• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

by ဧရာဝတီ
1 December 2023
in သတင်းတို
A A
မူဆယ် ၁၀၅ မိုင်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ နမ့်ပေါ်တံတားတပ်စခန်း TNLA သိမ်းပိုက်

နမ့်ပေါ်တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ / PSLF/TNLA

4.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းအနီး၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ၁၀၅ မိုင်နှင့် နမ့်ဖက်ကာကြားရှိ နမ့်ပေါ်တံတား စစ်ကောင်စီစခန်းကိုလည်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက “နမ့်ပေါ်တံတားစခန်းကို ညီနောင်အဖွဲ့က သိမ်းပိုက်လိုက်တာ မှန်ပါတယ်။ ၁၀၅ မိုင်မှာလည်း ပစ်ခတ်မှုတွေ ဆက်ဖြစ်နေသလို တိုက်လေယာဉ်နဲ့ ဒရုန်းတွေ ပျံဝဲနေတာလည်း ရှိပါတယ်” ဟု ပြော သည်။

၁၀၅ မိုင်နှင့် နမ့်ဖက်ကာကြား ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ပေါ်တံတားဂိတ် စစ်တပ်စခန်းအား TNLA က နိုဝင် ဘာလကုန်က စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့မနက်တွင် စခန်းကုန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

နမ့်ပေါ်တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ / PSLF/TNLA

တပ်မဟာ ၁ စစ်ဒေသ၊ မူဆယ်မြို့နယ် စစ်ကောင်စီ နမ့်ပေါ်တပ်စခန်းကို စခန်းကို နိုဝင်ဘာ ၂၇ ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ၅ ရက်အကြာ ဒီဇင်ဘာ ၁ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် စခန်းအတွင်းရှိ 60 MM လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ ၃၂ လက်၊ ကျည်ပေါင်းများစွာ၊ စစ်သုံ့ပန်း ၂ ဦးနှင့် စစ်သုံးဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
112
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661

လက်ရှိတွင် မူဆယ်မြို့အား ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်နေမှုကြောင့် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသေးသော်လည်း မူဆယ်မှ သုံးမိုင်ခန့်အကွာ မြို့ပတ်ချာလည်တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နမ့်ပေါ်တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ / PSLF/TNLA

တိုက်ပွဲဖြစ်ပွားမှုကြောင့် ယနေ့တွင် ပိတ်မိနေသူအရပ်သားများအား သွားရောက် ခေါ်ဆောင်နိုင်ခြင်း မရှိသေးသလို၊ မိမိအစီအစဉ်ဖြင့် ၁၀၅ မိုင်မှ မူဆယ်သို့ ယနေ့မနက်အစောပိုင်းက ထွက်ခွာလာရသည့် အရပ်သားများမှာမူ မူဆယ်သို့ ရောက်ရှိလာကြောင်းလည်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ကလည်း ၁၀၅ မိုင်ရှိ အရပ်သားများအား မူဆယ်မြို့မှ လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ခေါ်ယူရာတွင် ပစ်ခတ်ခံရသည့်အတွက် လူမှုကူညီရေးအသင်းဝင်တဦးနှင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ကားလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း မူဆယ်မြို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

နမ့်ပေါ်တပ်စခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ / PSLF/TNLA

၎င်းက “လမ်းမှာ လူတယောက် လဲကျနေတော့ ဆင်းကြည့်တဲ့အချိန် လက်နက်ငယ်နဲ့အပစ်ခံရတာ၊ ရှေ့ပိုင်းမောင်းမရ အောင် ပျက်စီးသွားတယ်။ လူမှုကူညီရေးအသင်းသားတဦးနဲ့ အရပ်သားအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရတာရှိတယ်၊ အရမ်းကြီး စိုးရိမ်းရတဲ့ အခြေအနေတော့ မဟုတ်ဘူး။ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ တိုက် ခိုက်နေတဲ့ နှစ်ဖက်စလုံးက အချိန်လေးတခုပေး စေချင်ပါတယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ နောင်ချို- လားရှိုး-သိန္နီ-မူဆယ် ပြည်ထောင်စုလမ်းမတလျှောက်တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။

Your Thoughts …
Tags: ၁၀၅ မိုင်တိုက်ပွဲနမ့်ပေါ်တံတားမူဆယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

by ဧရာဝတီ
8 August 2024
17.6k

ရမခ တိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှနေ၍ စစ်ဆင်ရေးကို ကွပ်ကဲနေခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သြဂုတ်လ ၃ ရက်၌ လားရှိုး ရမခ ကို MNDAA ဦးဆောင်သည်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

Next Post
ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved