• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
in ဆောင်းပါး
A A
၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း

25.1k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့ ခုခံတော်လှန်ရေးထိုးစစ် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီခံစားရသည့် သိက္ခာကျစေသော ရှုံးနိမ့်မှုများကို ဖုံးကွယ်ရန် ခက်ခဲသောကိစ္စအတွက် ဗိုလ်ချုပ် ဇော်မင်းထွန်းကို တာဝန်ပေးထားသည်။

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုများ လျှော့ချရန်နှင့် တော်လှန်ရေးကို အယုံအကြည်ကင်းမဲ့စေရန် အလိမ်အညာနှင့် သတင်းမှား အများအပြား ဖန်တီးရသည်။ တချိန်တည်းတွင် စစ်ကောင်စီသည် စခန်း ရာချီနှင့် မြို့ဒါဇင်ပေါင်းများစွာ ဆုံးရှုံးပြီး စစ်ကောင်စီ စစ်သားများ သေဆုံး၊ လက်နက်ချ သို့မဟုတ် ထွက်ပြေးရသည်။

ပကတိအခြေအနေနှင့် လွန်စွာကွဲလွဲသည့် သူ၏ မကြာသေးမီက ပြောကြားချက်များကြောင့် ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ၂၀၀၃ ခုနှစ်က ဆက်ဒမ်ဟူစိန်အစိုးရ အဓိက ဝါဒဖြန့်ချိရေးသမား အီရတ် ပြန်ကြားရေးဝန်ကြီး မိုဟာမက် ဆေအက် အယ်လ် ဆာဟက် ခေါ် “ဟာသ အလီ” ဆိုသည့်အမည် ရလာသည်။

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

ခိုးရိုက်ထားသည်ဆိုသည့် ဓာတ်ပုံနှင့် ဗီဒီယိုများ

ထိုးစစ်ပထမလအတွင်း စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းမှ ကွမ်းလုံအပါအဝင် မြို့ပေါင်း တဒါဇင်ကျော်ကို လက်လွှတ်ဆုံးရှုံးသည်။ လွတ်လပ်ရေးရရှိပြီးကတည်းက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်တွင်ရှိသော ကွမ်းလုံသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ဝင်ပေါက်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည်။ ထိုမြို့သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ခုခံတော်လှန်ရေး အင်အားစုများ၏ လက်သို့ ကျရောက်သွားသည်။

ဧပြီလက ကျင်းပသည့် စစ်အစိုးရအာဘော် မြဝတီ ရုပ်သံ ၂၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း / cincds

ကိုးကန့်တိုင်းရင်းသား မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မဟာမိတ်များသည် ကွမ်းလုံမှ မြန်မာစစ်တပ် စစ်ဗျူဟာဌာနချုပ်နှင့် ကွမ်းလုံတံတားတို့တွင် ရိုက်ကူးထားသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင်တင်သည်။ ကွမ်းလုံရှိ စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းမိသည့် လက်နက်ခဲယမ်းများနှင့် MNDAA တပ်များက သိမ်းဆည်းလိုက်သည့် သံချပ်ကာယာဉ်တစီးကို မြို့တွင်း လှည့်လည်မောင်းနှင်သည့် ဓာတ်ပုံနှင့် ဗီဒီယိုများကိုလည်း လူမှုကွန်ရက်တွင် တင်သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
148
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
483
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k

ထိုမြို့ကျဆုံးသွားသည်ကို ငြင်းဆန်ရန် ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံပိုင် မီဒီယာကို အသုံးချပြီး စစ်ကောင်စီ တပ်များသည် “နည်းဗျူဟာအရ ယာယီဆုတ်ခွာခြင်း” ဖြစ်ပြီး ထိုဓာတ်ပုံများနှင့် ဗီဒီယိုများသည် “ခိုးရိုက်ထားကြောင်း” ပြောသည်။

ခုခံတော်လှန်ရေး အင်အားစုများက ကွမ်းလုံစစ်ဌာနချုပ်အတွင်းမှ သိမ်းပိုက်ထားသည့် များပြားလှသော လက်နက်ခဲယမ်းများနှင့် ညီနောင်မဟာမိတ် တိုက်ခိုက်ရေးသမားများ စစ်ဌာနချုပ်အတွင်း သွားလာနေပုံများကို လူမှုကွန်ရက်တွင် တင်လိုက်သောအခါ ထိုသို့ ဓာတ်ပုံခိုးရိုက်သည်ဆိုသည့် ပြောဆိုချက်သည် ဟာသဖြစ်သွားသည်။

ထိုအချိန်မှစတင်ပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းသည် ကွမ်လုံအကြောင်း ပြောကြားခြင်း မရှိတော့ပေ။

ကွမ်လုံသည် မြန်မာစစ်တပ်အတွက် သမိုင်းဝင် ဂုဏ်ယူစရာနေရာဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် စစ်အုပ်စုတပ်များသည် ထိုမြို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက လူလှိုင်းဖြင့်တိုက်သည့် ရက် ၄၀ တိုက်ပွဲကို တွန်းလှန်နိုင်ခဲ့သည်။ ထိုတိုက်ပွဲအကြောင်းကို စစ်အုပ်စုက ဝါဒဖြန့်ရုပ်ရှင် “ကွမ်းလုံ ရက် (၄၀)” ပင် ရိုက်ကူးခဲ့သည်။ ထို့ကြောင့် ယခုတကြိမ် ကွမ်းလုံတွင် ချေမှုန်းခံရခြင်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် သမိုင်းဝင် သိက္ခာကျစရာ ဖြစ်သည်။

နည်းဗျူဟာအရ ပြန်လည်စုစည်းခြင်း

ခုခံတော်လှန်ရေး ထိုးစစ်သည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ ကျယ်ပြန့်လာသောအခါ စစ်ကောင်စီသည် စခန်းအနည်းဆုံး ၂၅၀ ဆုံးရှုံးသွားသည်။

အချို့နေရာများတွင် စစ်ကောင်စီစစ်သားများသည် ချေမှုန်းခံရပြီး ၎င်းတို့စခန်းများ သိမ်းပိုက်ခံရသည်။ အချို့နေရာများတွင် စစ်ကောင်စီတပ်များသည် လက်နက်များကို စွန့်လွှတ် ထွက်ပြေးသည်။ ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များ အလံဖြူထောင်သည်။ ရှမ်းပြည်နယ်မှ လောက်ကိုင်တွင် ချေမှုန်းခံရသည့် ခြေလျင်တပ်ရင်း အကြွင်းအကျန် တရင်းလုံး လက်နက်ချသည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီစစ်သားများသည် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယသို့ ထွက်ပြေးရသည်။

ကွမ်းလုံ သိမ်းပိုက်ခံရခြင်းနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်အစိုးရထိန်းချုပ် နိုဝင်ဘာလ ၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပြောကြားထားစဉ်

သို့သော် စစ်ကောင်စီပြောခွင့်ရသူ ဇော်မင်းထွန်းက ထိုရှုံးနိမ့်မှုများသည် နည်းဗျူဟာအရ တပ်များကို ဆုတ်ခွာပြီး ပြန်လည် စုစည်းခြင်းဖြစ်သည်ဟု ပြောသည်။

အရေးပေါ် ကြိုတင်ပြင်ဆင်မှု မရှိ

တနိုင်ငံလုံးမှ စစ်မျက်နှာ အများအပြားတွင် အကြီးအကျယ် ရှုံးနိမ့်ခြင်းကြောင့် စစ်ကောင်စီသည် လျှို့ဝှက် သတိပေးချက် ထုတ်ပြန်ရပြီး နေပြည်တော်မှ အစိုးရဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းများ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ရန် သတိပေးသည်။

ထိုအမိန့်သည် စစ်မှန်ပြီး သူကိုယ်တိုင် လက်မှတ်ထိုးခဲ့ကြောင်း နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးတင်မောင်ဆွေက Reuters သို့ အတည်ပြုပြောသည်။

ထိုအမိန့်တွင် ဝန်ကြီးဌာန အားလုံးအနေဖြင့် ဝန်ထမ်းများကို အုပ်စု နှစ်စုခွဲပြီး အုပ်စုတခုက ရှာဖွေကယ်ဆယ်ရေးလုပ်ရန်နှင့် အခြားအုပ်စုတခုက စီမံအုပ်ချုပ်မှု ထိန်းသိမ်းရန်ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုအမိန့်သည် ခုခံတော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများနှင့်အတူ ဝါဒဖြန့်ခြင်းဖြစ်သည်ဟု ပြောသည်။ နေပြည်တော် အမှန်တရားများကို နေပြည်တော်မှ မည်သူ့ကိုမဆို မေးနိုင်ကြောင်းလည်း ၎င်းကပြောသည်။

ဧရာဝတီသတင်းဌာနက သူပေးသည့် အကြံအတိုင်း လေ့လာသောအခါ စစ်ကောင်စီသည် ၎င်း၏ဌာနချုပ် နေပြည်တော်ကို ကာကွယ်ရန် အခြားဒေသများမှ တပ်အင်အား ၁၄,၀၀၀ ပြန်ခေါ်ရန် လျှို့ဝှက် အမိန့်ထုတ်ထားကြောင်း သိရသည်။

ကရင်နီ ခုခံတော်လှန်ရေး အင်အားစုလက်သို့ ထက်ဝက်ကျရောက်နေသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်မှ နေပြည်တော်သို့ ကားဖြင့် ငါးနာရီသာ သွားရသည်။

လွိုင်ကော် တက္ကသိုလ် ပါချုပ်နှင့် ကထိကများ သတ်ဖြတ်ခံရ

ကရင်နီတိုင်းရင်းသားများကာကွယ်ရေးတပ် (KNDF) သည် လွိုင်ကော်တက္ကသိုလ်ကို သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားသည်။

စစ်ကောင်စီတပ်များက တက္ကသိုလ်ဝန်ထမ်းများကို လူသားဒိုင်းအဖြစ် အသုံးပြုသော်လည်း ခုခံတော်လှန်ရေး အင်အားစုများက ထိုဝန်ထမ်းများကို ကယ်ဆယ်နိုင်ခဲ့သည်။ ကထိကအချို့ကို ကရင်နီခုခံတော်လှန်ရေး အင်အားစုများက သတ်ဖြတ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ချက်ချင်း စွပ်စွဲသည်။ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ခင်မြင့်ကို ကရင်နီခုခံတော်လှန်ရေးအဖွဲ့များက သတ်လိုက်သည်ဟု စစ်ကောင်စီ လိုလားသူများကလည်း လူမှုကွန်ရက်တွင် သတင်းမှားဖြန့်ကြသည်။

ဧပြီလက ကျင်းပသည့် စစ်အစိုးရအာဘော် မြဝတီ ရုပ်သံ ၂၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ် ဇော်မင်းထွန်း / cincds

ဒေါက်တာ အောင်ခင်မြင့်က နိုဝင်ဘာလ ၂၀ ရက်နေ့ကတင်သော ဗီဒီယိုတခုတွင် “အခုလောလောဆယ် ဒီမှာ ကျနော့် တက္ကသိုလ်က ဆရာ၊ ဆရာမ၊ ဝန်ထမ်း ၁၉၄ ယောက်နဲ့အတူ ရှိနေပါတယ်။ ကျနော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျနော်က ဒီမှာ လုံလုံခြံခြုံ ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ပြောသည်။

လွိုင်ကော် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းများသည် သတင်းမှားဖြစ်ကြောင်း အရပ်သား ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း အတည်ပြု ပြောကြားခဲ့သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက တော်လှန်ရေးအင်အားစုများသည် စစ်ရေးပစ်မှတ် မဟုတ်သော တက္ကသိုလ်ကို တိုက်ခိုက်သည်ဟု ပြောဆိုပြီး တော်လှန်ရေးအင်အားစုများကို အယုံအကြည်ကင်းမဲ့အောင် လုပ်ရန် ကြိုးစားခဲ့သည်။ လက်တွေ့တွင် တက္ကသိုလ်အတွင်းနှင့် လွိုင်ကော်ဆေးရုံတွင်ပါ တပ်များချထားသည်မှာ စစ်ကောင်စီတပ် ဖြစ်သည်။

KNDF သည် မကြာသေးမီက တက္ကသိုလ်ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များကို ဘေးကင်းလုံခြုံစွာ အိမ်ပြန်ရန် မကြာသေးမီက လွှတ်ပေးခဲ့သည်။

ပစ်ချခံရခြင်း မဟုတ်ဘဲ စက်ချို့ယွင်းသောကြောင့်ဟု ဆို

နိုဝင်ဘာလ ဒုတိယပတ်တွင် ကရင်ပြည်နယ်မှ တိုက်ပွဲအတွင်း ကရင်နီ ခုခံတော်လှန်ရေး အင်အားစုများက K-8W စစ်လေယာဉ်တစီးကို ပစ်ချလိုက်သည်။

လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးသည် လေထီးဖြင့် ခုန်ထွက်ပြီးနောက် ခုခံတော်လှန်ရေး အင်အားစုများ၏ ဖမ်းဆီးခြင်းခံရသည်။

သို့သော် ဇော်မင်းထွန်းက အပေါ့စား လေ့ကျင့်ရေးလေယာဉ်တစီး စက်ချို့ယွင်းကာ ပျက်ကျကြောင်းနှင့် လေယာဉ်မှူး နှစ်ဦးနှင့် စစ်ကောင်စီ အဆက်အသွယ်ရကြောင်း စစ်ကောင်စီမီဒီယာကို ပြောသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများအတွင်း K-8W ဂျက်တိုက်လေယာဉ်များ သုံးနေကြောင်း လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် လေတပ်အရာရှိတဦးက အထောက်အထားဖြင့် တုံ့ပြန်ပြောဆိုသည်။

ထိုလေယာဉ်ကို ကရင်နီ ခုခံတော်လှန်ရေးတပ်များက ပစ်ချခဲ့ကြောင်း KNDF ဒုစစ်ဦးစီးချုပ်ကလည်း မီဒီယာသို့ အတည်ပြု ပြောကြားခဲ့သည်။

ဖမ်းမိထားသော လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး၏ ဓာတ်ပုံကို IEC က ထုတ်ပြန်ပြီး သူ့ကို စစ်မေးနေကြောင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ပါက အရေးယူမည်ဖြစ်ကြောင်း ကြေညာသည်။

ထိုအချိန်မှစတင်ပြီး စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းသည် စစ်ကောင်စီနှင့် အဆက်အသွယ်ရသည်ဆိုသည့် လေယာဉ်မှူးများအကြောင်း မပြောတော့ပေ။ တွဲဖက်လေယာဉ်မှူး ဇာနည်အောင်သည် လွတ်မြောက်နေဆဲ ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ FACT CHECK: Exposing the Myanmar Junta’s Lies on Operation 1027 ကို ဘာသာပြန်သည်။)

You may also like these stories:

ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKNDFMNDAASliderခုခံတော်လှန်ရေးအင်အားစုများစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုဇော်မင်းထွန်းနယ်စပ်ကုန်သွယ်ရေးနေပြည်တော်လေကြောင်းတိုက်ခိုက်မှုလွိုင်ကော် တက္ကသိုလ်ဝါဒဖြန့်ချိရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved