• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
in သတင်း
A A
၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် / TNLA

10.2k
VIEWS
Share on FacebookShare on Twitter

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံးသို့ တိုးချဲ့မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ကြေညာသည်။

တနိုင်ငံလုံးမှ အခြားလက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် ပိုမိုထိရောက်သည့် ပူးတွဲ စစ်ဆင်ရေးများ မကြာမီ ပြုလုပ်မည်ဟု ညီနောင်မဟာမိတ်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (BPLA)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) အပါအဝင် များပြားလှသော ခုခံတော်လှန်ရေး အင်အားစုများက ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဆင်ရေးတွင် ညှိနှိုင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီစခန်း အနည်းဆုံး ၁၅၀ နှင့် မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီကို တရုတ်သို့ ကုန်းလမ်းမှ မဆက်သွယ်နိုင်ရန် ပိတ်ဆို့ထားကြောင်း ညီနောင်မဟာမိတ်များက ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
37
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

ခုခံတော်လှန်ရေး အင်အားစုများသည် ၁၀၂၇ စစ်ဆင်ရေး ၏ အစိတ်အပိုင်းအဖြစ် စစ်ကိုင်းတိုင်းမှ ကောလင်းနှင့် ခါမ်းပါတ်မြို့များကိုလည်း သိမ်းပိုက်ထားသည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က ၎င်းတို့နှင့် ကရင်နီ တပ်မတော် (KA)၊ KNDF နှင့် PDFs များသည် စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာလ ၇ နေ့ကို အစွဲပြုအမည်ပေးထားသည့် ၁၁၀၇ စစ်ဆင်ရေးကို စတင်ကြောင်းနှင့် ထိုင်းနယ်စပ် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှ စစ်ကောင်စီ စခန်း နှစ်ခုကို သိမ်းပိုက်ခဲ့ကြောင်း ကြေညာသည်။

၎င်းတို့၏ စစ်ဆင်ရေးသစ်သည် စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း KNPLF မှ ပြောခွင့်ရသူ လောရင့်စိုးက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတဝန်းမှ ဆန္ဒပြပွဲများကလည်း စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံကြောင်း ဖော်ပြကြသည်။

ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်

၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုသည် တနိုင်ငံလုံးအတွက် မျှော်လင့်ချက်မြင့်မားစေပြီး ညှိနှိုင်းစစ်ဆင်ရေးများ၏ အကျိုးကျေးဇူးကို ပြသကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။ တော်လှန်ရေး၏ အမြင့်မားဆုံး စစ်ရေးအောင်မြင်မှုကို ရရှိမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

စစ်ကောင်စီက အရှုံးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးကို လက်ခံပါက ပဋိပက္ခ အမြန်အဆုံးသတ်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရက္ခိုင့်တပ်တော် (AA)၊ KIA နှင့် အခြားတော်လှန်ရေး အင်အားစုများသည် စစ်ကိုင်းတိုင်း ထီးချိုင့်မှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ကြကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

မန္တလေး PDF သည် နိုဝင်ဘာလ ၈ ရက်နေ့ညတွင် ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှ အုမ္မခါးကျေးရွာအနီးသို့ ရောက်လာသည့် စစ်ကောင်စီတပ်ကူများနှင့် သံချပ်ကာယာဉ် သုံးစီးကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် အဖွဲ့ဝင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ကြေညာသည်။ သံချပ်ကာ ယာဉ်တစီး ပျက်စီးသွားကြောင်း TNLA က ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မှလွဲပြီး တနိုင်ငံလုံးတွင် တိုက်ခိုက်မှုများ ရင်ဆိုင်နေရသည်။ ရခိုင်ပြည်နယ်တွင် လွန်ခဲ့သောနှစ် နိုဝင်ဘာလမှ စတင်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားသည်။

သို့သော် စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Brotherhood Alliance Vows to Spread Operation 1027 Across Myanmar ကို ဘာသာပြန်သည်။)

You may also like these stories:

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

မြန်မာ-အိန္ဒိယနယ်စပ်ရှိ စစ်တပ်စခန်း ၄ ခု ပူးပေါင်းတပ်များ သိမ်းပိုက်ထား

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး၁၁၀၇ စစ်ဆင်ရေးAAABSDFBPLAKAKIAKNDFKNLAKNPLFKNUMNDAANUGPDFTNLAကယားပြည်နယ်ကရင်နီခုခံတော်လှန်ရေး အင်အားစုစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်နေပြည်တော်ဖက်ဒရယ်ဒီမိုကရေစီမကွေးတိုင်းမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့အမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံ ၅ သောင်းခန့် စစ်ရှောင်နေရ

ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒေသခံ ၅ သောင်းခန့် စစ်ရှောင်နေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved