• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

by မိုးစက်ငြိမ်းချမ်း
9 January 2024
in သူ့အတွေး သူ့အမြင်
A A
ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

မည်သည့် အခြေအနေအောက်တွင်မဆို စစ်တပ်ကို အနားမပေးရန် လိုအပ်သည်

8.5k
VIEWS
Share on FacebookShare on Twitter

ယခုအချိန်ကာလတွင် အများက သုံးသပ်နေကြသည်မှာ မြန်မာစစ်တပ်ပြိုကွဲမှုနှင့် ပတ်သက်၍ ဖြစ်၏။ အများက စစ်တပ် ပြိုကွဲပြီဟု ဆိုလာကြချိန်တွင် စစ်တပ်ပြိုကွဲမှုနှင့်ပတ်သက်၍ မြေပြင်အခြေအနေ အချက်အလက်များပေါ် မူတည်ပြီး အခိုင်အမာ ခွဲခြမ်းစိတ်ဖြာကြည့်ကြရန် လို၏။

မြန်မာစစ်တပ်ဟုဆိုလျှင် ကြည်း၊ ရေ၊ လေ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များ အပါအဝင်ဖြစ်၏။ အရန်အဖြစ် ရဲ၊ မီးသတ်နှင့် ပြည်သူ့စစ်ကို ထည့်သွင်းတွက်ချက်ရမည်။ လက်ရှိ မြန်မာ ပြည်တွင်းစစ်တွင် ကြည်း၊ ရေ၊ လေ အဓိကတပ်ဖွဲ့ သုံးခုအနက် အဓိကဇာတ်ကောင်မှာ ကြည်းတပ်ဖြစ်၏။ လေတပ်နှင့် ရေတပ်က ကြည်းတပ်ကို ပံ့ပိုးသည့်အခန်းမှ ပါဝင်နေ၏။

လေတပ်နှင့် ရေတပ်

စစ်တပ်တွင် လေတပ်နှင့်ရေတပ်သည် ယခုအချိန်ထိ အထိမနာသေးသော တပ်များဟုဆို၍ရ၏။ ရေတပ်သည် လက်ရှိ ရခိုင်တွင်သာ စစ်ဆင်ရေးပါဝင်နေပြီး ပစ်ကူနှင့် သယ်ယူပို့ဆောင်ရေး တာဝန်ယူသည်ကို တွေ့ရ၏။

လေတပ်က မြန်မာပြည်အနှံ့တွင် ပစ်ကူရော၊ သယ်ယူပို့ဆောင်ရေးတာဝန်ရော ယူနေသည်ကို တွေ့ရ၏။ နွေဦးတော်လှန်ရေးကာလအတွင်း လေတပ်မှ ရဟတ်ယာဉ်နှစ်စင်းနှင့် လေယာဉ်တစင်းသာ ပျက်ကျသေးရာ လေတပ်သည် အထိမနာသေးဟု ဆိုရမည်။ သို့သော် လေယာဉ်ဆီ တင်သွင်းခွင့် ပိတ်ဆို့ကန့်သတ်ခံရခြင်း၊ လေယာဉ်ဖြင့် ၆၀ မမ၊ ၈၂ မမ၊ ၁၂၀ မမ မော်တာကျည်များ လိုက်လံကြဲချခြင်း တွေ့ရရာ လေတပ်အနေဖြင့် ထောက်ပို့နှင့် ပတ်သက်၍ အခက်အခဲရှိနေသည်ကို တွေ့ရ၏။ သို့သော်လည်း ယခုအချိန်အထိ လေကြောင်းပစ်ကူကို ကောင်းစွာသုံးနိုင်ဆဲဖြစ်၏။

သို့သော် လေကြောင်းပစ်ကူကို မည်မျှသုံးသည်ဖြစ်စေ တော်လှန်ရေးအင်အားစုများ၏ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများကို ရပ်တန့်နိုင်ခြင်းမရှိရာ လေတပ်သည်လည်းကောင်း၊ ရေတပ်သည်လည်းကောင်း အဓိကအခန်း၊ အဆုံးအဖြတ်ပေးနိုင်သောအခန်းတွင် မရှိပေ။

ရဲနှင့် ပြည်သူ့စစ်

ရဲနှင့်ပြည်သူ့စစ်၊ ပြူစောထီး စသည်တို့မှာ အင်အားများပြားသော်လည်း တိုက်အား မရှိပေ။ ကြည်းတပ်ကို အမှီပြုနေသည့် ယန္တယားများသာ ဖြစ်၏။ စစ်တပ်၏ ကြည်းတပ်ပြိုလျှင် လိုက်ပါပြိုလဲသွားသည့် အင်အားစုများသာ ဖြစ်၏။

ရဲနှင့်ပြည်သူ့စစ်၊ ပြူစောထီး စသည်တို့မှာ အင်အားများပြားသော်လည်း တိုက်အား မရှိပေ။ ကြည်းတပ်ကို အမှီပြုနေသည့် ယန္တယားများသာ ဖြစ်၏။ စစ်တပ်၏ ကြည်းတပ်ပြိုလျှင် လိုက်ပါပြိုလဲသွားသည့် အင်အားစုများသာ ဖြစ်၏။

ကြည်းတပ်

စစ်တပ်၏ အဓိကအင်အားစုမှာ ကြည်းတပ်ဖြစ်၏။ လက်ရှိ ကြည်းတပ်တွင် တိုင်းစစ်ဌာနချုပ် ၁၄ ခုနှင့် တိုင်းတပ် ၂၂၅ ရင်း (အတည်ပြုဆဲ စာရင်းများအရ ၂၄၅ ရင်းလည်း ရှိနိုင်၏)၊ တပ်မ/စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၃၀ အောက်တွင် တပ်ရင်း ၃၀၀ ရှိရာ ‌စစ်ကောင်စီ၏ ကြည်းတပ်တွင် ခြေလျင်၊ ခြေမြန် တိုက်ခိုက်ရေးတပ်ရင်း ၅၂၅ ရင်းမှ အများဆုံး ၅၄၅ ရင်းအထိ ရှိနိုင်သည်။ ထိုတိုက်ခိုက်ရေးတပ်ရင်းများသည် တိုင်းစစ်ဌာနချုပ် နယ်မြေအလိုက် တိုက်ခိုက်နေရရာ ထိုသို့ တိုက်ခိုက်နေသည့် စစ်နယ်မြေအလိုက် သုံးသပ်ကြည့်ပါက စစ်တပ် အထိနာနေသည်ကို အောက်ပါအတိုင်း တွေ့ရ၏။

စစ်တပ်အထိနာနေသည် ဆိုသည်မှာ ထိခိုက်ကျဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ သုံ့ပမ်းအဖြစ် ဖမ်းဆီးခံရခြင်း၊ ဘက်ပြောင်းခြင်း (CDM ပြုလုပ်ခြင်း)၊ တပ်ပြေးခြင်း၊ လက်နက်ချခြင်းတို့ကြောင့် စစ်အင်အား လျော့ကျလာခြင်းဖြစ်၏။ တိုက်ခိုက်ရေးအင်အား လျော့ကျခြင်းနှင့်အတူ တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည်လည်း လျော့ကျသည်ဖြစ်ရာ ထိုအချင်းအရာများကို စုပေါင်း၍ အထိနာသည်ဟု သုံးစွဲခြင်းဖြစ်၏။

ကချင် စစ်မျက်နှာ

ကချင်စစ်မျက်နှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဧရိယာအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် သူ၏ မဟာမိတ်တပ်များ၏ တိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ်၊ မတ်လကုန်ပိုင်းမှ စတင်ခဲ့ပြီး ယ‌နေ့တိုင် စခန်းသိမ်းတိုက်ပွဲများ၊ ချေမှုန်းရေးတိုက်ပွဲများ ပုံမှန် တိုက်ခိုက်လျက်ရှိ၏။ မပခ စစ်နယ်မြေအတွင်းရှိ တိုင်းတပ်အများစုသာမက၊ တပ်မ ၃၃၊ တပ်မ ၈၈၊ စကခ ၃ နှင့် စကခ ၂၁ တပ်များ အထိနာလျက်ရှိသည်ကို တွေ့ရ၏။

စစ်ကိုင်း၊ မ‌ကွေးနှင့် ချင်း စစ်မျက်နှာ

စစ်ကိုင်း၊ မကွေးနှင့် ချင်းစစ် မျက်နှာတွင် အဓိက တာဝန်ယူသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းတပ်များ၊ ရဲများ၊ စကခ ၄ နှင့် စကခ ၁၀ တို့မှ တပ်များအပြင် တပ်မ ၇၇ မှ တပ်အချို့ကိုလည်း တွေ့ရ၏။ အဆိုပါ စစ်မျက်နှာသည် စစ်တပ်အာဏာသိမ်းကတည်းက တော်လှန်ရေးအဖွဲ့များ ပြင်းပြင်းထန်ထန် ပုန်ကန်တိုက်ခိုက်ခဲ့ကြသည့် စစ်မျက်နှာဖြစ်၏။ သို့သော် လေ့ကျင့်ဖွဲ့စည်းချိန် တိုတောင်းသေးခြင်း၊ လက်နက်ခဲယမ်းတပ်ဆင်ရန် အကန့်အသတ်ရှိသေးခြင်းတို့ တိုင်းရင်းသားတပ်ဖွဲ့များကဲ့သို့ တိုက်စွမ်းရည် မြင့်တက်မလာသေးပေ။

သို့သော်လည်း တိုက်စိတ်ခိုက်စိတ် မြင့်မားခြင်း၊ ရရာလက်နက်နှင့် အဆက်မပြတ် တိုက်ပွဲဝင်ခြင်းတို့ကြောင့် အချိန်တိုအတွင်းတွင် စစ်တပ်အား ကောင်းစွာ ဒုက္ခပေးနိုင်သည့်အပြင် ရှမ်းမြောက်တိုက်ပွဲများ ပြင်းထန်လာသောအခါ မြို့သိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲများပါ တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။ ၎င်းတို့ စစ်နယ်မြေအတွင်းရှိ စကခ တပ်များကို အထိနာအောင် မတိုက်ခိုက်နိုင်သေးသော်လည်း နမခ တိုင်းတပ်များနှင့် ရဲများကိုမူ အထိနာအောင် တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။

ကရင် စစ်မျက်နှာ

စစ်တပ်အာဏာသိမ်းပြီး မကြာမီတွင် ကရင်စစ်မျက်နှာဖြစ်သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေတွင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF များ၏ တိုက်ပွဲများ တောက်လျှောက်ဆိုသလို ဖြစ်ပွားခဲ့၏။ ၂၀၂၃ ခုနှစ်တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) နယ်မြေ ပဲခူးတိုင်းအထိပါ ထိုးဖောက် တိုက်ခိုက်လာနိုင်သည်ကို တွေ့ရ၏။ ကရင်စစ်မျက်နှာတွင် တိုက်ပွဲများ ပြင်းထန်သကဲ့သို့ မပြတ်ဖြစ်ပွားနေရာ ရတခ၊ တပခ တိုင်းတပ်များအပြင် တပ်မ ၂၂၊ စကခ ၈၊ စကခ ၁၃၊ စကခ ၂၀ မှ တပ်များနှင့် စကခ ၁၂ မှ တပ်အချို့၊ စကခ ၁၉ မှ တပ်အချို့ အထိနာနေကြသည်ကို တွေ့ရ၏။

ကရင်နီ စစ်မျက်နှာ

ကရင်နီ (ကယား) စစ်မျက်နှာသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လွိုင်ကော် စစ်နယ်မြေအတွင်းတွင် ရှိ၏။ နွေဦးတော်လှန်ရေးတွင် အစောဆုံး ပြင်းပြင်းထန်ထန် ပုန်ကန်သည့် စစ်မျက်နှာဖြစ်၏။ ကရင်နီစစ်မျက်နှာတွင်း မူလရှိသည့် ဒကစတပ်များအပြင် ရပခ တပ်များ၊ တပ်မ ၆၆၊ စကခ ၂ မှ တပ်များ၊ စကခ ၇ နှင့် တပ်မ ၅၅ မှ တပ်အချို့ အထိနာနေသည်ကို တွေ့ရ၏။

တနင်္သာရီ စစ်မျက်နှာ

နွေဦးတော်လှန်ရေး စတင်ကတည်းက တနင်္သာရီတိုင်းတွင်းရှိ KNU တပ်မဟာ ၄ က တက်တက်ကြွကြွ ပါဝင်တိုက်ခိုက်ခြင်း မပြုသော်လည်း PDF များက တက်ကြွစွာ တိုက်ခိုက်နေခဲ့ကြသည့်ဒေသ ဖြစ်၏။ PDF များသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) တပ်များနှင့် အဓိကရင်ဆိုင်ပြီး တိုင်းတပ်များအား အထိနာစေသည်ကို တွေ့ရ၏။

ရှမ်းမြောက် စစ်မျက်နှာ

ရှမ်းမြောက်တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေး စတင်သည်မှာ နှစ်လကျော်သာ ရှိသေးသော်လည်း စစ်တပ် စခန်းပေါင်း ၃၀၀ ကျော်နှင့် မြို့ ၁၅ မြို့အထက် စွန့်လွှတ်ခဲ့ရ၏။ စခန်းသိမ်းတိုက်ပွဲများတွင် တပ်မမှူး၊ ဗျူဟာမှူးများ အပါအဝင် အရာရှိ၊ စစ်သည် ထောင်ချီ ကျဆုံးခဲ့သည့်အပြင် ဟိုပန်အခြေစိုက် ခလရ ၁၄၃၊ ရန့်ခွမ့် ခေါ် ညန့်ခွမ်း အခြေစိုက် ခလရ ၁၂၉၊ ကုန်းကြမ်း အခြေစိုက် ခလရ ၁၂၅ တို့ တပ်ရင်းလိုက် လက်နက်ချခဲ့ကြ၏။ ကွမ်းလုံအခြေစိုက် အခြေချစစ်ဗျူဟာ (စဗခ) ကွမ်းလုံ၊ ခလရ ၁၂၇၊ ခမရ ၃၁၂ ကွမ်းလုံ၊ အမတ ၃၄၈၊ နန့်ဆလပ် အခြေစိုက် ခမရ ၅၆၇၊ ခမရ ၅၆၈ တို့ကိုပါ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့၏။

ထို့နောက် နောက်ဆုံးတွင် ကိုးကန့်ဒေသ လောက်ကိုင်၌ စစ်သည်နှင့် အိမ်ထောင်သည် ၄,၀၀၀ ခန့် လက်နက်ချခဲ့ရသည့်အပြင် ဟိုပန်၊ ပန်လုံဒေသရှိ စစ်အင်အား ၁,၀၀၀ ခန့်လည်း လက်နက်ချခဲ့ရ၏။ လောက်ကိုင်ဒေသမှ စစ်သည်အင်အားသက်သက် အနည်းဆုံး တပ်ရင်း ၂၂ ရင်းခန့် လက်နက်ချခဲ့ရာ ယခင် လက်နက်ချတပ်ရင်းများ၊ ချေမှုန်းခံရသည့် တပ်ရင်းများနှင့်ပေါင်းပါက လောက်ကိုင်ဒေသတွင် တပ်ရင်း ၂၇ ရင်းခန့် ပြုန်းတီးသွားခဲ့၏။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်နက်ချသည့် စစ်ကောင်စီစစ်သားများနှင့် ရဲများ

ထို့ပြင် နောက်ဆက်တွဲအနေဖြင့် ဟိုပန်၊ ပန်လုံဒေသမှ အနည်းဆုံး တပ်ရင်း ကိုးရင်းခန့် လက်နက်ချခဲ့ရ၏။ ထို့ပြင် သိန္နီအနီးရှိ စကခ ၁၆ နှင့် ရင်းဌာနချုပ် သုံးခု၊ ကွတ်ခိုင်တို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး အခြား အခြေစိုက်တပ်ရင်းများရှိသည့် နန့်ဖတ်ကာ၊ တာမိုးညဲတို့မှာ မကြာမီ သိမ်းပိုက်ခံရမည့် အခြေအနေတွင်ရှိ၏။

သို့ဖြစ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေအတွင်းရှိ ကွမ်းလုံ၊ သိန္နီ၊ ကိုးကန့်ဒေသ၊ ကွတ်ခိုင်၊ တာမိုးညဲ၊ နန့်ဖတ်ကာ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံတို့ရှိ အခြေစိုက်တပ်ရင်း ၂၃ ရင်းနှင့် အမြောက်တပ် နှစ်ရင်းတို့ နောက်တန်းဌာနချုပ် မရှိဘဲ နံပါတ်ပျောက်သည့်တပ်များ ဖြစ်သွား၏။ ရမခ တိုင်းတပ်များအပြင် တပ်မ ၅၅၊ တပ်မ ၉၉၊ တပ်မ ၁၀၁၊ စကခ ၁၊ စကခ ၁၆၊ စကခ ၁၂၊ စကခ ၁၀၊ စကခ ၁၄၊ စကခ ၇ တပ်များ၊ ရလခ၊ တသခ၊ တပ်မ ၃၃ တို့မှ ထုတ်နုတ်တပ်ရင်းများမှ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းမိ၊ လက်နက်ချ များပြားခဲ့ပြီး အထိနာခဲ့၏။

သေဆုံးနှင့် အစောပိုင်းလက်နက်ချသူ ၃,၅၀၀ မှာ လုံးဝ ဆုံးရှုံးသွားပြီး လောက်ကိုင်နှင့် ဟိုပန်၊ ပန်လုံမှ လက်နက်ချပြီး ပြန်လာသူ ၃,၄၀၀ ခန့်မှာ စစ်တပ်ဖွဲ့စည်းပုံပျက်ပြီး စစ်ဦးကျိုးလာသူများ ဖြစ်၏။ ရှမ်းမြောက်စစ်မျက်နှာတွင် စစ်ကောင်စီတပ် အထိအနာဆုံး ဖြစ်ခဲ့၏။

အကြမ်းဖျဉ်းအားဖြင့် သေဆုံးသူ အနည်းဆုံး ၃,၀၀၀ ခန့်ရှိခဲ့ပြီး အစောပိုင်း လက်နက်ချသူ ၅၀၀ ခန့်၊ နောက်ဆုံး လောက်ကိုင်မှ လက်နက်ချသူ စစ်သည်အင်အား (အိမ်ထောင်သည် မပါ) ၂,၄၀၀ ခန့်၊ ဟိုပန်၊ ပန်လုံမှ စစ်သည်အင်အား ၁,၀၀၀ ခန့် ရှိခဲ့၏။ စုစုပေါင်း စစ်သည်အင်အား ၇,၀၀၀ ခန့် ပြုန်းတီးသွားသည်။ ထို့ပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အားလုံး မြောက်ပိုင်း ညီ‌နောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချသွားခဲ့၏။

သေဆုံးနှင့် အစောပိုင်းလက်နက်ချသူ ၃,၅၀၀ မှာ လုံးဝ ဆုံးရှုံးသွားပြီး လောက်ကိုင်နှင့် ဟိုပန်၊ ပန်လုံမှ လက်နက်ချပြီး ပြန်လာသူ ၃,၄၀၀ ခန့်မှာ စစ်တပ်ဖွဲ့စည်းပုံပျက်ပြီး စစ်ဦးကျိုးလာသူများ ဖြစ်၏။ ရှမ်းမြောက်စစ်မျက်နှာတွင် စစ်ကောင်စီတပ် အထိအနာဆုံး ဖြစ်ခဲ့၏။

ရခိုင် စစ်မျက်နှာ

ရခိုင်စစ်မျက်နှာ ပြန်လည် စတင်သည်မှာ နှစ်လ မပြည့်သေးသော်လည်း ပလက်ဝဒေသရှိ အရေးပါသော ဗျူဟာကုန်းများကို တကုန်းပြီးတကုန်း သိမ်းပိုက်နိုင်သကဲ့သို့ စုစုပေါင်း စခန်း ၁၅၀ ခန့် သိမ်းနိုင်ခဲ့ပြီး မြောက်ဦး၊ ပေါက်တောအပါအဝင် မြို့အချို့အားလည်း ထိန်းချုပ်လာနိုင်သည်ကို တွေ့ရ၏။ အသေအပျောက်စာရင်းများကို မသိရသေးသော်လည်း ‌စစ်တပ်မှ သေဆုံးသူ ရာဂဏန်းရှိမည်ဖြစ်ပြီး နောက်ထပ် ရာဂဏန်း လက်နက်ချခဲ့ကာ ၁၀၀ ကျော် အိန္ဒိယသို့ ထွက်ပြေးသည်ကို တွေ့ရ၏။ ရခိုင်စစ်မျက်နှာတွင် အင်အား ၁,၀၀၀ ခန့် ပြုန်းတီးသွားပြီ ဖြစ်သည်။

အောက်တိုဘာလ ၂၇ မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပူးတွဲစစ်ဆင်ရေးလုပ်နေသည့် တိုင်းနှင့်ပြည်နယ်များပြ မြေပုံ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – NUG နှင့် EAO

အိန္ဒိယသို့ ထွက်ပြေးသူများ တပ်သို့ ပြန်ရောက်လာသော်လည်း စစ်ဦးကျိုးသူများ ဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် ရခိုင်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်များ၊ တပ်မ ၁၁၊ စကခ ၁၉၊ စကခ ၉ နှင့် နယ်ခြားစောင့်ရဲတပ်ရင်းများ အထိနာနေသည်ကို တွေ့ရ၏။ စကခ ၅ နှင့် စကခ ၁၅ မှာလည်း စစ်နယ်ချဲ့လာသည်နှင့် ထိခိုက်ကြတော့မည်ဖြစ်၏။

အထိနာခြင်းနှင့် ပြန်လည်ကုစားခြင်း

တိုက်ပွဲများဖြစ်ပွားပြီး စစ်သည်များ ကျဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်း၊ သုံ့ပမ်းအဖြစ် အဖမ်းခံရခြင်း၊ လက်နက်ချခြင်း၊ ဘက်ပြောင်းခြင်း၊ တပ်ပြေးခြင်းတို့အတွက် အထိနာနေသော စစ်တပ်တတပ်ကို ကုစားရန်မှာ စစ်အင်အား အမြန် ပြန်လည် ဖြည့်တင်းပေးခြင်းနှင့် တပ်အား အနားပေး၍ ပြန်လည် ဖွဲ့စည်းခြင်းတို့ဖြစ်၏။

၂၀၁၅၊ ၂၀၁၉၊ ၂၀၂၀ တို့တွင် အထိနာခဲ့သော တပ်မအချို့၊ တပ်ရင်းအချို့ ရှိခဲ့သည်။ တနှစ်၊ နှစ်နှစ်အတွင်း ပြန်လည် ဖြည့်တင်းပြီး ကုစားနိုင်ခဲ့သည်ကို တွေ့ရ၏။ လက်ရှိအချိန်တွင် စစ်တပ်သည် တပ်အင်အားကို ပြန်လည် ဖြည့်တင်းခြင်း မပြုနိုင်သည့်အပြင် တပ်များကို အနားပေးနိုင်ခြင်း မရှိပေ။

တပ်ပြိုကွဲခြင်း

၁၀၂၇ စစ်ဆင်ရေးက ပြသလိုက်သည်မှာ တော်လှန်ရေးအင်အားစုများက လက်နက်ကိုင်တပ်ကို စနစ်တကျ လေ့ကျင့်ဖွဲ့စည်းခြင်း၊ စစ်လက်နက် ခဲယမ်းမီးကျောက်ကို စုစည်းတပ်ဆင်ခြင်း၊ ရဲရဲရင့်ရင့် တိုက်ခိုက်ခြင်း၊ စစ်နည်းဗျူဟာ မှန်ကန်ခြင်းတို့ ရှိပါက စစ်တပ် အလွယ်တကူ ပြိုဆင်းသွားခြင်းဖြစ်သည်။

MNDAA ထံ လက်နက်ချသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ/ pingan868686

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ နှစ်လခွဲခန့် ကြာမြင့်ပြီဖြစ်သည့် စစ်ဆင်ရေးအတွင်း စခန်းပေါင်း ၅၀၀ ခန့် သိမ်းပိုက်ပြီး ရှမ်းမြောက်နှင့်ရခိုင်တွင် စစ်တပ်အင်အား ၇,၀၀၀ ခန့်အား‌ သေဆုံး၊ ဖမ်းမိ၊ လက်နက်ချသည်အထိ ပြုန်းတီးအောင် လုပ်နိုင်သည်မှာ စစ်တပ် ပြိုဆင်းနေမှုကို ပြသခြင်းဖြစ်၏။ စစ်တပ်ကို ပြိုကွဲအောင် တိုက်ခိုက်နိုင်သည်ကို ပြသလိုက်ခြင်းဖြစ်၏။ ဤသည်မှာ စစ်တပ်၏ စစ်ဗျူဟာအမှား၊ တိုက်ရည်ခိုက်ရည် တိုက်စိတ်ခိုက်စိတ် လျော့ကျမှု၊ စစ်အင်အား မလုံလောက်မှုတို့၏ အကျိုးဆက်ကြောင့် စစ်တပ် ပြိုကွဲနေခြင်းဖြစ်၏။

ရှမ်းမြောက်ရှိ မြို့များ တမြို့ပြီးတမြို့ ကျဆုံးသည့်အပြင် လောက်ကိုင်မှ ထောင်နှင့်ချီသည့် စစ်တပ် လက်နက်ချလိုက်ရခြင်းသည် စစ်တပ်ကိုသာမက စစ်တပ်ထောက်ခံသူများကိုပါ အထိတ်တလန့် ဖြစ်စေခဲ့၏။ စိတ်ဓာတ်ရေးရာအရ ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ စစ်တပ်အား စိတ်ဓာတ်ရေးရာအရ ပြိုဆင်းစေခဲ့၏။

ထို့ပြင် လက်ရှိ မြေပြင်အခြေအနေများအရလည်း ရပခ၊ ရမခ၊ မပခ၊ နမခ၊ နပခ၊ ရတခ၊ တပခ၊ ကရခ စသည့် တိုင်း ရှစ်ခုရှိတပ်များ၊ တပ်မ ၁၁၊ ၂၂၊ ၃၃၊ ၄၄၊ ၅၅၊ ၆၆၊ ၈၈၊ ၉၉၊ ၁၀၁ နှင့် စကခ ၁၊ ၂၊ ၃၊ ၇၊ ၈၊ ၁၂၊ ၁၃၊ ၁၄၊ ၁၆၊ ၁၇၊ ၁၉၊ ၂၀၊ ၂၁ စသည့် တပ်မနှင့် စကခ ၂၂ ခုရှိတပ်များ စုစုပေါင်း တပ်ရင်း ၃၈၀ ခန့်သည် အထိနာပြီး တပ်အင်အားများ လျော့ကျနေသကဲ့သို့ ပြန်လည် ဖြည့်တင်းနိုင်စွမ်းနှင့် အနားပေးနိုင်စွမ်း မရှိသည်ကို တွေ့နေရသည်။ အထိနာနေသော တပ်များမှာ ကြည်းတပ်အင်အား၏ ၇၀ ရာခိုင်နှုန်းနီးပါး ရှိသည်ကို တွေ့ရ၏။ အထိမနာသေးဟု ပြော၍ရသော တပ်များမှာလည်း အနားမရဘဲ တပ်ပမ်းနေသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ စစ်တပ် ကြည်းတပ်၏ လက်ရှိအခြေအနေမှာ ပထမအချက်အနေနှင့် သူတင်ကိုယ်တင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါက ခံနိုင်ရည်မရှိဘဲ ပြိုဆင်းသွားသည်ကို တွေ့ရ၏။ ဒုတိယအချက်မှာ တပ်အင်အားအများစု အထိနာနေပြီး ပြန်လည်ကုစားနိုင်သည့် အခြေအနေ မရှိသည့်အပြင် အထိမနာသေးသော တပ်များမှာလည်း တပ်ပမ်းနေကြပြီဖြစ်၏။

လက်တွေ့ပြဿနာ

စစ်တပ်အား ရင်ဆိုင်ရာတွင် စနစ်တကျ လေ့ကျင့်စုဖွဲ့ထားပြီး လက်နက်ခဲယမ်း တပ်ဆင်ထားနိုင်ပါက ပြိုကွဲအောင် တိုက်နိုင်သည်ကို မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ပြသခဲ့ပြီးဖြစ်၏။ သို့သော်လည်း နွေဦးတော်လှန်ရေးအင်အားစု အများစု၏ အခက်အခဲမှာ လေ့ကျင့်စုဖွဲ့မှုနှင့် တိုက်ခိုက်ရေးအတွေ့အကြုံ တစုံတရာ ရှိကြပြီဖြစ်သော်လည်း လက်နက်ခဲယမ်းတပ်ဆင်မှုတွင် လိုအပ်ချက် ရှိနေဆဲဖြစ်ရာ စစ်တပ်ပြိုကွဲအောင် တိုက်ခိုက်ရာတွင် အကန့်အသတ်ရှိနေဆဲဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး ဒုတိယမြောက်နေ့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီတပ်စခန်း / The Kokang

သို့သော် ဤသို့သော လက်နက်ခဲယမ်းဖြည့်တင်းမှု အကန့်အသတ်ရှိသည့် အခြေအနေအောက်၌တွင်ပင် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီတို့တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလာနိုင်ပြီဖြစ်ကြောင်း တွေ့ရ၏။ သို့ဖြစ်ရာ အခြေခံ လက်နက်ခဲယမ်း ဖြည့်တင်းမှုကို အားထည့်နိုင်ပါက ရန်သူ့လက်နက် ကိုယ့်လက်နက်အဖြစ် ပြောင်းလဲပြီး ပြိုဆင်းနေသည့် စစ်တပ်ကို ပြိုကွဲအောင် တိုက်ခိုက်နိုင်မည်ဖြစ်သည်။

နောက်တချက်အနေဖြင့် အထိနာနေသော စစ်တပ်သည် ၎င်း၏စစ်တပ်အား အင်အားဖြည့်ရန်၊ အနားပေးရန်၊ ပြန်လည်ကုစားရန် အချိန်လိုအပ်သည်။ ထို့ပြင် စခန်းများစွာ၊ မြို့များစွာ လက်လွှတ်ခဲ့ရ၍ စိတ်ဓာတ်ကျဆင်းခြင်း၊ စစ်အင်အား ထောင်နှင့်ချီ၍ လက်နက်ချခဲ့ရသဖြင့် စိတ်ဓာတ်ကျဆင်းခြင်းအပြင် စစ်တပ် ခေါင်းဆောင်ပိုင်းကို အယုံအကြည် ကင်းမဲ့နေခြင်းတို့ ဖြစ်ပေါ်နေ၏။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
664
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.9k

ဤအခြေအနေကို ကုစားရန် စစ်တပ် လိုအပ်နေသည်မှာ အချိန်ဖြစ်၏။ ထို့ကြောင့်လည်း စစ်တပ်သည် လောက်ကိုင်တွင် အစုလိုက်အပြုံလိုက် လက်နက်ချပြီးနောက် ငြိမ်းချမ်းရေးကို ရှေးရှု၍၊ တပ်မိသားစုများ လုံခြုံရေးကို ရှေးရှု၍ လက်နက်ချရသည်ဟု ပြောဆိုဝါဒဖြန့်နေသည်ကို တွေ့ရ၏။

နောက်တချက်အနေဖြင့် အထိနာနေသော စစ်တပ်သည် ၎င်း၏စစ်တပ်အား အင်အားဖြည့်ရန်၊ အနားပေးရန်၊ ပြန်လည်ကုစားရန် အချိန်လိုအပ်သည်။ ထို့ပြင် စခန်းများစွာ၊ မြို့များစွာ လက်လွှတ်ခဲ့ရ၍ စိတ်ဓာတ်ကျဆင်းခြင်း၊ စစ်အင်အား ထောင်နှင့်ချီ၍ လက်နက်ချခဲ့ရသဖြင့် စိတ်ဓာတ်ကျဆင်းခြင်းအပြင် စစ်တပ် ခေါင်းဆောင်ပိုင်းကို အယုံအကြည် ကင်းမဲ့နေခြင်းတို့ ဖြစ်ပေါ်နေ၏။

သို့သော် စစ်တပ်သည် လေ့ကျင့်သားပြည့်ဝပြီး လက်နက်ခဲယမ်း တပ်ဆင်မှုကောင်းသည့် တိုင်းရင်းသားတပ်ဖွဲ့များ ရှိသည့်နေရာတွင် အပစ်ရပ်ထားလိုသော်လည်း လက်နက်ခဲယမ်း တပ်ဆင်မှု မပြည့်ဝဟု ၎င်းတို့ယူဆသည့် စစ်ကိုင်းတိုင်းကဲ့သို့သော နေရာများတွင် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများဖြင့် အရပ်သားပစ်မှတ်များဖြစ်သည့် ကျေးရွာများအား မီးရှို့ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ကာ ရမ်းကားနေဆဲဖြစ်သည်။

လက်ရှိအခြေအနေတွင် တွေ့မြင်နေရသည်မှာ စစ်တပ်အထိနာနေပြီး ပြိုကွဲနေသည်မှာ ငြင်းစရာမရှိပေ။ နွေဦးတော်လှန်ရေး အင်အားစုများဘက်မှ လက်နက်ခဲယမ်းဖြည့်တင်းမှုကို အားထည့်ပြီး တချိန်တည်းတွင် စစ်တပ်ကို ကျားကုတ်ကျားခဲ တိုက်ခိုက်ရန် လိုအပ်သည်။ အထူးသဖြင့် မည်သည့် အခြေအနေအောက်တွင်မဆို စစ်တပ်ကို အနားမပေးရန် လိုအပ်သည်။ အထိနာနေသော စစ်တပ်ကို ပြန်လည်ကုစားခွင့် မပေးရန် လိုအပ်သည်။

ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ စသည့် အကြောင်း ပြချက်မျိုးစုံဖြင့် လိမ်လည်အချိန်ဆွဲပြီး စစ်တပ် အသက်ဆက်ရန် ကြိုးပမ်းနေမှု မှန်သမျှကို သတိရှိစွာ ပယ်ချရန်လို၏။ ပြိုကျနေသော၊ အထိနာနေသော စစ်တပ်ကို အဆုံးသတ်နိုင်ရေးအတွက် ပြန်လည် ကုစားနိုင်သည့်အချိန် မပေးမိရန်သည် ယခုအချိန်တွင် လွန်စွာ အရေးကြီးသောအချက် ဖြစ်ပေသည်။

သို့ဖြစ်ရာ မြန်မာစစ်တပ်ကို ဆက်တိုက်ထိုးနှက်ရန် လိုသကဲ့သို့ အားရှိသရွေ့ ထိုးနှက်နေကြရန်လိုသည်။ ပြိုကွဲနေပြီဆိုသော်လည်း အလိုလို ပြိုလဲလိမ့်မည် မဟုတ်ပေ။ အစွမ်းရှိသမျှ လုံ့လစိုက် အားစိုက်ထိုးနှက်ရမည့် အချိန်ကာလဖြစ်ပေသည်။

You may also like these stories:

လောက်ကိုင်တွင် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ်များ အချုပ်ချခံထားရ

၁၀၂၇ စစ်ဆင်ရေးအကြောင်း စစ်ကောင်စီ လိမ်ညာ ဝါဒဖြန့်နေသည်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးCDMKIAKNUPDFငြိမ်းချမ်းရေးစစ်ကောင်စီစစ်တပ်ပြိုကွဲမှုစစ်အင်အားစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်သုံးဖွဲ့တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်ခြားစောင့်တပ်နွေဦးတော်လှန်ရေးပြည်တွင်းစစ်ပြည်သူ့စစ်ပြူစောထီးရွေးကောက်ပွဲလက်နက်ခဲယမ်းလက်နက်ချမှုလေကြောင်းတိုက်ခိုက်မှုလေကြောင်းပစ်ကူ
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved