• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
in ဆောင်းပါး
A A
၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်

8.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်ရေးကို အကြီးမားဆုံး စိန်ခေါ်မှု ရင်ဆိုင်နေရသည်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တလပြည့်သည်။ ထိုစိန်ခေါ်မှုမှာ ခုခံတော်လှန်ရေး၏ အကြီးမားဆုံး ညှိနှိုင်းထိုးစစ်ဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီတပ်များနှင့် နယ်မြေ ထိန်းချုပ်မှုများကို အကြီးအကျယ် ဆုံးရှုံးစေသည်။

ရက္ခိုင့်တပ်တော် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ပါဝင်သည့် သုံးပွင့်ဆိုင် ညီနောင်မဟာမိတ်များသည် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအထက်ပိုင်းတို့မှ စစ်ကောင်စီစခန်းများနှင့် မြို့များကို တိုက်ခိုက်သိမ်းပိုက်သည့် စစ်ကောင်စီဆန့်ကျင်ရေး ပူးတွဲစစ်ဆင်ရေး စတင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ ကရင်နီ တိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDP) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအဝင် များပြားလှသော ခုခံတော်လှန်ရေး အဖွဲ့အစည်းများသည် ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးတွင် ညှိနှိုင်းဆောင်ရွက်နေသည်။

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

အောက်တိုဘာလ ၂၇ မှစတင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပူးတွဲစစ်ဆင်ရေးလုပ်နေသည့် တိုင်းနှင့်ပြည်နယ်များပြ မြေပုံ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – NUG နှင့် EAO

မဟာမိတ်အဖွဲ့သည် ထူးခြားသော အောင်မြင်မှုများ ရရှိပြီး ကာလတိုအတွင်း များပြားလှသော စစ်ကောင်စီစခန်းများကို သိမ်းပိုက်ကာ စစ်အုပ်ချုပ်ရေးအောက်တွင် အခက်အခဲများ ရင်ဆိုင်ရသည့် မြန်မာတလွှားမှ ပြည်သူများ၏ ထောက်ခံမှု ရရှိသည်။

တလအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများပေါ်မှ အဓိကကျသည့် နေရာများအပါအဝင် စစ်ကောင်စီစခန်း ၂၂၄ ခုနှင့် မြို့ ခုနစ်မြို့ကို စစ်ကောင်စီထံမှ သိမ်းပိုက်လိုက်သည်။

စစ်ဆင်ရေးစတင်ချိန် နောက်ပိုင်းတွင် ခုခံတော်လှန်ရေးအုပ်စုများသည် နိုင်ငံ၏ အဓိက ကုန်သွယ်ရေး အသက်သွေးကြောများအနက် နှစ်ခုဖြစ်သည့် မန္တလေး-လားရှိုး- မူဆယ်လမ်းနှင့် မန္တလေး-လားရှိုး-ချင်းရွှေဟော်လမ်းတို့ကို ပိတ်ဆို့နိုင်ခဲ့သည်။ ထိုလမ်းနှစ်ခုလုံးသည် ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့် MNDAA နှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်၏ တင့်ကားတစီးကို သိမ်းပိုက်ရမိစဉ် / The Kokang

စစ်ဆင်ရေး အစောပိုင်းနေ့များတွင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် တရုတ်နယ်စပ်မှ ကုန်သွယ်ရေး အချက်အချာ ချင်းရွှေဟော်ကို သိမ်းပိုက်သည်။ ထို့နောက် ၎င်းတို့သည် သေနင်္ဂဗျူဟာကျသည့် နောက်ထပ် မြို့တမြို့ဖြစ်သော သန္နီကို သိမ်းပိုက်သည်။ ထိုမြို့သည် လားရှိုး-မူဆယ်နှင့် လားရှိုး-ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံသည်နေရာဖြစ်သည်။ မူဆယ်မြို့နယ်အတွင်း တရုတ်နယ်စပ်မှ ကုန်သွယ်ရေး ဂိတ်ဖြစ်သည့် ကျင်ဆန်းကျော့ကိုလည်း တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်ကြသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
11
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
893
ညီနောင်မဟာမိတ်အဖွဲ့နှင့် စစ်ကောင်စီတို့ ရှမ်းပြည်နယ်တွင် အောက်တိုဘာလ ၂၇ ကတည်းက စတင် တိုက်ခိုက်ရာပြ နေရာများ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – MNDAA နှင့် EAO

အရေးပါသော စစ်ဌာနချုပ်များ အပါအဝင် စစ်ကောင်စီစခန်း အများအပြားကို ၁၂ ရက်အတွင်း တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ခုခံတော်လှန်ရေး အင်အားစုများသည် ရှမ်းပြည်နယ်အထူးဒေသ ၁ ဟုခေါ်သည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝင်ပေါက်ဖြစ်သော လားရှိုး-ချင်းရွှေဟော် လမ်းပေါ်မှ စစ်ကောင်စီအတွက် သေနင်္ဂဗျူဟာကျသည့် မြို့ဖြစ်သော ကွမ်းလုံကို သိမ်းပိုက်လိုက်သည်။

စစ်ဆင်ရေးစတင်ချိန် နောက်ပိုင်းတွင် ခုခံတော်လှန်ရေးအုပ်စုများသည် နိုင်ငံ၏ အဓိက ကုန်သွယ်ရေး အသက်သွေးကြောများအနက် နှစ်ခုဖြစ်သည့် မန္တလေး-လားရှိုး- မူဆယ်လမ်းနှင့် မန္တလေး-လားရှိုး-ချင်းရွှေဟော်လမ်းတို့ကို ပိတ်ဆို့နိုင်ခဲ့သည်။

ခုခံတော်လှန်ရေး အင်အားစုများသည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်သော်လည်း မည်သည့်စခန်းကိုမှ ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသလို ထိုဒေသသို့ တပ်ကူများကိုလည်း ပေးပို့နိုင်ခြင်း မရှိပေ။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / TNLA

တချိန်တည်းတွင် အခြား များပြားလှသော ခုခံတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ (EAOs) သည် ၁၀၂၇ စစ်ဆင်ရေးနှင့် လိုက်လျောညီထွေစွာ စစ်ကောင်စီ ပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက်ကြသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ချင်းအမျိုးသား တပ်မတော် (CNA) အပါအဝင် ချင်း ခုခံတော်လှန်ရေး အင်အားစုများသည် ဖလမ်းနှင့် တီးတိန်မှ စစ်ကောင်စီ ပစ်မှတ်များနှင့် စခန်းများကို တိုက်ခိုက်မှု အရှိန်မြှင့်တင်ပြီး အိန္ဒိယနယ်စပ် ဖလမ်းမြို့နယ်မှ ရိဒ်ခေါဒါရ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် လုံးဝ သိမ်းပိုက်လိုက်သည်။ ၎င်းတို့သည် မတူပီမြို့နယ်မှ လိုင်လင်းပီမြို့ကိုလည်း လွန်ခဲ့သော နိုဝင်ဘာလ ၂၄ ရက်နေ့က သိမ်းပိုက်လိုက်သည်။

အောက်တိုဘာလ ၂၇ မှစ၍ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ပူးတွဲစစ်ဆင်ရေးပြုလုပ်ရာ နေရာများ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – NUG နှင့် PDF

နိုဝင်ဘာလ ပထမပတ်အတွင်းတွင် KIA, AA, PDFs နှင့် ချင်း ခုခံတော်လှန်ရေး အင်အားစုများ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ကန်ပက်လက်နှင့် စစ်ကိုင်းတိုင်းမှ ကောလင်းမြို့တို့တွင် စစ်ကောင်စီတပ်များနှင့် ရက်အတန်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အပြိုင် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသား ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ KNDF နှင့် PDF အဖွဲ့များသည် စစ်ကောင်စီကို ကြီးမားသော ပူးတွဲထိုးစစ် နောက်တခုကိုဖြစ်သည့် ၁၁၁၁ စစ်ဆင်ရေး စတင်ကာ ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နှင့် အနီးရှိ ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်တို့မှ စစ်ကောင်စီစခန်း ၂၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်သည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်းမှ တိုက်ပွဲဖြစ်ပွားရာ နေရာများ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – KNDF

စစ်ဆင်ရေး ပထမ ၁၀ ရက်အတွင်း စစ်ကောင်စီစစ်သား ၂၀၀ ကျော်နှင့် ခုခံတော်လှန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၄၅ ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား ဒါဇင်ပေါင်းများစွာ ခုခံတော်လှန်ရေးအုပ်စုများထံ လက်နက်ချသည်။

ပူးပေါင်းခုခံတော်လှန်ရေး အင်အားစုများသည် ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းယူရန် ကြိုးစားနေသောကြောင့် ကယားပြည်နယ်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

တချိန်တည်းတွင် အခြား များပြားလှသော ခုခံတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များ (EAOs) သည် ၁၀၂၇ စစ်ဆင်ရေးနှင့် လိုက်လျောညီထွေစွာ စစ်ကောင်စီ ပစ်မှတ်များကို အရှိန်မြှင့် တိုက်ခိုက်ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာများ / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – AA

၁၀၂၇ စစ်ဆင်ရေးကို တိုးချဲ့လိုက်ပြီး AA သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ပြီး စစ်ကောင်စီနှင့် လွန်ခဲ့သော တနှစ်က သဘောတူထားသည့် အလွတ်သဘော အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်သည်။ စစ်ကောင်စီ စခန်း လေးခုကို တိုက်ခိုက်သိမ်းပိုက်ပြီး ခုခံတော်လှန်တိုက်ခိုက်မှုကို ကြောက်လန့် ထွက်ပြေး စွန့်ခွာသွားသည့် စခန်း နောက်ထပ် ၄၀ ကိုလည်း သိမ်းယူလိုက်ကြောင်း AA က ကြေညာသည်။

အောက်တိုဘာ ၁၂ ရက်နောက်ပိုင်း စစ်ဘေးရှောင်ထွက်ပြေးရသူများ ခန့်မှန်းခြေ အရေအတွက် / မြေပုံ – ဧရာဝတီ၊ ရင်းမြစ် – ကုလသမဂ္ဂ

AA သည် ခရိုင်ပြည်နယ်မြို့တော် စစ်တွေအနီး ပေါက်တောကို သိမ်းယူရန် ကြိုးစားနေသောကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ပြည်နယ်နှင့် တိုင်းအများအပြားမှ လူပေါင်း ၃၃၅,၀၀၀ နီးပါးသည် အောက်တိုဘာလ ၂၆ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နိုဝင်ဘာလ ဒုတိယပတ်အတွင်းက MNDAA နှင့် မဟာမိတ် ခုခံတော်လှန်ရေးတပ်ဖွဲ့များက ကွမ်းလုံရှိ အမှတ် (၃၁၂) ခြေမြန်တပ်ရင်းကို သိမ်းပိုက်ထားစဉ် / The Kokang

တိုက်ပွဲများနှင့် ၎င်းတို့နှင့်ဆက်စပ် မလုံခြုံမှုများကြောင်း အရပ်သား ၂၀၀ နီးပါး သေဆုံးပြီး ၂၆၃ ဦး ဒဏ်ရာရကြောင်း ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် စစ်ကောင်စီက အမြောက်များနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှုန်းသည် တရားဝင်ထုတ်ပြန်သည့် စာရင်းများထက် ပိုမိုများပြားမည်ဟု မျှော်လင့်ရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက သေဆုံးသူနှင့် ဒဏ်ရာသူ အရပ်သား အရေအတွက် / ဇယား – ဧရာဝတီ၊ ရင်းမြစ် – ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့များ

အောက်တိုဘာလ ၂၇ ရက်နေ့နောက်ပိုင်း ပြင်းထန်လာသည့် ခုခံတော်လှန်ရေး တိုက်ခိုက်မှုများတွင် စစ်ကောင်စီစစ်သား ရာပေါင်းများစွာလည်း သေဆုံးကြောင်း သတင်းရပြီး စစ်သားနှင့်မိသားစုဝင် ၂၀၀ ကျော်ပါသည့် တပ်ရင်းတရင်း အပါအဝင် စစ်ကောင်စီစစ်သား ၅၀၀ ကျော်သည် ခုခံတော်လှန်ရေး အင်အားစုများထံ လက်နက်ချ သို့မဟုတ် ၎င်းတို့စခန်းများကို စွန့်ခွာသွားကြသည်ဟု ခန့်မှန်းရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ် စခန်းအရေအတွက် / ဇယား – ဧရာဝတီ၊ ရင်းမြစ် – ညီနောင်မဟာမိတ်အဖွဲ့

ခုခံတော်လှန်ရေးတိုက်ခိုက်မှု မြင့်မားခြင်းသည် တနိုင်ငံလုံးသို့ ပျံ့နှံ့လာသောကြောင့် စစ်ကောင်စီသည် ၎င်းတို့ ဗိုလ်ချုပ်များနှင့် မိသားစုများနေထိုင်ရာ ဌာနချုပ် နေပြည်တော်ကို ကာကွယ်ရန် ကွန်မန်ဒို ၄,၀၀၀ အပါအဝင် တိုက်ခိုက်ရေးတပ်သား ၁၄,၀၀၀ ကျော်ကို ခေါ်ယူထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် စစ်သားနှင့် မိသားစုဝင်များ အပါအဝင် ၂၀၀ ကျော် MNDAA ထံ လက်နက်ချစဉ် / The Kokang

နေပြည်တော်မှ အစိုးရဝန်ထမ်းများကိုလည်း အစောင့်စစ်တပ်အဖြစ် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး ရဲစခန်းများနှင့် စစ်စခန်းများကိုလည်း အရေးပေါ် အသုံးပြုရန် အခိုင်အမာ ကာကွယ်ရေးစခန်းများအဖြစ် ပြောင်းလဲထားသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် ပြင်းထန်သည့် ခုခံတော်လှန်ရေး စစ်ဆင်ရေးများအပြင် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှအပ နိုင်ငံရှိ ပြည်နယ်နှင့် တိုင်းအားလုံးတွင် PDFs နှင့် EAOs များ၏ တိုက်ခိုက်မှုများကို မကြာခဏ ဆက်လက်ခံနေရသည်။

အောက်တိုဘာ ၂၇ ရက် ကတည်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် မဟာမိတ် ခုခံတော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီစခန်း အရေအတွက် / ဇယား – ဧရာဝတီ၊ ရင်းမြစ် – ညီနောင်မဟာမိတ်အဖွဲ့နှင့် KNDF

နေပြည်တော်မှ အစိုးရဝန်ထမ်းများကိုလည်း အစောင့်စစ်တပ်အဖြစ် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး ရဲစခန်းများနှင့် စစ်စခန်းများကိုလည်း အရေးပေါ် အသုံးပြုရန် အခိုင်အမာ ကာကွယ်ရေးစခန်းများအဖြစ် ပြောင်းလဲထားသည်။

ကြီးမားပြီး ညှိနှိုင်းဆောင်ရွက်သည့် စစ်ကောင်စီဆန့်ကျင်ရေး စစ်ဆင်ရေး၏ ရိုက်ခတ်မှုကို အကဲဖြတ်ပြီး နိုင်ငံတွင် သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီကို အပြင်းအထန်တိုက်နေသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒို စောတောနီးက “ပြည်သူ့တော်လှန်ရေးက ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အရှိန်အဟုန်ရလာနေတယ်။ ဒါဟာ စစ်ကောင်စီရဲ့ နိဂုံးဖြစ်ကြောင်း ပြသနေတယ်” ဟု ပြောသည်။

“စစ်ကောင်စီ မျိုးတုံးနေပြီ” ဟုလည်း ၎င်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Nayt Thit နှင့် Nora တို့၏ Myanmar Junta Continues to Suffer Defeats a Month Into Operation 1027 ကို ဘာသာပြန်သည်။)

You may also like these stories:

ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး၁၁၁၁ စစ်ဆင်ရေးAAEAOsMNDAANUGPDFsSliderTNLAစစ်ကောင်စီစစ်ဘေးရှောင်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်သုံးဖွဲ့ညှိနှိုင်းထိုးစစ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved