• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
in အင်တာဗျူး
A A
“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး / RVA Pwo Karen

13.5k
VIEWS
Share on FacebookShare on Twitter

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ အောက်တိုက်ဘာ ၂၇ ရက်မှ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အတော်ကို အရှိန်ရလာပြီး စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅၀ နီးပါးနဲ့ မြို့ ရှစ်မြို့ခန့်ကို အချိန် လဝက်အတွင်း အောင်မြင်စွာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို ရှမ်းပြည်မြောက်ပိုင်းအပြင်၊ ကချင်၊ ရခိုင်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေမှာလည်း ဖော်ဆောင်နေတာ ဖြစ်ပြီး အခြားသော တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အများအပြားကလည်း ပူးပေါင်းပါဝင်နေတာ ဖြစ်ပါတယ်။

အလားတူ အခြားသော တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တော်လှန်ရေးတပ်ဖွဲ့များကလည်း ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မြို့သိမ်းတိုက်ပွဲတွေ ယခုရက်ပိုင်းအတွင်း ဆင်နွဲလာပြီး ပြည်သူ့တော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆင်နွဲနေကြပါတယ်။

ဒါကြောင့် စစ်ကောင်စီမှာ နယ်မြေအများအပြား၊ တပ်ဖွဲ့အများအပြားနဲ့ ကုန်သွယ်ရေး အချက်အချာကျတဲ့ မြို့များ ဆုံးရှုံးခံရတဲ့အပြင် စစ်ကောင်စီ တပ်ရင်းလိုက်၊ ရဲစခန်းလိုက် တော်လှန်ရေးအဖွဲ့များဆီ အလင်းဝင်သွားတဲ့ အဖြစ်မျိုးတွေပါ ကြုံတွေ့နေရပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
776
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
54
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
35

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကနေ လွတ်မြောက်ထွက်ပြေးလာတဲ့ အာဏာသိမ်းမှု ဆန့်ကျင်သူ လူထောင်ပေါင်းများစွာကို KNU က ကာကွယ်စောင့်ရှောင်ပေးခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲဝင်လိုတဲ့ လူငယ်၊ လူရွယ် ထောင်ပေါင်းများစွာကိုလည်း စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

KNU ရဲ့လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သူတို့ စစ်သင်တန်းပို့ချပေးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တွေ၊ တခြား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတော်လှန်ရေး တိုက်ပွဲတွေကို ကရင်၊ မွန်၊ ပဲခူးနဲ့ တနင်္သာရီအတိုင်းအပြင် စစ်ကောင်စီအုပ်ချုပ်မှု ရုံးစိုက်ရာ နေပြည်တော်အထိ ဖော်ဆောင်နေပါတယ်။

လတ်တလော အရှိန်မြင့်လာပြီး အောင်မြင်မှုများစွာ ရရှိထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဧရာဝတီမှ နေ့သစ်က မြန်မာနိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းဖြစ်တဲ့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး စပြီး ပြည်သူ့တော်လှန်ရေးက ပိုပြီးအရှိန်ရလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ အဲ့ဒါ ဘာကို ဖော်ညွှန်းသလဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီလို့ ပြောလို့ရတယ်။

မေး ။ ။ အခုဆို ရှမ်းမြောက်အပြင် ကရင်နီ၊ စစ်ကိုင်း၊ မန္တလေးအထက်ပိုင်းနဲ့ ရခိုင်အထိ စစ်မျက်နှာဖွင့် အရှိန်ရလာတဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ဖဒိုတို့ ဘယ်လို ရှုမြင်သုံးသပ်ပါလဲ။

ဖြေ ။ ။ ၁၀၂၇ စစ်ဆင်ရေး စပြီး ပြည်သူ့တော်လှန်ရေးက ပိုပြီးအရှိန်ရလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ အဲ့ဒါ ဘာကို ဖော်ညွှန်းသလဲဆိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတိုင်းမှာ (စစ်ကောင်စီက) ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရပြီး နယ်မြေဆုံးရှုံးတာတွေလည်း အများကြီး တွေ့နေရတယ်။ အထူးဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စကစ စစ်သားတွေမှာ တိုက်ခိုက်လိုစိတ် လုံးဝမရှိတော့ဘဲ အလွယ်တကူနဲ့ အရှုံးပေးတာတွေ အများကြီး တွေ့နေရပါတယ်။ တဖက်ကနေ ဒီလိုနယ်မြေတွေ ဆုံးရှုံးတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ဆုံးရှုံးနေတာကို တွေ့မြင်နေရတဲ့ အပေါ်မှာတော့ ဒီတော်လှန်ရေးအတွက် တော်တော်လေး အားကောင်းသွားတယ်လို့ ပြောချင်တယ်။

မေး ။ ။ ဒီ Operation မှာ အချိန်တိုလေးအတွင်း စစ်တပ်စခန်းတွေအများကြီးနဲ့ ဗျူဟာကျတဲ့ မြို့တွေပါ အသိမ်းခံရတာ တွေ့ရတယ်။ မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လိုမှတ်ချက်ပြုနိုင်ပါသလဲ။

ဖြေ ။ ။ မင်းအောင်လှိုင်စစ်တပ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး တိုက်ရည်ခိုက်ရည်တွေ ကျဆင်းလာလာဟာ ကျနော်တို့ ကြုံတွေ့ခဲ့တဲ့ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကာလမှာလည်း ထင်ထင်ရှားရှား ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တို့နယ်မြေမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်မှတ်တမ်းတွေအရ ၂၀၂၁ ကနေ ၂၀၂၃ စက်တင်ဘာလအထိ တိုက်ပွဲပေါင်း ၁၁,၆၀၈ ကြိမ်ဖြစ်ခဲ့တယ်။ စကစ ကျဆုံးမှုစာရင်းက ၁၀,၇၄၁ ဦးရှိတယ်။ ဒဏ်ရာရတာ ၇,၇၇၉ ဖြစ်တယ်။ အဲဒီ သေဆုံး၊ ဒဏ်ရာရ စာရင်း ပေါင်းလိုက်တဲ့အခါမှာ ၁၈,၅၂၀ ဖြစ်သွားတယ်။

ဒီလောက်များပြားတဲ့ အရေအတွက်နဲ့ ဆုံးရှုံးမှု ကြီးမားနေတဲ့ စစ်တပ်တခုဟာ ရှေ့ဆက်ပြီး ဘယ်လို အစားထိုးမလဲဆိုတာ မေးစရာတွေ ဖြစ်လာတယ်။ ဒါကြောင့် ဒီနေ့ ဒီကာလမှာ အထူးသဖြင့် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ အများကြီး ပြန်ဖြစ်လာပြီး နယ်မြေတွေအများကြီး ဆုံးရှုံးရတယ်။ ပုံမှန်ဆိုရင် အကြမ်းဖက် စစ်ကောင်စီအတွက် ချက်ချင်းတုံ့ပြန်ရမယ့် အနေအထား၊ အထူးသဖြင့် စစ်ကူတွေ ပို့ရမှာပါ။

ဒါပေမယ့် လက်ရှိကာလမှာ ဒီလိုမျိုး ဆုံးရှုံးမှု ကြီးကြီးမားမားနဲ့တော့ ဘယ်လိုမှ စစ်ကူတွေ မပို့နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တွက်ချက်မှုအရ စကစဖွဲ့စည်းပုံအရ တပ်မတခုမှာ စစ်ထွက်နိုင်တဲ့ အင်အားက ၇၀၀ ပဲရှိတယ်။ ကျနော်တို့ နယ်မြေမှာ သူတို့ သေဆုံး၊ ဒဏ်ရာစစ်သား ၁၈,၅၂၀ ရှိထားတော့ သူတို့ တပ်မ ၂၆ ခုစာအင်အား ဆုံးရှုံးထားရတယ်။

စစ်တပ်မှာ အစားထိုးဖို့ဆိုတာလည်း တပ်သားသစ် စုဆောင်ရေးလည်း ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ ဒီတော့ တိုက်ခိုက်ရေးမှာ ကသောကမျောနဲ့ လက်ရုံးတပ်တွေ၊ မီးသတ်သမား အပါအဝင်တွေနဲ့ ဖာထေးနေရတယ်။

ဒီတော့ သူတို့ မြောက်ပိုင်းမှာ ဆုံးရှုံးထားတဲ့ နေရာတွေအတွက် စစ်ကူပို့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲ့ဒီအခြေအနေကို သူတို့ (စကစ) အခု ကြုံတွေ့နေရတာ။ စစ်တပ်မှာ အစားထိုးဖို့ဆိုတာလည်း တပ်သားသစ် စုဆောင်ရေးလည်း ဘယ်လိုမှ မလုပ်နိုင်တော့ဘူး။ ဒီတော့ တိုက်ခိုက်ရေးမှာ ကသောကမျောနဲ့ လက်ရုံးတပ်တွေ၊ မီးသတ်သမား အပါအဝင်တွေနဲ့ ဖာထေးနေရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ စွမ်းဆောင်ရည်တွေ လုံးဝကျဆင်းနေတယ်ဆိုတာ ထင်ရှားပါတယ်။

မေး ။ ။ အရင်ကဆို ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း တလျှောက်ကနေ နေပြည်တော်အစပ်တွေထဲအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ တွေ့ရပါတယ်။ အခုလပိုင်းတွေမှာ တောင်ပိုင်းခွင်မှာ KNU နဲ့ PDF တွေရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေ ပြန်ငြိမ်နေတယ်တယ်လို့ ထင်ရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အထူးသဖြင့် ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းနဲ့ နေပြည်တော်အစပ်အထိ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ အဲဒီအထိ လှုပ်ရှားခဲ့ပါတယ်။ အခုလည်း လှုပ်ရှားနေတုန်းပါပဲ။ ဒါပေမယ့် တိုက်စစ် မဖော်နိုင်တဲ့ အနေအထားတခုအောက်မှာ ရှိနေသေးပါတယ်။ နေရာတိုင်းမှာ ဘာပဲလုပ်လုပ် ပြင်ဆင်မှုဆိုတော အရေးကြီးပါတယ်။ ကျနော်တို့ ပြင်ဆင်နေတဲ့ကာလပဲ ရှိနေသေးပါတယ်။

မေး ။ ။ အခု ၁၀၂၇ စစ်ဆင်ရေးကနေ အခြားသော တော်လှန်ရေးအဖွဲ့တွေလည်း ဟန်ချက်ညီညီ စစ်ဆင်ရေး ဖော်ဆောင်ကြဖို့ ဆော်ဩနေတာ တွေ့ရပါတယ်။ KNU အနေနဲ့ရော ပါဝင်သွားဖို့ ရှိပါသလား။

ဖြေ ။ ။ စစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့ အကြီးအကျယ်ကို တိုက်ပွဲဖြစ်လာတာပါ။ ခုနက ဖော်ညွှန်းသလို စစ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၃ စက်တင်ဘာအထိ တိုက်ပွဲပေါင်းက ၁ သောင်းကျော်အထိ ဖြစ်သွားတယ်။ အဲဒီတိုက်ပွဲထဲမှာ ရန်သူကို သုတ်သင်ရှင်းလင်းတဲ့အခါ သေဆုံးဒဏ်ရာရသူဟာ ၁၈,၅၀၀ ကျော်အထိ ဖြစ်သွားတယ်ဆိုတော့ ဒါက နည်းနည်းနောနော ကိန်းဂဏန်း မဟုတ်ဘူး။

ဟန်ချက်ညီညီ တိုက်ပွဲဖော်ဖို့ဆိုတာ အဲဒီကတည်းက ကျနော်တို့ ပြောလာတာ၊ တောင်းဆိုလာတာလည်း ဖြစ်တယ်။ ဒါပေမယ့် တက်တက်ကြွကြွ ပါဝင်နိုင်တဲ့အဖွဲ့ အများကြီးမရှိသေးဘူး။ သို့ပေမယ့် ဒီနေ့ဒီကာလ တွေ့မြင်နေရတဲ့ အနေအထားအရ တကယ်အားရစရာ ရှိပါတယ်။ မနေ့တနေ့ကလည်းပဲ ချောင်းနှစ်ခွတံတား (မွန်ပြည်နယ်၊ ကျိုက်မရော) ကို ကျနော်တို့ ဝင်သိမ်းလိုက်ပါပြီ။ ကျနော်တို့ဘက်မှာလည်း စကစဘက်က လက်နက်ချတဲ့သူ တော်တော်များပါတယ်။ ကျနော်တို့ ဆက်လက် လုပ်ဆောင်နေတဲ့အပိုင်းမှာ ရှိပါတယ်။

ကျနော်တို့ KNU တပ်မဟာ ခုနစ်ခုစလုံးမှာ စစ်မတိုက်တဲ့ တပ်မဟာဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ စစ်တိုက်နေတယ်ဆိုတာ ပြောစရာလည်း မလိုဘူး။ ဒါက စစ်ရေးကိစ္စ ဖြစ်နေလို့ပါ။

မေး ။ ။ KNU မှာလည်း စစ်ဝင်မတိုက်တဲ့ တပ်မဟာတွေ ရှိနေတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ကျနော်တို့ KNU တပ်မဟာ ခုနစ်ခုစလုံးမှာ စစ်မတိုက်တဲ့ တပ်မဟာဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ စစ်တိုက်နေတယ်ဆိုတာ ပြောစရာလည်း မလိုဘူး။ ဒါက စစ်ရေးကိစ္စ ဖြစ်နေလို့ပါ။

မေး ။ ။ လက်ရှိ အရှိန်မြင့်လာတဲ့ တော်လှန်ရေးထိုးစစ်တွေနဲ့ အောင်မြင်မှုတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီကျဆုံးခန်း ဘယ်လိုမျိုး သုံးသပ်ပေးနိုင်လဲခင်ဗျ။

ဖြေ ။ ။ အခုလို အရှိန်ရလာတဲ့ ထိုးစစ်တွေနဲ့ အောင်မြင်မှုကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီ ကျဆုံးခန်းကတော့ မဝေးတော့တဲ့ကာလတခုမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ဖြစ်မှာနဲ့ အချိန်ကာလတခု ဖြတ်သန်းကျော်ဖြတ်ရင်းနဲ့ ကျဆုံးမယ်ဆိုတာပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေတခုနဲ့တခု မတူတဲ့အခါကျတော့ စစ်ဆင်ရေးတွေ လုပ်တဲ့အခါမှာ ပုံစံတထပ်တည်း မကျနိုင်ဘူး။ ပြောနိုင်တာတခုကတော့ ဒီနေ့ဒီချိန်အခါ အကောင်းဆုံးက ဘာလဲဆိုတော့ ပေါင်းစပ်ညှိနိုင်းရေး အထူးသဖြင့် coordinated attack ဖြင့်သာ အောင်မြင်တယ်ဆိုတာ လက်တွေ့ အကောင်အထည်ဖော်နေတဲ့အခါ မနှေးအမြန်ကို ဖြစ်လာမှာပဲ။ စစ်ကောင်စီကျဆုံးခန်းကတော့ သေကိုသေချာနေပါတယ်။

မေး ။ ။ နိုင်ငံရေးအလှည့်အပြောင်း ဘာတွေ ရှိလာနိုင်သလဲ။

ဖြေ ။ ။ နိုင်ငံရေးအလှည့်အပြောင်းမှာ ဖြစ်နိုင်တာကတော့ စစ်ကောင်စီက အကြပ်အတည်းပေါင်းစုံနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ သူက သူ့လုပ်ရိုးလုပ်စဉ်အတိုင်း အထူးသဖြင့် ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးကွဲအောင်လုပ်တဲ့ နည်းဗျူဟာပေါ့၊ အဲဒီနည်းကို တောက်လျှောက် သုံးလာတယ်။

ဒါပေမယ့် ဒီနည်းဟာ ဒီနေ့ဒီအခါမှာ တော်တော်လေးကို အလုပ်မဖြစ်တော့ဘူးဆိုတာ တွေ့နေရတယ်။ ဥပမာ (စစ်ကောင်စီက) မြောက်ပိုင်းမှာ စစ်တိုက်မယ်ဆို တောင်ပိုင်းမှာ ငြိမ်ထားတယ်။ ဒီနေ့မှာတော့ အရှေ့ အနောက် တောင်မြာက် ဘက်အသီးသီးကနေ တော်လှန်ရေးအဖွဲ့တွေ တချိန်တည်း တိုက်ပွဲဆင်နွဲလာတဲ့ အခါမှာတော့ သူ့ရဲ့ လှည့်ကွက်တွေ ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူးဆိုတာ ပြောနိုင်တယ်။

ဒါပေမယ့် စစ်ရေးဘက်မှာ ဒီလိုမျိုး စစ်ဗျူဟာ၊ နည်းဗျူဟာတွေ မသုံးနိုင်ဘူးဆိုပေမယ့် နိုင်ငံရေးဘက်မှာတော့ သတိထားဖို့ လိုတယ်။ နိုင်ငံရေးလှည့်ကွက်တွေကို သူ (စကစ) ကျွမ်းကျင်လာတဲ့အခါမှာ မသမာတဲ့နည်းတွေ လုပ်လာနိုင်တယ်။ အကြပ်အတည်းတွေ တွေ့လာတဲ့အခါမှာ ဘာတွေလုပ်တတ်လဲဆိုတော့ နိုင်ငံရေးဆွေးနွေးပွဲလိုဟာမျိုးနဲ့ အာရုံပြောင်းအောင်လုပ်တာမျိုး။

နောက်တမျိုးက ထင်ရှားကျော်ကြားတဲ့ လူတချို့နဲ့ ဆွေးနွေးညှိနိုင်းတဲ့ဟာမျိုးတွေ၊ နိုင်ငံရေးမှာ အားလုံး မထင်ထားတဲ့ ကိစ္စတွေနဲ့ အာရုံလွှဲတာမျိုးတွေ သူ (မင်းအောင်လှိုင်) လုပ်လာနိုင်တယ်။ အဲဒါမျိုးတွေကို သတိထားရရလိမ့်မယ်။

သူဘာပဲ လုပ်လုပ်ပါ။ ဒီနေ့လို ပြည်သူ့တရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကို ဆင်နွှဲနေတဲ့အခါမှာ အဲလိုမျိုး စကစ လှည့်ကွက်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ လိုတယ်။ စစ်အုပ်စုက ဘယ်ပရိယာယ်ပဲသုံးသုံး ကျနော်တို့ လှည့်မကြည့်ဖို့တော့ အရေးကြီးပါတယ်။

သူဘာပဲ လုပ်လုပ်ပါ။ ဒီနေ့လို ပြည်သူ့တရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကို ဆင်နွှဲနေတဲ့အခါမှာ အဲလိုမျိုး စကစ လှည့်ကွက်တွေကို ကြံ့ကြံ့ခံနိုင်ဖို့ လိုတယ်။ စစ်အုပ်စုက ဘယ်ပရိယာယ်ပဲသုံးသုံး ကျနော်တို့ လှည့်မကြည့်ဖို့တော့ အရေးကြီးပါတယ်။

အထူးသဖြင့် နိုင်ငံတကာက လိုလားနေတဲ့ တွေ့ဆုံဆွေးနွေးရေးအချက်ကို ကျနော်တို့ ငြင်းတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဓိကလိုအပ်ချက် လေးချက်ဖြစ်တဲ့ နံပါတ် ၁ စစ်တပ် နိုင်ငံရေးကနေ ထွက်ခွာမယ်လို့ ကတိပေးဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကို တယောက်မကျန် ချေမှုန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိကကျတာတော့ စစ်တပ်ကို အသွင်ကူးပြောင်းမှုဖြစ်ဖို့တို့ လုပ်ဆောင်ဖို့လိုတယ်။ စစ်တပ်ကို ပြုပြင်ပြောင်းလဲပြီး အရပ်သားအုပ်ချုပ်မှုအောက်မှာ သယ်ဆောင်သွားရင်းနဲ့ တိုင်းပြည်က လိုအပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ခုဖြစ်သည့်အထိ အသွင်ပြောင်းနိုင်ဖို့ လိုတယ်။

ဒုတိယအချက်က အသွင်ကူးပြောင်းကာလ တရားမျှတမှုကို လက်ခံရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးငယ်ကို တာဝန်ခံရမယ်။ ဘယ်လိုမှ ကင်းလွတ်ခွင့် မပေးနိုင်ဘူး။ တတိယအချက်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်တဲ့အခါမှာ လိုအပ်တဲ့ ဖက်ဒရယ်ဒမိုကရေစီ အခြခံဥပဒေအသစ်ကို လက်ခံရမယ်။

နောက်ဆုံးအချက်ကတော့ စစ်ကောင်စီကျဆုံးသွားပြီးတိုင် ကျနော်တို့ဟာ အဖွဲ့အစည်းအားလုံးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတခု မဖြစ်မနေ လိုအပ်တဲ့ အချိန်အခါကို ရောက်လာလိမ့်မယ်။ အဲဒီအခါမှာ ဘယ်အဆင့် ဆွေးနွေးပွဲဖြစ်ဖြစ် နိုင်ငံတကာပါဝင်မှုက လိုအပ်ပါတယ်။

ဒီအချက်တွေကို လက်ခံနိုင်မယ်ဆိုရင် ကျနော်တို့က နိုင်ငံရေးဆွေးနွေးမှုကို လက်ခံမှာပါ။ ဒီလိုမျိုး နိုင်ငံရေး အလှည့်အပြောင်းလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာဖို့လည်း ကျနော်တို့ ဘက်ပေါင်းစုံကနေ ဖိအားပေးဖို့လိုတယ်။ ဒီစစ်ရေးတခုတည်းတင် မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးတိုက်ပွဲနဲ့ စီးပွားရေးပိတ်ဆို့မှု အပိုင်းမှာပဲဖြစ်ဖြစ်၊ လူထုလှုပ်ရှားမှု အပိုင်းမှာပဲ ဖြစ်ဖြစ် အားလုံးက ဟန်ချက်ညီညီနဲ့ တစိုက်မတ်မတ် လုပ်သွားဖို့ လိုတယ်။ အဲလိုနည်းလမ်းတွေနဲ့ ဖိအားပေးနိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး အလှည့်အပြောင်းတခုကို ဖြစ်လာနိုင်တယ်။

မေး ။ ။ ဖဒိုတို့အနေနဲ့ UN, အာဆီယံ အပါအဝင် နိုင်ငံတကာကိုရော ဘာများ message ပေးလိုတာ ရှိမလဲခင်ဗျာ။

ဖြေ ။ ။ နိုင်ငံတကာက တော်လှန်ရေးစခါစမှာဆိုရင် ကျနော်တို့က ရှုံးမှာပဲ ၄၊ ၅ လ မခံဘူးဆိုပြီး သုံးသပ်ကြတယ်။ စစ်ကောင်စီကလည်း ဒီလိုပဲ ပြောပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပါပြီ။

ဒီကနေ့ ဖြစ်ပေါ်လာနေတဲ့ တော်လှန်ရေး အရှိန်အဟုန်ကလည်း တော်တော်ကြီးနေပြီ။ မြို့သိမ်းတိုက်ပွဲထိအောင် စတင်လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ နိုင်ငံတကာအနေနဲ့လည်း အမြင်တွေ ပြောင်းဖို့ လိုပါတယ်။

ကျနော်တို့ရဲ့ တော်လှန်ရေးအင်အား ပိုပြီးကြီးမားလာတယ်။ လူထုရဲ့ ပူးပေါင်းတိုက်ပွဲဝင်မှုကလည်း မကြုံဖူးလောက်အောင်ကို ထူးကဲလှတဲ့ အနေအထားတခု ရောက်နေပြီဆိုတာ နိုင်ငံတကာကို ပြဆိုနေပါတယ်။ ဒီကနေ့ ဖြစ်ပေါ်လာနေတဲ့ တော်လှန်ရေး အရှိန်အဟုန်ကလည်း တော်တော်ကြီးနေပြီ။ မြို့သိမ်းတိုက်ပွဲထိအောင် စတင်လုပ်ဆောင်နိုင်တဲ့ အနေအထားမှာ နိုင်ငံတကာအနေနဲ့လည်း အမြင်တွေ ပြောင်းဖို့ လိုပါတယ်။

အထူးသဖြင့် စစ်ကောင်စီကသာလျှင် ဒီတိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်တယ်ဆိုတဲ့ အမြင်မျိုးကို ပြောင်းဖို့လိုတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ပြီးတော့ လက်နက်ကြီးနဲ့ ပစ်တာတို့၊ ဗုံးကြဲတာတို့ကြောင့် ပြေးလွှားနေရသူက တနိုင်ငံလုံးဆို ၂ သန်းအထက်မှာ ရှိနေပြီ။ သူတို့တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ တကယ်လိုအပ်နေပါပြီ။ နိုင်ငံတကာအနေနဲ့ လုံးဝလက်တွန့်မနေဘဲ၊ နှောင့်နှေးကြန့်ကြာမနေဘဲ လူသားချင်းစာနာမှုအကူညီတွေ မြန်မြန်လေးပေးဖို့ လိုအပ်နေပါတယ်။

ကျနော်တို့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ regime change ဆိုတဲ့ အုပ်ချုပ်သူ ပြောင်းလဲရေးတခုတည်းကိုပဲ ဦးစားပေးတာ မဟုတ်ဘူး။ တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးအစုံကို အထူးဖြင့် စနစ်တွေရော အကုန်လုံးကို ပြုပြင်ပြောင်းလဲနိုင်တဲ့ အနေအထားတခု ရောက်လာမှသာလျှင် တိုင်းသိပြည်သိ ပြန်တည်ဆောက်နိုင်မှာ ဖြစ်တယ်။ အဲဒီလို တည်ဆောက်နိုင်တဲ့ အနေအထားရောက်အောင် နိုင်ငံတကာအနေနဲ့လည်း ပူပေါင်းပါဝင်ပေးဖို့ လိုပါတယ်။

You may also like these stories:

စစ်ခေါင်းဆောင်ကို သွားတွေ့သည့် ဥက္ကဋ္ဌဟောင်းနှင့် မသက်ဆိုင်ကြောင်း KNU ပြော

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

KNU ခေါင်းဆောင်မှုသစ်ဆီက ဘာတွေ မျှော်လင့်နိုင်မလဲ

စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန် KNU တောင်းဆိုမှုက ထိပ်တိုက်တွေ့ခြင်းဟု စစ်ကောင်စီပြော

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAKNUMNDAANUGPDFSliderTNLAကရင်အမျိုးသားအစည်းအရုံးစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေးတွေ့ဆုံဆွေးနွေးရေးပိတ်ဆို့အရေးယူမှုဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖဒိုစောတာနီးမြို့သိမ်းတိုက်ပွဲမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့လူသားချင်းစာနာမှုအကူညီအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အမျိုးသမီး သတင်းစာဆရာ

အမျိုးသမီး သတင်းစာဆရာ

ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved