• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

by ဝတ်ရည်ခိုင်မာ
16 January 2024
in ဆောင်းပါး
A A
တရုတ်ဖိအားအောက်က ဟိုင်ဂင် သဘောတူညီချက် ဘာလဲ ဘယ်လဲ

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှ စစ်ကောင်စီတပ် လက်နက်စွန့်ပြီး ပြန်လည်ဆုတ်ခွါစဉ်/CJ

8.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီကြား ရောက်သည့်နေရာတွင် အပစ်ရပ်သည့် “ဟိုင်ဂင် သဘောတူညီချက်” ရရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့၏။

ဟိုင်ဂင် သဘောတူညီချက်တွင် အရေးပါသည်က တရုတ်ဖြစ်၏။ တရုတ်သည် စစ်ကောင်စီနှင့် ဆက်ဆံသကဲ့သို့ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်လည်း အတိအလင်း ဆက်ဆံမှုလည်း ရှိ၏။ ဤသည်မှာ အခြား အိမ်နီးချင်းနိုင်ငံများနှင့် ကွာခြားချက်ဖြစ်သည်။ ကျန်နိုင်ငံများသည် ၎င်းတို့နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံမှု ရှိသော်လည်း တရုတ်ကဲ့သို့ ဗြောင်အတိအလင်း မဆက်ဆံကြပေ။ တရုတ်ကမူ မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်သည့်အချိန်မှစ၍ ၎င်းတို့နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗြောင်အတိအလင်း ဆက်ဆံသည်ကို တွေ့ရ၏။

တရုတ်တို့ အစဉ်တစိုက် ကြွေးကြော်နေသည်မှာ တရုတ်နယ်စပ် တည်ငြိမ်ရေး ဖြစ်သော်လည်း တရုတ်တို့၏ တကယ်တမ်း လိုလားချက်မှာ မြန်မာပြည် တည်ငြိမ်ရေး ဖြစ်၏။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက် လည်းကောင်း၊ မြန်မာပြည်တွင် ရှိပြီးသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်းကောင်း၊ ထပ်မံပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်းကောင်း၊ မြန်မာပြည်ကို ဖြတ်သန်း ဆက်သွယ်ထားသည့် တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးအတွက်လည်းကောင်း မြန်မာပြည် တည်ငြိမ်ရေးသည် တရုတ်တို့၏ လိုလားချက်ဖြစ်သည်။

မြန်မာပြည် တည်ငြိမ်မှုရှိရေးပြဿနာသည် တရုတ်အတွက် မျက်နှာလွှဲထား၍မရသည့် ပြဿနာဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြွေးကြော်သည့် အမေရိကန်နှင့် အနောက်နိုင်ငံများထက် တရုတ်အတွက်က လက်တွေ့ကျသော အကျိုးစီးပွားပြဿနာဖြစ်၏။

ထို့ပြင် ‌‌မြန်မာပြည်တွင်း အခြေချနေသည့် တရုတ်ငွေလိမ်ဂိုဏ်းများ၏ ပြဿနာကလည်း တရုတ်အတွက် ခေါင်းခဲစရာ ပြဿနာတခု ဖြစ်သည်။ တရုတ်ငွေလိမ်ဂိုဏ်းများကြောင့် တရုတ်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးမှု ဖြစ်နေသည်။ တရုတ်တို့အတွက် ပြဿနာကြီးဖြစ်သည်။ မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာဖြစ်နေ၏။ မဖြေရှင်းနိုင်ပါက တရုတ်တို့ စီးပွားရှာသမျှ ပုလိုင်းပေါက်နှင့် ဖားကောက်သကဲ့သို့ ဖြစ်နေမည်ဖြစ်၏။

မြန်မာပြည် တည်ငြိမ်မှုရှိရေးပြဿနာသည် တရုတ်အတွက် မျက်နှာလွှဲထား၍မရသည့် ပြဿနာဖြစ်သည်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြွေးကြော်သည့် အမေရိကန်နှင့် အနောက်နိုင်ငံများထက် တရုတ်အတွက်က လက်တွေ့ကျသော အကျိုးစီးပွားပြဿနာဖြစ်၏။

ကိုဗစ်အလွန် တရုတ်တို့၏ စီးပွားရေး ခြေလှမ်းသစ်တွင် မြန်မာပြည်ပြဿနာက တရုတ်တို့အတွက် စိတ်ပျက်စရာ ဖြစ်နေ၏။ မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းမှုအပြီး ပေါက်ကွဲထွက်လာသည့် လက်နက်ကိုင် ပုန်ကန်မှုများ အားကောင်းလာရာ ပဋိပက္ခက ပို၍ကြီးမားလာသည်။ ပဋိပက္ခအသစ်များ များပြားလာသည်။ တရုတ်တို့အနေဖြင့် မြန်မာပြည်နှင့် ပတ်သက်ပြီး ပြဿနာနှစ်ခုကို ကိုင်တွယ်ရန် ကြိုးပမ်းလာတော့သည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်တို့ စဉ်းစားချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာစစ်တပ်ကို ပြန်လည် ရင်ကြားစေ့ပေးနိုင်ပါက မြန်မာပြည် ပြန်လည်တည်ငြိမ်အောင် လုပ်နိုင်လိမ့်မည်ဟု စဉ်းစားပုံရ၏။ ၂၀၂၁ ခုနှစ် အာဏာသိမ်းခါစက နောက်ဆုံးလာရောက်သည့် တရုတ်သံတမန် မစ္စတာ ဆွန်ကော့ရှန် လာစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် စစ်ကောင်စီထံ တောင်းဆိုခဲ့သည်ဟု ကြားသိခဲ့ရသကဲ့သို့ ယခု ၂၀၂၄ ခု နှစ်ဆန်း တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး လာစဉ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့သည်ဟူသည့် သတင်းများထွက်ပေါ်ခဲ့၏။

တရုတ်တို့အနေဖြင့် မြန်မာပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများကို အားပျော့အောင် တဖက်က ကြိုးစားရင်း တဖက်က စစ်ကောင်စီနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား ညှိနှိုင်းပေးနိုင်ပါက မြန်မာပြည် တည်ငြိမ်သွားမည်ဟု ယူဆထားပြီး လက်တွေ့တွင် ဤအတိုင်း လုပ်ဆောင်နေသည်။

တရုတ်နှင့် အပစ်အခတ်ရပ်စဲရေး

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တရုတ်တို့သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းကို ခန့်အပ်ပြီး ပြဿနာသုံးခုကို ဖြေရှင်းရန် ကြိုးစား၏။ ပထမတခုမှာ ‌တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့အား စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် အကြိမ်ကြိမ် ဖိအားပေးသည်။ ပြည်မရှိ လက်နက်ကိုင်အင်အားစုများနှင့် ပတ်သက်မှု မရှိရန် အကြိမ်ကြိမ် ဖိအားပေးသည်။ ဤအချက်သည် ပြည်တွင်းတွင် အကျပ်အတည်းဖြစ်နေသည့် စစ်ကောင်စီအတွက် မက်လုံးဖြစ်၏။

ဒုတိယအချက်မှာ တရုတ်ငွေလိမ်ဂိုဏ်းများအား ဖမ်းပြီး တရုတ်သို့အပ်ရန် စစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုသည်ဟု သိရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကိုမူ တတိယနေရာတွင် ထားပုံရ၏။

ပထမအချက်နှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ဆွေးနွေးရန် သုံးကြိမ်ခန့် ဖိအားပေးခဲ့သော်လည်း မြောက်ပိုင်းသုံးဖွဲ့က လက်မခံခဲ့ဘဲ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့၏။ သို့ဖြစ်ရာ စစ်ဆင်ရေးစတင်ပြီး နောက်ပိုင်းတွင်လည်း တောက်လျှောက် ဖိအားပေးခဲ့ပြီး စစ်ကောင်စီနှင့် ဆွေးနွေးရန် အတင်းကြပ် ဖိအားပေးခဲ့ကြောင်း၊ အတင်းအကြပ် အပစ်ရပ်ရေး လက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့ကြောင်း ကြားသိရ၏။

ဒုတိယအချက်မှာ တရုတ်ငွေလိမ်ဂိုဏ်းများအား ဖမ်းပြီး တရုတ်သို့အပ်ရန် စစ်တပ်ကို အကြိမ်ကြိမ် တောင်းဆိုသည်ဟု သိရ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေးကိုမူ တတိယနေရာတွင် ထားပုံရ၏။

သို့ဖြစ်ရာ နှစ်လအတွင်း တတိယအကြိမ်ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ညတွင် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီတို့သည် ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် တရုတ်သံတမန် မစ္စတာ တိန့်ရှီကျွန်းနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း၌ နှစ်ဖက်တပ်များ ရောက်သည့်နေရာများတွင် ရှေ့မတိုးဘဲ တိုက်ပွဲများ ရပ်တန့်ရန် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ဟိုင်ဂင်သဘောတူညီချက်၏ အဓိကပြဿနာမှာ တရုတ်တို့ အတင်းဖိအားပေးမှု၊ ခြိမ်းခြောက်မှုများကြောင့် ဖြစ်လာသည့် အပစ်ရပ်ရေး သဘောတူညီချက်ဖြစ်၏။ အကယ်၍ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးခြင်း မပြုပါက မြောက်ပိုင်းသုံးဖွဲ့ နယ်မြေများအတွင်းသို့ တရုတ်မှ ရိက္ခာ၊ ဆေးဝါး၊ လောင်စာစသည့် ကုန်ပစ္စည်းတင်သွင်းမှု ဖြတ်တောက်မည်ဟု ခြိမ်းခြောက်ကြောင်း ခိုင်လုံသော သတင်းများကြားရ၏။

သို့ဖြစ်ရာ ဟိုင်ဂင်သဘောတူညီချက်သည် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီ အကြေအလည် ဆွေးနွေးပြီးရသည့် သဘောတူညီချက် မဟုတ်ပေ။ တရုတ်တို့၏ ခြိမ်းခြောက်မှုနှင့် ဖိအားကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ ထို့ကြောင့်လည်း “ရှမ်းမြောက်ဒေသအတွင်း မိမိတို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရသည့် အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်” ဟု မြောက်ပိုင်းသုံးဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်၏။

တရုတ်ဖိအား

မြောက်ပိုင်းသုံးဖွဲ့နှင့် တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အများစုရော ပြည်မရှိ လက်နက်ကိုင် အင်အားစုများကပါ လက်ရှိကာလသည် စစ်ကောင်စီကို အပြုတ်တိုက်ရမည့်အချိန်ဟု တညီတညာတည်း သဘောထားသည့်အပြင် လက်တွေ့တွင်လည်း မြန်မာစစ်တပ်ကို ပြိုကွဲ၊ ပြိုလဲသည်အထိ တိုက်နိုင်သည့် အခြေအနေရှိသည်ကို ရှင်းလင်းစွာ မြင်ရ၏။

မြန်မာစစ်တပ်ကို ပြိုကွဲအောင် တိုက်နိုင်သည့်အခြေအနေ ရှိသည်ဆိုသည့်အချက်နှင့် ပတ်သက်၍ မြောက်ပိုင်းအဖွဲ့များ၊ မြန်မာပြည်ရှိ တော်လှန်ရေးအင်အားစုများနှင့် တရုတ်တို့ကြား အမြင်ကွဲပြားပုံ မရပေ။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံစဉ်

မြန်မာစစ်တပ်သည် ချိနဲ့နေပြီး ပြိုကွဲနိုင်သည်ဟု တရုတ်တို့လည်း ယူဆပုံရ၏။ သို့သော် တရုတ်တို့ အလေးထားသည်မှာ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ဗရမ်းဗတာဖြစ်နိုင်သည်ဟူသည့် အချက်ဖြစ်ပုံရ၏။

တရုတ်တို့ အတင်းအကြပ် ဖိအားပေးသည့် အဓိကအကြောင်းမှာ မြန်မာပြည်နှင့် ပတ်သက်သည့် အဆိုပါ တရုတ်တို့ သဘောထားသုံးသပ်ချက်ကြောင့် ဖြစ်ပုံရ၏။ အဓိက တရုတ်တို့စဉ်းစားမှုမှာ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ထိန်းချုပ်နိုင်မည့်သူမရှိဘဲ ဗရမ်းဗတာဖြစ်နိုင်သည်ဟု ကြည့်ရှုသောအမြင်က အဓိကဖြစ်ပုံရ၏။

တရုတ်တို့သည် လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်အခြေအနေကို မသိ၍ မဟုတ်ပေ။ မြောက်ပိုင်းသုံးဖွဲ့ ဆက်တိုက်ပါက လားရှိုးသာမက ရှမ်းမြောက်တခုလုံး ပြိုဆင်းသွားပြီး ပြင်ဦးလွင်အထိ ခြိမ်းခြောက်သွားနိုင်သည်ကို ကောင်းစွာသိပုံရ၏။ မြန်မာစစ်တပ်ကို စိတ်ဓာတ်ရေးရာအရလည်း များစွာ ထိခိုက်မည်ဖြစ်၏။ သို့သော် ဤသို့ မြန်မာစစ်တပ်ပြိုကွဲပါက မြန်မာပြည်အား မည်သူကမှ မထိန်းသိမ်းနိုင်ဘဲ ဗရမ်းဗတာဖြစ်သွားနိုင်သည်ဟု အလေးထား စဉ်းစားပုံရ၏။

မြန်မာစစ်တပ်သည် ချိနဲ့နေပြီး ပြိုကွဲနိုင်သည်ဟု တရုတ်တို့လည်း ယူဆပုံရ၏။ သို့သော် တရုတ်တို့ အလေးထားသည်မှာ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ဗရမ်းဗတာဖြစ်နိုင်သည်ဟူသည့် အချက်ဖြစ်ပုံရ၏။

မြောက်ပိုင်းသုံးဖွဲ့သည် တပြည်လုံးကို တည်ငြိမ်အောင် ထိန်းချုပ်ခြင်း မပြုနိုင်ဟု တရုတ်တို့ ကြည့်မြင်ပုံရ၏။ ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်း တပြည်လုံးကို ထိန်းချုပ်နိုင်မည် မဟုတ်ဟု တရုတ်တို့ ယူဆနိုင်သကဲ့သို့ NUG အား အမေရိကန်ယိမ်းအဖွဲ့ဟု သဘောထားပြီး တရုတ်တို့ အယုံအကြည် မရှိခြင်းကြောင့်လည်း ဖြစ်နိုင်၏။

ထိုရှုမြင်သုံးသပ်ချက်အောက်တွင် မြန်မာစစ်တပ် ပြိုပါက မြန်မာပြည် ဗရမ်းဗတာဖြစ်နိုင်သည့် အခြေအနေ ရောက်နိုင်သည်၊ လက်နက်ကိုင် အုပ်စုကွဲများဖြင့် ထိန်းမနိုင်သိမ်းမရ အခြေအနေများ ပေါ်ပေါက်လာနိုင်သည်၊ ထိုသို့ ဖြစ်ပွားပါက တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မည့်အပြင် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများကို ဂယက်ရိုက်နိုင်သည်၊ ထိုဗရမ်းဗတာ အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ခက်ခဲလိမ့်မည်ဟု ယူဆပြီး ဟိုင်ဂင် သဘောတူညီချက်ကို အတင်းဖိအားပေးခြိမ်းခြောက်ကာ အကောင်အထည် ဖော်ခဲ့ပုံရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

တရုတ်နှင့် ငွေလိမ်ဂိုဏ်းပြဿနာ

ဒုတိယအချက် အနေဖြင့် တရုတ်တို့က မြန်မာစစ်တပ်ထံ ငွေလိမ်ဂိုဏ်းများ အပ်နှံရန် တောင်းဆိုခဲ့သော်လည်း မင်ရှောက်ချန်း မိသားစုနှင့် အရေးမပါသူ အများစုကိုသာ ထိုးကျွေးခဲ့ပြီး ပယ်ဆောက်ချိန်နှင့် ကျန် ဝရမ်းထုတ်ထားသူများကို လွှဲအပ်ပေးခြင်း မရှိပေ။ ထိုသူအားလုံးကို မြန်မာစစ်တပ်က အကာအကွယ် ပေးထားသည်။ ပယ်ဆောက်ချိန်ဆိုလျှင် စောစွာကတည်းက နေပြည်တော်သို့ ခေါ်ထားပြီး ကျန်မိသားစုများကိုလည်း အကာအကွယ်ပေးထား၏။

လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီတို့ရှိ ကာစီနိုများ၊ ငွေလိမ်ဂိုဏ်းများ အားလုံးသည် မြန်မာစစ်တပ်က သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် (ပသစ) များကို တိုက်ရိုက်ဖွင့်ခွင့် ပေးထားခြင်းဖြစ်၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရ လက်ထက်ကပင် ဝင်ရောက်စွက်ဖက်ခွင့်၊ ကိုင်တွယ်ခွင့်မရှိပေ။

သို့ဖြစ်ရာ မြန်မာပြည် စစ်တပ်အုပ်ချုပ်မှုအောက်ရှိ တာချီလိတ်၊ မြဝတီတို့တွင် မူလရှိပြီး အဖွဲ့များအပြင် တရုတ်နယ်စပ်မှ ပြေးလာသော အဖွဲ့အများအပြား ရောက်နေသည်ဟု သိရ၏။ ထို့ပြင် တန့်ယန်းနှင့် မိုင်းရှူးမြို့နယ်များတွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ထိန်းချုပ်ရာ နယ်မြေများ၌ တရုတ်နယ်စပ်မှ ပြေးလာသည့် ငွေလိမ်ဂိုဏ်းအများအပြား ရောက်နေသည်ဟု ဒေသခံများထံမှ သိရှိရ၏။

လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီတို့ရှိ ကာစီနိုများ၊ ငွေလိမ်ဂိုဏ်းများ အားလုံးသည် မြန်မာစစ်တပ်က သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် (ပသစ) များကို တိုက်ရိုက်ဖွင့်ခွင့် ပေးထားခြင်းဖြစ်၏။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သားအစိုးရ လက်ထက်ကပင် ဝင်ရောက်စွက်ဖက်ခွင့်၊ ကိုင်တွယ်ခွင့်မရှိပေ။

ကာစီနိုနှင့် ငွေလိမ်ဂိုဏ်းများကို အကာကွယ်ပေးပြီး ဝေစုယူနေသည်မှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပသစများ ဖြစ်၏။ နောက်ကွယ်မှ ကြိုးကိုင်ခွင့်ပြုပြီး ဝေစုခွဲယူနေသူမှာ မြန်မာစစ်တပ်‌ခေါင်းဆောင်များ ဖြစ်၏။ သို့ဖြစ်ရာ တရုတ်အနေဖြင့် တရုတ်နယ်စပ် အပစ်ရပ်ရေးနှင့် ငွေလိမ်ဂိုဏ်းနှိမ်နင်းရေးကို မြန်မာစစ်တပ်နှင့် အလဲအထပ် လုပ်လိုလျှင်လည်း မြန်မာစစ်တပ်ဖက်က အောက်ခြေပိုင်းကို ထိုးကျွေးနိုင်သော်လည်း သူတို့ကို အမှုပတ်နိုင်သော သူတို့ဝေစုခွဲယူနေသည့် အဓိကခေါင်းဆောင်ပိုင်းကို အပ်နှံရန် ခက်ခဲသည်။

တရုတ်နှင့် ဒေါ်အောင်ဆန်းစုကြည်

တတိယအချက်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာစစ်တပ်ကြား ညှိနှိုင်းရေးအား ရေရှည်ပြဿနာအဖြစ် တရုတ်တို့ ယူဆကြပုံရသည်။

သို့သော်လည်း တဖက်ကဆိုလျှင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အသေသတ်ထားသဖြင့် ပြန်လည်ရင်ကြားစေ့ရန် ခက်ခဲပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်ကောင်စီ၏ ဖိနှိပ်သတ် ဖြတ်မှုကြောင့် သေဆုံးသွားသူများနှင့် လက်ရှိတိုက်ပွဲဝင်နေသည့် PDF များအား ကျောခိုင်းရန် ခက်ခဲပေလိမ့်မည်။

ဟိုင်ဂင်သဘောတူညီချက်၏ အားနည်းချက်

ဟိုင်ဂင် သဘောတူညီချက်၏ အဓိကအားနည်းချက်မှာ တရုတ်တို့က စစ်ပွဲအမြန်ရပ်နိုင်ရန်အတွက် မြောက်ပိုင်းသုံးဖွဲ့အား အတင်းအဓမ္မဖိအားပေး၊ ခြိမ်း‌ခြောက်၍ အချိန်တိုအတွင်း ပေါ်လာသည့် သဘောတူညီချက်ဖြစ်၏။ စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ကြား အကြေအလည်ဆွေးနွေးပြီးရသည့် သဘောတူညီချက် မဟုတ်ပေ။

ထို့ကြောင့်လည်း အပစ်ရပ် သဘောတူညီချက်များသည် အလွန်ယေဘုယျကျသည်။ အပစ်ရပ်ရေးအတွက် နယ်မြေသတ်မှတ်မှု မပါ၊ မြောက်ပိုင်းသုံးဖွဲ့ဘက်က စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်မဆင်ရန်၊ မြန်မာစစ်တပ်ဘက်က မြောက်ပိုင်းသုံးဖွဲ့ သိမ်းပိုက်ထားသည့်နေရာများကို လက်နက်ကြီးဖြင့်၊ လေကြောင်းဖြင့် မပစ်ခတ်ရန်သာ ပါသည်။ မြန်မာစစ်တပ်က မြေပြင်ထိုးစစ် မဆင်ရဆိုသည့်အချက်လည်း မတွေ့ရပေ။

သို့ဖြစ်ရာ အချင်းများလွယ်၊ အငြင်းပွားလွယ်၊ ပျက်လွယ်သည့် အခြေအနေတွင်ရှိ၏။ တရုတ်နှစ်သစ်ကူး ကာလလောက် အပစ်ရပ်နေလျှင်ပင် မဆိုးဟု တရုတ်တို့ စဉ်းစားလုပ်ကိုင်သလားပင် ထင်ရ၏။ တရုတ်တို့အနေဖြင့် အမြန်ဆုံးအပစ်ရပ်ရန် ရသည့်နည်းနှင့် လုပ်ဆောင်ခြင်း ဖြစ်ပုံရ၏။

အချင်းများလွယ်၊ အငြင်းပွားလွယ်၊ ပျက်လွယ်သည့် အခြေအနေတွင်ရှိ၏။ တရုတ်နှစ်သစ်ကူး ကာလလောက် အပစ်ရပ်နေလျှင်ပင် မဆိုးဟု တရုတ်တို့ စဉ်းစားလုပ်ကိုင်သလားပင် ထင်ရ၏။ တရုတ်တို့အနေဖြင့် အမြန်ဆုံးအပစ်ရပ်ရန် ရသည့်နည်းနှင့် လုပ်ဆောင်ခြင်း ဖြစ်ပုံရ၏။

နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန် သဘောတူသည်ဆိုသော်လည်း လက်တွေ့တွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တပ်ဖွဲ့များ၏ အခွန်ကောက်ခံမှု ပြဿနာများသည် အပြောလွယ်သလောက် ညှိနှိုင်းဖြေရှင်းရန် ခက်ခဲ၏။

ဟိုင်ဂင်သဘောတူညီချက် အကျိုးသက်ရောက်မှု

မြောက်ပိုင်းသုံးဖွဲ့ကို တရုတ်တို့ အတင်းအကြပ် ဖိအားပေးပြီး ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးသည် မည်သူများအတွက် မည်သည့် အကျိုးသက်ရောက်မှု ရှိသည်ကို တွက်ဆပါက အောက်ပါအတိုင်း တွေ့ရ၏။

မြောက်ပိုင်းသုံးဖွဲ့အတွက်ဆိုရလျှင် အကျိုးရှိသည်ဟု ဆိုရမည့် အဓိကအချက်မှာ သိမ်းပိုက်ထားသည့် မြို့ရွာများကို တည်ငြိမ်စွာ အုပ်ချုပ်ခွင့်၊ တည်ဆောက်ခွင့် ရမည်ဖြစ်၏။ သို့သော် မြောက်ပိုင်းသုံးဖွဲ့အတွက် အကျိုးမဲ့သည့်အချက်က ပိုများသည်။ အရှိန်ရနေသည့် တိုက်စိတ်ခိုက်စိတ်ကို ချိုးနှိမ်ရာရောက်၏။ လက်တကမ်းတွင် ရောက်ရှိနေသည့် လားရှိုး၊ မူဆယ် မြို့သိမ်းတိုက်ပွဲများကို ယာယီစွန့်လွှတ်လိုက်ရသည်။

မြောက်ပိုင်းသုံးဖွဲ့ရရှိထားသည့် ပြည်မလူထု၏ နိုင်ငံရေးထောက်ခံမှုအား ထိပါးစေသည်။ အထိ နာနေသည့် မြန်မာစစ်တပ်အင်အား ပြန်လည်စုဖွဲ့ဖြည့်တင်းချိန်‌ ပေးလိုက်ရသည်ဖြစ်ရာ ဖြည့်တင်းပြီးပါက ပြန်လည် ထိုးစစ်ဆင်မည့် အန္တရာယ်ရှိ၏။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံး ထိုးတက်လာသည့် တော်လှန်ရေးအရှိန်အဟုန်တို့ အပြန်အလှန် ပေါင်းစပ်နိုင်မှုကိုလည်း ထိပါးရာ ရောက်သည်။

ထို့ပြင် တရုတ်တို့ လက်တံမမီသည့် ရခိုင်ပြည်နယ်နှင့် AA မှာ အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ပုံမရပေ။ ဗျူဟာကုန်းများ၊ စစ်စခန်းများကို ဆက်လက် သိမ်းပိုက်နေပြီး ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ် တခုလုံးကိုပင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဟိုင်ဂင်သဘောတူညီချက် နှင့် မြန်မာစစ်တပ်

မြန်မာစစ်တပ်အတွက်ဆိုလျှင် သေဆုံး၊ ဒဏ်ရာရသူ၊ အဖမ်းခံရသူ၊ လက်နက်ချသူ များပြား၍ အထိနာပြီး စိတ်ဓာတ်ကျဆင်းမှု၊ စိတ်ဝမ်းကွဲမှုများဖြင့် ပြိုဆင်းနေသည့် မြန်မာစစ်တပ်ကို ကုစားရန် အချိန်ရရှိသွား၏။

လားရှိုး၊ မူဆယ်မြို့များ အသက်ရှူချောင်သွားသည်။ လားရှိုး၊ မူဆယ်မြို့များ ကျပါက ရှမ်းမြောက်ကို ထိန်းသိမ်းရန် ခက်ခဲမည့်အပြင် ပြင်ဦးလွင်ပါ ခြိမ်းခြောက်ခံရပြီး မြန်မာစစ်တပ်အတွင်း စစ်ရေးထက် စိတ်ဓာတ်ရေးရာအရ ပြင်းပြင်းထန်ထန် ထိခိုက်မည်ဖြစ်၏။

ထို့ပြင် လားရှိုးနှင့် ရှမ်းမြောက်သို့ ရိက္ခာ၊ လက်နက်ခဲယမ်းများကို မော်တော်ယာဉ်များဖြင့် မြေပြင်မှ သယ်ဆောင်နိုင်မည်ဖြစ်ရာ လေကြောင်းမှ သယ်ပို့သည်သည့် အဆများစွာ သယ်ဆောင်နိုင်ပြီး ကုန်ကျစရိတ် သက်သာမည်။ လေယာဉ်ဖြင့် သယ်ဆောင်ရန် ခက်ခဲသည့် လက်နက်ကြီးများ၊ ဒုံးကျည်များ သယ်‌ဆောင်နိုင်မည်။ အပစ်ရပ်သည့်အတွက် လက်တွေ့အကျိုးအရှိဆုံးမှာ မြန်မာစစ်တပ်ဖြစ်၏။

လားရှိုး၊ မူဆယ်မြို့များ အသက်ရှူချောင်သွားသည်။ လားရှိုး၊ မူဆယ်မြို့များ ကျပါက ရှမ်းမြောက်ကို ထိန်းသိမ်းရန် ခက်ခဲမည့်အပြင် ပြင်ဦးလွင်ပါ ခြိမ်းခြောက်ခံရပြီး မြန်မာစစ်တပ်အတွင်း စစ်ရေးထက် စိတ်ဓာတ်ရေးရာအရ ပြင်းပြင်းထန်ထန် ထိခိုက်မည်ဖြစ်၏။

အပစ်ရပ်သဘောတူညီချက်တွင် မြန်မာစစ်တပ်ဖက်က လေကြောင်း၊ လက်နက်ကြီးဖြင့် မတိုက်ခိုက်ရန်သာပါ၏။ မြောက်ပိုင်းသုံးဖွဲ့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန်ပင် မပါပေ။ သို့ဖြစ်ရာ မြန်မာစစ်တပ်က ပြန်လည် ထိုးစစ်တိုက်ခိုက်၍ရသည်ဆိုသည့် အဓိပ္ပာယ်ပေါက်နေသည်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်းတွင် အထီးတည်း ပိတ်မိနေသော မူဆယ်မြို့တို့တွင် မြန်မာစစ်တပ်မှ မူရင်းရှိပြီးတပ်အပြင် လေကြောင်းမှ အင်အားထပ်မံဖြည့်တင်းလျက်ရှိရာ အင်အား ၁၀ ရင်းဝန်းကျင်ခန့်စီ အသီးသီးရှိကြ၏။ ထို့ပြင် လေကြောင်းဖြင့် ရိက္ခာ၊ ခဲယမ်း၊ အင်အားများ ဖြည့်တင်းလျက်ရှိရာ ရေရှည် အပစ်အခတ်ရပ်နေရန် ခက်ခဲသည်။ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ခိုင်၊ နန့်ဖတ်ကာ၊ နန့်ပေါ်၊ ၁၀၅ မိုင်၊ မူဆယ်၊ ကျင်စန်းကျော့၊ ပန်ဆိုင်း (ကြူကုတ်) နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စစ်ကောင်စီမှ ရေရှည် အပြီးအပိုင်စွန့်လွှတ်ရန် ခဲယဉ်းသည်။ ပြန်လည် ရယူလိုပါကလည်း စစ်ရေးနည်းလမ်းသာရှိရာ စစ်ပွဲရေရှည်ရပ်တန့်ရန် ခက်ခဲ၏။

ဟိုင်ဂင်နှင့် နွေဦးတော်လှန်ရေး

တရုတ်တို့ မည်သည့်ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်စေ လက်တွေ့တွင် နွေဦးတော်လှန်ရေးကို ထိခိုက်စေသည့်အချက်များ ပါနေ၏။ တရုတ်တို့က မြန်မာငြိမ်းချမ်းရေးဟု ဆိုသော်လည်း တရုတ်တို့၏ ဖိအားပေးဆောင်ရွက်မှုသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တပြည်လုံးရှိ လက်နက်ကိုင်တော်လှန်မှုများ အရှိန်ရ၊ အားကောင်းလာသည်ကို ရပ်တန့်ရန်၊ ဦးနှိမ်ရန် ကြိုးစားသကဲ့သို့ ဖြစ်၏။

ထို့ပြင် တရုတ်တို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်မ တော်လှန်ရေး အင်အားစုများ ပေါင်းစည်းလာမည်ကို ဟန့်တားပြီး တော်လှန်ရေးအင်အားစုများကို အကွဲကွဲအပြားပြား ဖြစ်စေပြီး မြန်မာပြည်နွေဦးတော်လှန်ရေးအား သားကြောဖြတ်ရန် ကြိုးစားနေသည်နှင့် တူနေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် မြင်တွေ့ရသည့် ဆန္ဒပြသူများ / ဧရာဝတီ

တရုတ်တို့သည် မြန်မာပြည်ရှိ တိုင်းရင်းပေါင်းစုံလူထုနှင့် လက်နက်ကိုင် အဖွဲ့အစည်းများသည် တကွဲတပြားဖြစ်နေသည်ဟု ကြည့်မြင်ပြီး ၎င်းတို့လိုချင်သည့်ပုံ သွင်း၍ရနိုင်သည်ဟု ယူဆနေပုံရ၏။ ထို့ပြင် မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစုများ အစိတ်အမွှာမွှာကွဲနေမှ တရုတ်တို့ စိတ်တိုင်းကျ ကိုင်တွယ်ဖိအားပေးရန် လွယ်ကူမည်ဟုလည်း ယူဆပုံရ၏။

တရုတ်တို့ ရှမ်းပြည်မြောက်ပိုင်း၌ အတင်း အပစ်ရပ်ခိုင်းခြင်း၏ လက်တွေ့ရလဒ်မှာ စစ်အာဏာရှင်များကို အသက်ဆက်နိုင်ရန်၊ ပြန်လည် ကုစားနိုင်ရန် အချိန်ပေးခြင်းဖြစ်သဖြင့် မြန်မာပြည်တွင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်အတူ စစ်အာဏာရှင်ကို အသက်ဆက်ပေးရန် ကြိုးစားနေသည့် တရုတ်တို့လုပ်ရပ်ကို ဆန့်ကျင်သည့်အရှိန် ပိုမြင့်လာမည်။

မြန်မာ့ငြိမ်းချမ်းရေးကို ကူညီသည်ဟုဆိုပြီး မြန်မာလူထု၏ဆန္ဒ၊ မြန်မာပြည်ရှိ အဖွဲ့အစည်းများ၏ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်တို့သဘောအတိုင်း ပုံဖာ်ရန် ကြိုးစားမှုသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခြင်းဟု မြန်မာလူထုက ယူဆကြလိမ့်မည်ဖြစ်၏။

တရုတ်တို့ ရှမ်းပြည်မြောက်ပိုင်း၌ အတင်း အပစ်ရပ်ခိုင်းခြင်း၏ လက်တွေ့ရလဒ်မှာ စစ်အာဏာရှင်များကို အသက်ဆက်နိုင်ရန်၊ ပြန်လည် ကုစားနိုင်ရန် အချိန်ပေးခြင်းဖြစ်သဖြင့် မြန်မာပြည်တွင်း၌ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့်အတူ စစ်အာဏာရှင်ကို အသက်ဆက်ပေးရန် ကြိုးစားနေသည့် တရုတ်တို့လုပ်ရပ်ကို ဆန့်ကျင်သည့်အရှိန် ပိုမြင့်လာမည်။

တရုတ်တို့အနေဖြင့် ဗမာပြည်သူများကို စစ်တိုက်ရန် သို့မဟုတ် စစ်မတိုက်ရန် ခြိမ်းခြောက်ဖိအားပေး၍ မရပေ။ ၁၉၆၈ ခုနှစ်က တရုတ်တို့၏ နိုင်ငံရေးရည်မှန်းချက်အတွက် အရှေ့မြောက်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို အစွမ်းကုန်ကူညီခဲ့ပြီး စစ်တိုက်ခြင်းကို အားပေးခဲ့သော်လည်း တရုတ်တို့ အောင်မြင်မှု မရခဲ့ပေ။

ထို့အတူ ယခုလည်း မြန်မာလူထုသဘောထားနှင့် ဆန့်ကျင်ပြီး တရုတ်တို့၏ စီးပွားရေး ရည်မှန်းချက်အတွက်၊ မြန်မာပြည် ဗရမ်းဗတာ အဖြစ်မခံနိုင်သည့်အတွက် စစ်မတိုက်ကြရန် မြန်မာစစ်တပ် အသက်ဆက်ရေး ကူ‌ညီပေးမှုသည်လည်း အောင်မြင်မည်လောဆိုသည်မှာ သံသယဖြစ်ဖွယ်ရှိ၏။

မြန်မာပြည်ရှိ တိုင်းရင်းသားပေါင်းစုံလူထုသည် အင်္ဂလိပ်ရော၊ ဂျပန်ကိုပါ တော်လှန်ခဲ့သည့် လူထုဖြစ်၏။ စစ်အာဏာရှင်စနစ်ကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အတွေ့အကြုံများစွာရှိသည့် အဖွဲ့အစည်းများနှင့် ပြည်သူများဖြစ်၏။ အခက်အခဲ အကြပ်အတည်းများစွာကို ကြုံခဲ့ကြဖူးပြီး မည်သို့ ရင်ဆိုင်ကျော်လွှားကြရမည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြသကဲ့သို့ အတွေ့အကြုံလည်း ရှိကြ၏။

ယနေ့ အဖွဲ့အစည်းများ အကွဲကွဲအပြားပြား ဖြစ်နေသည် ဆိုသော်လည်း စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာလူထုသည် တစုတစည်းတည်း၊ တသံတည်း ထွက်သည်ကို သတိပြုရန်လို၏။

သို့ဖြစ်ရာ တရုတ်တို့ ဖန်တီးသည့် ဟိုင်ဂင် သဘောတူညီချက်ကြောင့် နွေဦးတော်လှန်ရေးအရှိန်၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအရှိန်သည် လျော့ကျသွားဖွယ်ရာ မရှိဘဲ ပုံစံတမျိုးနှင့် ဆက်လက် အားကောင်းလာမည်သာ ဖြစ်သည်။ တရုတ်တို့ ‌တွက်ဆသကဲ့သို့ မြန်မာစစ်တပ် ပျက်သွားလျှင် တိုင်းပြည် ဗရမ်းဗတာဖြစ်မည်ဟု တော်လှန်ရေး အင်အားစုများက မယူဆကြချေ။ မိမိနယ်မြေအလိုက် ကောင်းစွာထိန်းချုပ် အုပ်ချုပ်ကြပြီး မိမိသဘောဆန္ဒအလျောက် ပြန်လည် ပူးပေါင်းကြသည့် ဖက်ဒရယ်နိုင်ငံသစ်တရပ် ထူထောင်ပြီး လက်ရှိ တပြည်ထောင်စနစ်ကို အစားထိုးနိုင်မည်ဟု ယုံကြည်ကြသည်။

တရုတ်တို့ ဖန်တီးခဲ့သည့် ဟိုင်ဂင် သဘောတူညီချက်သည် မြန်မာပြည် ဗရမ်းဗတာဖြစ်မည့် အခြေအနေ မရောက်အောင် ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့ ယူဆလုပ်ကိုင်သော်လည်း လက်တွေ့တွင် စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေသည့် မြန်မာစစ်အာဏာရှင်များကို အသက်ရှူ ချောင်စေခဲ့သည်ကို တွေ့ရ၏။

တရုတ်တို့ ဖန်တီးခဲ့သည့် ဟိုင်ဂင် သဘောတူညီချက်သည် မြန်မာပြည် ဗရမ်းဗတာဖြစ်မည့် အခြေအနေ မရောက်အောင် ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟု တရုတ်တို့ ယူဆလုပ်ကိုင်သော်လည်း လက်တွေ့တွင် စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေသည့် မြန်မာစစ်အာဏာရှင်များကို အသက်ရှူ ချောင်စေခဲ့သည်ကို တွေ့ရ၏။

သို့ဖြစ်ရာ တရုတ်တို့အနေဖြင့် မည်သို့ ရေရှည်ကြည့်မြင် စဉ်းစားလုပ်ဆောင်သည်ဖြစ်စေ ပြည်မရှိ အဓိက နိုင်ငံရေးအင်အားစုဖြစ်သည့် NUG / PDF တို့အား ထိတွေ့မှုမရှိဘဲ၊ မျက်နှာမူခြင်းမပြုဘဲ ဆက်လက် ဆောင်ရွက်ပါက မြန်မာလူထုထောက်ခံမှု ရရှိရန် ခက်ခဲပေလိမ့်မည်။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ သဘောထား အစစ်အမှန်ကိုလည်း အလေးထားရန်လို၏။ တရုတ်တို့အနေဖြင့် မြန်မာပြည်အရေးနှင့် ပတ်သက်လိုပါက ပဋိပက္ခတွင် ပါဝင်သူအားလုံးကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

(ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များကသာ နိုင်ငံ ပြိုကွဲခြင်းကို တားဆီးနိုင်မည်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAEAOMNDAANLDNUGPDFTNLAငွေလိမ်ဂိုဏ်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်ဒေါ်အောင်ဆန်းစုကြည်နယ်ခြားစောင့်တပ်နယ်စပ်ကုန်သွယ်ရေးနွေဦးတော်လှန်ရေးပြည်သူ့စစ်ရင်းနှီးမြှုပ်နှံမှုဟိုင်ဂင် သဘောတူညီချက်
ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာ

ဝတ်ရည်ခိုင်မာသည် နိုင်ငံတကာဆက်ဆံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

နမ့်ဖတ်ကာတွင် စစ်တပ်တိုက်လေယာဉ်တစင်း KIA ပစ်ချ

နမ့်ဖတ်ကာတွင် စစ်တပ်တိုက်လေယာဉ်တစင်း KIA ပစ်ချ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved