၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဗိုလ်ချုပ်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်စေသည့် လက်နက်ကိုင်အင်အားစု အများအပြားအပေါ် ဘေဂျင်းက ၎င်း၏သြဇာလွှမ်းမိုးမှုကို ကျင့်သုံးသောအခါ ကြီးထွားနေသည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွင် ဖြစ်နိုင်ခြေရှိသော ရလဒ်များကို ပုံဖော်ရာတွင် တရုတ်သည် မြန်မာကို သြဇာလွှမ်းမိုးနိုင်သည့် ပြည်ပ အင်အားကြီးနိုင်ငံ ဖြစ်လာသည်။
အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုဖြစ်သည့် ရက္ခိုင့်တပ်တော် (AA), မန်ဒရင်းစကားပြောသော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက လွန်ခဲ့သော ရက်များအတွင်း တွန်းအားပေးသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဖြင့် မြန်မာနိုင်ငံတဝန်းမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏တပ်များကို မြောက်ပိုင်းရှိ ကျယ်ပြန့်သောဒေသများမှ မောင်းထုတ်ပြီး ရာနှင့်ချီသော စစ်တပ်စခန်းများကို သိမ်းပိုက်ကာ တရုတ်အနီး နယ်စပ်ဂိတ်များကို ထိန်းချုပ်လိုက်ပြီးနောက် ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် တွန်းအားပေးခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် ၁၀၂၇ ထိုးစစ်ကို ဦးဆောင်သည့် AA, MNDAA, TNLA တို့၏ ညီနောင်မဟာမိတ် သုံးဖွဲ့တို့ အနောက်တောင်ပိုင်းမြို့ ကူမင်းတွင် ဆွေးနွေးပွဲအပြီးတွင် တရုတ်က အပစ်အခတ်ရပ်စဲရေး ကြေညာခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်ကထောက်ခံပြီး မြန်မာမှ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးမှုနှင့် အဆက်အသွယ်အတွက် ထောက်ခံပြီး အဆင်ပြေအောင် လုပ်ဆောင်ပေးသည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ မော်နင်က ဒီဇင်ဘာလ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြပြီး ယာယီ အပစ်အခတ်ရပ်စဲရန် သဘောတူကြောင်း အတည်ပြုသည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဖြင့် မြန်မာနိုင်ငံတဝန်းမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏တပ်များကို မြောက်ပိုင်းရှိ ကျယ်ပြန့်သောဒေသများမှ မောင်းထုတ်ပြီး ရာနှင့်ချီသော စစ်တပ်စခန်းများကို သိမ်းပိုက်ကာ တရုတ်အနီး နယ်စပ်ဂိတ်များကို ထိန်းချုပ်လိုက်ပြီးနောက် ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် တွန်းအားပေးခြင်းဖြစ်သည်။
ထိုအပစ်အခတ်ရပ်စဲရေးတွင် ဘေဂျင်းက အတိအလင်း ပါဝင်ပတ်သက်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုသာမက စစ်ကောင်စီကိုပါ လက်နက်ထောက်ပံ့ခြင်းတို့ကြောင့် မြန်မာမှ ဖရိုဖရဲအခြေအနေတွင် တရုတ်သည် လက်ရှိအချိန်အထိ သြဇာအကြီးမားဆုံး ပြည်ပပါဝင်ပတ်သက်သူ ဖြစ်လာသည်။ မြန်မာသည် အင်အားကြီးနိုင်ငံများ သြဇာလွှမ်းမိုးရန် အားပြိုင်နေသည့် သေနင်္ဂဗျူဟာကျသော နေရာတွင် တည်ရှိနေပြီး မြန်မာဗိုလ်ချုပ်များသည် ရုရှားနှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် ကြိုးစားနေသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် ဒီဇင်ဘာလအစောပိုင်းတွင် ဘေဂျင်းသို့ ရောက်လာသည်။
“စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဘေဂျင်းခရီးစဉ်အတွင်း တရုတ်ကို အကူအညီတောင်းပြီး တရုတ်အစိုးရနဲ့ MNDAA နဲ့ မဟာမိတ်တွေအကြား တွေ့ဆုံမှု အများအပြားနောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာတယ်” ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USPI) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။
ထောက်ပံ့စောင့်ရှောက်မှု ကွန်ရက်များ
ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကိုးကန့်ဒေသကို စုပေါင်းအုပ်ချုပ်သည့် မိသားစုကြီး ငါးခု အပါအဝင် မြန်မာစစ်တပ်၏ မိတ်ဘက်နှင့် ခရိုနီ ၁၀ ဦးကို ဘေဂျင်းက ဖမ်းဝရမ်းထုတ်ပြီးနောက် ရက်ပိုင်းအတွင်း အထက်ပါ အပစ်အခတ်ရပ်စဲခြင်း စတင်သည်။ ထိုသူများအနက် အထင်ရှားဆုံးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အဓိက မဟာမိတ် ပယ်ဆောက်ချိန်ဖြစ်ပြီး တရုတ် နယ်စပ်ဒေသများမှ တိုင်းရင်းသားများနှင့် ဗိုလ်ချုပ်များအကြား အဆက်အသွယ်နှင့် ထောက်ပံ့စောင့်ရှောက်မှုများကို ဖော်ပြသည့်လက္ခဏာ ဖြစ်သည်။
“အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေအတွက် တရုတ်က စစ်ကောင်စီကို တော်တော် စိတ်ပျက်နေတယ်။ တရုတ်မှာ မြန်မာဆိုရင် အွန်လိုင်းငွေကြေး လိမ်လည်မှုပဲလို့ မြင်ကြတယ်” ဟု တရုတ်အစိုးရနှင့် နီးစပ်သော ရင်းမြစ်တခုက Al Jazeera သို့ ပြောသည်။
“နယ်စပ်မှာမိတဲ့ တရုတ်နိုင်ငံသား လှိုင်းတွေကြောင့် ဘေဂျင်းက ဘယ်လောက် စိတ်ဆိုးတယ်ဆိုတာကို စစ်ကောင်စီက လျှော့တွက်ခဲ့တယ်” ဟုလည်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေအတွက် တရုတ်က စစ်ကောင်စီကို တော်တော် စိတ်ပျက်နေတယ်။ တရုတ်မှာ မြန်မာဆိုရင် အွန်လိုင်းငွေကြေး လိမ်လည်မှုပဲလို့ မြင်ကြတယ်” ဟု တရုတ်အစိုးရနှင့် နီးစပ်သော ရင်းမြစ်တခုက Al Jazeera သို့ ပြောသည်။
မင်းအောင်လှိုင်အာဏာသိမ်းမှု နောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးသည် အပြင်းထန်ဆုံး စိန်ခေါ်မှုဖြစ်ပြီး ဥပဒေမဲ့ နယ်စပ်ဒေသများတွင် မူးယစ်ဆေးနှင့် လူကုန်ကူးမှု မြင့်မားလာချိန်တွင် ဖြစ်ပွားသည်။ ထိုပြဿနာများသည် ဒေသတခုလုံးသို့ ရိုက်ခတ်မှုရှိသည်။
အာဏာသိမ်းပြီးနောက်တွင် မြန်မာသည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် ပိုမိုအထီးကျန်လာပြီး အရှေ့တောင်အာရှမှ အစဉ်အလာ မိတ်ဆွေများကပင် ဖယ်ထုတ်ခံရသဖြင့် ဗိုလ်ချုပ်များကို တရုတ်နှင့် ပိုမိုနီးစပ်စေသည်။
စစ်အာဏာသိမ်းမှုတွင် ဖယ်ရှားခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အဓိအားဖြင့်ပါဝင်သည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ထူထောင်ထားသော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဘေဂျင်းက လျစ်လျူရှုထားသည်။ NUG သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်သည့် အရပ်သားများဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် လေ့ကျင့်တိုက်ပွဲဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များကို ထူထောင်လိုက်သည်။
ယခုအခါ ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်သည့် MNDAA ကို အားလုံးက စောင့်ကြည့်နေကြသည်။ ထိုအဖွဲ့ကို ဖုန်ကြားရှင်က ထူထောင်ခဲ့ပြီး သူသည် ၂၀၀၉ ခုနှစ်တွင် မင်းအောင်လှိုင်နှင့် ပယ်ဆောက်ချိန်က ဖြုတ်မချမီ ကိုးကန့်ကို အုပ်ချုပ်သည့် အာဏာရှင်ဖြစ်ပြီး လွန်ခဲ့သောနှစ်တွင် ကွယ်လွန်သည်။
ထိုထိုးစစ်၏ သိသာမြင်သာသော အောင်မြင်မှုနှင့် ဗမာလွှမ်းမိုးသော ဒေသများမှ တိုက်ခိုက်ရေးသမားများ အပါအဝင် မြန်မာတနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများ၏ ယခင်မကြုံဖူးသည့် ပူးပေါင်းဆောင်ရွက်မှု အဆင့်တို့ကြောင့် MNDAA အနေဖြင့် စစ်ခေါင်းဆောင်ပိုင်းနှင့် မည်သည့် သဘောတူညီမှုမဆို လုပ်ရန် လွန်စွာခက်ခဲစေသည်ဟု တာဝါက ပြောသည်။
“MNDAA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားတပ်တွေက ဒီလိုစစ်မြေပြင်အောင်ပွဲရဖို့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြီးအကျယ် အားကိုးနေရတယ်” ဟု ၎င်းက ပြောသည်။ “ဒါကြောင့် စစ်ကောင်စီနဲ့ ဘာသဘောတူညီချက်မဆို MNDAA အတွက် မဟာမိတ် ဆက်ဆံရေးနဲ့ ကတိကဝတ်အရ တန်ဖိုးကြီးကြီးပေးရနိုင်တယ်” ဟုလည်း ရှင်းပြသည်။
မန္တလေးတိုင်းမှ PDFs များသည် ထိုးစစ်တွင် တိုက်ရိုက်ပါဝင်ပြီး စစ်ကောင်စီတပ်များ ပြန်လည် မဖြည့်တင်းနိုင်စေရန် ကုန်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်သိမ်းပိုက်ပြီး MNDAA အတွက် သယ်ယူပို့ဆောင်ရေး အထောက်အကူပေးသည်။ MNDAA သည် တရုတ်စကား မပြောတတ်သည့် တပ်မဟာတခုလုံးကိုပင် လေ့ကျင့် ထူထောင်ထားသည်။
“MNDAA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားတပ်တွေက ဒီလိုစစ်မြေပြင်အောင်ပွဲရဖို့ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးက ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြီးအကျယ် အားကိုးနေရတယ်”
ထိုဒေသကို ဆယ်စုနှစ် တခုကျော် ထိန်းချုပ်ခွင့်ပေးပြီးနောက် ပယ် မိသားစု၊ ဝေ မိသားစုနှင့် လျူမိသားစု နှစ်စု စသည့် မိသားစု လေးခုကို ဘေဂျင်းက ကျောခိုင်းလိုက်ခြင်းဖြစ်သည်။ မင် မိသားစုသည် မကြာသေးမီကမှ ထင်ရှားလာသည့် မိသားစုဖြစ်သည်။
ထိုမိသားစုများသည် လိင်၊ လောင်းကစား၊ မူးယစ်ဆေးနှင့် လိမ်လည်သည့် လုပ်ငန်းကွင်းဆက်များကို စုပေါင်းထူထောင်ထားသည်ဟု တရုတ်လိုလားသည့် HK01 ဝက်ဘ်ဆိုက်က ဖော်ပြသည်။
“အီလက်ထရွန်းနစ် လိမ်လည်မှုများကို တရုတ်က အပြင်းအထန် နှိမ်နင်းခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်ပွဲကြောင့် ကိုးကန့်ဒေသတွင် အမြစ်တွယ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော မိသားစုများ၏ ရာဇဝတ်လုပ်ငန်းများကို အမြစ်ဖြတ်နိုင်၊ မဖြတ်နိုင် ဆိုသည့်ကိစ္စသည် ပြင်ပကမ္ဘာမှ အထူးအာရုံစိုက်စရာ ဖြစ်နေသည်” ဟု တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတခုက ပိုင်ဆိုင်သည့် ဝက်ဘ်ဆိုက် HK01 က ဖော်ပြသည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်သည် ကိုးကန့်ခေါင်းဆောင်များနှင့် ပတ်သက်သည့် ရှုထောင့်အမြင် အကြီးအကျယ် ပြောင်းလဲလိုက်သည်။ ဒီဇင်ဘာလ ရောက်သောအခါ အထက်ပါ မိသားစု ငါးစုကို လူသိရှင်ကြား အပြင်းအထန် ဝေဖန်ပြီး ဖမ်းဆီးသည်။ ဆိုက်ဘာလိမ်လည်မှုဂိုဏ်းတခုကို ဦးဆောင်သည်ဟု စွပ်စွဲခံရသည့် မင်မိသားစုခေါင်းဆောင် မင်ရွှေချန်းသည် လွန်ခဲ့သောလတွင် သူ့ကိုယ်သူသတ်သေသည်ဟု သတင်းများက ဖော်ပြသည်။
ရန်ကုန်အခြေစိုက် တရုတ်၏ အမာခံအာဘော် တရုတ်ဘာသာ စာစောင်တခုဖြစ်သော Golden Phoenix ကလည်း ရှုထောင့်အမြင် ပြောင်းလဲလိုက်ပြီး “မိသားစုကြီး လေးခု မျိုးပြုတ်ရန် နီးကပ်လာပြီလား” ဆိုသည့် သတင်းခေါင်းစဉ်မျိုး ရေးလာသည်။
ယခုအခါ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများနှင့် ရာဇဝတ်ကောင်များကို အကြီးအကျယ် ကိုင်တွယ်ဖြေရှင်းပြီးသောကြောင့် တရုတ်၏ ဦးစားပေးသည် နယ်စပ်တည်ငြိမ်ရေး ဖြစ်လာမည်ဖြစ်ပြီး ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်မာသောဆက်ဆံရေး ရှိစေကာမူ တရုတ်အစိုးရသည် NUG ကို နွေးထွေးခြင်း မရှိ။
“MNDAA ရဲ့ ဘယ်လုပ်ရပ်ကိုမဆို တရုတ်က အပြည့်အဝ ပယ်ချနိုင်တယ်။ မြန်မာစစ်တပ်က ဒါကို သိတယ်” ဟု ရန်ကုန်မှ အမည်မဖော်လိုသော တရုတ်ရေးရာကျွမ်းကျင်သူတဦးက ပြောသည်။
“အခုနှစ် မေလအတွင်းမှာ အဲဒီတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း မြန်မာကို ရောက်လာတယ်။ အဲဒီတုန်းက တရုတ်က စစ်ကောင်စီဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်လိုက်ပြီလို့ ပြင်ပလေ့လာသူတွေက ယူဆကြတယ်။ တကယ်တော့ တရုတ်က စစ်ကောင်စီကို ဖိအားပေးနေတာ” ဟု ထိုပြင်ပလေ့လာသူက ပြောသည်။
ယခုအခါ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများနှင့် ရာဇဝတ်ကောင်များကို အကြီးအကျယ် ကိုင်တွယ်ဖြေရှင်းပြီးသောကြောင့် တရုတ်၏ ဦးစားပေးသည် နယ်စပ်တည်ငြိမ်ရေး ဖြစ်လာမည်ဖြစ်ပြီး ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်မာသောဆက်ဆံရေး ရှိစေကာမူ တရုတ်အစိုးရသည် NUG ကို နွေးထွေးခြင်း မရှိကြောင်း ဘေဂျင်းမှ သတင်းရင်းမြစ်တခုက ပြောသည်။
တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေ
မြန်မာတဝန်းမှ တော်လှန်ရေး အင်အားစုများက ၎င်းတို့သည် နောက်ထပ် အောင်ပွဲခံရန် အရှိန်အဟုန်ရှိသည်ဟု ယူဆသောကြောင့် ဆက်လက် တိုက်ခိုက်မည်ဆိုပါက တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်ထောက်ပံ့သည့် ဘေဂျင်းသည် စစ်ပွဲကို အဆုံးသတ်နိုင်၊ မသတ်နိုင်ဆိုသည့် မေးခွန်း မေးရန် ရှိလာသည်။
အပစ်အခတ်ရပ်စဲပြီး ရက်အတန်ကြာသောအခါ TNLA က ၎င်းတို့သည် ရှမ်းပြည်မြောက်ပိုင်းမှ နမ့်ဆန်မြို့ကိုသာမက ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ် အဓိကကျသည့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုပါ ထိန်းချုပ်လိုက်ကြောင်း ကြေညာသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ထောက်ပံ့သည့် တရုတ်၏အခန်းကဏ္ဍသည် အများအားဖြင့် သွယ်ဝိုက်ထောက်ပံ့ခြင်းသာဖြစ်ပြီး အရေးမပါလှကြောင်း လုံခြုံရေးကျွမ်းကျင်သူ အန်ထော်နီ ဒေးဗစ်က ထောက်ပြသည်။
“လက်တွေ့ကျတဲ့ ငြင်းပယ်နိုင်စွမ်းရဲ့ အရေးအပါဆုံးက ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကို ဗဟိုပြုတယ်။ UWSA က တရုတ်လုပ် ခေတ်မီ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားပြီး ညီနောင်မဟာမိတ် အပါအဝင် မြောက်ပိုင်းတိုင်းရင်းသား အုပ်စုအများအပြားရဲ့ မဟာမိတ်အဖြစ်နဲ့ ထောက်ပံ့ရေးကို လုပ်ပေးနေတာ” ဟု အန်ထော်နီ ဒေးဗစ်က Al Jazeera သို့ ပြောသည်။
အင်အားကြီးမားသည့် တရုတ်စကားပြောပြည်နယ်မှ UWSA သည် တိုက်ပွဲမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို လက်ခံထားပေးခြင်း အပါအဝင် မကြာသေးမီက ထိုးစစ်တွင် MNDAA ကို ထောက်ပံ့သည်။
“UWSA အပေါ် သြဇာကြီးမားတာကြောင့် မြောက်ပိုင်းက အုပ်စုတွေဆီကိုရောက်တာ လျော့နည်းသွားအောင် တရုတ်က လုပ်ချင်ရင် လုပ်လို့ရနိုင်တယ်။ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ တရုတ်က စိတ်မဝင်စားတာကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်” ဟု ဒေးဗစ်က ပြောသည်။
တချိန်တည်းတွင် NUG က ယခုအချိန်သည် တရုတ်အစိုးရအနေဖြင့် စစ်တပ်ကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကိုအသိအမှတ်ပြုပြီး ဒီမိုကရေစီလမ်းကြောင်းကို ထောက်ခံရမည့်အချိန် ဖြစ်သည်ဟု ပြောသည်။
တချိန်တည်းတွင် NUG က ယခုအချိန်သည် တရုတ်အစိုးရအနေဖြင့် စစ်တပ်ကြောင့် ဖြစ်ပေါ်သည့် ထိခိုက်နစ်နာဆုံးရှုံးမှုများကိုအသိအမှတ်ပြုပြီး ဒီမိုကရေစီလမ်းကြောင်းကို ထောက်ခံရမည့်အချိန် ဖြစ်သည်ဟု ပြောသည်။
“စစ်ကောင်စီက မြန်မာနိုင်ငံက ရာဇဝတ်အားလုံးရဲ့ ရင်းမြစ်ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြနေတော့ ဗိုလ်ချုပ်တွေ အာဏာရတာ ကြာလေလေ တရုတ်အတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာလေလေပဲ” ဟု NUG ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာက တွေ့ဆုံးမေးမြန်းမှုတခုတွင် Al Jazeera သို့ ပြောသည်။
“တရုတ်အနေနဲ့ အဲဒီခြိမ်းခြောက်မှုတွေကို အဆုံးသတ်ပြီး တရုတ်၊ မြန်မာနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ကြွယ်ဝချမ်းသာမှုပေးမယ့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ဖို့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကြိုဆိုလက်ခံပြီး သူတို့ရဲ့ကိုယ်စားလှယ်တွေဖြစ်တဲ့NUG ကို ထောက်ခံဖို့ အချိန်ကျရောက်နေပါပြီ” ဟုလည်း ဒေါက်တာ ဆာဆာက ပြောသည်။
(Al Jazeera ပါ Thompson Chau ၏ Tentative truce shows China’s influence – and its limits – in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ
လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား
မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား
မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား