• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

by ဧရာဝတီ
21 November 2023
in သတင်း
A A
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

လွိုင်ကော်မြို့က စစ်ရှောင်နေကြသူများ/ CJ

2k
VIEWS
Share on FacebookShare on Twitter

တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုများ ဆက်တိုက်ကြုံတွေ့နေရသည့်အတွက် ကယား ပြည်နယ် (ကရင်နီ)၊ လွိုင်ကော်မြို့၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်မှာ မြို့အား စွန့်ခွာတိမ်းရှောင်နေကြကြောင်း ကရင်နီပြည် စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

ကရင်နီပူးပေါင်းတပ်များ ၁၁၁၁ စစ်ဆင်ရေး စတင်ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲ များပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခတ်လျက်ရှိနေ သောကြောင့် လူဦးရေ ၆ သောင်းကျော် နေထိုင်သော လွိုင်ကော်မြို့မှာ လက်ရှိတွင် ၄ သောင်းခန့်မြို့က ထွက်ခွာသွား ပြီဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများက ပြောသည်။

ကူညီကယ်ဆယ်နေသူတဦးက “လွိုင်ကော်က ကယ်ဆယ်ရေးလုပ်နေသလောက် ၈၀ ရာခိုင်နှုန်းဆိုတော့ ၄ သောင်း ကျော်လောက် စွန့်ခွာသွားတာမျိုးတွေရှိတယ်။ မြို့ထဲမှာ ရှိနေသေးတဲ့သူတွေလည်းရှိတယ်။ ၂၀ ရာခိုင်နှုန်းလောက် ကျန်နေသေးတယ်” ဟု ပြောသည်။

ရှေ့လျှောက်တွင်လည်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ကျန်ရှိနေသည့်သူများအနေဖြင့်လည်း အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အများစုနှင့် ကျေးရွာများတွင်ရှိသည့် ပြည်သူများမှာ မြို့ပြင်သို့ ထွက်ခွာနိုင်သော်လည်း မြို့လယ်ခေါင်ရှိ ရပ်ကွက်များဖြစ်သည့် ကြည်သာယာနှင့် လောကဓမ္မ ရပ်ကွက်များရှိ ပြည်သူများမှာ အကြောင်းအမျိုး မျိုးကြောင့် ကျန်ရှိနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ဆိုသည်။

၎င်းက “တော်တော်များများကလည်း မြို့ရဲ့အပြင် တခြားမြို့ကို ရှောင်မယ်ဆိုရင် ခက်ခဲတာပေါ့နော်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့အတွက် အတွေးတွေ များနေတော့ မထူးတော့ပါဘူး။ နေလက်စနဲ့ ဆက်နေတာမျိုး ရပ်ကွက်ကတော့ ကြည်သာယာ၊ လောကဓမ္မတို့ဘက်တွေမှာပေါ့” ဟု ပြောသည်။

လွိုင်ကော် တက္ကသိုလ်ကို တပ်ဖွဲ့ဝင်များ သိမ်းပိုက်အပြီး

လွိုင်ကော်မြို့ခံများအား စစ်ရှောင်ရန် အကူအညီပေးနေသော ခုခံတော်လှန်ရေးသမား အခြားတဦးကလည်း “အိမ်တွေ ဘာတွေမီးလောင်တာကလည်း အရေအတွက်များတယ်။ တော်တော်များများ မီးလောင်တာလည်း ရှိတယ်။ ဒေါဥခူရပ်ကွက်၊ နောင်ယားတို့ဘက်မှာဆိုရင် လေယာဉ်ကြဲတယ်။ လက်နက်ကြီးနဲ့ ကျတာ တွေရှိတယ်။ ဒေါဥခူဆိုရင် လေယာဉ်အကြိမ် ၁၀၀ လောက်ထိ ကြဲခံထားရလို့ ကြေမွတဲ့အိမ်တွေ ဘယ်လောက်ထိ ပျက်စီးသွားလဲ တိတိကျကျ ပြောလို့မရဘူး။ တော်တော်များများတော့ ပျက်စီးသွားတယ်ပြောလို့ ရတယ်။ သွားကြည့်လို့လည်း မရဘူး။ လက်နက်ကြီးက တောက်လျှောက်ကျနေလို့ ခန့်မှန်းပြီးတော့ ပြောလို့ရတဲ့အနေအထားပဲ ရှိတယ်” ဟု ပြောသည်။

ဆက်လက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင်း နီးစပ်ရာဒေသများသို့ စစ်ရှောင်ကြရန်နှင့် ဗုံးခိုကျင်းများ တူးထားကြရန်လည်း ကရင်နီ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI ) က တိုက်တွန်း ထားသည်။

လွိုင်ကော်မြို့ တွင် စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တိုက်ပွဲများအတွင်း လေကြောင်း တိုက်ခိုက်မှု တနေ့ လျှင် ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှ ၁၉ ရက်အထိ ၂၀၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဧရာဝတီသို့ ပြောသည်။

လွိုင်ကော်မြို့ကို စွန့်ခွာတိမ်းရှောင်နေကြသည့် ဒေသခံများ / CJ

ဗိုလ်မှူးကြီး ဘုန်းနိုင်က “လေယာဉ်နဲ့ပစ်တာ တနေ့ကို ၁၀ ကြိမ်နဲ့အထက်မှာ ရှိတယ်။ ကျနော်တို့ကတော့ လူထုကို မလုပ်ပါဘူး။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆမတန် ပစ်တယ်။ ဗုံးကြဲတာ လူထုကို ထိတယ်။ ပြည်သူလူထုက တော်တော်လေး အခက်အခဲဖြစ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များကို မနက် ၆ နာရီမှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိပြီး ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူများအနေဖြင့် လက်နက်ကြီးဖြင့် မပစ်ခတ်ခင်အချိန်တွင်သာ နေရာရွှေ့ ပြောင်းမှုများလုပ်နိုင်ကြောင်း သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
761
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

ဗိုလ်မှူးကြီး ဘုန်းနိုင်က “ကျနော်တို့ကတော့ လွိုင်ကော်ကို ထိန်းချုပ်နိုင်တယ်လို့ ပြောလို့တော့ရပေမယ့် အခြေအနေပေါ်မှာ မူတည်ပြီး လက်နက်ကြီးထက် လေယာဉ်ကြောင့်ပဲ အခက်အခဲ ဖြစ်တယ်။ အခြေအနေက ဘယ်လိုလာဦးမလဲ မသိဘူး။ ပြောရတော့ခက်တယ်။ လွိုင်ကော်က ပြည်သူတွေကို ပြောချင်တာကတော့ ကန့်သတ်ချက်တွေကို လိုက်နာဖို့ပါပဲ။ ကျနော်တို့ဘက်က ပြဿနာမရှိဘူး။ စစ်ကောင်စီဘက်က လက်နက်ကြီးတို့ ဗုံးကြဲတာတို့ရှိတော့ ကိုယ်နေတဲ့ နေရာ လုံခြုံရင် အဲဒီမှာနေပါဦး။ ကျနော်တို့ဘက်ကလည်း လုံခြုံတဲ့နေရာ ရှာထားပေးပါတယ်” ဟု ပြောသည်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲအခြေအနေပြ မြေပုံ

ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ၏ နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ ကောက်ယူထားသည့် စာရင်းများအရ အရပ်သားသေဆုံးမှုအနေဖြင့် လက်နက်ကြီးကြောင့် သေဆုံးရသူ ၂၆ ဦး၊ လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇ ဦး၊ ပစ်ခတ်သတ်ဖြတ်ခံရ၍ ၇ ဦး စုစုပေါင်းမှာ သေဆုံးသူ ၅၀ ရှိလာပြီဖြစ် ကြောင်း သိရသည်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် မဟာမိတ်တပ်များက လွိုင်ကော်မြို့ကို နိုဝင်ဘာ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုးစစ်အတွင်း စစ်ကောင်စီ တပ်စွဲထားသည့် လွိုင်ကော် တက္ကသိုလ်နှင့် ခရိုင်တရားရုံးတို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် စစ်ကောင်စီတပ်၏ K-8W အမျိုးအစား တိုက်လေယာဉ် ၁ စီးအား ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုး (စစ်တက္ကသိုလ် အပတ်စဉ် ၄၄) ကို နိုဝင်ဘာ ၁၉ ရက်တွင် ဖမ်းမိထားကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယနေ့ ထုတ်ပြန်ထားသည်။

You may also like these stories:

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

စစ်အာဏာသိမ်းဆန့်ကျင်သူ မြို့ကြီးသားများ ခုခံတော်လှန်ရေး ထိုးစစ်ကို မျှော်နေ

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း

Your Thoughts …
Tags: ကရင်နီပူးပေါင်းအဖွဲ့စစ်ဘေးရှောင်လေကြောင်းပစ်ခတ်မှုလွိုင်ကော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

by စောလွင်
5 September 2024
11.4k

လက်နက်ကြီးကျည် ၂လုံး ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိသော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒစကမှူးနှင့် ဒု ဒစကမှူးတို့မှာ စိုးရိမ်ထိတ်လန့်ကာ လွိုင်ကော် အနောက်တောင်ဘက် မိုင် ၂၀ခန့် အကွာရှိ ဒီးမောဆိုမြို့နယ် အတွင်းမှ ကရင်နီတော်လှန်ရေး ပူးပေါင်းများ...

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

Next Post
ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved