• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
in Crime, ဆောင်းပါး
A A
မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

ရာဇဝတ်ဂိုဏ်းအတွက် အလုပ်လုပ်ရန် ငြင်းဆန်မှုကြောင်း မစ္စတာ ရာဗီသည် အခန်းထဲတွင် လှောင်ပိတ်ခံရသည်။

4.4k
VIEWS
Share on FacebookShare on Twitter

မစ္စတာ ရာဗီ (အမည်လွှဲ) သည် သူနှင့်သူ့ဇနီးအတွက် ပိုမိုကောင်းမွန်သောဘဝရရန် ရည်မှန်းချက်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။

သို့သော် အသက် ၂၄ နှစ်ရှိပြီဖြစ်သော သီရိလင်္ကာနိုင်ငံသား မစ္စတာ ရာဗီသည် မြန်မာနိုင်ငံတောတွင်းတွင် ပိတ်လှောင်ခံရပြီး ငွေကြေးလိမ်လည်သည့် အချစ်ဇာတ်လမ်းများဖြင့် အထီးကျန် လူချမ်းသာများထံမှ ငွေလိမ်ပေးရန် ငြင်းဆန်သောကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသည်။

“သူတို့က ကျနော့်ကို အဝတ်တွေချွတ်၊ ထိုင်ခုံမှာ ထိုင်ခိုင်းပြီး ခြေထောက်ကို လျှပ်စစ် ရှော့တိုက်တယ်။ ကျနော့် ဘဝဆုံးပြီလို့တောင် ထင်ခဲ့တယ်” ဟု ၎င်းကပြောသည်။

“သူတို့ခိုင်းတာ မလုပ်လို့ ကျနော့်ကို ၁၆ ရက်လောက် အခန်းထဲမှာ ပိတ်ထားတယ်။ ဆေးလိပ်အစီခံတွေ၊ ပြာတွေနဲ့ ရောနေတဲ့ရေကိုပဲ သောက်စရာပေးတယ်” ဟုလည်း ပြောသည်။

သို့သော် ထိုကိစ္စသည် အဆိုးဆုံး မဟုတ်သေးကြောင်း မစ္စတာ ရာဗီက ပြောသည်။ ငါးရက်၊ ခြောက်ရက်ခန့် ကြာသောအခါ မိန်းကလေး နှစ်ဦးကို ခေါ်လာပြီး သူ့ရှေ့တွင် အုပ်စုလိုက် အဓမ္မပြုကျင့်ကြသည်။

“ကျနော် အဲဒါကို မြင်လိုက်တော့ ဒီလူတွေ ငါ့ကို ဘာလုပ်မလဲဆိုပြီး ကြောက်လာတယ်။ အဲဒီအချိန်ကစပြီး ဒီလူတွေ ငါ့ကို အသက်ရှင်ခွင့်ပေးပါ့မလားလို့ သံသယဝင်လာတယ်” ဟု မစ္စတာ ရာဗီက ပြောသည်။

အာရှမှ လူအများစု ပါဝင်သော လူပေါင်း ၁၂၀,၀၀၀ ကို မြန်မာမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် ရာဗီကဲ့သို့ အတင်းအကျပ် စေခိုင်းနေသည်ဟု ကုလသမဂ္ဂက ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ခန့်မှန်းသည်။

ထိုငွေကြေးလိမ်လည်သည့် လုပ်ငန်းများသည် တကမ္ဘာလုံးမှ ရည်မှန်းချက်ကြီးမားသည့် ရွှေ့ပြောင်းလုပ်သားများဖြင့် လုပ်ကိုင်ကြသည်။ မြန်မာမှ မတူညီသည့် နေရာ လေးခုတွင် ၎င်းတို့နိုင်ငံသား အနည်းဆုံး ၅၆ ဦးကို ပိတ်လှောင်ထားသည်ဟု သိရကြောင်း သီရိလင်္ကာ အာဏာပိုင်များက ပြောသည်။ ၎င်းတို့အနက် ရှစ်ဦးကို မြန်မာအာဏာပိုင်များ၏ အကူအညီဖြင့် မကြာသေးမီက ကယ်တင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ် မစ္စတာ ဂျနကာ ဘန်ဒါရာ က BBC သတင်းဌာနသို့ ပြောသည်။

မစ္စတာ ရာဗီသည် ကွန်ပျူတာ အချက်အလက် ထည့်သွင်းသည့်လုပ်ငန်းအတွက် အခြေခံလစာ ရူပီး ၃၇၀,၀၀၀ (ဒေါ်လာ ၁,၂၀၀) အလုပ်ဖြင့် လိမ်လည်ခံရသည့် ထိုသို့ရည်မှန်းချက်ကြီးမားသော ရွှေ့ပြောင်းလုပ်သားတဦး ဖြစ်သည်။

ကွန်ပျူတာကျွမ်းကျင်သော မစ္စတာ ရာဗီသည် ထိုအခွင့်အလမ်းကို အရယူလိုက်သည်။ ထိုငွေ ပမာဏသည် စီးပွားရေးအကျပ်အတည်း ကျရောက်နေသည့် သီရိလင်္ကာတွင် အိပ်မက်ပင် မမက်နိုင်သည့် ငွေပမာဏဖြစ်သည်။

ပြင်းထန်စွာ နှိပ်စက်ခံရပြီး ရရှိသည့် ဒဏ်ရာများကြောင့် ကိုယ်တခြမ်း လေဖြတ်သကဲ့သို့ ခံစားခဲ့ရသည်ဟု မစ္စတာ ရာဗီက ပြောသည်။

ထို့အပြင် ၎င်းတို့က လူသစ်စုဆောင်းသူသို့ ပေးသည့် ရူပီး ၂၅၀,၀၀၀ (၈၁၅ ဒေါ်လာ) ချေးငွေကိုလည်း ထုတ်ပေးသည်။

မစ္စတာ ရာဗီသည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ဘန်ကောက်သို့ ရောက်လာပြီး ထိုင်းနိုင်ငံ အနောက်ပိုင်းမြို့ဖြစ်သော မဲဆောက်သို့ ချက်ချင်း အပို့ခံရသည်။

“ကျနော်တို့ကို ဟိုတယ်တခုကို ခေါ်သွားပေမယ့် ချက်ချင်းပဲ သေနတ်သမား နှစ်ယောက်ဆီ လွှဲပေးလိုက်တယ်။ သူတို့က မြစ်ကိုဖြတ်ပြီး ကျနော်တို့ကို မြန်မာကို ခေါ်သွားတယ်” ဟု မစ္စတာ ရာဗီက ရှင်းပြသည်။

ကွန်ပျူတာကျွမ်းကျင်သော မစ္စတာ ရာဗီသည် ထိုအခွင့်အလမ်းကို အရယူလိုက်သည်။ ထိုငွေ ပမာဏသည် စီးပွားရေးအကျပ်အတည်း ကျရောက်နေသည့် သီရိလင်္ကာတွင် အိပ်မက်ပင် မမက်နိုင်သည့် ငွေပမာဏဖြစ်သည်။

ထိုအဖွဲ့သည် မြဝတီသို့ ရောက်သွားသည်။ မြဝတီသည် လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းခဲ့သော စစ်တပ်နှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး မဟာမိတ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်မြို့ ဖြစ်သည်။

မြဝတီတွင် ၎င်းတို့သည် တရုတ်စကားပြော ဂိုဏ်းခေါင်းဆောင်များ စီမံသည့်စခန်းများသို့ ရောက်သွားပြီး ထိုစခန်းများကို မြင့်မားသောတံတိုင်းများ၊ သံဆူးကြိုးများဖြင့် ဝိုင်းထားကာ ဝင်ပေါက်ကို လက်နက်ကိုင်အစောင့်များက ၂၄ နာရီ စောင့်ကြပ်နေသည်။

“ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများသည် အရှေ့တောင်အာရှတဝန်းတွင် ပေါ်ပေါက်နေသော်လည်း မြန်မာတွင် အထူးများပြားပြီး တရုတ် မြေအောက်လူဆိုးဂိုဏ်းများနှင့် နယ်စပ်မြို့များတွင် လှုပ်ရှားသည့် အမျိုးမျိုးသော လက်နက်ကိုင်များအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိစေသည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့သည် အရှေ့တောင်အာရှတွင် အွန်လိုင်းငွေကြေးလိမ်လည်မှုများ၌ ပတ်သက်နေသော နိုင်ငံများဖြစ်သည်။

ယခု ငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင် အဓိက အာရုံစိုက်သည့်ကိစ္စမှာ ငွေကြေးလိမ်လည်သည့် အချစ်ဇာတ်လမ်းများ ဖြစ်သည်။ ထိုသို့ လိမ်လည်ခံရသည့်တန်ဖိုးကို အတိအကျပြောရန် ခက်ခဲသော်လည်း ၂၀၂၃ ခုနှစ် အင်တာနက် ရာဇဝတ်မှုအစီရင်ခံစာအရ အမေရိကန် ပြည်ထောင်စုတွင် ယုံကြည်မှုဖောက်ဖျက်ခြင်း သို့မဟုတ် လိမ်လည်အချစ်ဇာတ်လမ်းအတွက် တိုင်ကြားမှု ၁၇,၀၀၀ ကျော်ရှိပြီး ဆုံးရှုံးသည့်ပမာဏမှာ ဒေါ်လာ ၆၅၂ သန်း ရှိကြောင်း ပြည်ထောင်စု စုံစမ်းစစ်ရေးဗျူရို (FBI) က သိရသည်။

မစ္စတာ ရာဗီ၏ အဆိုအရ သူနှင့်အခြားသူများသည် တနေ့လျှင် ၂၂ နာရီအထိ အလုပ်လုပ်ရပြီး တလလျှင် နားရက် တရက်သာရကာ ခိုးယူထားသည့် ဖုန်းနံပါတ်များ၊ လူမှုကွန်ရက်နှင့် မက်ဆေ့ဂျ် ပလက်ဖောင်းများဖြင့် ချမ်းသာသောသူများ၊ အထူးသဖြင့် အနောက်နိုင်ငံများမှလူများနှင့် ငွေကြေးလိမ်လည်မည့် အချစ်ဇာတ်လမ်းများ ပြုလုပ်ရန် စေခိုင်းခံကြရသည်။

၎င်းတို့သည် လိမ်လည်ခံရသူများကို တိုက်ရိုက်ဆက်သွယ်ပြီး ပထမဆုံး သတင်းစာတို မှားယွင်းပေးပို့သည်ဟုဆိုကာ ယုံကြည်အောင် လုပ်ကြသည်။ အများအားဖြင့် ထိုသို့သော သတင်းစာတိုများတွင် hi ဆိုသည့် စကားလုံးသာ ပါဝင်သည်။

ထိုသို့သော သတင်းစာတိုများကို လူအချို့က လျစ်လျူရှုထားသော်လည်း အထီးကျန်သူများ သို့မဟုတ် လိင်ကိစ္စ ကြံစည်လိုသူများသည် ထိုထောင်ချောက်သို့ ရောက်လာသည်ဟု မစ္စတာ ရာဗီက ပြောသည်။

ထိုသို့ရောက်လာသောအခါ ငွေကြေးလိမ်လည်သည့် စခန်းများမှ အမျိုးသမီးငယ်များကို မဖွယ်မရာ ဓာတ်ပုံများ ရိုက်စေပြီး သားကောင်ကို ဆွဲဆောင်ရန် စေခိုင်းသည်။

ရက်အနည်းငယ်အတွင်း အွန်လိုင်းတွင် စာရာနှင့်ချီ ရေးသားကြပြီး လိမ်လည်သူများသည် ထိုသူများ၏ ယုံကြည်မှု ရယူကာ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းအတုများတွင် ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံအောင် ထိုသူများကို အယုံသွင်း ပြောဆိုသည်။

ထိုနောက် အပလီကေးရှင်းအတုများဖြင့် ရင်းနှီးမြှုပ်နှံမှုအတုများနှင့် အမြတ်အစွန်း သတင်းအချက်အလက် အတုများကို ဖော်ပြကြသည်။

“လူတယောက်က ကျနော်တို့ကို ဒေါ်လာ ၁ သိန်းလွှဲပေးရင် ကျနော်တို့က သူတို့ကို ဒေါ်လာ ၅ သောင်း ပြန်ပို့ပေးပြီး အဲဒါ သူတို့ရဲ့အမြတ်လို့ ပြောလိုက်တယ်။ အဲဒီတော့ သူတို့မှာ ဒေါ်လာ ၁ သိန်းခွဲရှိတယ်လို့ ထင်သွားစေတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူတို့ငွေရင်းရဲ့ ထက်ဝက်ပဲ သူတို့ပြန်ရပြီး ကျန်တဲ့တဝက်ကို ကျနော်တို့ကို ပေးလိုက်ရတာ” ဟု မစ္စတာ ရာဗီက ရှင်းပြသည်။

အွန်လိုင်းငွေကြေးလိမ်လည်သည့် စင်တာများ၊ ဖြတ်သန်းရာ လမ်းကြောင်းများနှင့် ဓားစာခံများ၏ မိခင်နိုင်ငံများပြ မြေပုံ / Interpol

ငွေကြေးလိမ်လည်သူများသည် သားကောင်များထံမှ တတ်နိုင်သမျှ အများဆုံး လိမ်လည်ပြီးသောအခါ ဆက်သွယ်သည့် ထိုအကောင့်များနှင့် လူမှုကွန်ရက် နောက်ကြောင်းရာဇဝင်များ ပျောက်ကွယ်သွားကြသည်။

ခိုင်းသည့်အတိုင်း မလုပ်ပါက မစ္စတာ ရာဗီ ပြောသည့်အတိုင်း ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရသည်။ သို့သော် ထွက်ပေါက်ရှိသည်။ ငွေပေးရမည်ဖြစ်သည်။

ထိုသို့ လုပ်ခဲ့သူတဦးမှာ အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှ အသက် ၂၁ နှစ် အရွယ် နီးလ် ဗီဂျေး ဖြစ်သည်။ သူသည် အခြား အိန္ဒိယနိုင်ငံသားအမျိုးသား ငါးဦး၊ ဖိလစ်ပိုင်အမျိုးသမီး နှစ်ဦးနှင့်အတူ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် မြန်မာသို့ လူကုန်ကူးခံရသူဖြစ်သည်။

ခိုင်းသည့်အတိုင်း မလုပ်ပါက မစ္စတာ ရာဗီ ပြောသည့်အတိုင်း ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရသည်။ သို့သော် ထွက်ပေါက်ရှိသည်။ ငွေပေးရမည်ဖြစ်သည်။

သူ့မိခင်၏ ငယ်သူငယ်ချင်းတဦးက ဘန်ကောက်မှ ဆက်သွယ်ဖြေကြားသည့် လုပ်ငန်းတခုတွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားခ အိန္ဒိယ ရူပီး ၁ သိန်းခွဲ (ဒေါ်လာ ၁,၈၀၀) ရယူခဲ့သည်ဟု BBC သတင်းဌာနသို့ ပြောသည်။

“တရုတ်စကားပြောတဲ့လူတွေ စီမံတဲ့ကုမ္ပဏီတွေ အများကြီးရှိတယ်။ အားလုံးက အွန်လိုင်း ငွေကြေးလိမ်လည်သူတွေပဲ။ ကျနော်တို့ကို အဲဒီကုမ္ပဏီတွေကို ရောင်းချလိုက်တာ” ဟု မစ္စတာ နီးလ်က ပြောသည်။

“အဲဒီနေရာကို ရောက်သွားတော့ မျှော်လင့်ချက်ကင်းမဲ့သွားပြီ။ ကျနော့်အမေက သူတို့တောင်းတဲ့ငွေကို မပေးခဲ့ရင်း ကျနော်လည်း တခြားလူတွေလို ညှဉ်းပန်းနှိပ်စက်ခံရမယ်။

ထိုင်းအာဏာပိုင်များ၏ အကူအညီဖြင့် သီတင်း နှစ်ပတ်အတွင်း အိန္ဒိယသို့ ပြန်နိုင်ခဲ့သည့် မစ္စတာ နီးလ်

ငွေကြေးလိမ်လည်သည့် လုပ်ငန်းတွင် ပါဝင်ပတ်သက်ရန် ငြင်းဆန်ပြီးနောက် သူ့ကို ပြန်လွှတ်ပေးရန် မစ္စတာ နီးလ်၏ မိသားစုသည် ထိုငွေလိမ်ဂိုဏ်းကို ရူပီး ၆ သိန်း (ဒေါ်လာ ၇,၁၉၀) ပေးခဲ့ရသည်။ သို့သော် သတ်မှတ်ထားသောငွေ ပြည့်အောင် မရှာနိုင်သော၊ ခြိမ်းခြောက်တောင်းငွေ မပေးနိုင်သောသူများအား ညှဉ်းပန်းနှိပ်စက်သည့် ရက်စက်ကြမ်းကြုတ်မှုများကို သူတွေ့ခဲ့ရသည်။

လွတ်မြောက်လာပြီးနောက် ထိုင်းအာဏာပိုင်များက သူ့ကို အိန္ဒိယသို့ ပြန်ပို့ရန် ကူညီသည်။ အိန္ဒိယတွင် သူ့မိသားစုသည် ဒေသခံ လူသစ်စုဆောင်းပေးသူကို ပြန်လည် တရားစွဲကြသည်။

မစ္စတာ ရာဗီသည် မြန်မာတွင် ချုပ်နှောင်ထားခံရသည့် ခြောက်လအတွင်း သူ့ကို ဂိုဏ်းများအကြား လွှဲပြောင်းပေးသည်ကိုလည်း ခံခဲ့ရသည်။

ဂိုဏ်းခေါင်းဆောင်တဦးနှင့် ထိပ်တိုက်တွေ့ပြီး ရန်ဖြစ်သောအခါ သူ့ကို အခန်းကျဉ်းတခုတွင် ချုပ်နှောင်ထားခဲ့သည်။

“လူတွေဆီက ငွေမလိမ်နိုင်ဘူးလို့ ကျနော်က သူတို့ကို ပြောလိုက်တယ်။ ကျနော့်မှာ ငွေမရှိပေမယ့် သူများ ခက်ခက်ခဲခဲ ရှာထားတဲ့ငွေကို ခိုးတာ ကျနော် မကြိုက်ဘူး။ အဲဒီလို စဉ်းစားမိတာနဲ့တင် စိတ်မချမ်းမသာဖြစ်တယ်” ဟု မစ္စတာ ရာဗီက ပြောသည်။

နောက်ဆုံးတွင် “တရုတ်ဂိုဏ်းခေါင်းဆောင်” ရောက်လာပြီး အလုပ်ပြန်လုပ်ရန် အခွင့်အလမ်းပေးသည်။ သူ၏ ကွန်ပျူတာဆော့ဖ်ဝဲလ် ကျွမ်းကျင်မှုကြောင့်ပေးသော “နောက်ဆုံး အခွင့်အရေး” ဖြစ်သည်။

“ကျနော့်မှာ ရွေးစရာမရှိတော့ဘူး။ ခန္ဓာကိုယ်က တပိုင်းသေနေပြီ” ဟု ၎င်းက ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
165
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
519
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

နောက်ထပ် လေးလကြာအောင် မစ္စတာ ရာဗီသည် VPN, ဉာဏ်ရည်တု အပလီကေးရှင်းများ၊ 3D ဗီဒီယို ကင်မရာများဖြင့် Facebook အကောင့်များ ဖွင့်ပေးရသည်။

နောက်ဆုံးတွင် “တရုတ်ဂိုဏ်းခေါင်းဆောင်” ရောက်လာပြီး အလုပ်ပြန်လုပ်ရန် အခွင့်အလမ်းပေးသည်။ သူ၏ ကွန်ပျူတာဆော့ဖ်ဝဲလ် ကျွမ်းကျင်မှုကြောင့်ပေးသော “နောက်ဆုံး အခွင့်အရေး” ဖြစ်သည်။

တချိန်တည်းတွင် နေမကောင်းသော သူ့မိခင်နှင့်တွေ့ရန် သီရိလင်္ကာသို့ ပြန်ရေးအတွက် တောင်းပန်သည်။

ရာဗီက သူတို့ကို ရူပီး ၆ သိန်း (ဒေါ်လာ ၂,၀၀၀) နှင့် မြစ်ကိုကူးပြီး ထိုင်းသို့ ဝင်ရောက်ရန် ရူပီး ၂ သိန်း (ဒေါ်လာ ၆၅၀) ပေးလျင် သူ့ကို ပြန်ပို့ပေးမည်ဟု ဂိုဏ်းခေါင်းဆောင်က သဘောတူသည်။

အိန္ဒိယနိုင်ငံသား မစ္စတာ နီးလ်ကို ထိုင်းအာဏာပိုင်များက မြစ်ကိုဖြတ်၍ လုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့သည်

သူ့မိဘများက အိမ်ကိုပေါင်ပြီး ငွေချေးယူကာ သူ့ထံပို့ပေးပြီးနောက် မစ္စတာ ရာဗီ မဲဆောက်သို့ ရောက်လာသည်။

နိုင်ငံကူးလက်မှတ် မရှိသောကြောင့် လေဆိပ်တွင် သူ့ကို ဘတ် ၂၀,၀၀၀ (ဒေါ်လာ ၅၅၀) ဒဏ်ရိုက်သောအခါ ရာဗီ၏ မိဘများသည် ငွေကြေး ထပ်မံချေးယူရပြန်သည်။

ကျနော် သီရိလင်္ကာကို ပြန်ရောက်တော့ ရူပီး ၁ သန်း ၈ သိန်းခွဲ (ဒေါ်လာ ၆,၁၀၀) အကြွေးတင်နေပြီ” ဟု ၎င်းက ပြောသည်။

သူသည် ယခုအခါ အိမ်ပြန်ရောက်နေသော်လည်း သူ၏ဇနီးနှင့် တွေ့ဆုံမှု နည်းသွားသည်။

“ဒီအကြွေးတွေဆပ်ဖို့ ကားပြင်လုပ်ငန်းမှာ နေ့ရောညပါ အလုပ်လုပ်ရတယ်။ အတိုးတွေပေးဖို့ ကျနော်တို့ နှစ်ယောက်လုံးရဲ့ လက်ထပ်လက်စွပ်တွေကို ပေါင်ထားရတယ်” ဟု သူက ခါးသီးစွာ ပြောသည်။

(BBC ပါ Suneth Perera နှင့် Issariya Praithongyaem တို့၏ ‘My hell in Myanmar cyber slavery camp’ ကို ဘာသာပြန်သည်။)

You may also like these stories:

အွန်လိုင်းငွေကြေးလိမ်လည်မှု ကမ္ဘာတဝန်း ပြန့်ပွားလာဟု အင်တာပို အစီရင်ခံ

အာဏာရှင်လက်ထက် တကျော့ပြန်ပေါ်လာတဲ့ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုများ

KK Park ကုမ္ပဏီက ခရစ်ပတိုငွေကြေး ဒေါ်လာ သန်း ၁၀၀ ကျော် လိမ်လည်

ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ

စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ

အဆင့်မြင့်နည်းပညာသုံး အာရှ ရာဇဝတ်မှုတွင် ဆိုက်ဘာလိမ်မှုများ၊ ကာစီနိုများက ငွေ ဘီလီယံချီ ခိုးယူနေ

အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’

Your Thoughts …
Tags: Sliderစစ်ကောင်စီတရုတ်ထိုင်းမြဝတီရွှေ့ပြောင်းလုပ်သားလူကုန်ကူးမှုသီရိလင်္ကာအိန္ဒိယအွန်လိုင်းငွေကြေးလိမ်လည်မှု
Suneth Perera နှင့် Issariya Praithongyaem

Suneth Perera နှင့် Issariya Praithongyaem

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ

စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ

တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း

တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved