• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန် KNU တောင်းဆိုမှုက ထိပ်တိုက်တွေ့ခြင်းဟု စစ်ကောင်စီပြော

by ဧရာဝတီ
13 May 2023
in သတင်း
A A
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

11.1k
VIEWS
Share on FacebookShare on Twitter

စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် အခြား ဒီမိုကရေစီအင်အားစုများနှင့် ဆက်လက်ပူးပေါင်းရေး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မကြာသေးမီက ကြေညာချက်ကို စစ်ကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။

မေလ ၅ ရက်နေ့တွင် ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ကြေညာချက်တစောင်တွင် KNU က တန်းတူညီမျှမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဆက်လက် တိုက်ပွဲဝင်မည်ဟု ဖော်ပြထားသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
48
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
582
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
180

KNU ၏ ကြေညာချက်သည် အပြုသဘောမဆောင်ဘဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုဆန့်ကျင်ပြီး ထိပ်တိုက်တွေ့စေလိမ့်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) က မေလ ၁၀ ရက်နေ့တွင် ဖော်ပြသည်။

KNU ၏ ကြေညာချက်သည် ပါတီစုံ ဒီမိုကရေစီဖက်ဒရယ်စနစ်၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့်တိုးတက်မှုကို အင်အားချိနဲ့စေမည်ဖြစ်ကြောင်း စစ်ကောင်စီကော်မတီက ပြောသည်။

“ထိပ်တိုက်တွေ့ဆုံမှုကို အခြေခံသော လက်နက်ကိုင်တိုက်ပွဲသည် ဒီမိုကရေစီစနစ်ကို လမ်းချော်စေပြီး အကြမ်းဖက်မှု ဖြစ်စေသည်” ဟု အထက်ပါကော်မတီက ပြောပြီး NCA သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တခုတည်းသော လမ်းကြောင်းဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်သည့် NSPNC သည် လွန်ခဲ့သောနှစ် နှောင်းပိုင်းမှစတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟုခေါ်သည့် အစည်းအဝေးများကို NCA လက်မှတ်ရေးထိုးသည့်အဖွဲ့ ၁၀ ဖွဲ့ အနက် ၇ ဖွဲ့နှင့် NCA လက်မှတ်မထိုးသည့် အဖွဲ့ ၃ ဖွဲ့ဖြစ်သော ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှင့် ကျင်းပနေသည်။

စစ်ကောင်စီက ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းကို KNU နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့က ပယ်ချသည်။

မြန်မာအရပ်သား အမျိုးသားညီညွတ်ရေးအစိုရ (NUG) ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ ဖိတ်ခေါ်ခြင်းမရှိပေ။ ၎င်း၏ လက်နက်ကိုင်တပ်များသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကရင်နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲဝင်နေသည်။ မြန်မာမှအများစုက NUG ကို တရားဝင်အစိုးရအဖြစ် မြင်ကြပြီး ခုခံတော်လှန်ရေး အင်အားစုသည် နိုင်ငံ၏ လက်နက်ကိုင်တပ်များဖြစ်သည်ဟု ယူဆကြသည်။

KNU ကဲ့သို့ပင် ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်မတော် (CAN) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့သည်လည်း စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ပယ်ချကာ အမျိုးမျိုးသော ခုခံတော်လှန်ရေး အင်အားစုများနှင့်အတူ တိုက်ပွဲဝင်နေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) အားလုံးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တံခါးများ ဖွင့်ထားကြောင်း စစ်ကောင်စီကော်မတီက မေလ ၁၀ ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီက ကရင်ပြည်နယ်မှ ဦးစွာ ဆုတ်ခွာပြီးနောက် မြန်မာ့နိုင်ငံရေးမှ ထွက်ခွာသွားမှသာ ဆွေးနွေးပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်း KNU ပြောခွင့်ရသူ ပဒို စောတောနီး ယခင်က ပြောခဲ့ဖူးသည်။

“တရားမျှတမှုလည်း ရှိရမယ်။ အရင်က ကျနော်တို့တက်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအကြောင်း ကျနော်တို့ ဆွေးနွေးခဲ့တယ်။ ဒါကို စစ်တပ်က လက်မခံဘူး။ ဒါပေမယ့် ဒီအချိန်မှာလည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှိရမယ်။ သူတို့သတ်ထားတဲ့လူ အများကြီးရှိတာကို ကျနော်တို့ မမေ့နိုင်ဘူး။ တရားမျှတမှုနဲ့အမှန်တရားကို ကျနော်တို့ အာမခံနိုင်ရမယ်” ဟု ပဒို စောတောနီးက ပြောသည်။

စစ်ကောင်စီ၏ ကြေညာချက်သည် KNU အတွင်းတွင် စစ်ကောင်စီနှင့် ဆွေးနွေးလိုသူအချို့ ရှိသည်ဆိုသည့် ယူဆချက်ကိုအခြေခံသော သွေးကွဲစေရန် မအောင်မြင်သည့် အားထုတ်မှုဖြစ်သည်ဟု သုတေသီတဦးက ပြောသည်။ ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဟုလည်း ၎င်းကပြောသည်။

“စစ်ကောင်စီက NUG ရဲ့တပ်တွေနဲ့ EAOs တွေကို ခွဲထုတ်ချင်ပြီး သုတ်သင်ချင်တယ်၊ ဒါပေမယ့် EAOs တွေက အတွေ့အကြုံရှိပြီး ပြီးရင်သူတို့ကို ပစ်မှတ်ထားတိုက်မယ်ဆိုတာ သိနေတယ်” ဟုလည်း ထိုသုတေသီက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Slams KNU Calls for End to Military Rule as Confrontation ကို ဘာသာပြန်သည်။)

You may also like these stories:

KNU ကာကွယ်ရေးဌာနကို ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ ကိုင်တွယ်မည်

KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တရားသူကြီးချုပ်တို့ ရွေးချယ်ပြီးစီး

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ

KNU ၏ ၁၇ ကြိမ်မြောက်ကွန်ဂရက် ပြန်လည်ကျင်းပ

EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ

Your Thoughts …
Tags: EAOsKNUNCANSPNCNUGကရင်ပြည်နယ်ကရင်အမျိုးသားအစည်းအရုံးခုခံတော်လှန်ရေး အင်အားစုငြိမ်းချမ်းရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုတနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တန်းတူညီမျှမှုထိပ်တိုက်တွေ့ဆုံမှုဒီမိုကရေစီစနစ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအသွင်ကူးပြောင်းရေးကာလ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကွေ့တီယိုဆိုင်တွင် အလုပ်လုပ်ကိုင်ရင်း ပိတ်လှောင် အဓမ္မကျင့်ခံရသည့် အမျိုးသမီးငယ် / ဧရာဝတီ

တာ့ခ်ခရိုင်၌ မြန်မာအမျိုးသမီးငယ် ၁ ဦးအား ၇ လကြာ ပိတ်လှောင်၍ အဓမ္မကျင့်မှု ဖြစ်ပွား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြသူများ / AFP

လှုပ်နေသော နဂါးနှင့် ငြိမ်နေသော လင်းယုန်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

19 hours ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

5 days ago
2.2k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate