တော်လှန်ရေးအဖွဲ့များ၏ ဒရုန်းတိုက်ခိုက်မှုတွင် အပြင်းအထန် ဒဏ်ရာရသွားသည်ဆိုသည့် လူပြောများသော ကောလာဟလများအကြား စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးတွင်လည်း ပေါ်မလာဘဲ ပျောက်နေပြန်သည်။
ဒုစစ်ခေါင်းဆောင် စိုးဝင်း နေကောင်းကျန်းမာသည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက နှစ်ကြိမ်ပြောသော်လည်း စစ်ကောင်စီ ဒုခေါင်းဆောင် ပျောက်ကွယ်နေခြင်းကြောင့် ကောလာဟလများ ဆက်လက် ဖြစ်ပေါ်စေသည်။
တချိန်တည်းတွင် မင်းအောင်လှိုင်၏ လူယုံ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒု တပ်ချုပ် ခန့်မည်ဆိုသည့် ကောလာဟလလည်း ထွက်နေသည်။