• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
in ဆောင်းပါး
A A
သတိပြုစရာ သေးဆူလဲတိုက်ပွဲ

ကယားပြည်နယ်အတွင်းလှုပ်ရှားနေသည့် KNDF တပ်ဖွဲ့ဝင်များ

22.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်နီ (ကယား) ပြည်နယ်၊ သေးဆူလဲနှင့် ပူဖားတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ကရင်နီ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

ထိုနေရာတွင် အထိုင်ချတပ်စွဲထားသည်မှာ စကခ ၂ လက်အောက်ခံ ခလရ ၉ မှ ဖြစ်သည်ဟု သိရ၏။ ကရင်နီ တော်လှန်ရေးအင်အားစုများတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP / KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒီးမော့ဆို ဒေသခံ PDF နှင့် အလယ်ပိုင်းစစ်ဒေသမှ တပ်များ ပါဝင်သည်ဟုသိရ၏။

ထိုတိုက်ပွဲတွင် စစ်ကောင်စီ၏ စကခ ၂ လက်အောက်ခံ ခလရ ၉ မှ ၃၀ ကျော်သေဆုံး၊ ဒဏ်ရာရသူ များပြားသကဲ့သို့ အကွဲကွဲအပြားပြား ထွက်ပြေးကြသူများလည်း များပြားသည်။ ထိုတိုက်ပွဲမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ ၆၀ မမ ၂ လက်၊ အာပီဂျီ ၇ တလက်၊ စက်လတ် တလက်အပြင် ကျည်များ၊ စစ်သုံးပစ္စည်း အများအပြား သိမ်းဆည်းရရှိသည်ဟု KNDF မှ တရားဝင် သတင်းထုတ်ပြန်ပါသည်။

သေးဆူလဲ တိုက်ပွဲသည် စိတ်ဝင်စားဖွယ်ကောင်း၏။ ထိုသို့ စိတ်ဝင်စားဖွယ်ကောင်းခြင်းမှာ တိုက်ပွဲရလဒ် သက်သက်ကြောင့် မဟုတ်ပေ။ သေးဆူလဲတိုက်ပွဲသည် ထူးခြားသည့်၊ ဗျူဟာမြောက်သည့် ချေမှုန်းရေးတိုက်ပွဲတပွဲ ဖြစ်သောကြောင့် ဖြစ်၏။

သေးဆူလဲနှင့် ပူဖားသည် တမိုင်ခန့်သာဝေးသည့် ကပ်လျက်ရှိသော ရွာကြီးများဖြစ်၏။ သေးဆူလဲသည် အထက်တန်းကျောင်းရှိသော ကရင်နီရွာကြီးတရွာ ဖြစ်၏။ မိုးဗြဲ၊ နန့်မယ်ခုံ၊ သေးဆူလဲ၊ ဒေါငံခါး၊ ဒီးမော့ဆိုတို့သည် တဆက်စပ်တည်းဟု ပြော၍ရသည့် မြို့ရွာများဖြစ်သည်။ လွိုင်ကော်၏ အနောက်မြောက် မိုးဗြဲမှ အနောက်တောင်ဘက် ဒီးမော့ဆိုအထိ မြောက်မှတောင်သို့ အတန်းလိုက်တည်ရှိကြ၏။ လွိုင်ကော်၏ အနောက်ဘက် ပျမ်းမျှ ၈ မိုင်အကွာတွင် ရှိကြ၏။

သေးဆူလဲ တိုက်ပွဲသည် စိတ်ဝင်စားဖွယ်ကောင်း၏။ ထိုသို့ စိတ်ဝင်စားဖွယ်ကောင်းခြင်းမှာ တိုက်ပွဲရလဒ် သက်သက်ကြောင့် မဟုတ်ပေ။ သေးဆူလဲတိုက်ပွဲသည် ထူးခြားသည့်၊ ဗျူဟာမြောက်သည့် ချေမှုန်းရေးတိုက်ပွဲတပွဲ ဖြစ်သောကြောင့် ဖြစ်၏။

ပြည်ထောင်စုလမ်းမကြီးဟု ဆိုကြသည့် ဖယ်ခုံ၊ မိုးဗြဲ၊ နန့်မယ်ခုံ၊ လွိုင်ကော်၊ စံပြ ၆ မိုင်၊ ငွေတောင်၊ ဒီးမော့ဆို ကားလမ်းကြီးတွင် နန့်မယ်ခုံနှင့် ဒီးမော့ဆိုကို ချိတ်ဆက်ထားသည့် ကားလမ်းပေါ်တွင် သေးဆူလဲရှိ၏။ ဒီးမော့ဆို၊ ဒေါငံခါးသည် ကရင်နီတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့သော နယ်မြေဖြစ်၏။

ယခုအခါ ဒီးမော့ဆို၊ ဒေါငံခါး၊ သေးဆူလဲ၊ နန့်မယ်ခုံ၊ မိုးဗြဲ တို့တွင် အရပ်သားများ မရှိတော့ဘဲ စစ်ဘေးဒုက္ခသည်များ ဖြစ်သွားပြီ ဖြစ်၏။ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့ပေါ်ရှိ စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် အရပ်သား အိုးအိမ်များတွင် စစ်ကောင်စီတပ်များ အခြေပြုတပ်စွဲထားပြီး မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေ၏။ သေးဆူလဲ၊ နန့်မယ်ခုံကမူ ဒီးမော့ဆိုနှင့် မိုးဗြဲကြားရှိ ကားလမ်းနှင့် လွိုင်ကော် အနောက်ဘက်ခြမ်း နယ်မြေအား ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က စခန်းအထိုင်ချထားခြင်း ဖြစ်၏။

ကရင်နီ နွေဦးတော်လှန်ပုန်ကန်မှု စကတည်းက မိုးဗြဲ၊ နန့်မယ်ခုံ၊ စံပြ ၆ မိုင်၊ ဒီးမော့ဆို၊ ဒေါငံခါး၊ သေးဆူလဲ တို့တွင် တော်လှန်ပုန်ကန်မှု အားကောင်းခဲ့ပြီး ယနေ့တိုင်လည်း ကရင်နီ တော်လှန်ရေးအင်အားစုများ အားကောင်းသည့် နယ်မြေများ ဖြစ်နေဆဲဖြစ်၏။

စစ်တပ်အဖို့ဆိုလျှင်လည်း အရေးပါသော နယ်မြေ ဖြစ်၏။ လွိုင်ကော်သည် ကရင်နီပြည်နယ်၏ မြို့တော်၊ ကရင်နီပြည်နယ်၏ အုပ်ချုပ်ရေး အချက်အခြာဖြစ်၏။ ထို့ပြင် ကရင်နီနယ်မြေ စစ်ဆင်ရေးကို ကွပ်ကဲသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး အခြေပြုသည်။

စစ်တပ်အဖို့ဆိုလျှင်လည်း အရေးပါသော နယ်မြေ ဖြစ်၏။ လွိုင်ကော်သည် ကရင်နီပြည်နယ်၏ မြို့တော်၊ ကရင်နီပြည်နယ်၏ အုပ်ချုပ်ရေး အချက်အခြာဖြစ်၏။

ယခုနောက်ပိုင်း စိစစ်ဆဲသတင်းများအရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူးကိုယ်တိုင် လွိုင်ကော်၌ အခြေပြုပြီး ကရင်နီစစ်ဆင်ရေးကို ကွပ်ကဲသည်ဟုဆိုကြ၏။ ကရင်နီပြည်နယ်အား မြို့နယ် ၇ ခုဖြင့်သာ ဖွဲ့စည်းထားသော်လည်း ကရင်နီလူမျိုး ၉၀ ရာခိုင်နှုန်းကျော် နေထိုင်သည့် ဖယ်ခုံ (မိုးဗြဲ) မြို့နယ်သည် ကရင်နီ စစ်ဆင်ရေးနယ်မြေတွင် ပါဝင်လျက်ရှိ၏။

ကရင်နီပြည်နယ်တွင်းရှိ စစ်ကောင်စီတပ်များအား လက်နက်ခဲယမ်း ရိက္ခာထောက်ပို့သည့် လမ်းကြောင်းမှာ ပြည်မမှ ဖယ်ခုံ၊ မိုးဗြဲ၊ နန့်မယ်ခုံ လမ်းကြောင်းအတိုင်း လွိုင်ကော်သို့ ဝင်ရောက်သည်။ တဖန် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ မြို့နယ်များရှိ တပ်များသို့ လွိုင်ကော်၊ စံပြ ၆ မိုင်၊ ငွေတောင်၊ ဒီးမော့ဆိုမှ လမ်းကြောင်းမှ တဆင့် ဆက်လက် ပို့ဆောင်သည်။

ထိုလမ်းကြောင်းသည် ပြည်ထောင်စုလမ်းမ ဟုခေါ်သည့် ကရင်နီပြည်နယ်ရှိ တပ်အများစု (ရှားတောနှင့် လွယ်လင်လေးမှအပ) ကို ထောက်ပို့ရသည့် လမ်းကြောင်းဖြစ်သကဲ့သို့ လွိုင်ကော်သည်လည်း ကရင်နီစစ်မျက်နှာအတွက် စစ်ကောင်စီ၏ ရှေ့တန်းဌာနချုပ် ဖြစ်၏။

ဤသို့သော အခြေအနေအောက်တွင် ထိုလမ်းကြောင်းပေါ်၌ မရှိသော်လည်း နန့်မယ်ခုံနှင့် ဒီးမော့ဆိုကြားရှိ သေးဆူလဲ၊ ပူဖားသည် မြောက်ဘက်ရှိ နန့်မယ်ခုံ၊ တောင်ဘက်ရှိ ဒီးမော့ဆို၊ အရှေ့ဘက်ရှိ လွိုင်ကော်တို့နှင့် အကွာအဝေးအားဖြင့် ၁၀ ကီလိုမီတာ ဝန်းကျင်သာ ရှိပြီး ထိုအရပ်ဒေသများနှင့် ပြည်ထောင်စုလမ်းမအား ကောင်းစွာခြိမ်းခြောက်နိုင်သည့် ဒေသဖြစ်သည်။

သေးဆူလဲနှင့် ပူဖားတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်စခန်းနှစ်ခုကို ကရင်နီ တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည်

ထို့ကြောင့်လည်း သေးဆူလဲနှင့် ပူဖားတွင် စကခ ၂ လက်အောက်ခံ ခလရ ၉ မှ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတကြောင်းကို အခြေချ တပ်စွဲထားခြင်း ဖြစ်၏။ ထိုစစ်ကြောင်းအတွက် လက်နက်ကြီး ပစ်ကူအဖြစ် ၇ မိုင်ခန့်သာ ဝေးသည့် လွိုင်ကော်ရှိ အမြောက်တပ်၊ ၄ မိုင်ခွဲခန့်သာဝေးသည့် ငွေတောင်မှ အမြောက်တပ်တို့က ပစ်ကူပေးရန် အသင့် ရှိ၏။

သေးဆူလဲနှင့် ပူဖားတွင် စကခ ၂ လက်အောက်ခံ ခလရ ၉ မှ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်းတကြောင်းကို အခြေချ တပ်စွဲထား၏။ ထိုစစ်ကြောင်းအတွက် လက်နက်ကြီး ပစ်ကူအဖြစ် ၇ မိုင်ခန့်သာ ဝေးသည့် လွိုင်ကော်ရှိ အမြောက်တပ်၊ ၄ မိုင်ခွဲခန့်သာဝေးသည့် ငွေတောင်မှ အမြောက်တပ်တို့က ပစ်ကူပေးရန် အသင့် ရှိ၏။

ထိုသို့ အနည်းဆုံး စစ်ကြောင်းတကြောင်းခန့် တပ်စွဲထားသည့် သေးဆူလဲနှင့် ပူဖားရှိ စစ်ကောင်စီ စခန်းများကို ၂၀၂၃ ခုနှစ်၊ စက်တာဘာလ ၂ ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့၏။ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းပစ်ကူဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည့်ကြားမှ ကရင်နီ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။

ကရင်နီရှိ စစ်ကောင်စီတပ်သည် မယ်စဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် ပန်တိန်း၊ ဖားဆောင်းဒေသနှင့် ဘောလခဲ၊ ရွာသစ်တွင် ထိုးစစ်ဆင်နေသည့်အပြင် ထို့ဒေသများသို့ ရိက္ခာ၊ ခဲယမ်းပို့ဆောင်နိုင်ရန်၊ ထောက်ပို့ယာဉ်တန်း စေလွှတ်နိုင်ရန် ဒီးမော့ဆိုနှင့် ဖရူဆိုကြားရှိ၊ ငွေတောင်ရွာသစ် ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာနှင့် ဒေါညေးခူကျေးရွာများ အထိ စစ်ကြောင်းထိုးကာ လုံခြုံရေးရယူနေရသည်။ ရှားတောမြို့နယ် ထိုင်းနယ်စပ်ရှိ စခန်းငယ်အချို့ကို လက်လွှတ်ထားရ၏။

ထိုသို့သော အခြေအနေအောက်တွင် ကရင်နီတော်လှန်ရေး အင်အားစုများ သေးဆူလဲကို တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းသည် လွိုင်ကော်ကို လည်းကောင်း၊ ဒီးမော့ဆိုကို လည်းကောင်း၊ နန့်မယ်ခုံကို လည်းကောင်း၊ ပြည်ထောင်စုလမ်းမကြီးကို လည်းကောင်း ကောင်းစွာ ခြိမ်းခြောက်နိုင်လိုက်သည့် တိုက်ပွဲတပွဲဖြစ်၏။ ကရင်နီစစ်ဆင်ရေးနယ်မြေအတွင်း အညှာကိုင်လှုပ်လိုက်ခြင်း ဖြစ်၏။

သေးဆူလဲတိုက်ပွဲသည် စစ်ရေးအရ အရေးပါသည့် ဗျူဟာမြောက် တိုက်ပွဲတပွဲဖြစ်၏။ မြန်မာစစ်တပ်၏ လွိုင်ကော် ရှေ့တန်းစစ်ဌာနချုပ်အတွက် သေးဆူလဲ သိမ်းပိုက်ခံရခြင်းသည် ကြီးမားသည့် ခြိမ်းခြောက်မှုတခု ဖြစ်၏။ သို့ဖြစ် ရာ အင်အားအချို့သုံး၍ သေးဆူလဲအား ပြန်လည် ထိုးစစ်ဆင်ရတော့မည်ဖြစ်၏။ အကယ်၍သာ ကရင်နီအင်အားစုများမှ အင်အားအနည်းငယ်သာ အသုံးပြု၍ ပြောက်ကျား နှောင့်ယှက်ပစ်ခတ်ရုံမျှသာ ပြုလုပ်ပါက စစ်ကောင်စီတပ်အား ဗျူဟာမြောက် ထိုးနှက်နိုင်မည် မဟုတ်ပေ။ ယခုကဲ့သို့ အင် အားစုစည်း၍ ထိုးနှက်လိုက်သဖြင့် ဗျူဟာမြောက်တိုက်ပွဲ ဖြစ်သွား၏။

တချိန်တည်း၌ မယ်စဲ့ ထိုးစစ်တွင် စစ်ကောင်စီ တပ်အင်အားဖြည့်တင်းခြင်း၊ ထောက်ပို့ခြင်းတို့အတွက် တုံ့နှေးထိခိုက်စေခဲ့၏။ သို့ဖြစ်ရာ သေးဆူလဲကို စစ်ကောင်စီတပ်အနေဖြင့် စစ်မျက်နှာတခု မဖြစ်မနေ ဖွင့်ရတော့မည် ဖြစ်၏။

သေးဆူလဲ စခန်းကျပြီးနောက် သေဆုံးခဲ့သော ရုပ်အလောင်းများကို စက်တင်ဘာ ၄ ရက်နေ့တွင် လာကောက်သည့် စစ်တပ်ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများ၏ မြေပြင်တိုက်ခိုက်ရေး တပ်များနှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ကို ထပ်မံ ခံခဲ့ရ၏။ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်များသည် ရှေ့ကို ထိုးစစ်ဆင်ဖို့ကတဖက်၊ ဆုတ်ခွာပေးလိုက်ရသည့် စစ်စခန်း ပြန်လည်ရရှိရေးနှင့် ရုပ်အလောင်း ကောက်ဖို့အရေးကတဖက်နှင့် ဗျာများနေရတော့သည်။ ထိုကြောင့်လည်း သေဆူးလဲတိုက်ပွဲသည် သာမန်တိုက်ပွဲတပွဲ၊ ချေမှုန်းရေးမြောက်သည့်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတပွဲ ဆိုသည်ထက် ဗျူဟာမြောက်သည့် တိုက်ပွဲတပွဲဟု ဆိုရခြင်း ဖြစ်သည်။

သေဆူးလဲတိုက်ပွဲသည် သာမန်တိုက်ပွဲတပွဲ၊ ချေမှုန်းရေးမြောက်သည့်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲတပွဲ ဆိုသည်ထက် ဗျူဟာမြောက်သည့် တိုက်ပွဲတပွဲဟု ဆိုရခြင်း ဖြစ်သည်။

ထို့ပြင် သေးဆူလဲတိုက်ပွဲသည် စခန်းအထိုင်ချထားသည့် အင်အား ၇၀ နှင့်အထက် ရှိနိုင်သည့် စစ်တပ် တပ်ရင်းတရင်း သို့မဟုတ် စစ်ကြောင်းတကြောင်းကို တိုက်ခိုက်ချေမှုန်းသည့် တိုက်ပွဲတပွဲလည်း ဖြစ်သည်။ သို့ဖြစ်ရာ သေးဆူလဲ တိုက်ပွဲသည် ဗျူဟာမြောက် တိုက်ပွဲတပွဲဖြစ်သာမက မြန်မာစစ်တပ်အင် အား ၇၀ ခန့် အထိုင်ချထားသည့် စခန်းနှစ်ခုကို ချေမှုန်းနိုင်သည့် တိုက်ပွဲကြီးတပွဲလည်းဖြစ်၏။

ကရင်နီတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ရေးစွမ်းရည် မြင့်တက်လာသည်ကို ပြသသည်သာမက ကရင်နီတော်လှန်ရေး အင်အားစုများ၏ တပ်အင်အားစုစည်းနိုင်မှုနှင့် လက်နက်ခဲယမ်း တပ်ဆင်နိုင်စွမ်းကိုလည်း ပြ၏။ ထို့ပြင် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ပစ်ခတ်နေသည့်ကြားမှ နောက်မတွန့်ဘဲ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်သည့် ကရင်နီတော်လှန်ရေး အင်အားစု၏ ရဲစွမ်းသတ္တိကိုလည်း တွေ့ရ၏။ စစ်ကောင်စီတပ် အကျအဆုံး များသကဲ့သို့ ကရင်နီ KNDF တပ်ဖွဲ့မှ ရဲဘော် ငါးဦး အသက်စွန့်လွှတ်ခဲ့ရသည်။

ကယားပြည်နယ်အတွင်းလှုပ်ရှားနေသည့် KNPP လက်အောက်ခံ တပ်ဖွဲ့ဝင်များ

သေးဆူလဲ တိုက်ပွဲအပါအဝင် ကရင်နီပြည်နယ်မှ တိုက်ပွဲများသည် ကရင်နီတော်လှန်ရေး အင်အားစုများ တိုက်ပွဲအတွေ့အကြုံ အလျင်အမြန် ရင့်ကျက်လာသည်ကို ပြသသကဲ့သို့ စစ်ပညာကို စစ်ပွဲအတွင်း အလျင်အမြန် သင်ယူတတ်မြောက်သည်ကိုလည်း ပြသသည်။

အနီးခေတ် မြန်မာပြည် ပြည်တွင်းစစ်တွင် ပေါ်ပေါက်ခဲ့သော ရခိုင် AA, တအာင်း TNLA, ကိုးကန့် MNDAA မြောက်ပိုင်းသုံးဖွဲ့နှင့် နှိုင်းယှဉ်လျှင် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော အင်အားစုများက ပို၍ အရှိန်အဟုန်မြန်စွာ တိုးတက်မှုရကြသည်။ မြောက်ပိုင်း သုံးဖွဲ့ဆိုလျှင် စတင်ဖွဲ့စည်းသည့် သုံးနှစ်အတွင်း တိုက်ပွဲပင် ကောင်းစွာ တိုက်နိုင်သည့် အခြေအနေ မရှိခဲ့ပေ။ ယခု နွေဦးတော်လှန်ရေးတွင် လူထု၏ နိုးကြားတက်ကြွမှု၊ ပူးပေါင်းပါဝင်မှု၊ ထောက်ခံမှုတို့နှင့်အတူ ခုခံစစ်ကြေညာခဲ့သည့် နှစ်နှစ်အတွင်း တိုက်ပွဲဝင်သူတို့၏ စွမ်းရည် လျင်မြန်စွာတိုးတက်လာသည်ကို တွေ့ရ၏။

ရရာလက်နက်စွဲကိုင်၍ တိုက်ခိုက်ခဲ့ကြသော ကရင်နီ တော်လှန်ရေး အင်အားစုများသည် ယခုအခါ ဗျူဟာမြောက် ချေမှုန်းရေးတိုက်ပွဲများ တိုက်ခိုက်လာနိုင်သည့် တိုက်ရည်ခိုက်ရည် ပြည့်ဝသောတပ်ဖွဲ့များ ဖြစ်လာပြီ

လွန်ခဲ့သော နှစ်နှစ်ကျော်က ရရာလက်နက်စွဲကိုင်၍ တိုက်ခိုက်ခဲ့ကြသော ကရင်နီ တော်လှန်ရေး အင်အားစုများသည် ယခုအခါ ဗျူဟာမြောက် ချေမှုန်းရေးတိုက်ပွဲများ တိုက်ခိုက်လာနိုင်သည့် တိုက်ရည်ခိုက်ရည် ပြည့်ဝသောတပ်ဖွဲ့များ ဖြစ်လာပြီကို သေးဆူလဲတိုက်ပွဲက ပြသနေသည်။

သေးဆူလဲတိုက်ပွဲနှင့် ဆိုရှယ်မီဒီယာ

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။ မီဒီယာဟုဆိုရာတွင် လူထုဖက်က ရပ်တည်သည်ဆိုသော မီဒီယာများကို ရည်ညွှန်းခြင်းဖြစ်၏။ ထို့ပြင် သတင်းမီဒီယာဌာနများသာမက ဆိုရှယ်မီဒီယာ၊ လူမှုကွန်ရက် အသုံးပြုကြသူများ အားလုံးကိုလည်း ရည်ညွှန်းသည်ကို တွေ့ရ၏။

KNDF က အဓိက ထုတ်ဖော် ပြောဆိုသည်မှာ “မိမိတို့ တော်လှန်ရေး တပ်ပေါင်းစုများမှ ဆိုရှယ်မီဒီယာ အသုံးပြုသော တော်လှန်ပြည်သူများ၊ သတင်း မီဒီယာဌာနများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်ရဲဘော်များအား အထူးတောင်းဆိုသည်မှာ မြေပြင်တိုက်ပွဲများတွင် စစ်ရေး သတင်းအချက်အလက်များအား သတင်းဦး၊ သတင်းထူးအတွက်သာ ရှေးရှု၍ မြေပြင်စစ်ရေးလုပ် ဆောင်ချက်များအား မိမိတို့မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ အစောတလျင် တင်ကြခြင်း မပြုလုပ်ကြရန်၊ မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလုပ် ငန်းဆောင်တာများအား အချိန်မတန်မီ ရန်သူအား သတင်းအချက်အလက် အစောတလျင်သိစေနိုင်သည့် စစ်ရေးသတင်းအချက်အလက်များ၊ နယ်မြေသတင်းအချက်အလက်များအား ရေးသား ဖြန့်ဝေကြခြင်း မပြုလုပ်ကြပါရန်နှင့် စစ်ရေးသတင်းများမှာ အခြားသတင်းများနှင့် မတူညီဘဲ မြေပြင်အတွက် ငဲ့ညှာ၍ ကျင့်ဝတ်စည်းမျဉ်းများအား စောင့်ထိန်း၍ ကူညီပေးကြရန် အထူးတောင်းဆိုအပ်ပါသည်” ဟူ၍ဖြစ်၏။

သို့ဖြစ်ရာ သတင်းဦး၊ သတင်းထူးရရန် ရည်ရွယ်ချက် သက်သက်ဖြင့် စစ်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မပြုရန်လိုသည်။ စစ်ကောင်စီတပ်က လေကြောင်းအားပြု တိုက်ခိုက်နေသည်ဖြစ်ရာ ကရင်နီအင်အားစုများ အနေဖြင့် တိုက်ပွဲနိုင်၍ စစ်မြေပြင် ရှင်းပြီးသည်နှင့် လက်နက်ခဲယမ်းများကို အမြန်သယ်ထုတ်ကြရ၏။ ဘောလခဲဒေသ တိုက်ပွဲတခုတွင် စခန်းသိမ်းပြီးနောက် လေယာဉ်လာ‌ဗုံးကြဲ၍ မိမိရဲဘော်များ ကျဆုံးမှုရှိသည့်အပြင် သိမ်းဆည်းရမိသည့် ၁၂၀ မမ နှစ်လက်အနက် တလက်သာ သယ်နိုင်ခဲ့၏။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556

သေးဆူလဲတိုက်ပွဲတွင် သူတင်ကိုယ်တင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ် ခေါင်းဆောင်ပိုင်း အနေဖြင့် ၎င်းတို့စခန်းများ ကျ၊ မကျ သဲသဲကွဲကွဲ မသိနိုင်ပေ။ ထိုသို့သော အခြေအနေတွင် လေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့စခန်းအား ရှောင်၍ သတိဖြင့် တိုက်ခိုက်နေရ၏။

သို့သော် ဆိုရှယ်မီဒီယာများတွင် သိမ်းပြီးပြီဟု ဝမ်းသာအားရ ရေးတင်နေပါက ၎င်းတို့စခန်း ကျသွားမှန်းသိပြီး သတိထားစရာ မလိုဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာပါက စစ်မြေပြင်ရှင်းရန်၊ လက်နက် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရန် ခက်ခဲသွားမည်။ စစ်ကူအမြန်ပို့မည် စသည်တို့ကို စစ်တပ်က ဆောင်ရွက်လာနိုင်၏။ ထို့ပြင် သေးဆူလဲ တိုက်ပွဲကဲ့သို့ နောက်ဆက်တွဲတိုက်ပွဲများရှိသည့် တိုက်ပွဲများ၌ စစ်ရေးသတင်းကို အမှောင်ချရန် လိုအပ်၏။

ဆိုရှယ်မီဒီယာများတွင် သိမ်းပြီးပြီဟု ဝမ်းသာအားရ ရေးတင်နေပါက ၎င်းတို့စခန်း ကျသွားမှန်းသိပြီး သတိထားစရာ မလိုဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာပါက စစ်မြေပြင်ရှင်းရန်၊ လက်နက် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရန် ခက်ခဲသွားမည်။ စစ်ကူအမြန်ပို့မည် စသည်တို့ကို စစ်တပ်က ဆောင်ရွက်လာနိုင်၏။

ဤအချက်ကို မီဒီယာများ၊ ဆိုရှယ်မီဒီယာအသုံးပြုနေကြသူများဘက်မှ သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ရန် လို၏။ လက်ရှိ ကရင်နီဒေသတိုက်ပွဲများသည် တခုနှင့်တခု ဆက်စပ်နေသည့် ဗျူဟာမြောက်တိုက်ပွဲများ ဖြစ်လာရာ စစ်ရေးသတင်းများနှင့် ပတ်သက်ပြီး သတိထားရန် လိုအပ်၏။ လျှို့ဝှက်ရန် လိုအပ်၏။ ကရင်နီအင်အားစုများသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ မယ်စဲ့ တိုက်ပွဲများမှစ၍ တိုက်ပွဲသတင်းများကို သတိထား၍ ထုတ်ပြန်လာသည်ကို သတိပြုရန် လို၏။ တခုနှင့်တခု ဆက်စပ်နေသည့် ဗျူဟာမြောက်တိုက်ပွဲများ ဖြစ်လာသည်ကို သတိပြုရန်လို၏။

သေးဆူလဲတိုက်ပွဲကို အထောက်အကူပြုသည့်အနေဖြင့် စက်တင် ဘာလ ၂ ရက်နေ့တွင်ပင် ဒီးမော့ဆိုအနီး ကုန်းသာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အင်အား ၂၀ ခန့်ကိုလည်း ကရင်နီ တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၃ ရက်နေ့တွင် စစ်အင်အားဖြည့်တင်းသည့် တပ်များနှင့်လည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့၏။ ကုန်းသာတိုက်ပွဲသတင်းကို ကရင်နီ တော်လှန်ရေးအင်အားစုများက စက်တင်ဘာလ ၈ ရက်နေ့မှ ထုတ်ပြန်သည်ကို တွေ့ရ၏။

သေးဆူလဲတိုက်ပွဲမှ ထပ်မံ ဖော်ပြလိုက်သည်မှာ ကရင်နီဒေသ တိုက်ပွဲများနှင့် ပတ်သက်လျှင် သတင်းဦးဖို့၊ သတင်းထူးဖို့ထက် သတင်းလုံခြုံမှုရှိရန် လိုအပ်သည်။ စစ်သတင်းလုံခြုံမှုအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်၏။

(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

ဒီးမော့ဆိုရှိ အသိမ်းခံစခန်း၂ ခု ပြန်ရရေး စစ်ကောင်စီတပ် ကြိုးပမ်းနေ

အာဏာသိမ်းစစ်တပ် ကားအား KNPP ဖြတ်တိုက် တပ်ရင်းမှူး အပါအဝင် ၄ ဦး သေဆုံး

၂၀၂၃ မိုးရာသီ စစ်ရေးသုံးသပ်ချက် အပိုင်း (၁)

ကရင်နီတပ်မတော် စစ်ဦးစီးချုပ်အပြောင်းအလဲ KNPP အတည်ပြု

Your Thoughts …
Tags: KNDFKNPPPDFSliderကရင်နီတပ်မတော်စစ်ကောင်စီစစ်ဘေးဒုက္ခသည်တော်လှန်ရေးအင်အားစုဒရုန်းတပ်ဖွဲ့ဒီးမော့ဆိုနွေဦးတော်လှန်ရေးလွိုင်ကော်
မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်း

မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာဘီယာကို စစ်ကောင်စီ သေနတ်ထောက်ရောင်းလာ

မြန်မာဘီယာကို စစ်ကောင်စီ သေနတ်ထောက်ရောင်းလာ

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved