• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

by ဧရာဝတီ
22 November 2023
in သတင်း
A A
ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ဖမ်းမိထားသည့် တိုက်လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး

12.1k
VIEWS
Share on FacebookShare on Twitter

ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုက်လေယာဉ်မှူးမှာ အခြေခံ လူ့အခွင့်အရေး အရ အသက်ရှင်ခွင့်ရှိကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဋ္ဌ ခွန်ဘီထူးက ပြောသည်။

၎င်းက “တိုက်လေယာဉ်မှူးတွေက အဆိုးဝါးဆုံး အရပ်သားတွေကိုသတ်ဖြတ်မှု အကြီးစားတွေဖြစ်တယ်လို့ စွပ်စွဲသလို စစ်သုံ့ပန်း ဥပဒေတွေရှိတဲ့အတွက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းသိမ်းဆောင်ရွက်ဖို့ကို ပြောဆိုတဲ့သူတွေ အများအပြား ရှိပါတယ်။ သူကတော့ အခြေခံလူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ကတော့ ရှိစေရမှာဖြစ်ပြီး လိုအပ်တဲ့ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ကယားပြည်နယ်(ကရင်နီ)၌ နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး စစ်ဆင်ရေးဖော်ဆောင်နေသည့် ကရင်နီတပ်ပေါင်းစုသည် ယင်းနေ့ညနေပိုင်းတွင် စစ်ကောင်စီ၏ K-8W အမျိုးအစားတိုက်လေယာဉ်အား ပစ်ချနိုင်ခဲ့ပြီးနောက် လေထီးဖြင့် ခုန်ထွက်လွတ်မြောက်ခဲ့သည့် လေယာဉ်မှူးနှစ်ဦးအနက် ဗိုလ်မှူးခိုင်သန့်မိုးအား နိုဝင်ဘာ ၁၉ ရက်နေ့က ကရင်ပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ပျက်ကျခဲ့သည့်တိုက်လေယာဉ်ကိုလည်း ကရင်ပြည်နယ်နှင့်ကယားပြည်နယ်အစပ် သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီရွာနှင့် မရောပိုလီရွာအကြားတွင် နိုဝင်ဘာ ၁၂ ရက်ကတွေ့ရှိခဲ့သည်။

အသက် ၄၂ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၄ ကျောင်းဆင်းတဦးဖြစ်ကာ တောင်ငူလေတပ် စခန်းဌာနချုပ်မှ ဖြစ်ပြီး လွတ်မြောက်နေဆဲဖြစ်သော ၎င်း၏တွဲဖက်လေယာဉ်မှူးဖြစ်သူ ဗိုလ်ဇာနည်မောင်အား ဖမ်းဆီးရမိရေး ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း IEC က ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဗိုလ်မှူးခိုင်သန့်မိုးအား ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်နေသည့် စစ်ရာဇဝတ်သားအဖြစ် ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း၊ပြည်ပဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ သဘောတူရေးဆွဲထားသော ဂျနီဖာ သဘောတူညီချက်များအရ ဖမ်းမိထားသော စစ်သုံ့ပန်းများကို အခြေခံလူ့အခွင့်အရေးနှင့်အညီ လူသားဆန်စွာ ဆက်ဆံရမည်ဖြစ်ကြောင်း၊ ဒဏ်ရာရရှိပါကလည်း ဆေးကုသခွင့် ရရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသည်လည်း အဆိုပါ သဘောတူညီချက်၌ လက်မှတ်ထိုးထားသည်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်/KNDF

ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် အရှင်ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄၀ ကျော် ရှိနေပြီး ၎င်းတို့အား စစ်ဆင်ရေးအတွင်း ပါဝင်ပတ်သက်မှုနှင့်လုပ်ဆောင်ခဲ့သည့် အတိုင်းအတာများအား စစ်ဆေးကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ခွန်ဘီထူးကပြောသည်။

၎င်းက “ စစ်သုံ့ပန်းတွေ ၄၀ ကျော်လောက်ဖမ်းမိထားတာရှိပါတယ်၊ အားလုံးက တန်းတူတဲ့ အသက်ရှင်ခွင့် ရှိပါတယ်” ဟု ပြောသည်။

စစ်ဆင်ရေးများအတွင်း လက်နက်ချအညံ့ခံသူများနှင့် ဖမ်းမိသူများအား လက်စားချေခြင်းကို လုံးဝ တားမြစ်ကြောင်းနှင့် လူသားဆန်စွာဆက်ဆံကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရှိသူ ဂျရမီလောရင့်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြောထားသည်။

၎င်းက “ စစ်သားတဦးချင်းဟာ စစ်တပ်က ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် သိမ်းကျုံး တာဝန် မရှိဘူး၊ ဖမ်းမိသူအားလုံးကို လူသားဆန်စွာ ဆက်ဆံဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ထို့ပြင် စစ်ဆင်ရေးအတွင်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားသည့် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် Non-CDM ဝန်ထမ်း ၁၃၄ နှင့် ၎င်းတို့၏မိသားစုဝင် ၆၄ ဦး၊ နည်းပညာတက္ကသိုလ်မှ Non-CDM ဝန်ထမ်းအချို့အပါအဝင် စုစုပေါင်း ၂၀၄ နှင့်ပတ်သက်၍လည်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၏ မူဝါဒအားအခြေခံ၍လည်းကောင်း၊ လူ့အခွင့်အရေး အခြေခံ၍လည်းကောင်း စီမံဆောင်ရွက်မည်ဟုလည်း IEC ကကြေညာထားသည်။

NUCC ၏ မူဝါဒတွင် နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် Non-CDM များအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများအား ကျူးလွန်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိပါက သက်ဆိုင်ရာဒေသ အသီးသီးမှ တရားဝင် အတည်ပြုထားသော ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
3
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
60
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
855

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကရင်နီတပ်ပေါင်းစု၏ထိန်းသိမ်းခံထားရသော ဆရာ၊ဆရာမများနှင့် ပတ်သက်၍ တစုံတခု ထိခိုက်နစ်နာမှုရှိပါက ဖမ်းဆီးထားသည့် အဖွဲ့က တာဝန်ခံရမည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း တိုက်လေယာဉ်မှူးဖမ်းဆီးရမိချိန်တွင်မူ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အဆိုပါလေယာဉ်ပျက်ကျစဉ်ကမူ လေယာဉ်မှူးများနှင့် အဆက်အသွယ်ရှိကြောင်း ပြောဆိုခဲ့သေးသည်။

လွိုင်ကော်တက္ကသိုလ်မှ ကရင်နီတပ်ပေါင်းစုက ကယ်ထုတ်လာသည့် ဆရာ၊ဆရာမများနှင့် မိသားစုဝင်များ/KNDF

ဂျနီဖာ သဘောတူညီချက်အရ ပဋိပက္ခပြီးဆုံးပြီးနောက်တွင် စစ်ဥပဒေ၏ မည်သည့်အချက်ကိုမဆို၊ အထူးသဖြင့် ရက်စက်ယုတ်မာမှုကို ကျူးလွန်ထားသည့် ပုဂ္ဂိုလ်သည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများအတွက် ဥပဒေလုပ်ငန်းစဉ်ဆင့်ဆင့်ဖြင့် တစ်ဦးချင်းစီ တရားစီရင်ခြင်း ခံရမည်ဖြစ်သည်။

ကရင်နီတပ်ပေါင်းစုဖော်ဆောင်သည့် “၁၁-၁၁ စစ်ဆင်ရေး”သည် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” အပါအဝင် တနိုင်ငံလုံးနှင့် ချိတ်ဆက်သည့် စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ပိုမိုကြီးမားသည့်တိုက်ခိုက်မှုများအား ရင်ဆိုင်ရမည်ဖြစ်သည့်အပြင် ကရင်နီ ပြည်နယ်အတွင်းလည်း၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ ပျက်စီးသည့်အခြေအနေဖြစ်ကြောင်း ခွန်ဘီထူးကပြောသည်။

၎င်းက “ တော်လှန်ရေးမှာ တရားမျှတမှုမရှိတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့အရာတွေအားလုံးကိုလည်း သုတ်သင် ရှင်းလင်းသွားမှာဖြစ်တဲ့အတွက် ဒါဟာ အားလုံးရဲ့စစ်ဆင်ရေးဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ဆင်ရေးမှာ ၁၂ ရက်မြောက်ဖြစ်လာပြီး ကယားပြည်နယ်အုပ်ချုပ်ရေးရုံးများအခြေစိုက်ရာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)တည်ရှိသည့် ပြည်နယ်မြို့တော်လွိုင်ကော်မြို့အား သိမ်းပိုက်နိုင်ရေးတိုက်ပွဲများ ဆက်လက် ဆင်နွှဲလျက်ရှိသည်။

စစ်ဆင်ရေးအတွင်း လွိုင်ကော်၊ မိုးဗြဲနှင့်နန်းမယ်ခုံမြို့နယ်တို့အတွင်း စစ်တပ်စခန်း ၂၀ ကျော်အား တိုက်ခိုက်သိမ်းပိုက် ထားသည့်အပြင် လွိုင်ကော်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့ကိုလည်း တိုက်ခိုက် ထိန်းချုပ်ထားသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF) တာဝန်ရှိသူတဦးက “လွိုင်ကော်မြို့ ထက်ဝက်ကျော်ကျော် လောက်မှာ ကျနော်တို့ တပ်တွေရောက်ရှိ တပ်ဖြန့်ပြီးမှ စစ်ဆင်ရေးတွေ ဆက်လုပ်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲဖြစ်ပါတယ်” ဟု ပြောသည်။

ကရင်နီတပ်ပေါင်းစု၏ နေရာအနှံ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် လွိုင်ကော်ဒေသ၌ စစ်ရေးအရှိန်မြင့်တက်နေသည့် အခြေအနေတွင် စစ်ကောင်စီတပ်စခန်း ၁၅ ခုခန့်မှာ တပ်ဆုတ်သွားခဲ့ပြီး လေကြောင်းမှဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများသာ စစ်ကောင်စီက ဆက်တိုက် ပြုလုပ်နေသည်။

တိုက်ပွဲများကြောင့် လူဦးရေ ၆ သောင်းကျော်နေထိုင်ခဲ့သည့် လွိုင်ကော်မြို့တွင် ၈၀ ရာခိုင်နှုန်းခန့်သောလူဦးရေ ၄ သောင်း ကျော်မှာ မြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့်အပြင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းမှဗုံးကြဲမှု အပါအဝင် စစ်ဘေးဒဏ်ကြောင့် ထိခိုက် သေဆုံးရသည့်အရပ်သား ၅၀ ဦးခန့်ရှိနေပြီ ဖြစ်ကြောင်းလည်း ဒေသခံများအား ကူညီကယ်ဆယ်ပေးနေသူများက ပြောသည်။

စစ်ဆင်ရေးအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးအနေဖြင့်လည်း ကရင်နီတပ်ပေါင်းစုဘက်က ၄၅ ဦးခန့် သေဆုံးခဲ့ရပြီး စစ် ကောင်စီဘက်က ရုပ်အလောင်းများစွာနှင့် လက်နက်ကြီး၊လက်နက်ငယ် ၂၀၀ ခန့်နှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိထားကြောင်းလည်း KNDF ထံကသိရသည်။

လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၌ ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့်အတူ ကရင်နီဒေသ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းစသည့် နေရာအများအပြားတွင် စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်မှုများ မြင့်တက်လျက်ရှိပြီး စစ်ကောင်စီဘက်က လက်နက်ချအညံ့ခံသူများ၊ ဖမ်းဆီးရမိသူများ ရာနှင့်ချီရှိနေပြီဖြစ်သည်။

You may also like these stories:

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း

လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

Your Thoughts …
Tags: IECKNDFကရင်နီစစ်သုံ့ပန်းတိုက်လေယာဉ်မှူးဗိုလ်မှူး ခိုင်သန့်မိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.2k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

Next Post
ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းသွားသည့် တောင်ကုတ်မှ လုပ်ငန်းရှင်များ ပြန်မလွတ်သေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved