ကရင်နီပြည်နယ်က ‘၁၁၁၁’ စစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ်ထဲက ကယ်ထုတ်ခဲ့တဲ့ ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို မေလ ၈ ရက်နေ့က လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ပါတယ်။
ပါမောက္ခချုပ်နဲ့ ဒုပေါမောက္ခချုပ်အပါအဝင် ၅ ဦးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေရှိနေတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ကရင်နီရဲဌာနက တရားလိုအဖြစ် အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပြီး ကရင်နီတရားစီရင်ရေးအဖွဲ့က သူတို့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ မြန်မာငွေကျပ် ၉ သိန်းစီ ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၆ လအကြာမှာ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ လူသားချင်းစာနာ ထောက်ထားမှုကို အလေးပေးပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာဖြစ်သလို ဘေးကင်းတဲ့နေရာတွေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR