• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ

by Priscilla A. Clapp နှင့် Jason Tower
23 December 2023
in သူ့အတွေး သူ့အမြင်
A A
မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ

ကရင်နယ်ခြားစောင့်တပ်ဖွဲ့

6.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးသည် နယ်စပ်မှ လုပ်အားအတင်းအကျပ် စေခိုင်းသည့် အွန်လိုင်း ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို အမြစ်ဖြတ်သုတ်သင်ရန် တရုတ်အစိုးရ၏ အားထုတ်မှုကို အောင်မြင်စေသည်။ သို့သော် ထိုစစ်ဆင်ရေးသည် အကျိုးအမြတ်များသော တရုတ်-မြန်မာ ကုန်သွယ်ရေးကို ထိခိုက်စေပြီး စစ်ကောင်စီ တခါမှ မကြုံဖူးသည့် စစ်မြေပြင် ဆုံးရှုံးမှုဖြစ်စေသော နိုင်ငံတဝန်းကျယ်ပြန့်သည့် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကိုလည်း ဖြစ်စေသည်။

တရုတ် အနောက်တောင်ပိုင်း ပြည်နယ်များသည် နယ်စပ်ကုန်သွယ်ရေး ဆုံးရှုံးသောကြောင့် စီးပွားရေး အခက်အခဲဖြစ်မည်နှင့် ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုပြည်နယ်များ၏ စွမ်းအင်လုံခြုံရေး ထိခိုက်မည်ကို တရုတ်အစိုးရက စိုးရိမ်သည်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်ပွားလာသည့် နောက်ဆက်တွဲ ပြဿနာကို ဖြေရှင်းရန် မြန်မာစစ်တပ်က တရုတ်အကူအညီကို အပြင်းအထန် တောင်းခံသောကြောင့် စစ်တပ်သည် ရှုံးနိမ့်တော့မည်ဆိုသည့် စိုးရိမ်မှုများကိုလည်း တရုတ်နိုင်ငံတွင် ဖြစ်စေသည်။

RelatedPosts

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

23 May 2025
5k
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

22 May 2025
2.5k
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
3.3k

တရုတ်အစိုးရသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် အောင်မြင်မှုများကို ခိုင်မာအောင် လုပ်ရန် အားထုတ်မှု အရှိန်မြှင့်တင်ပြီး ပဋိပက္ခ၏လမ်းကြောင်းကို ၎င်းတို့ အကျိုးစီးပွားဘက်သို့ ယိမ်းအောင် ကြိုးစားနေသည်။ လတ်တလော ရည်မှန်းချက်သည် ကုန်သွယ်ရေး ပြန်လည်စတင်ရန်အတွက် နယ်စပ်တည်ငြိမ်ရေး ဖြစ်နိုင်သည်။

သို့သော် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု အစိတ်စိတ်အမွှာမွှာ ကွဲအောင်လုပ်ရေး တရုတ်၏ အားထုတ်မှုနှင့် တကြိမ်တခါသာ အပစ်အခတ်ရပ်စဲရေးများ အတင်းအကျပ် လုပ်စေခြင်းသည် မအောင်မြင်ခဲ့သော ငြိမ်းချမ်းရေး အစီအစဉ် ဆယ်စုနှစ်ပေါင်းများစွာမှ သင်ခန်းစာများကို လျစ်လျူရှုကာ လွန်စွာ မှားယွင်းသည့် ချဉ်းကပ်ပုံနည်းလမ်း ဖြစ်သည်။

တရုတ်အစိုးရသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းသည့် အောင်မြင်မှုများကို ခိုင်မာအောင် လုပ်ရန် အားထုတ်မှု အရှိန်မြှင့်တင်ပြီး ပဋိပက္ခ၏လမ်းကြောင်းကို ၎င်းတို့ အကျိုးစီးပွားဘက်သို့ ယိမ်းအောင် ကြိုးစားနေသည်။ လတ်တလော ရည်မှန်းချက်သည် ကုန်သွယ်ရေး ပြန်လည်စတင်ရန်အတွက် နယ်စပ်တည်ငြိမ်ရေး ဖြစ်နိုင်သည်။

တချိန်တည်းတွင် ၁၀၂၇ စစ်ဆင်ရေးကို မြန်မာမှ ရာဇဝတ်မှုများ ဖြိုခွဲရေးဖြစ်စေသည့် တရုတ်၏ အားထုတ်မှုသည် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် မည်သည်က အလုပ်ဖြစ်ပြီး မည်သည်က အလုပ်မဖြစ်သည်ကို ပြသသည့် အရေးပါသော သင်ခန်းစာများလည်းဖြစ်သည်။

အမေရိကန် ပြည်ထောင်စုဘက်က ကြည့်ပါက တရုတ်က ပိုမိုဖြိုခွဲလာသည်ကို တုံ့ပြန်မှုမှာ ရာဇဝတ်ဂိုဏ်းများ အခြားနေရာများသို့ ရွှေ့ပြောင်းသွားပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများနှင့် လူကုန်ကူးမှုများ တရုတ်မှ အဝေးသို့ ဆက်လက် ရောက်သွားစေရန် လမ်းကြောင်းပြောင်းလိုက်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများ သိသိသာသာ တိုးလာနိုင်ပြီး ကမ္ဘာ့ အခြားနေရာများမှ လူသားလုံခြုံမှုကို ထိခိုက်စေသောကြောင့် အနီးကပ် စောင့်ကြည်ရန် လိုမည်ဖြစ်သည်။

ဦးတည်ချက် နှစ်ခု

လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများကို အတင်းအကျပ် လုပ်အားစေခိုင်းသည့် နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်သော လုပ်ငန်းများအား ဖြိုခွဲပေးရန် ၂၀၂၃ ခုနှစ် နှစ်ဝက်အတွင်း တရုတ်နိုင်ငံသည် မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားစစ်ကောင်စီဝင်များကို မေတ္တာရပ်ခံသည်။ စက်တင်ဘာလ ရောက်သည်အထိ တုံ့ပြန်မှု မရှိသောအခါ တရုတ်သည် ထိုပြဿနာကို ဖြေရှင်းရန် ပြည်သူ့စစ် ခေါင်းဆောင်များကို ဖမ်းဆီးခြင်းနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများကို လက်ခံထားသည့် နယ်စပ်ဒေသအချို့တွင် တရုတ်ရဲများကို ချထားခြင်း အပါအဝင် အခြားနည်းလမ်းများ စတင်ရှာဖွေလာသည်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) တခုဖြစ်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့မှ အခြား အဖွဲ့ဝင်များဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ၁၀၂၇ စစ်ဆင်ရေးတွင် အဓိက ရည်မှန်းချက် နှစ်ခုရှိကြောင်း ကြေညာလိုက်သောအခါ အခြားနည်းလမ်းတခု ပေါ်ပေါက်လာသည်။

တရုတ်နယ်စပ်မြို့ ချင်းရွှေဟော်ကို MNDAA က သိမ်းအပြီး

ထိုအဓိက ရည်မှန်းချက် နှစ်ခုမှာ (၁) အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းများကို အမြစ်ဖြတ်သုတ်သင်ရေးနှင့် (၂) စစ်အာဏာရှင်စနစ်ကို ချေမှုန်းရေးဖြစ်သည်။ ၎င်း၏ပိုင်နက်ဟောင်း ကိုးကန့်ကို ပြန်လည်သိမ်းယူရာတွင် MNDAA ၏ လျင်မြန်သော အောင်မြင်မှုကို အသုံးချပြီး နိုဝင်ဘာလ အစောပိုင်းတွင် တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးသည် ထိုပြဿနာကို ၂၀၂၃ ခုနှစ် နှစ်မကုန်မီ အပြည့်အဝ ဖြေရှင်းရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ ကတိရယူနိုင်ခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်မြေပြင်မှ တုန်လှုပ်ဖွယ် အောင်မြင်မှုသည် ကိုးကန့်ဒေသတွင် ကြောက်လန့်မှု လှိုင်းများဖြစ်စေကာ ငွေကြေးလိမ်လည်သည့် လုပ်ငန်းပိုင်ရှင်များနှင့် ဂိုဏ်းများသည် လုပ်ငန်းများ ပိတ်သိမ်းပြီး အခြားနေရာများသို့ ရွှေ့ပြောင်းကာ ၎င်းတို့၏ ခြံဝင်းများကို ရှင်းလင်းထားလိုက်ကြသည်။ စစ်ဆင်ရေး သုံးပတ်ကြာသောအခါ လူ ၇၀၀ ကျော်သည် ထိုရာဇဝတ်ခြံဝင်းများမှ လွတ်မြောက်လာပြီး တရုတ်ပြည်သို့ ထွက်ပြေးကြသည်။ ထိုထက် ပိုမိုများပြားသောသူများကို ထိုင်းနယ်စပ်သို့ ပို့ပေးပြီး ထိုနယ်စပ်သည် ငွေကြေး လိမ်လည်သည့် ဂိုဏ်းများ၊ ဂိုဏ်းခေါင်းဆောင်များ ပိုမိုအမြစ်တွယ်လာသည့်ဒေသ ဖြစ်လာသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့၏ စစ်မြေပြင်မှ တုန်လှုပ်ဖွယ် အောင်မြင်မှုသည် ကိုးကန့်ဒေသတွင် ကြောက်လန့်မှု လှိုင်းများဖြစ်စေကာ ငွေကြေးလိမ်လည်သည့် လုပ်ငန်းပိုင်ရှင်များနှင့် ဂိုဏ်းများသည် လုပ်ငန်းများ ပိတ်သိမ်းပြီး အခြားနေရာများသို့ ရွှေ့ပြောင်းကာ ၎င်းတို့၏ ခြံဝင်းများကို ရှင်းလင်းထားလိုက်ကြသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်အစိုးရသည် အောက်တိုဘာလ ၂၀ ရက်နေ့က ကိုးကန့်တွင် တရုတ် နိုင်ငံသားများကို အစုလိုက်အပြုံလိုက် သတ်မှုအတွက် တာဝန်ရှိသူ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် မင်ရွှေချန်းနှင့် ၎င်း၏ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက်သည့် ဆွေမျိုး သုံးဦးကို ဖမ်းဝရမ်း ထုတ်လိုက်သည်။

ယခင်က မလုပ်ဖူးသည့် အလုပ်အဖြစ် မြန်မာစစ်တပ်သည် မင်ရွှေချန်းကို ဖမ်းရန်နှင့် MNDAA ၏ အဆိုအရ သတ်ဖြတ်ရန် ကြီးမားသော စစ်တပ်တခု ဖြန့်ကြက်သည်။ သူ၏ ဆွေမျိုးများကို လေးရက်အတွင်း တရုတ်အာဏာပိုင်များထံ လွှဲပြောင်းပေးအပ်သည်။ တရုတ်က အောင်မြင်စွာ ဖိအားပေးသောကြောင့် မင်းအောင်လှိုင်သည် ကိုးကန့်တွင် ၂၀၀၉ ခုနှစ်က စစ်တပ်ကို ဦးဆောင်စဉ် သူကိုယ်တိုင် ဖန်တီးခဲ့သည့် နယ်ခြားစောင့်တပ်ကို ဖျက်သိမ်းလိုက်ရသဖြင့် ကိုးကန့်မှ သူ၏ အမွေကို သူကိုယ်တိုင် ဖျက်ဆီးလိုက်ရသည်။

တုံ့ပြန်ခြင်း သို့မဟုတ် အကူအညီတောင်းခြင်း

တနိုင်ငံလုံးမှ သူ၏ရာဇဝတ်လုပ်ငန်းများကို ဖြိုခွဲရေး တိကျသော အချိန်ဇယားအား လိုက်နာရန် မင်းအောင်လှိုင် တုံ့ဆိုင်းစွာ သဘောတူလိုက်ရချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းအင်အားနှင့် ရင်ဆိုင်ရသောအခါ မြန်မာစစ်တပ် မည်မျှ အင်အားချိနဲ့သည်ကို နယ်စပ်ဒေသမှ ထူးခြားသောဖြစ်ရပ်က ပြသနေသည်။

စစ်ကောင်စီတပ်များ မကြုံဖူးလောက်အောင် စိတ်ဓာတ်ကျဆင်းနေပြီး မြန်မာစစ်တပ်သည် အစဉ်အလာ ကာကွယ်ရေး ယန္တရားဖြစ်သည့် တရုတ်မုန်းတီးရေးကို လုပ်ဆောင်သည်။ နိုဝင်ဘာလလယ်တွင် ဆန္ဒပြလူအုပ်ကို ရန်ကုန်ရှိ တရုတ်သံရုံးသို့ ချီတက်စေပြီး ညီနောင်မဟာမိတ် သုံးဖွဲ့အပေါ် တရုတ်က ထောက်ခံခြင်းကို ကန့်ကွက်ရှုတ်ချစေသည်။ တရုတ်သည် မြန်မာပြည်တွင်းရေးတွင် ဝင်ရောက် စွက်ဖက်သည်ဟု စွပ်စွဲခိုင်းသည်။

ထူးဆန်းသည်မှာ ထိုသို့လုပ်ဆောင်ခြင်းသည် MNDAA အပေါ် တရုတ်တွင် ထောက်ခံမှုခိုင်မာစေပြီး မြန်မာစစ်တပ်၏ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ကို WeChat တွင် ဖော်ထုတ်ရန်နှင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တောင်းဆိုမှုကို နှစ်ဆတိုးစေသည်။

စစ်ကောင်စီသည် အလျင်အမြန် နောက်ကြောင်းပြန်လှည့်လိုက်ပြီး စစ်မြေပြင်တွင် ၎င်းတို့ရှုံးနိမ့်ရခြင်းအတွက် အမေရိကန် ပြည်ထောင်စု၊ ထိုင်ဝမ်နှင့် အရှေ့တီမော အပါအဝင် အခြားသူများထံ အပြစ်ပုံချသည်။ ထို့နောက် တရုတ်ထံမှ အကူအညီ စတင်တောင်းခံပြီး အမျိုးသားရေးအစွန်းရောက် တရုတ်ပညာတတ်များကို မြန်မာသို့ လေ့လာရေးခရီးလာရန် ဖိတ်ခေါ်ကာ တရုတ်မီဒီယာတွင် စစ်ဆင်ရေးလုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဘိန်းဘုရင်များသာဖြစ်ကြောင်း၊ မြန်မာ့အချုပ်အခြာအာဏာကို ထိပါးရန် ရာဇဝတ်မှုငွေကြေးနှင့် အနောက်သြဇာကို သုံးကြောင်း စွပ်စွဲပြန်သည်။

ထိုသို့သော လုပ်ရပ်များသည် စစ်ကောင်စီအတွက် အကျိုးယုတ်စေနိုင်သော်လည်း ၁၀၂၇ စစ်ဆင်ရေး တနိုင်ငံလုံးသို့ ပျံ့နှံ့ပြီး မြေပုံပေါ်မှ မည်သည့်နေရာတွင်မဆို စစ်တပ်သည် မကြုံစဖူး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရသောအခါ စစ်တပ်ရင်ဆိုင်ရသည့် အကျပ်အတည်းသည် မည်မျှ ပြင်းထန်သည်နှင့် ပတ်သက်ပြီး တရုတ်သဘောကျအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် အလျင်အမြန် နောက်ကြောင်းပြန်လှည့်လိုက်ပြီး စစ်မြေပြင်တွင် ၎င်းတို့ရှုံးနိမ့်ရခြင်းအတွက် အမေရိကန် ပြည်ထောင်စု၊ ထိုင်ဝမ်နှင့် အရှေ့တီမော အပါအဝင် အခြားသူများထံ အပြစ်ပုံချသည်။ ထို့နောက် တရုတ်ထံမှ အကူအညီ စတင်တောင်းခံသည်။

၁၀၂၇ စစ်ဆင်ရေးသည် ငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို ချေမှုန်းရေးထက် များစွာ ပိုမိုကြီးမားကြောင်း၊ တရုတ်နိုင်ငံက မထိန်းချုပ်နိုင်သည့် တစုံတခု ဖြစ်သွားစေနိုင်ကြောင်း တရုတ်က ပိုမိုရှင်းလင်းစွာ သိမြင်လာသည်။

တရုတ်က စစ်ဆင်ရေး နှစ်ခုဖြင့် အမြန် တုံ့ပြန်သည်။ တခုမှာ ယူနန်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းနှင့် ရန်ကုန်သို့ တရုတ်ရေတပ် သွားရောက်ခြင်း ဖြစ်သည်။ တရုတ်၏ လုံခြုံရေးသြဇာနှင့် ၎င်း၏ သေနင်္ဂဗျူဟာ အကျိုးစီးပွား အထူးသဖြင့် တနှစ်လျှင် ဒေါ်လာ ၄ ဘီလီယံတန်သည့် နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်ရန် တည်ငြိမ်မှုရရှိရေး ဆုံးဖြတ်ချက်ကို ဖော်ပြရန် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှုများ ဖြစ်သည်။

ပြန်လည် သုံးသပ်ခြင်း သို့မဟုတ် ပြန်လည် တွက်ချက်ခြင်း

ထိုအချိန်မှ စတင်ပြီး တရုတ်ကလည်း မြန်မာစစ်တပ်အလိုကျ တုံ့ပြန်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးရန် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ဖိအားပေးသော်လည်း အထိုက်အလျောက်သာ ဖြစ်သည်။ သို့သော် တရုတ်၏ အကူအညီအတွက် ပေးဆပ်ရသည့်တန်ဖိုး ကြီးမားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်မှ ပြန်သွားပြီး မကြာမီ တရုတ်ရဲတပ်ဖွဲ့က ကိုးကန့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် နောက်ထပ် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်သည်။ ထိုသူများတွင် လူကုန်ကူးမှု၊ လူသတ်မှုနှင့် လိမ်လည်မှုတို့အတွက် တာဝန်ရှိသည့် ဂိုဏ်းခေါင်းဆောင်များသာမက စစ်ကောင်စီအတွက် တရုတ်နယ်စပ်မှ အရေးကြီးဆုံးဖြစ်သော ကိုးကန့်ဒေသ အကြွင်းအကျန်ကို ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်၏ နယ်ခြားစောင့်တပ်မှ လက်ကျန် ခေါင်းဆောင်များ ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ကရင်ပြည်နယ်တွင် ကင်းလှည့်နေသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များ / Adam Dean/The New York Times

ထိုသို့ ပစ်မှတ်ထားသူများတွင် ၂၀၀၉ ခုနှစ်က MNDAA မှ ဘက်ပြောင်းသွားပြီး မင်းအောင်လှိုင်နှင့် ပူးပေါင်းကာ ကိုးကန့်တွင် မြန်မာစစ်တပ် အုပ်ချုပ်ရေး ထူထောင်သည့် ပယ်ဆောက်ချိန်လည်း ပါဝင်သည်။

မြန်မာစစ်တပ်သည် နယ်ခြားစောင့်တပ် ခေါင်းဆောင်များမရှိဘဲ ကိုးကန့်ကို မထိန်းချုပ်နိုင်သောကြောင့် ထိုဝရမ်းများသည် မြန်မာစစ်တပ်ကို အထိနာစေသည်။ ထိုသူများကို တရုတ်သို့ပေးပို့ခြင်းသည် MNDAA နှင့် မဟာမိတ်များလက်သို့ ကိုးကန့်ကို လက်နက်ချခြင်းဖြစ်သည်။

ထို့အပြင် ယင်းကိစ္စသည် ကရင်၊ ကချင်နှင့် အခြားနေရာများမှ ပြည်သူ့စစ်များကို စစ်ကောင်စီက ပေးထားသည့် ကတိကဝတ်ကိုလည်း ထိခိုက်စေနိုင်သည်။ ထိုနယ်ခြားစောင့်တပ်များ အားလုံးသည် ထိုင်းနှင့် တရုတ်နယ်စပ်များမှ သေနင်္ဂဗျူဟာကျသည့် နေရာများကို ဆက်လက် ထိန်းသိမ်းထားရန် မြန်မာစစ်တပ်အတွက် အရေးပါသည့် ကြီးမားသော ရာဇဝတ်မှု အင်ပါယာများ ထူထောင်ထားကြသည်။

မြန်မာစစ်တပ်သည် နယ်ခြားစောင့်တပ် ခေါင်းဆောင်များမရှိဘဲ ကိုးကန့်ကို မထိန်းချုပ်နိုင်သောကြောင့် ထိုဝရမ်းများသည် မြန်မာစစ်တပ်ကို အထိနာစေသည်။ ထိုသူများကို တရုတ်သို့ပေးပို့ခြင်းသည် MNDAA နှင့် မဟာမိတ်များလက်သို့ ကိုးကန့်ကို လက်နက်ချခြင်းဖြစ်သည်။

တရုတ်က ထုတ်ပြန်သည့် ဝရမ်းများကို အရေးမယူဘဲနေခြင်းသည် မြန်မာစစ်တပ်အတွက် ကိုးကန့်ပိုင်နက် အချို့ကို ထိန်းချုပ်ရန် အလားအလာ အနည်းငယ် ရှိစေသော်လည်း တရုတ်ဘက်ကို ထပ်မံ ရန်စသည့် အန္တရာယ်လည်း ရှိနေပြီး နယ်စပ်မှ ထိုငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို ချေမှုန်းပစ်မည့် ရည်ရွယ်ချက်ကို တရုတ်က ရှင်းလင်းစွာပြောကြားထားပြီး ဖြစ်သည်။

စစ်ကောင်စီအတွက် အလားတူ ကြောက်စရာကောင်းသည့်ကိစ္စမှာ နယ်ခြားစောင့်တပ် ခေါင်းဆောင်များကို စစ်တပ်က မဖမ်းနိုင်မီ MNDAA က ဖမ်းဆီးပြီး တရုတ်ဘက်သို့ လွှဲပြောင်းပေးမည့် အလားအလာ ဖြစ်သည်။ ထိုသို့ဖြစ်ပါက တရုတ်သည် တည်ငြိမ်မှု ရရှိရေးအတွက် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် အလုပ်လုပ်ရန် ပိုမိုလိုလာခြင်းကို သိသိသာသာ တိုးတက်စေမည်ဖြစ်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့၏ စီမံအုပ်ချုပ်သည့် စွမ်းရည်သည် စစ်ကောင်စီတပ်၏ စွမ်းရည်ထက် ပိုမိုမှီခိုအားထားနိုင်ကြောင်း ပြသလိုက်ရာရောက်သည်။

တရုတ်၏ လုပ်ဆောင်မှုများက ၎င်းသည် ယူနန်နှင့် အိန္ဒိယသမုဒ္ဒရာအကြား အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းများ တည်ငြိမ်ရေး ကြိုးစားရန်နှင့် တိုက်ပွဲများကို နယ်စပ်မှအဝေးသို့ ထွက်သွားစေရန် တရုတ်-မြန်မာနယ်စပ်မှ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် ၎င်း၏ သြဇာကို သုံးမည်ဖြစ်ကြောင်း အထင်အရှားပြသသည့် လက္ခဏာဖြစ်သည်။

တဖက်တွင် တရုတ်သည် စစ်ကောင်စီကို ကိုးကန့်မှ တိုးတိုးတိတ်တိတ် ထွက်သွားပြီး ထိုနယ်မြေကို MNDAA သို့ လွှဲပေးရန် ထိုဖမ်းဝရမ်းများကို သုံးနေသည်။ ကိုးကန့်တွင် အခြေခိုင်သွားပါက MNDAA သည် ထိရောက်သော စီမံအုပ်ချုပ်ရေး ပြန်လည်ရရန် တရုတ်ကို အကြီးအကျယ် မှီခိုရမည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် တနိုင်ငံလုံးမှ စစ်ကောင်စီဆန့်ကျင်ရေး စစ်ပွဲများတွင် MNDAA ဆက်လက် ပါဝင်နိုင်မည့် စွမ်းရည်ကို အကြီးအကျယ် အကန့်အသတ် ဖြစ်စေပြီး MNDAA နှင့် မဟာမိတ် EAOs များအကြား တင်းမာမှု ဖြစ်စေနိုင်သည်။

အနာဂတ်ကို မျှော်ကြည့်ခြင်း

တရုတ်၏ ရေရှည်သေနင်္ဂဗျူဟာမှာ အစိုးရအပြောင်းအလဲကို ရည်ရွယ်သည့် တပ်ပေါင်းစုတွင် ပါဝင်ရေး မျှော်မှန်းချက်ကို စွန့်လွှတ်ရန် အပေးအယူအနေဖြင့် နယ်စပ်ဒေသမှ အကန့်အသတ်ရှိသော ပိုင်နက်နယ်မြေများတွင် လက်နက်ကိုင်တဖွဲ့ချင်းအား အောင်ပွဲများရစေရန် ကူညီပေးပြီး စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေရန်ဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။

ကာလလတ်အတွင်း တရုတ်သည် ထိုသို့လုပ်ခြင်းဖြင့် မြန်မာစစ်တပ် အာဏာ ဆက်လက်ချုပ်ကိုင်ရန်နှင့် ပဋိပက္ခမှ ဘက်အားလုံးက တရုတ်အပေါ် မှီခိုရပြီး နောက်ဆုံး မြန်မာတွင် တရုတ်သြဇာ အကျယ်ပြန့်ဆုံး တိုးချဲ့ရေး အာမခံသည့်နည်းလမ်းအဖြစ် စဉ်းစားနိုင်သည်။

သို့သော် ထိုသို့သော သေနင်္ဂဗျူဟာသည် မြန်မာနိုင်ငံတဝန်း မတည်ငြိမ်မှု ပိုမိုဖြစ်စေမည့် နည်းဖြစ်သောကြောင့် ရေရှည်တည်တံ့ဖွယ် မရှိပေ။

တရုတ်၏ ရေရှည်သေနင်္ဂဗျူဟာမှာ အစိုးရအပြောင်းအလဲကို ရည်ရွယ်သည့် တပ်ပေါင်းစုတွင် ပါဝင်ရေး မျှော်မှန်းချက်ကို စွန့်လွှတ်ရန် အပေးအယူအနေဖြင့် နယ်စပ်ဒေသမှ အကန့်အသတ်ရှိသော ပိုင်နက်နယ်မြေများတွင် လက်နက်ကိုင်တဖွဲ့ချင်းအား အောင်ပွဲများရစေရန် ကူညီပေးပြီး စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေရန်ဖြစ်ကြောင်း သံသယဖြစ်ရန် မလိုပေ။

ပထမဆုံးအချက်မှာ မြန်မာစစ်တပ်ကို မြန်မာပြည်သူများ၏ အမြင်တွင် လုံးဝ တရားမဝင်ဟု သတ်မှတ်ထားသည် ဆိုသည့်အချက်ကို ထိုသေနင်္ဂဗျူဟာတွင် အသိအမှတ်ပြုရန် ပျက်ကွက်သည်။

မြန်မာစစ်တပ်နှင့် သဘောတူညီချက်များ ပြုလုပ်ရန် EAOs များကို တွန်းအားပေးခြင်းအားဖြင့် တရုတ်သည် လေးနက်ရှည်ကြာသည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ဆွပေးသည့် အန္တရာယ်ရှိပြီး မြန်မာမှ တရုတ်၏ သေနင်္ဂဗျူဟာ အကျိုးစီးပွားများ လုံခြုံရေးကို အန္တရာယ် ကျရောက်စေနိုင်သည်။

ဒုတိယအချက်မှာ မြန်မာစစ်တပ်နှင့် EAOs များ ပူးပေါင်းစေခြင်းသည် ပြည်သူအကြား ထိုအဖွဲ့များ၏ တရားဝင်မှုကို ခြိမ်းခြောက်ပြီး တည်ငြိမ်သော စီမံအုပ်ချုပ်ရေးတွင် အဓိကကျသည့် ပြည်သူလူထုကပေးသော လုပ်ပိုင်ခွင့် ဆုံးရှုံးစေမည်ဖြစ်သည်။ နောက်ဆုံးတွင် ထိုသို့သော သေနင်္ဂဗျူဟာသည် မိမိကိုယ်မိမိ အရှုံးနှင့် ရင်ဆိုင်ရအောင် လုပ်သည့် သေနင်္ဂဗျူဟာ ဖြစ်နိုင်သည်။

တချိန်တည်းတွင် မြန်မာနှင့်နယ်စပ်မှ ရာဇဝတ်ကွန်ရက်များကို တရုတ်က ဖြိုခွဲမှုအား ထိုရာဇဝတ်ဂိုဏ်းများ တုံ့ပြန်မှုနှင့်ပတ်သက်သည့် အလားတူ စိုးရိမ်စရာ အခြေအနေရှိနေသည်။ ကိုးကန့်ဖြိုခွဲမှုနောက်ပိုင်းတွင် ရာပေါင်းများစွာသော ရာဇဝတ်ဂိုဏ်း ခေါင်းဆောင်များသည် ကိုးကန့်မှ ကရင်ပြည်နယ်နှင့် အခြားနေရာများသို့ ထွက်ပြေးကြပြီး ကရင်ပြည်နယ် မြဝတီမှ ၂၃ မိုင်အကွာရှိ ဝေးကွာသော ဒေသတခုတွင် မြန်မာစစ်တပ် လက်ဝေခံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ပူးပေါင်းကာ တိုင်ချန်ပတ်ခ် ဟုခေါ်သည့် ရာဇဝတ်မှုခြံဝင်းကြီးများ တိုးချဲ့ထူထောင်ထားသည်။

ထိုငွေကြေးလိမ်လည်မှု ခြံဝင်းကြီးများနှင့် မြန်မာစစ်တပ် နယ်ခြားစောင့်တပ်အောက်တွင် လုပ်ကိုင်နေသည့် အခြားခြံဝင်းကြီးများသည် တရုတ် မဟုတ်သော အခြားနိုင်ငံသားများနှင့် တရုတ်မဟုတ်သည့် ဈေးကွက်ကို၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အဓိကထား လူကုန်ကူးသည့် အလေ့အထကို ပြောင်းလဲ အသုံးပြုနေကြသည်။

ထိုငွေကြေးလိမ်လည်မှု ခြံဝင်းကြီးများနှင့် မြန်မာစစ်တပ် နယ်ခြားစောင့်တပ်အောက်တွင် လုပ်ကိုင်နေသည့် အခြားခြံဝင်းကြီးများသည် တရုတ် မဟုတ်သော အခြားနိုင်ငံသားများနှင့် တရုတ်မဟုတ်သည့် ဈေးကွက်ကို၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုကို အဓိကထား လူကုန်ကူးသည့် အလေ့အထကို ပြောင်းလဲ အသုံးပြုနေကြသည်။

ငွေကြေးလိမ်လည်သည့် ဂိုဏ်းများကို တရုတ်နိုင်ငံ၏ ဖြိုခွဲမှုသည် တရုတ်နိုင်ငံသားများအတွက်သာ အန္တရာယ် နည်းစေသည့် ကိုယ်ကျိုးစီးပွားသက်သက်ကို အဓိကထားသောကြောင့် အတင့်ရဲသော တဖက်သတ် လုပ်ရပ်များသည် အခြားနိုင်ငံများအတွက် အရေးပါသည့် ဆိုးကျိုးများကို ဖြစ်စေသည်။ ထိုကိစ္စကို တုံ့ပြန်ရန် အမေရိကန် ပြည်ထောင်စုသည် မသမာမှုများကို ဖြိုခွဲရေးအတွက် အားထုတ်မှုများကို သိသိသာသာ အရှိန်မြှင့်တင်ရန်၊ တကမ္ဘာလုံးအတွင် ပြင်းထန်သည့် ခြိမ်းခြောက်မှု ဆက်လက်ဖြစ်နေသေးသော ထိုရာဇဝတ်မှု ကူးစက်ရောဂါဆိုးကို တရုတ်က တကမ္ဘာလုံး လွှမ်းခြုံစဉ်းစားသောနည်းဖြင့် ကိုင်တွယ်စေရန် ကြိုးစားရမည်ဖြစ်သည်။

(USIP ပါ Priscilla A. Clapp နှင့် Jason Tower တို့၏ China’s Influence Increases amid Myanmar’s Instability ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ

လူသတ်ကောင် မြန်မာစစ်တပ် ကျဆုံးမှာကို တရုတ် မလိုလား

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

တရုတ် ဖမ်းဝရမ်းထုတ်တဲ့ ပယ်ဆောက်ချိန်မိသားစု စစ်ကောင်စီ ဖမ်းပို့မလား

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAABGFEAOMNDAATNLAကိုးကန့်ဒေသစစ်ကောင်စီဆိုက်ဘာလိမ်လည်မှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်ဆန့်ကျင်ရေးတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်ခြားစောင့်တပ်ပိတ်ဆို့အရေးယူမှုပြည်တွင်းရေးပြည်သူ့စစ်မူးယစ်ဆေးဝါးလူကုန်ကူးမှု
Priscilla A. Clapp နှင့် Jason Tower

Priscilla A. Clapp နှင့် Jason Tower

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း

အလွမ်းရယ်တဲ့ ၁၂ ထွေ…

အလွမ်းရယ်တဲ့ ၁၂ ထွေ…

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.3k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate