• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ

by Amara Thiha
6 April 2023
in သူ့အတွေး သူ့အမြင်
A A
KNU တပ်ဖွဲ့ဝင်များ / AFP

KNU တပ်ဖွဲ့ဝင်များ / AFP

5.8k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ မြန်မာ့ပဋိပက္ခမှာ အရေးပါတာနဲ့အညီ အဆိုပါ အဖွဲ့အစည်းတွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲဆိုတာအပေါ် မူတည်ပြီး နိုင်ငံရေးအရ အရေးပါလာပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ နှစ်နှစ်တာ ကာလ ရောက်ရှိလာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို လက်နက်ကိုင်တော်လှန်ရေးအတွက် ပံ့ပိုးဖို့နဲ့ စည်းလုံးပါဝင်ဖို့ တောင်းဆိုမှုတွေ ကျယ်လောင်လာခဲ့ပါတယ်။

အထက်ပါ စဉ်းစားချက်ဟာ နိုင်ငံတကာက မြန်မာ့အရေး လေ့လာစောင့်ကြည်သူများအကြား ကျယ်ပြန့်လာသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ ထုတ်ဖော်ပြောဆိုထားပါတယ်။ အရေးပါတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ K3C ညွန့်ပေါင်းကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အင်အားစုများလည်း ဖွဲ့စည်းခဲ့ပြီး NUG နဲ့ ချိတ်ဆက်လုပ်ဆောင်နေပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းစစ်တပ်က ၎င်းရဲ့ လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အပစ်ခတ်ရပ်စဲရေး အပါအဝင် ဆွေးနွေးမှုများ ဆောင်ရွက်နေသလိုပဲ ညှိနှိုင်းမှုမရှိတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အာဏာသိမ်းစစ်တပ်က ၎င်းရဲ့ လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့နဲ့ အပစ်ခတ်ရပ်စဲရေး အပါအဝင် ဆွေးနွေးမှုများ ဆောင်ရွက်နေသလိုပဲ ညှိနှိုင်းမှုမရှိတဲ့ အဖွဲ့တွေကိုလည်း ဆက်လက် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပါတယ်။

အခုလို ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အခင်းအကျင်းအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၊ ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF)၊ ကော်သူလေး တပ်မတော်နဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ကဲ့သို့သော တိုင်းရင်းသား ဝိသေသ Ethnic Identity အခြေခံတဲ့ အဖွဲ့အစည်း အသစ်များစွာလည်း ပေါ်ပေါက်လာပါတယ်။ ထိုအဖွဲ့သစ်တွေဟာ လွတ်လပ်စွာ လှုပ်ရှားနိုင်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ သာမက တခြား တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တန်းတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဲဒီတိုင်းရင်းသား အဖွဲ့အစည်းသစ်တွေ ပေါ်ပေါက်လာမှုဟာ မေးခွန်းသစ်တွေ ပေါ်လာစေပါတယ်။

ပထမ မေးခွန်းကတော့ အဲဒီအဖွဲ့အစည်းတွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) အဖြစ် သတ်မှတ်မလား။ ဒါမှမဟုတ် ကျွန်ုပ်တို့ နားလည်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆိုတာကို ထပ်တိုးပြီး ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဖို့ လိုလာပြီလား ဆိုတာပါပဲ။

၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေးက အစပြုခဲ့တဲ့ ပြည်တွင်းစစ်ကာလနဲ့ နှိုင်းစာရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (Ethnic Armed Organization) ဆိုတဲ့ တိကျတဲ့ အသုံးအနှုန်းရဲ့ သတ်တမ်းဟာ နုနယ်လှပါသေးတယ်။ ယခင်က တိုင်းရင်းသားအဖွဲ့အစည်းများ (Ethnic Organizations)နဲ့ တိုင်းရင်းသား တော်လှန်‌ရေး အင်အားစုများ (Ethnic Resistance Forces) ကဲ့သို့သော အသုံးအနှုန်းတွေကိုတော့ အမျိုးမျိုး အသုံးပြုလေ့ရှိပါတယ်။

မြန်မာ့ပဋိပက္ခ ကြာရှည်လာပြီး ဆင့်ကဲ့ပြောင်းလဲလာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) ဆိုတဲ့ အသုံးအနှုန်းကို နားလည်မှုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ အ‌ရေးပါလာပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကြား လုပ်ဆောင်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ညှိနှိုင်းမှုများ အတွင်း အသုံးအနှုန်းအပေါ် ကြာမြင့်စွာ ညှိနှိုင်းမှု လုပ်ရခြင်းဟာ ထိုအသုံးအနှုန်းရဲ့ နိုင်ငံရေးအရ အရေးပါသောကြောင့် ဖြစ်ပါတယ်။

KIA ကချင်တပ်သားများ/ ဧရာဝတီ

ဒီလိုပဲ NCA မှာ ပါဝင်ညှိနှိုင်းသူများက စာချုပ်ပါ အချက်အလက် စာသားများအားလုံးကို သ‌ဘောတူခဲ့ပေမယ့် EAO များ အားလုံးပါဝင်နိုင်ရေး သတ်မှတ်ချက်အပေါ် ဘုံနားလည် သဘောတူညီမှု မရှိတာကြောင့် လက်မှတ်ထိုးမယ့် အဖွဲ့အစည်းအရေအတွက်နဲ့ ပတ်သက်ပြီး အဖွဲ့စုံ လက်မှတ်ထိုးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ မြန်မာ့ပဋိပက္ခ ဆက်လက်ရှည်ကြာလာတာနဲ့အမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့ သက်မှတ်ချက်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲဆိုတာက အနာဂတ် နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ မဟာမိတ်ဖွဲ့စည်းရေးတွေမှာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အနှစ်သာရအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတိုင်းဟာ အချက် နှစ်ချက် လိုအပ်ပါတယ် ။ (၁) တိုင်းရင်းသား လူမျိုးတခုခုကို ကိုယ်စားပြုဖို့နဲ့ (၂) အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဆီက အသိအမှတ်ပြုမှုရဖို့တို့ ဖြစ်ပါတယ်။

နိုင်ငံရေးအခင်းအကျင်းအပေါ် မူတည်ပြီး လူမျိုးစုတိုင်းရင်းသား ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဟာ တခု ဒါမှမဟုတ် တစုထက်ပိုတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အပြန်အလှန် အသိအမှတ်ပြုဖို့အတွက် မဟာမိတ်ဖွဲ့စည်းရေးကလည်း အရေးပါသလို မဟာမိတ်တပ်ပေါင်းစုများ ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးညီလာခံတွေကလည်း အရေးပါပါတယ်။

အပြန်အလှန် အသိအမှတ်ပြုဖို့အတွက် မဟာမိတ်ဖွဲ့စည်းရေးကလည်း အရေးပါသလို မဟာမိတ်တပ်ပေါင်းစုများ ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးညီလာခံတွေကလည်း အရေးပါပါတယ်။

တိုင်းရင်းသားလူမျိုးတွေကို ကိုယ်စားပြုခြင်းဆိုတဲ့ အခြေခံ အယူအဆကြောင့် လူများစု ဗမာတွေမှာလည်း ၎င်းကို ကိုယ်စားပြုဖို့ လက်နက်ကိုင်တပ် ရှိသင့်၏၊ မရှိသင့်၏ဆိုပြီး အစောပိုင်းနှစ်တွေမှာ အငြင်းပွားစရာတွေ ဖြစ်စေခဲ့ပြီး ရလဒ်အနေနဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတတပ်ပေါင်းစု) နဲ့ အတိုက်အခံတွေ စုပေါင်းကာ ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ – DAB) ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး နောက်မှာတော့ ဗမာလူမျိုးကိုယ်စားပြု ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) ဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ နေရာမှာ ထူထောင်ခဲ့ပြီး လူများစု ဗမာလူမျိုးတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဓိပ္ပာယ်ဖွင့်ဆိုဖို့ နောက်ထပ် သတ်မှတ်ချက်တခုကတော့ သီးခြားနိုင်ငံရေး ဦးစီးအဖွဲ့ (Separate Political Wing) ရှိခြင်း၊ မရှိခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် နိုင်ငံရေးဦးဆောင်အဖွဲ့နဲ့ လက်နက်ကိုင်တပ်ကြား စည်းခြားထားမှုဟာ အမြဲလိုလို ဝေဝါးနေတတ်ပြီး အင်အားကြီး အဖွဲ့အစည်းတွေသာ စစ်ရေး၊ နိုင်ငံရေး ထောက်တိုင် နှစ်ခုလုံး ရှိတတ်ကြတာပါ။ နှစ်ခုလုံး ရှိလျှင်သော်မှ လက်နက်ကိုင်တပ်က သြဇာပိုကြီးနေတတ်ပါတယ်။

တပ်ဖွဲ့အင်အားနဲ့ နယ်မြေထိန်းချုပ်မှုအပေါ် မူတည်ပြီး အင်အားငယ်အဖွဲ့တွေက အင်အားကြီးအဖွဲ့တွေရဲ့ လောင်းရိပ်အောက်မှာ လှုပ်ရှားရတာမျိုးလည်း ရှိတတ်ပါတယ်။ မည်သို့ပင်ဆိုစေ မဟာမိတ်စုဖွဲ့မှုတွေမှာတော့ နယ်မြေထိန်းချုပ်မှုနဲ့ အင်အားအပေါ် အခြေမခံဘဲ နိုင်ငံရေးအရ ကိုယ်စားပြုမှုကို ယေဘုယျအားဖြင့် တန်းတူညီမျှ ရကြပါတယ်။ ဒီလိုချဉ်းကပ်မှုမျိုးဟာ သမိုင်းတလျှောက် တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား နိုင်ငံရေးနဲ့ မဟာမိတ်အတွင်း လွှမ်းမိုးမှုရရန် ကြိုးပမ်းမှုနဲ့လည်း ဆက်ဆိုင်ပါတယ်။

သို့ပေမယ့် ရှမ်းနီတပ်ကဲ့သို့သော လက်နက်ကိုင်အဖွဲ့တွေကတော့ ၎င်းတို့ တိုင်းရင်းသားအုပ်စုကို ကိုယ်စားပြုကောင်း ပြုနိုင်ပေမယ့် စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် တိုင်းရင်းသား မဟာမိတ်တွေအကြား အသိအမှတ်ပြုမှုရဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အနေနဲ့ အသိအမှတ်ပြုခံရမှုအတွက် နောက်ထပ် သတ်မှတ်ချက်တခုကတော့ လက်နက်ကိုင်အဖွဲ့အစည်းဟာ မြန်မာစစ်တပ်နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ပြီဆိုရင် ကိုယ်ပိုင်အုပ်ချုပ် လှုပ်ရှားခွင့် ရှိလင့်ကစား တိုင်းရင်းသားလက်နက်ကိုင်အဖြစ် အဖွဲ့အစည်းတွေအကြား အသိအမှတ်ပြုခံရလေ့ မရှိပါဘူး။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အပြန်အလှန် အသိအမှတ်အပြုခံရမှုဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ ဘယ်လောက်ကင်းရှင်းလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါပေမယ့် အခုသတ်မှတ်ချက်ဟာ တရားဝင် ထုတ်ဖော်ပြောကြားထားတာမျိုးလည်း မဟုတ်ပြန်ပါဘူး။

ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အပြန်အလှန် အသိအမှတ်အပြုခံရမှုဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကနေ ဘယ်လောက်ကင်းရှင်းလဲဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

တခြား အရေးကြီးတဲ့ သတ်မှတ်ချက် တခုကတော့ ဗဟိုအစိုးရက တိုင်းရင်းသား လက်နက်ကိုင် ဆွေနွေးဘက်အဖြစ် လက်ခံခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဗဟိုအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဆွေးနွေးဘက်အနေနဲ့ သတ်မှတ်ချက်ကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ၂၀၁၁ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မဖိတ်ခေါ်မီ ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ် (ဒါမှမဟုတ်) ပြည်သူ့စစ် မပြောင်းလဲခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများ ဆိုတဲ့ အခြေခံအပေါ်မှု မူတည်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က ဒီလို ချဉ်းကပ်မှုဟာ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကဲ့သို့သော အရေးပါတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖယ်ကျဉ်ထားတဲ့အတွက် အားလုံးပါဝင်နိုင်မှုဆိုင်ရာ အကြပ်အတည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ ချန်လှပ်ခံထားရတဲ့ အဖွဲ့တွေကို နောက်ပိုင်းမှာ ဆွေးနွေးဘက်အဖြစ် ဆွေးနွေးခဲ့ပေမယ့်လို့ တိကျတဲ့ မူဝါဒသတ်မှတ်ချက်ဟာ မရှိခဲ့ပါဘူး။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52
AA ရက္ခိုင့်တပ်ဖွဲ့ဝင်များ

သို့ပေမယ့် အာဏာသိမ်းမှု မတိုင်ခင်မှာ ဗဟိုအစိုးရက ဆွေးနွေးဘက်အဖြစ် သတ်မှတ်ခြင်းနဲ့ မဟာမိတ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖြစ် အသိအမှတ်ပြုခံရခြင်းဟာ နိုင်ငံရေးအရ သိသာတဲ့ အရေးပါမှု ရရှိသလို နိုင်ငံရေးအရ တရားဝင်မှု အဆင့်တခုအထိ ပေးအပ်ခြင်း ခံရတာဖြစ်ပါတယ်။

သမိုင်းတလျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ မဟာမိတ်တချို့ တရားဝင် ဖျက်သိမ်းခဲ့တယ်ဆိုတာ ရှားပါတယ်။ အဖွဲ့တွေဟာ တစစနဲ့ ကွယ်ပျောက်သွားလေ့ရှိသလို နာမည်အဟောင်းနဲ့ အသွင်သစ်အဖြစ် ပြန်လည်ပေါ်ပေါက်လာခဲ့လေ့ ရှိပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတာနဲ့အမျှ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကဲ့သို့ မဟာမိတ်တွေ အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား သရုပ်သကန် ကိုင်စွဲပြီး အသစ်ဖွဲ့စည်းခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ အားကောင်းလာပါတယ်။ ယင်းတို့နဲ့ နှိုင်းယှဉ်ပါက တချို့သော ဆွေးနွေးဘက် အဖွဲ့အစည်းတွေမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် ရရှိလာတဲ့ နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုဟာ အားနည်းလာတာ တွေ့ရပါတယ်။

FPNCC ဟာ အင်အားကြီးမားလာပြီး စစ်ကောင်စီနဲ့ ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်ထိန်းထားနိုင်ပေမယ့် NUG အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်ကို တွန်းတင်ဖို့ တိုင်းရင်းသား မဟာမိတ်ဖွဲ့ရေးမှာ ရုန်းကန်နေရပါတယ်။ NUG နဲ့ ရှိရင်းစွဲ EAO တွေဟာ အသစ်ဖွဲ့ထားတဲ့ အဖွဲ့တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖြစ် အသိအမှတ်ပြု မပြုဟာ တိကျရေရာတဲ့အဖြေ မရှိသေးပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုဆိုတာ ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံရမလဲဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် ကြိုးပမ်းချက်ဟာ အမြဲလိုလို စိန်ခေါ်မှုကြီးတဲ့ မေးခွန်းတခုဖြစ်ပါတယ်။ သို့ပေမယ့် ရှောင်လွှဲလို့တော့ မရပါဘူး။ မြန်မာ့ပြည်တွင်းစစ် ၇၅ နှစ်အထိ ရှည်ကြာလာပြီးနောက် သေချာတဲ့ အချက်တခုကတော့ လက်ရှိ အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း စာရင်းကို ပြန်လည်သုံးသပ်လေ့လာဖို့ လိုလာပြီဖြစ်ပါတယ်။

ဒါဟာ အစီရင်ခံစာများ၊ သုတေသနလုပ်ငန်းများ အတွက်သာမက နိုင်ငံရေးဆွေနွေးမှုများအတွက် နိုင်ငံရေးအရ လိုအပ်ချက်ပါ ဖြစ်ပါတယ်။ သေချာတာတခုကတော့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ တရုတ်ပြည် သုံးပြည်ထောင်ခေတ်လိုပါပဲ။ စစ်တပ်၊ အတိုက်အခံအင်အားစုနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ရှေ့အနာဂတ်တခုအထိ လှိုင်းကြီးလေထန်လမ်းကြမ်းမှာ ဆက်လက်အားပြိုင်နေဦးမှာပါပဲ။

(The Diplomat မှ Amara Thiha ၏ It’s Time to Rethink Myanmar’s Ethnic Armed Organizations ကို ဥဩက ဆီလျော်အောင် ဘာသာပြန်သည်။ Amara Thiha သည် Peace Research Institute of Oslo (PRIO) တွင် Doctoral Researcher တဦး ဖြစ်ပြီး Stimson Centre ၏ Non-Resident Fellow လည်း ဖြစ်ပါသည်။ ဤဆောင်းပါးပါ အမြင်များသည် အထက်ပါ အဖွဲ့အစည်းနှစ်ခု၏ မူဝါဒ၊ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်ခြင်း မရှိပါ။ ဘာသာပြန်သူ ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦးဖြစ်ခဲ့ပြီး Myanmar Youth for Peace Development ၏ သုတေသီတဦးလည်း ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီက တိုင်းရင်းသားမဟာမိတ်များနှင့် ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန် ကြံစည်နေ

NUG နှင့် EAOs ပူးပေါင်းမှု ဘယ်အထိ ခရီးရောက်ပြီလဲ

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဆိတ်ခေါင်းချိတ် ခွေးသားရောင်းမယ့် စစ်တပ်ရဲ့ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု

“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၂

Your Thoughts …
Tags: DabEAOsERFFPNCCNCANUGPDFsခုခံတော်လှန်ရေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်စစ်ကောင်စီစစ်ရေးစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတိုင်းရင်းသားအဖွဲ့အစည်းတော်လှန်ရေးအင်အားစုနယ်မြေထိန်းချုပ်မှုနိုင်ငံရေးမဒတတပ်ပေါင်းစုမဟာမိတ်ဖွဲ့စည်းရေးအပစ်ခတ်ရပ်စဲရေး
Amara Thiha

Amara Thiha

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကရင်ပြည်နယ်တဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄,၅၁၀ ရှိပြီး ၂၀၂၀ ပြည့်နှစ် အလားတူအချိန်က ဖြစ်ပွားမှု ၃၉၉ ခုနှင့် နှိုင်းယှဉ်နိုင်သည်။

စစ်ဒဏ်ခံမြန်မာတွင် ငှက်ဖျားကူးစက်မှု ရာခိုင်နှုန်း တထောင်ကျော် ခုန်တက်

၂၀၂၂ခုနှစ်က AA က ဦးစီးကျင်းပသည့် ဇီးချောင်းသင်္ကြန် / CJ

ရခိုင်သင်္ကြန်ပွဲ စည်ကားစေရန် စစ်ကောင်စီ ညွှန်ကြား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved