• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

by ဧရာဝတီ
16 September 2023
in သတင်း
A A
တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

မြိတ်ခရိုင်တပ်ရင်း (၁)၊ ပုလော PDF တပ်ဖွဲ့ဝင်များ / PDF Myeik District Battalion -1

2.1k
VIEWS
Share on FacebookShare on Twitter

စစ်ရေးလှုပ်ရှားမှု များပြားလာသည့် တနင်္သာရီတိုင်း၌ ယခုလအတွင်း စစ်ကောင်စီက ရေတပ်စစ်သင်္ဘောများ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာနေကြောင်း မြိတ်ခရိုင်တပ်ရင်း-၁၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော-PDF) ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောသည်။

ပုလောမြို့နယ် ပိတပ်ကျေးရွာသို့ စက်တင်ဘာ ၁၁ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်အား PDF များက ခုခံတိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်ခဲ့ရာ ရေတပ်စစ်သင်္ဘောမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရဲဘော်အာနိုးက “အရင်တုန်းက စစ်သင်္ဘောကနေ ပစ်ခတ်တိုက်ခိုက်တာ မရှိဘူး။ ပိတပ်ရွာတိုက်ပွဲမှာမှ ပစ်ခတ်မှုတွေ လုပ်လာတာ။ ညဘက် ချောင်းထဲအထိလာပြီး ည ၁၂ နာရီလောက်ထိ ပစ်ခတ်ခဲ့တာ” ဟု ဧရာဝတီကို ပြောသည်။

ပိတပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ပုလော PDF မှ တပ်စုမှူး ဇင်ကိုဆိုသူ သေဆုံးခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတပ်ရွာမှဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအရပ်သားတဦးအား သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသား ၉ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ယနေ့ချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

ပုလောမြို့အနောက်ဘက် ပင်လယ်ပြင်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်၌ ကမ်းနီးငါးဖမ်းခြင်း တရားမဝင် လုပ်ဆောင် သည်ဟုဆိုကာ ပုလော PDF က ကမ်းဝေးငါးဖမ်းဝလတ်လှေ ၇ စီးအား ဖမ်းဆီးပြီး လှေဦးစီး ပဲ့နင်း ၇ ဦးကို ဖမ်းဆီးထိန်း သိမ်းခဲ့သည်။

အဆိုပါဖြစ်စဉ်ပြီးနောက် စက်လှေများဖြင့် နယ်မြေလှုပ်ရှားသည့် PDF များနှင့် စစ်ကောင်စီရေတပ် စစ်သင်္ဘောတို့ ပင်လယ်ပြင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း PDF များက ဆိုသည်။

ပုလောမြို့နယ်အနောက်ဘက် မျက်နှာချင်းဆိုင်ရှိ မလိကျွန်းတွင် စစ်ကောင်စီရေတပ်စခန်းတည်ရှိပြီး လက်ရှိတွင် စစ်ရေ ယာဉ် ၄ စီးဖြင့် ပုလောမြို့နယ်ပင်လယ်ပြင်၌ လှုပ်ရှားမှုရှိနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒေသဖြစ်သည့် တနင်္သာရီတိုင်းတွင် ယခင်က စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြုလုပ်ရာ၌ ရေတပ်သင်္ဘောများအသုံးပြုပြီး စစ်ကူအင်အားထောက်ပို့မှု ပြုလုပ်ခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်ခြင်းများ မရှိခဲ့ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် နဘုလယ်ဒေသဘက်တွင်လည်း စစ်ကောင်စီက ရေတပ်အသုံးပြုကာ တပ်ပြောင်းရွှေ့မှုများ ပြုလုပ်လျက်ရှိပြီး မြေပြင်စစ်ကြောင်းထိုးလှုပ်ရှားမှုများ နည်းပါးလာသည်ကိုတွေ့ရကြောင်း Dawei Guerrilla Revolutionary Force-DGRF အဖွဲ့က ဆိုသည်။

ယင်းအဖွဲ့တာဝန်ရှိသူတဦးက “ရေဖြူ နဘုလယ်ဘက်မှာတော့ ရေတပ်အသုံးပြုပေမယ့် ရေတပ်ကနေပြီး လက်နက်ကြီး ပစ်တာတော့ မရှိသေးဘူး။ လတ်တလောမှာတော့ အင်အားပြောင်းရွှေ့တာပဲ အဓိကလုပ်နေတာ တွေ့ရပါတယ်။ အဲဒီဘက် မှာ ကုန်လမ်းကို အသုံးပြုတာလည်း အရင်ထက်ပိုနည်းလာတယ်” ဟု ပြောသည်။

ထားဝယ်မြို့နယ်အခြေစိုက် Dawei Guerrilla Revolutionary Force-DGRF တပ်ဖွဲ့သည် ဥဩစစ်ကြောင်းနှင့် ပူးပေါင်းကာ ယခုစက်တင်ဘာလအတွင်း ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်စွဲထားသည့် ဘုရားမဲဂိတ် အား စီးနင်းတိုက်ခိုက်ခြင်းနှင့် စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများ ၃ ကြိမ် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းအတွင်း နယ်မြေစိုးမိုးရေးလှုပ်ရှားနေသည့် စစ်ကောင်စီသည် ခရိုင်သုံးခုတွင် အင်အားရာချီပါဝင်သော စစ်ကြောင်းတခုစီဖြင့် စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ရန်ကုန်-ကော့သောင်း အမှတ် (၈) လမ်းမကြီးအား အသုံးပြုလျက် ရှိသည့်အပြင် ရေတပ်စစ်သင်္ဘောများဖြင့် ဝန်းရံလှုပ်ရှားမှုများလည်းရှိနေကြောင်း တောင်ပိုင်းစစ်ဒေသခွဲ-၃၊ တနင်္သာရီ စစ်ဌာန ပြောခွင့်ရှိသူက ဆိုသည်။

၎င်းက “စစ်သင်္ဘောတွေနဲ့ ရေကြောင်းကနေ ခြိမ်းခြောက်နေတာတော့ ကြာပါပြီ။ သူတို့ ကုန်းလမ်းကနေ မသွားရဲမလာရဲ တဲ့အခါကျတော့ အဓိက အမှတ် (၈) လမ်းမကြီး၊ ရန်ကုန်-ကော့သောင်းလမ်းမကြီးပေါ့။ အဲဒီမှာ မြို့နယ်ကူး၊ ခရိုင်ကူး မသွားရဲကြတဲ့အခါ စစ်သင်္ဘောတွေ အသုံးပြုကြတယ်။ ငါးဖမ်းသင်္ဘောတွေကိုလည်း ချောဆွဲပြီးသုံးခဲ့ကြတာရှိတယ်။ ပြီးခဲ့တဲ့ရက်ကတော့ ပုလောမှာ စစ်သင်္ဘောကနေ လူနေရွာတွေကို အမြောက်နဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ပထမဆုံးလို့ ပြောလို့ရတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းစစ်ဒေသအတွင်း ပါဝင်သည့် တနင်္သာရီတိုင်းသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ-၄ နယ်မြေလည်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေးတပ် (PDF)နှင့် ဒေသကာကွယ်ရေးတပ်များ လှုပ်ရှားလျက်ရှိသည့်အပြင် ဗိုလ်ချုပ် နယ်ဒါးမြ ဦးဆောင်သော ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ ဆာကဆောတပ်မလည်း လှုပ်ရှားနေကြောင်း သိရသည်။

ဆာကဆောတပ်မ သတင်းပြန်ကြာရေးတာဝန်ခံ ရဲဘော်ကိုချမ်းက “ထားဝယ် အရှေ့တောဒေသဘက်နဲ့ ထားဝယ်မြောက် ဘက် ကလိန်အောင်နဲ့ ရေးမြို့နယ်ကြားမှာ မကြာခဏ ထိတွေ့တိုက်ခိုက်မှုတွေ ရှိနေတယ်။ ရေတပ်က ပစ်ခတ်တိုက်ခိုက်မှု အနေနဲ့တော့ ကျနော်တို့နဲ့ ဖြစ်တာမရှိသေးဘူး။ တခြားနေရာမှာတော့ ရေတပ်က ပစ်ခတ်တာတွေ ကြားသိရပါတယ်။ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေဘက်က ပိုပြီးတော့ နယ်မြေကိုချဲ့ထွင်လာနိုင်ပြီ။ နယ်မြေခံတွေနဲ့လည်း ဆွေးနွေးမှုတွေ ပိုပြီးပြုလုပ်လာနိုင်ခဲ့ပြီ။ မကြာခင်အချိန်အတွင်းမှာတော့ ဒီထက်ပိုများမယ့် စစ်ပွဲတွေကို မြင်ရမယ့်အလား အလာ ရှိပါတယ်” ဟု ဆိုသည်။

ပုလောမြို့နယ် PDF မှ ရဲဘော်အာနိုးကလည်း PDF များအနေဖြင့် ပုလောမြို့အား သိမ်းပိုက်နိုင်သည်အထိ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ စစ်ကောင်စီဘက်ကလည်း အခိုင်အမာပြင်ဆင်ကာ နှစ်ဖက်ရင်ဆိုင်ထားသည့် အနေအထား ဖြစ်သောကြောင့် တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း အရေးကြီးပစ္စည်းများအား အဆင်သင့် ထုပ်ပိုးထားရန်နှင့် စစ်ရေးသတင်းများ နားစွင့်သတိထားကြရန် သတိပေးပြောဆိုထားသည်။

တနင်္သာရီတိုင်းအတွင်း ပဋိပက္ခအခြေအနေများအား စောင့်ကြည့်လေ့လာနေသည့် FE5 Tanintharyi အဖွဲ့က ပြုစုထား သော မှတ်တမ်းများအရ ပြီးခဲ့သည့် ဩဂုတ်လ၌ တိုင်းအတွင်း မြို့နယ် ၇ ခုတွင် မိုင်းဆွဲမှုနှင့် ထိတွေ့တိုက်ခိုက်မှုပေါင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသဝန်းကျင်၌ စစ်ကြောင်းထိုးကာ နေအိမ်မီးရှို့ဖျက်ဆီးမှုများအား စစ်ကောင်စီဘက်က ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
400
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
141
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

NUG ၏ ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်ပြည့် အစီအရင်ခံစာတွင်လည်း တနင်္သာရီတိုင်းအတွင်း ၂၀၂၂ စက်တင်ဘာမှ ၂၀၂၃ ဩဂုတ်ထိ တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ ၅၂၃ ကြိမ် ရှိခဲ့ကြောင်း ဖော်ပြခဲ့ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့အပြီး ခုခံတိုက်ခိုက်မှု စတုတ္ထအများဆုံး တိုင်းတတိုင်းဖြစ်ကြောင်း သိရသည်။

You may also like these stories:

တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်

တနင်္သာရီမြို့နယ်၌ လူနာတင်ယာဉ်များ ညဘက်သွားလာခွင့် ပိတ်ပင်

ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်

တနင်္သာရီအခြေစိုက် ဒုတိုင်းမှူးနှင့် နယ်လုံဝန်ကြီးအား စစ်ကောင်စီ ဖမ်းဆီးစစ်ဆေး

Your Thoughts …
Tags: PDFစစ်ကောင်စီတနင်္သာရီတိုင်းရေတပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
“နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

“နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved