• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

by ဧရာဝတီ
13 November 2023
in သတင်း
A A
ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

ကွမ်းလုံအခြေချဗျူဟာကို MNDAAနှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်(The Kokang)

9.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း သမိုင်းဝင်မြို့လည်းဖြစ်၊ အရေးပါလှသော ကွမ်းလုံအခြေချ စစ်ဗျူဟာကုန်းကို ညီနောင် မဟာမိတ် တပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လောက်ကိုင်မြို့အပါအဝင် ကိုးကန့်ဒေသ တခုလုံးအား ပိတ်ဆို့ ထားလိုက်နိုင်ပြီ ဖြစ်သည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဆက်သွယ်ရေး၊ လိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ထိုးစစ်ဆင်မှု ၁၇ ရက်အတွင်း သမိုင်းဝင် ကွမ်းလုံဒေသအား သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ဆက်သွယ်ရေး လိမ်လည်မှု လုပ်ငန်းများအခြေစိုက်ရာ လောက်ကိုင်မြို့ကိုလည်း ဝိုင်းပတ် ပိတ်ဆို့ထားသည့် အခြေအနေရှိသည်။

စစ်ရေး လေ့လာသူတဦးက “ကွမ်းလုံက ၁၂ ရက်အတွင်း ကျသွားတယ်ဆိုတာ စစ်တပ်ရဲ့ ခံစစ်က တော်တော်လေး ကျဆင်းနေတာကို ပြသလို ဒီလိုအရေးကြီးတဲ့ ခံစစ်ဗျူဟာ ကျသွားတာက ဘာတွေထိခိုက်သွားသလဲဆိုတော့ သံလွင် မြစ် အရှေ့ခြမ်းမှာရှိတဲ့ ဟိုပန်၊ ပန်လုံဒေသက လုံးဝ ဖြတ်တောက်ခံလိုက်ရပြီ။ အဲဒါအပြင် ကွမ်းလုံ-ချင်းရွှေဟော်ကို ထိန်းထားတဲ့အတွက်ကြောင့် အပေါ်ဘက် လောက်ကိုင်၊ ကိုးကန့်ဒေသတခုလုံးက ပြတ်တောက်သွားတယ်” ဟု ပြော သည်။

ကွမ်းလုံသည် ရှမ်းပြည်မြောက်ပိုင်းဒေသအား သံလွင်မြစ်အနောက်ခြမ်းမှ ရင်ဆိုင်ထိန်းချုပ်ထားသည့် အဓိက စစ်ဗျူ ဟာကုန်းတခုဖြစ်သည်။

ထို့ပြင် ၁၉၇၁ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ တိုက်ခိုက်ခဲ့စဉ်က တုံ့ပြန်အနိုင်ယူနိုင်ခဲ့သည့်အောင်ပွဲအပေါ် “ကွမ်းလုံ ရက် ၄၀” ရုပ်ရှင်ဇာတ်ကားများပင်ရိုက်ကာ အာဏာသိမ်း စစ်ကောင်စီအတွက် ဝါဒဖြန့်ဂုဏ်ယူခဲ့သည့် မှတ်တမ်း ဖြစ်သည်။

ယခု နွေဦးတော်လှန်ရေးကာလတွင်မူ စစ်ကောင်စီ၏ နာမည်ကျော်ကွမ်းလုံဒေသ ၁၂ ရက်အတွင်း ကျရှုံးကာ လက်လွှတ်ခဲ့ရသည်။

ကွမ်းလုံဒေသ သိမ်းပိုက်နိုင်ခြင်းသည် သမိုင်းကြောင်းတွင် အလွန်အရေးကြီးပြီး အာဏာသိမ်း စစ်ကောင်စီအား သိက္ခာကျ၊ အထိနာအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ညီနောင်မဟာမိတ်ဘက်က ပြောထားသည်။

ကွမ်းလုံစစ်ဗျူဟာကုန်းသိမ်းပွဲတွင် တင့်ကား၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာအမြောက်၊ အတွဲလိုက်ဒုံးပစ်စင်နှင့် လက်နက်ခဲယမ်း၊ မော်တော်ယာဉ် အများအပြား သိမ်းဆည်းရရှိခဲ့ကြသည်။

ကွမ်းလုံဒေသ ကျရှုံးခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ်အနေဖြင့် စစ်ဗျူ ဟာအရ “ဟ” ပေးထားတဲ့နေရာများရှိပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အနေဖြင့် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သွားသည့် ပုံစံရှိကြောင်း တုံ့ပြန်ပြောဆိုထားသည်။

ညီနောင်မဟာမိတ်များအတွက်မူ ကိုးကန့်ဒေသတောင်ဘက်ခြမ်း ကွမ်းလုံမှ ချင်းရွှေဟော်အထိ ပိတ်ဆို့ထားနိုင်ပြီ ဖြစ်သည့်အပြင် လောက်ကိုင်မြို့အနောက်ဘက် သံလွင်မြစ်ကူးတံတား(တာပါတံတား)မှ စတင်ကာ ဖြတ်တောက်ထား နိုင်ပြီဖြစ်သည်။

ကွမ်းလုံအခြေချဗျူဟာကို MNDAAနှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်(The Kokang)

လက်ရှိတွင် တာပါတံတားမှ မန်လော်၊ တာရွှေထန်းလမ်းကြောင်းအတိုင်း လောက်ကိုင်ဘက် ထိုးစစ်ဆင်ရှေ့တိုး လာသကဲ့သို့ ချင်းရွှေဟော်မှ ပါစင်ကျော်အထိ တိုက်ခိုက်နေရာယူထားပြီး လောက်ကိုင်မြို့အား နှစ်ဖက်ပိတ်ဆို့ ထားသည်။

တိုက်ပွဲများဖြစ်ပွားရာ တာရွှေထန်ကျေးရွာအုပ်စုသည် လောက်ကိုင်နှင့် မြေပြင်မျဉ်းဖြောင့်အတိုင်းဆိုပါက ၄ မိုင် ကျော်ခန့် ကွာဝေးပြီး ပါစင်ကျော်သည်လည်း လောက်ကိုင်နှင့် ၆ မိုင်ကျော်ခန့်သာ ကွာဝေးသည်။

“၁၀၁၂၇ စစ်ဆင်ရေး” စတင်ကတည်းက ဆက်သွယ်ရေး လိမ်လည်မှုလုပ်ငန်းများ အခြေစိုက်ရာ လောက်ကိုင်သည် အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည့်အတွက် ဒေသခံ အများအပြား ထွက်ပြေးတိမ်းရှောင်ကြပြီး ဖြစ်သည်။

ထို့ပြင် စစ်ရေးနှင့် တရုတ်၏ဖိအားများကြောင့်လည်း လောက်ကိုင်ရှိ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ဆက်စပ်သည့် လုပ်ငန်းများ ပိတ်သိမ်းရှောင်ပြေးပြီး အလုပ်လက်မဲ့များ ပိတ်မိနေကြသကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ကိုးကန့် ဒေသဦးစီးအဖွဲ့ကလည်း လောက်ကိုင်မြို့တွင် မြေလှန်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လောက်ကိုင်မြို့အတွင်းရှိ ဟိုတယ်၊ အဆောက်အဦ၊ အိမ်ရာနှင့် လူနေအိမ်များပါမကျန် ဆက်သွယ်ရေးလိမ်လည်မှု လုပ် ငန်းနှင့် ဆက်စပ်သူများ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်နေထိုင်သူများကို ရှာဖွေဖမ်းဆီးမည်ဖြစ်ပြီး ပူးပေါင်းလိုက်နာမှု မရှိသူ၊ အဖွဲ့အစည်းများအား အရေးယူမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ထိုရှာဖွေမှုစစ်ဆင်ရေးသည် တရုတ်က ဖမ်းထားသည့် ကိုးကန့်ဒေသ ထိပ်တန်းလုပ်ငန်းစုများဖြစ်သည့် ဖူလီလိုက်လုပ် ငန်းစု ဒါရိုက်တာ ဦးမောင်မောင် (Liu Zhengqi)၊ ဟိန်းလီလုပ်ငန်းစုပိုင်ရှင် ဝေရှောက်ရန်သား ဝေချင်ထောက်နှင့် ကိုး ကန့်ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ မင်ရှောက်ချန်း (ခ) မြင်ရွှေချမ်း၏ သားမက်ဖြစ်သူ ပီဟွေကျွင်းတို့၏ ဆက်သွယ် ရေးလုပ်ငန်းများအား ရပ်တန့်ကာ တရုတ်နိုင်ငံသားများကို ပြန်လွှတ်ပေးရန်ပြောဆိုထားသည့် ရုပ်သံထွက်ပေါ်လာမှုနှင့် တိုက်ဆိုင်လျက်ရှိသည်။

ယခုအခြေအနေသည် ယခင်နှင့်မတူတော့ကြောင်း၊ မိမိတို့ဒေသအတွင်း တရုတ်နိုင်ငံသားများ သေဆုံးထိခိုက် ဒဏ်ရာ ရမှုဖြစ်ခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ၎င်းအတွက်လည်း စဉ်းစားပေးရန် နှင့် မိမိတို့ ကိုယ်တိုင်အနေဖြင့်လည်း ရှင်သန်ရန် လမ်းကြောင်းတခု ချန်ထားသင့်ကြောင်း၊ တရုတ်နိုင်ငံသားများအား အမြန်ဆုံး လွှတ်ပေးရန်လိုကြောင်းတို့ကို ဦးမောင်မောင်က ရုပ်သံမှတ်တမ်းတွင် ပြောထားသည်။

တရုတ်အနေဖြင့် ယမန်နေ့ကလည်း ကိုးကန့်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ဦးမြင်ရွှေချမ်း၊ ၎င်း၏သားနှင့်သမီး အပြင် မြေးဖြစ်သူတို့အပါ စုစုပေါင်း ၄ ဦးအား ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်သည်။

ဦးမြင်ရွှေချမ်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သည်။

ကွမ်းလုံအခြေချဗျူဟာကို MNDAAနှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်(The Kokang)

၎င်းတို့မိသားစုအား ဖမ်းဝရမ်းထုတ်ပြီးနောက် ပီကင်းတက္ကသိုလ်တွင် တက်ခွင့်ရရှိထားသည့် ၎င်း၏မြေးဖြစ်သူ Ming Guangzhong အား ရဲတပ်ဖွဲ့က စုံးစမ်းလျက်ရှိကြောင်းလည်း တရုတ်မီဒီယာများက ဖော်ပြထားကြသည်။

ထိုသို့ ဖမ်းဆီး ဝရမ်းထုတ်မှု၊ ဒေသခံများနှင့် ဒေသအတွင်း လာရောက်လုပ်ကိုင်သူများ ထွက်ပြေးတိမ်းရှောင်မှု၊ လုပ်ငန်း များ ရပ်ဆိုင်းမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် လောက်ကိုင်စီးပွားရေးမှာ ပြိုဆင်းလာနေပြီဖြစ်သည်။

လက်ရှိ ပိတ်ဆို့ခံထားရသည့် လောက်ကိုင်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)အပြင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၁၂ နှင့် ၁၆ လက်အောက်ခံတပ်များအပြင် ကိုးကန့် ပြည်သူ့စစ်များလည်း ပူးပေါင်းလှုပ်ရှားနေသည်။

၎င်းတို့ အင်အားသည် လူဦးရေ ထောင်ဂဏန်းရှိမည်ဟု ခန့်မှန်းရသော်လည်း ဒေသအတွင်း နယ်မြေစိုးမိုးရေးအတွက် များပြားလှသည့်စခန်းများတွင် ဖြန့်ခွဲနေရာယူထားရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
44
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

စစ်ရေးလေ့လာသူတဦးက “လောက်ကိုင်က သိပ်တော့ မလွယ်ဘူး၊ တပ်က ပြိုဆင်းသွားရင်တော့ မြန်ရင်မြန်မယ်၊ တခုချင်း တိုက်တယ်ဆိုရင် အများကြီးတိုက်ရဦးမယ်။ ကွမ်းလုံဗျူဟာ ခံချတာတောင် ၆ ရက်လောက် တိုက်ရတာကိုး။ ပြည်သူ့စစ်တွေနဲ့ဆို အင်အားက ထောင်ဂဏန်းခန့်ရှိနေတယ်။ ဖြစ်နိုင်ခြေအများဆုံးကတော့ ဝိုင်းပတ်ပိတ်ဆို့ထားပြီး စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးနဲ့ အမှည့်ခြွေသွားလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့ပြင် တရုတ်က ဖမ်းဝရမ်းထုတ်လိုက်သည့် ဦးမြင်ရွှေချမ်း မိသားစုအနေဖြင့် ဖမ်းဆီးခံရပါက တရုတ်ထံ လွှဲပြောင်းခံ မည်ဖြစ်သည့်အတွက် ၎င်း၏သား ဦးစီးသော ပြည်သူ့စစ်အဖွဲ့သည် အပြင်းအထန် ခုခံလာနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

MNDAA ဘက်ကမူ လောက်ကိုင်မြို့ရှိ ဆက်သွယ်ရေးလိမ်လည်မှု လုပ်ငန်းများ၏ အဓိက ခေါင်းဆောင်များ၊ ဦးဆောင် လုပ်ကိုင်သူများအား အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလအစပိုင်းကတည်းက ရဟတ်ယာဉ်များဖြင့် အခကြေးငွေ များစွာရယူကာ နေရာရွေ့ပြောင်းပေးလျက်ရှိကြောင်း ပြောထားသည်။

“၁၀၂၇ စစ်ဆင်ရေး” အရှိန်ကြောင့် ဝိုင်းပတ်ပိတ်ဆို့ခံလာရသည့် လောက်ကိုင်မြို့သည် အရပ်သားလူသူ နည်းပါး လာပြီး မြို့အတွင်း ဘန်ကာများဖြင့် ခံစစ်ပြင်ထားရသော ဖရိုဖရဲအခြေအနေတွင် အချိန်မရွေးတိုက်ပွဲများ ပြင်းထန်နိုင်သည်။

စစ်ကောင်စီအနေဖြင့် ယမန်နေ့ညပိုင်းကပင် လောက်ကိုင်မြို့အား စစ်အုပ်ချုပ်ရေးကြေညာခဲ့ရပြီး ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်အမိန့်လည်း ထုတ်ပြန်ထားသည်။

You may also like these stories:

ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ

တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ

၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးMNDAAကွမ်းလုံလောက်ကိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

စကခ ၁ မှူး ဗိုလ်မှူးချုပ် မင်းမောင် ဖမ်းဆီးခံရ

by ဧရာဝတီ
10 March 2024
41.6k

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁) မှူး ဗိုလ်မှူးချုပ် မင်းမောင်အား စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖြင့် စစ်ဆေးနေ

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

တရုတ်က မီးစိမ်းပြလို့ ရှမ်းမြောက်စစ်ပွဲ ဖြစ်သတဲ့လား

တရုတ်က မီးစိမ်းပြလို့ ရှမ်းမြောက်စစ်ပွဲ ဖြစ်သတဲ့လား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved