ခြမ်းမှ ရွှေလီမြို့ကို မြန်မာဘက်ခြမ်းမှ မြင်တွေ့ရစဉ် / ဧရာဝတီ

၎င်းတို့သည် ၂၀၀၉ ခုနှစ်ကတည်းက ပုံစံတမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်နေပြီး မကြာသေးမီကဆိုလျှင် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA) ကဲ့သို့သောအခြား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ကြကြောင်း ဒေးဗစ် မက်သီဆန်က ပြောသည်။

မြန်မာပြည်တွင်းစစ်တွင် တရုတ်အခန်းကဏ္ဍ

တရုတ်နိုင်ငံသည် ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ၎င်း၏နယ်စပ်ဒေသများမှ “ဝက်သားပေါ်သည်” ဆိုသည့် ငွေကြေးလိမ်လည်သော လုပ်ငန်းများအတွက် စိုးရိမ်ပူပန်မှု ကြီးမားလာသည်။ ထိုတရားမဝင် စီးပွားရေးလုပ်ငန်းကို တရုတ်ရာဇဝတ်ဂိုဏ်းများက စီမံပြီး တရုတ်အလုပ်သမားများကို အရှေ့တောင်အာရှသို့ အလုပ်ဖြင့် သွေးဆောင်ခေါ်ယူကာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှ ဝေးကွာသောနေရာများသို့ ဖမ်းဆီးခေါ်ဆောင်ပြီး ကျွန်အဖြစ် စေခိုင်းသည်။

ထိုနေရာများတွင် ၎င်းတို့သည် ကမ္ဘာတဝန်းမှ လူများကို သွေးဆောင်ပြီး ခရစ်ပတိုငွေကြေး လိမ်လည်မှုမှတဆင့် ငွေများကို ခိုးယူခိုင်းခံကြရသည်။ မကြာသေးမီလများအတွင်း ထိုကျူးလွန်သူများကို ဖမ်းဆီးပြီး တရုတ်သို့ လွှဲပြောင်းပေးရန် တိုင်းရင်းသား လက်နက်ကိုင်များကိုသာမက စစ်ကောင်စီကိုပါ တရုတ်က ဖိအားပေးသည်။

သို့သော် ရှမ်းပြည်နယ်သည် တရုတ်နယ်စပ်မှ လက်နက်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ငွေကြေးရရန် မှီခိုရသည့်နေရာ ဖြစ်သောကြောင့် ထိုနေရာကို ထိန်းချုပ်ရေးသည် တော်လှန်ရေး လှုပ်ရှားမှုအတွက် အရေးပါသည်ဟု မစ္စတာ တာဝါကပြောသည်။

ထို့အပြင် ရှမ်းပြည်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ခြင်းသည် ၎င်းတို့ အဟန့်အတားမရှိ လှုပ်ရှားနိုင်သော နယ်ပယ် ချဲ့ထွင်သည့်သဘောဖြစ်သည်ဟု မြန်မာမှ လွတ်လပ်သော သုတေသီ ကိုသီဟဝင့်အောင်က Vox သို့ မကြာသေးမီက ပြောသည်။ တရုတ်နှင့် ကုန်သွယ်ရေးအတွက် အရေးပါသော မြို့များဖြစ်သည့် လားရှိုးနှင့် မူဆယ်ကို စစ်တပ်က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း တော်လှန်ရေးအင်အားစုများက ဝိုင်းထားကြောင်း ၎င်းကပြောသည်။

သို့သော် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံသည် တရုတ်အတွက် သေနင်္ဂဗျူဟာအရ အရေးပါကြောင်း မစ္စတာ တာဝါကပြောပြီး တရုတ်သည် မြန်မာမှ ၎င်းတို့အကျိုးစီးပွားများ လုံခြုံရေးအတွက် စစ်တပ်နှင့် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုလုံး ပူးပေါင်းဆောင်ရွက်ခဲ့သည်။

“တရုတ်ဟာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ ပိုက်လိုင်းတွေ တည်ဆောက်ဖို့ စစ်တပ်နဲ့ အနီးကပ်ပေါင်းခဲ့တယ်။ အဲဒီပိုက်လိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေအတွက် တခုတည်းသော ဓာတ်ငွေ့ရင်းမြစ် ဖြစ်တယ်။ နောက်ပြီး မကြာသေးမီကအထိ အဲဒီပိုက်လိုင်းကို လုံခြုံရေး အဓိကပေးနေတာကလည်း စစ်တပ်ပဲဖြစ်တယ်”

“တရုတ်ဟာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ ပိုက်လိုင်းတွေ တည်ဆောက်ဖို့ စစ်တပ်နဲ့ အနီးကပ်ပေါင်းခဲ့တယ်။ အဲဒီပိုက်လိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွေအတွက် တခုတည်းသော ဓာတ်ငွေ့ရင်းမြစ် ဖြစ်တယ်။ နောက်ပြီး မကြာသေးမီကအထိ အဲဒီပိုက်လိုင်းကို လုံခြုံရေး အဓိကပေးနေတာကလည်း စစ်တပ်ပဲဖြစ်တယ်” ဟု မစ္စတာ တာဝါက Vox သို့ ပြောသည်။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးသန်းဆွေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ဘေဂျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံစဉ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆိုခဲ့သည်။

တရုတ်နှင့် အခြားအာရှနိုင်ငံများအား အာဖရိက၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းသို့ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းဆက်သွယ်ပေးသည့် မလက္ကာရေလက်ကြားအတွက်လည်း တရုတ်သည် မြန်မာကို မှီခိုနေရသည်။ ထိုကိစ္စသည် တရုတ်၏ စွမ်းအင်အတွက် အထူးအရေးပါသည်ဟု Carnegie Endowment for International Peace မှ အိန္ဒိယသမုဒ္ဒရာ အစီအစဉ် ဒါရိုက်တာ ဒါရှနာ ဘာရူအာက အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရှေ့မှောက်တွင် ယမန်နှစ် ဧပြီလက ပြောသည်။ “တရုတ်ကို ရေနံစိမ်းရောင်းသူ ၁၀ ဦးမှာ ကိုးဦးက အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရတယ်” ဟု ၎င်းက ပြောသည်။

တရုတ်သည် စစ်တပ်နှင့်သာမက တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပါ လုပ်ကိုင်နေသော်လည်း မြန်မာမှ အကျိုးစီးပွားများကို ကာကွယ်ရန် စစ်တပ်ကိုသာ မျှော်လင့်ထားပုံရသည်။ အာဏာလက်လွှတ်ရမည့် အခြေအနေရှိပြီး စီးပွားရေး စွမ်းဆောင်ရည် ကင်းမဲ့ကာ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေစေကာမူ တရုတ်က စစ်တပ်ကိုသာ မျှော်လင့်ချက်ထားနေခြင်းဖြစ်ကြောင်း မစ္စတာ တာဝါက ပြောသည်။

“တရုတ်က သူ့ကို အရမ်းမှီခိုနေရတဲ့ အင်အားနည်းတဲ့ စစ်တပ်၊ သူတို့မရနိုင်တဲ့ သဘောတူညီမှုတွေ ပေးနိုင်တဲ့ စစ်တပ်၊ သူ့အကျိုးစီးပွားတွေ လုံခြုံအောင်လို့ နောက်ဆုံးမှာ အိန္ဒိယသမုဒ္ဒရာက သူတို့ အကျိုးစီးပွားကို မြှင့်တင်ပေးဖို့ နယ်စပ်က ယုံကြည်ရတဲ့ အခြား EAOs တွေနဲ့အတူ တရုတ်နဲ့ အလုပ်လုပ်နိုင်တဲ့ စစ်တပ်ကို ပိုလိုလားတယ်” ဟု ၎င်းက Vox သို့ ပြောသည်။

အနာဂတ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို တရုတ်က ညှိနှိုင်းပေးလျှင်ပင် ထိုသဘောတူညီချက်များ ရေရှည်ခံမည့် အလားအလာမရှိဘဲ ကြိုမြင်နိုင်သည့် အနာဂတ်အတွင်း မြန်မာတွင် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်သည်ဟု ကိုသီဟဝင့်အောင်က ပြောသည်။ “စစ်ကောင်စီက မြန်မာမြို့တော် နေပြည်တော်မှာ အာဏာရနေသမျှ သူတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေ မငြိမ်းချမ်းဘူးဆိုတာကို EAOs တွေက ကောင်းကောင်း သဘောပေါက်တယ်” ဟု ၎င်းက ပြောသည်။

(Vox ပါ Ellen Ioanes ၏ What China wants out of Myanmar’s civil war ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEAOMNDAANLDPDFSliderTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးညီနောင်မဟာမိတ်အဖွဲ့ညှိနှိုင်းထိုးစစ်တရုတ်တရုတ်ရာဇဝတ်ဂိုဏ်းတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်တွင်းစစ်ပြည်တွင်းနေရပ်စွန့်ခွာသူများရင်းနှီးမြှုပ်နှံမှုအပစ်အခတ်ရပ်စဲရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အွန်လိုင်းငွေကြေးလိမ်လည်မှု
Ellen Ioanes

Ellen Ioanes

Ellen Ioanes သည် Vox ၏ သတင်းထောက်ဖြစ်ပြီး စစ်ရေးနှင့် ကမ္ဘာ့ပဋိပက္ခများကို အထူးပြုရေးသားသည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

တော်လှန်ရေး ဒီရေမြင့်လာချိန် ရန်ကုန်ကို မီးပေးရန် မင်းအောင်လှိုင် ကြိုးစား

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

ပဲခူးတိုင်းတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်ကောင်စီက အတင်းအကျပ် စုဆောင်းနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved